Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Thursday, October 30, 2014

မြောက်ဦးမြို့၊ မြို့တော်ခန်းမတည်ဆောက်ရေးနှင့် စပ်လျည်း၍ ရခိုင်လူမှုကွန်ယက် ( မြောက်ဦး ) ၏ သဘောထား ကြေညာချက်

မြောက်ဦးမြို့၊ မြို့တော်ခန်းမတည်ဆောက်ရေးနှင့် စပ်လျည်း၍ ရခိုင်လူမှုကွန်ယက် ( မြောက်ဦး ) ၏ သဘောထား
ကြေညာချက် 

ကြေညာချက် အမှတ် ၁ / ၂၀၁၄
ရက်စွဲ . ၂၉ ရက်၊အောက်တိုဘာ၊၂၀၁၄

၁။ ၁၄.၁၀.၂၀၁၄ နေ့ နန်းသားကန်ကျောင်း၊ ဓမ္မာရုံ၌ပြုလုပ်သော မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်များထိန်းသိမ်းရေးအဖွဲ့၏ အရေးပေါ်အစည်းဝေး၌ လည်းကောင်း ၊ ၂၂.၁၀.၂၀၁၄ နေ့၊ ထွေအုပ်ရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သော ပြည်နယ် ဥပဒေချုပ်နှင့် တွေ့ဆုံပွဲ၌လည်းကောင်း ယဉ်/ထိန်းအဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်မခင်သန်းမှ အဖြူလုပ်တိုက် ( ရာဇာ့သင်္ချိုင်း ) နေရာ၌ မြောက်ဦးမြို့ မြို့တော်ခန်းမတည်ဆောက်ရေးအား တချို့သော အဖွဲ့စည်းများနှင့်အတူ ရခိုင်လူမှုကွန်ယက် ( မြောက်ဦး ) မှ ထောက်ခံလက်မှတ်ထိုးခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ပါသည်။

၂။ ထိုစွပ်စွဲပြောဆိုချက်အား ရခိုင်လူမှုကွန်ယက် ( မြောက်ဦး ) က ပြင်းထန်စွာကန့်ကွက်ကြောင်း အသိပေးအပ်ပါသည်။ ၄။ ၂၃.၁၀.၂၀၁၄ နေ့၊ ရခိုင်လူမှုကွန်ယက် ( မြောက်ဦး )၏ ဒု.ဥက္ကဌနှင့် အတွင်းရေးမှူးတို့က ဒေါ်မခင်သန်းနှင့်တွေ့ဆုံပြီး စွပ်စွဲပြောဆိုမှုအတွက် ခိုင်လုံသော သက်သေအထောက်ထားပြရန်တောင်းဆိုခဲ့ပါသည်။ထိုသို့တောင်းဆိုသောအခါ ဒေါ်မခင်သန်း က သက်သေအထောက်ထားမရှိပါကြောင်း ၊ မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူး၏ နှုတ်ထွက်စကားအရ ပြောဆိုခြင်းဖြစ်ကြောင်း ဖြေကြားရှင်းပြပါသည်။

၅။ ဒေါ်မခင်သန်း၏ စွပ်စွဲပြောဆိုချက်သည် ရခိုင်လူမှုကွန်ယက် ( မြောက်ဦး )၏ အဖွဲ့ဝင်အချင်းချင်း နားလည်မှုလွဲစေခြင်း ၊ ရခိုင်လူမှုကွန်ယက် ( မြောက်ဦး )၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေခြင်း ၊ မိတ်ဖက်အဖွဲ့စည်းများနှင့် မြို့နေလူထုက အထင်မြင်လွဲမှားစေခြင်းစသော ဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်ပါသည်။

၆။ အဖွဲ့စည်းတခု၏ အကြီးကဲတဦးအနေဖြင့် အခြားအဖွဲ့စည်းတခုအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေသော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည့် စွပ်စွဲပြောဆိုချက်များကို ခိုင်လုံသောအထောက်ထားမရှိပဲ လက်လွတ်စပယ်ပြောဆိုခြင်းအား ရခိုင်လူမှုကွန်ယက် ( မြောက်ဦး ) အနေဖြင့် ပြင်းထန်စွာ ရှံ့ချကြောင်း သိစေအပ်ပါသည်။ နောက်နောင် ထိုကဲသို့ မပြုလုပ်ရန်လည်း သတိပေးအပ်ပါသည်။၇။ ရခိုင်လူမှုကွန်ယက် ( မြောက်ဦး )သည် မည်သည့် နိုင်ငံရေးပါတီ၊ မည်သည့်အဖွဲ့စည်း၊ မည်သည့်ပုဂ္ဂိုလ်တဦးတယောက်၏ သြစာခံမဟုပ်ပါကြောင်း၊ အမျိုးသားရေးတာဝန်ကို မိမိတို့တတ်စွမ်းသလောက် မဖောက်မပြန် မှန်ကန်သော သန္ဒိဌာန်ဖြင့် ပေးဆပ်ထမ်းဆောင်သွားမည့် လူမှုအဖွဲ့စည်းတခုဖြစ် ကြောင်း ရခိုင်ပြည်သူလူထု တရပ်လုံးအား အသိပေးအပ်ပါသည်။

၈။ မြောက်ဦးမြို့၌ လက်ရှိဖြစ်ပွားလျက်ရှိသော မြို့တော်ခန်းမ တည်ဆောက်ရေး အငြင်းပွားမှု အပေါ် ရခိုင်လူမှုကွန်ယက် ( မြောက်ဦး )အနေဖြင့် မြို့နေလူထု၏ မှန်ကန်သော သဘောထားနှင့် ထပ်တူထပ်မျှပင်ဖြစ်ပါကြောင်း သိစေအပ်ပါသည်။

၉။ မြောက်ဦးမြို့၌ အခမ်းအနားများ၊ လူထုစည်းဝေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများ စနစ်တကျသပ်သပ်ယပ်ယပ် ကျင်းပပြုလုပ်နိုင်ရန်အတွက် မြို့တော်ခန်းမ တခုလိုအပ်သည်။ သို့သော် ထိုမြို့တော်ခန်းမသည် မြောက်ဦးမြို့၏ ရှေးဟောင်းအမွေအနှစ်များကို တစုံတရာ ထိခိုက်ပျက်စီးစေမည်ဆိုပါက၊ သို့တည်းမဟုပ် ကမ္ဘာ့ရှေး

ဟောင်းအမွေအနှစ်များ စာရင်းသို့ မြောက်ဦးမြို့ ၀င်ရောက်နိုင်ရေးအတွက် သတ်မှတ်ထားသော စံချိန် စံညွန်းများနှင့် ကိုက်ညီမှုမရှိခြင်း ထိခိုက်ပျက်စီးစေခြင်းများ ဖြစ်ပေါ်မည်ဆိုပါက ၊ သို့တည်းမဟုပ် ရခိုင်ပြည်နယ်အစိုးရက ပြဌာန်းထားသော ရခိုင်ပြာ်နယ် ယဉ်းကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေပါပြဌာန်းချက်များနှင့် ငြိစွန်းနေမည်ဆိုပါက ထိုမြို့တော်ခန်းမ တည်ဆောက်ရေးအား ရခိုင်လူမှုကွန်ယက် ( မြောက်ဦး ) က ဆန်းကျင်ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ရခိုင်လူမှုကွန်ယက် ( မြောက်ဦး )
မြောက်ဦးမြို့

No comments:

Post a Comment