Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Monday, March 30, 2015

Buffalo-in-field

စစ်တွေမြို့နယ်ရှိ ကျေးရွာတချို့တွင် နွားပျောက်၍ တောင်သူများ လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်

စံမောင်သန်း စစ်တွေ၊ မတ် ၂၇ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဇောပုဂျာ၊ ကျက်တောပြင်နှင့် အောင်ဒိုင်ကျေးရွားများတွင် နွားပျောက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် တောင်သူများ လုပ်ကိုင်စားသောက်ရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း ရခိုင်အမျိုးသားပါတီ အဖွဲ့ဝင် ဦးမောင်စိန်ဦး ကပြောသည်။ “နွားပျောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ကျွန်တော်တို့ပါတီကို ရွာသားတွေက လာရောက် တိုင်ကြားကြပါတယ်။ ရှာဖွေမှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေ အခုထိ မကြားရသေးဘူးဗျာ”ဟု ဦးမောင်စိန်ဦးကပြောသည်။ မတ်လ ၂၄ ရက်နေ့က စစ်တွေမြို့နယ် ဇောပုဂျာကျေးရွာမှ ဦးထွန်းအောင်ဖြူတွင် နွားတစ်ကောင်၊ ဆိုင်ကယ်တစ်စီး ပျောက်ဆုံးသွားသည်ဟု သိရသည်။ ယင်းအပြင် မတ်လ ၂၅-၂၆ ရက်နေ့က အောင်ဒိုင်ကျေးရွာမှ ဦးမောင်တွင် ၁၀ သိန်းတန် နွားထီးတစ်ရှဉ်းနှင့် မတ်လ ၂၇ ရက်နေ့က ကျက်တောပြင်ကျေးရွာနေ ဦးထွန်းကျော်ဖြူတွင် နွားတစ်ချဉ်း […]

တရားခံပြေးများ အိမ်ထောင်စု စာရင်းသွင်းမှု အထက်လူကြီးများ တားဆီးပေးစေလို

မောင်တော၊ မတ်လ ၃၀
ရခိုင်ပြည်နယ် မောင်တော ဒေသခံ တစ်ဦးမှ အောက်ဖော်ပြပါ စာအား နိရဉ္စရာတွင် ထည့်သွင်း ဖော်ပြပေးရန် ပေးပို့လာပါသည်။
စာပါ အကြောင်းအရာမှာ တိုင်းပြည်အတွက် အရေးကြီးသဖြင့် အထက် အစိုးရ တာဝန်ရှိသူများအပြင်၊ အများသူငှာ သိရှိနိုင်စေရန် အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါသည်။
household-Subscriber

ဘင်္ဂလား မြန်မာ နယ်စပ်တွင် ရက္ခိုင့် တပ်မတော်နှင့် မြန်မာတပ်မတော်တိုက်ပွဲဖြစ်

မောင်အေး
ကော့စ်ဘဇား၊ မတ်လ ၂၉ ရက်
photo by internet
photo by internet
ဘင်္ဂလား မြန်မာနယ်စပ်တွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်အကြား ပထမဆုံးအကြိမ် ယနေ့ နံနက် ၀၀း ၃၀ နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
တိုက်ပွဲမှာ ရက္ခိုင့်တပ်မတော်မှ အမှတ် (၅) ဗျူဟာ လက်အောက်ခံ စစ်ကြောင်းနှင့် မြန်မာအစိုးအရမှ အမှတ် (၂၈၉) တပ်ရင်းတို့အကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သတ်ပြီး ရက္ခိုင့်တပ်မတော် ဒုစစ်ဦးချုပ် ဒုတိယ ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်အား  နိရဉ္စ ရာမှ ဆက်သွယ်မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။
“တိုက်ပွဲ ဖြစ်တဲ့နေရာက ပလက်ဝကနေ အနောက်ဘက်ကျပြီး ကျောက်တော်ကနေ မြောက်ဘက်ကျတဲ့ နေရာမှာပါ။ အခုလောလောဆယ်က ဒီလောက်ဘဲ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နောက်ဆုံးရတဲ့ အချက်အလက်တွေအရ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူး။ ရန်သူဘက်က ဗိုလ်ကြီး အဆင့် ရှိတဲ့သူတစ်ဦးနဲ့ သူ့ရဲဘော် အလောင်တစ်လောင်းမိတယ်။ နောက် လက်ရ ၂ ယောက် ဖမ်းမိထား တယ်” ဟုဆိုသည်။
တိုက်ပွဲတွင် ရက္ခိုင့်တပ်မတော်မှ ပွိုင့် ၄၅ တစ်လက်၊ MA-1 (၂) လက်၊ MA-3 (၁)လက်နှင့် ကျဉ်မျိုးစုံ အပါအ၀င် စစ်အသုံးအဆောင်များကို သိမ်းဆည်းရထားကြောင်းလည်း သူကဆက်လက် ပြောသည်။
“တိုက်ပွဲက မနေ့ကညဥ့် ၁၂ နာရီကျော်လောက်မှာ ဖြစ်တာပါ။ နာရီဝက်လောက်ကြာတယ်။ ရန်သူက
စခန်းကို စွန့်သွားတဲ့အတွက် ရန်သူစခန်းက လိုအပ်တာတွေကိုသိမ်းယူနိုင်ခဲ့ပါတယ်” ဟု ဆို သည်။
ယခုအခါ မြန်မာစစ်တပ်မှ စစ်အင်အားတိုးလာနေသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားလာ နိုင်ကြောင်လည်း ဒေါက်တာ ညိုထွန်းအောင်က ဆိုသည်။
ဘင်္ဂလားမြန်မာနယ်စပ် အနောက်ဘက်ဒေသတွင် ရခိုင်လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှုမှာ နှစ်ပေါင်း ၁၀ ကျော်ခန့်ရပ်စဲနေရာမှ ယခုတဖန် ရက္ခိုင့်တပ်မတော်နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွား လာခြင်းဖြစ်သည်။
ရက္ခိုင့်တပ်မတော်ကို ၂၀၀၈ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိမ်းချုပ်နယ်မြေတွင် စတင်တည်ထောင်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို KIA နှင့်ပူးတွဲလုပ်ဆောင်ခဲ့သည်။
ရက္ခိုင့်တပ်မတော်အနေနှင့် ယခုအခါ ဘင်္ဂလား မြန်မာနယ်စပ်တွင် တပ်ဖွဲ့ဝင်တချို့အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားမှုကိုပါ သီးခြားတိုးချဲ့လာနေကြောင်း သိရသည်။
ဘင်္ဂလား မြန်မာနယ်စပ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရက္ခိုင့်တပ်မတော်တို့ အခြေ စိုက်လှုပ်ရှားနေပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)မှာ မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် အပစ် အခတ် ရပ်စဲရေးကို ၂၀၁၂ ဧပြီလ ၅ ရက်နေ့က စစ်တွေမြို့တွင် သဘောတူလက်မှတ် ရေးထိုးထား သည်။
မြန်မာတပ်မတော်ဘက်မှ ယခုတိုက်ပွဲနှင့် ပတ်သက်ပြီး သဘောထားကို သိရှိနိုင်ရန် တာဝန်ရှိသူများနှင့် ဆက်သွယ်ရန်ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။