Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Thursday, October 13, 2016

ခေတ်သစ် အဘိဓါန်



#ရခိုင်လူမျိုးများ မှတ်ထား/သိထားသင့်သော
၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်
စနေနေ့ထုပ် ခေတ်သစ် အဘိဓါန်...
(A...to...Z = 26)
A = AA (Arakan Army) ရက္ခိုင့်ကံကြမ္မာကို အဆုံးအဖြတ်ပီးဖို့ တစ်ခုတည်းသော အဖွဲ့အစည်းမှာ ရက္ခိုင့်တပ်မတော် AA ဖြစ်သည်။
B= burmese army
မြန်မာပြည်ကြီး မငြိမ်းချမ်းအောင် တိုင်းရင်းသားပိုက်နက်ထဲကျူးကျော်နယ်ချဲ့နေ ရက်စက်ယုတ်မာ သတ်ဖြတ်နေတာ ဗမာ့တပ်မတော်ဖြစ်သည်။
C = constitution
(၂၀၁၂)အခြေခံဥပဒေပါ ဖွဲ့စည်းပုံ ပြဌာန်းချက်ကို ပြန်ပြင်မှရမည်ဖြစ်သည်။
D = democratize
လက်ရှိမြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်ဆိုပယ်မယ့် တိုင်းရင်းသားတွေအတွက် တော့မဟုတ်ခဲ့ပါဘူး။
E= Emotion
ရခိုင်လူမျိုးတွေက ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်နိုင်ငံ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စာပေနဲ့ နှစ်ပေါင်း ငါးထောင်ကျော်နေလာတယ်လို့ပြောတာကို တချို့ဗမာတွေက စိတ်ခံစားချက်လို့ ပြောကြတယ်...အဲဒါကြောင့် ထိုသို့သောလူများသည် သမိုင်းကိုလေ့လာပါ လို့ပြောချင်ပါသည်။
F= Fatherland
ရက္ခိုင့်တပ်မတော်၏ ရည်ရွယ်ချက် ပန်းတိုင်သည် အဖရက္ခိုင်ပြည်ကို ကာကွယ်ရန်ဖြစ်သည်။
G= Generation
ဗမာ့မျိုးဆက်သစ်လူငယ်များက ပြည်တွင်းစစ်ကိုမလိုလားသော်လည်း အုပ်ချုပ်သူအကြီးအကဲများက ပြည်တွင်းစစ်ကို မီးမှောင်းထိုးနေဆဲဖြစ်သည်။
H= Human rights
ဗမာစစ်သားများသည် လူ့အခွင့်အရေးကို တိုင်းရင်းသားနေမြေထဲတွင် နေ့စဉ်နဲ့အမျှ ချိုးဖောက်နေသည်။
I= Institute
ရခိုင်ပြည်နယ်တွင် လူမှုရေး အကူညီ များစွာလိုအပ်နေသည်။
J = Justice
တရားမျှတမှုဆိုတာ ကျနော့်တို့ ရခိုင်လူမျိုးအတွက်မရရှိခဲ့ပါဘူး။
K= Kingdom
ရခိုင်လူမျိုးတွေက ကိုယ်ပိုင်ဘုရင်နဲ့အုပ်ချုပ်လာသောနေနိုင်ငံဖြစ်သည်။
L= Library
ရခိုင်ပြည် မျိုးဆက်သစ်လူငယ်များ ဖွံဖြိုးတိုးတက်သာယာဖို့ ပညာတတ်တွေထွန်းကားဖို့အတွက် ကျေးရွာတစ်ရွာတွင် အနည်းဆုံး စာကြည့်တိုက်တစ်ခု ရှိသင့်သည်။
M= main ရခိုင်လူများကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ရခိုင့်ကံကြမ္မာကို ရခိုင်သားလက်နဲ့ ဖန်တီးခွင့်ရရှိရေးသည် ရခိုင်လူမျိုးတို့၏ အဓိက အရေးကြီးသောအချက်ဖြစ်သည်။
N= Number
ထိုင်းနိုင်ငံ ဘန်ကောက်မှာ အနှိပ်ခန်းတစ်ခုကို တာဝန်ရှိသူများဝင်စီးနင်းတော့ ပြည့်တန့်ဆာမိန်းကလေး ၁၂၁ ယောက်ဖမ်းဆီးရမိတယ်
မြန်မာလူ မျိုးအရေအတွက် ကိုးဆယ် ရာခိုင်နှန်းပါတယ်။ (မြန်မာ 53 ဦး၊ တော်ပေါ်လူမျိုး ၂၆ဦး၊ စုစုပေါင်း ၇၉ ဦး) အဲဒါအုပ်ချုပ်သူ စစ်အစိုးရဟောင်းဖန်တီးခဲ့မှုဖြစ်သည်
O= Out
ဗမာစစ်အစိုးရ ရခိုင်ပြည်အပါအဝင် တိုင်းရင်းသားနယ်မြေထဲက ထွက်သွားပေးပါ ဒါဆိုရင် မြန်မာနိုင်ငံအလိုလိုငြိမ်းချမ်းသွားပြီဖြစ်သည်။
P = political
လက်ရှိအစိုးရသစ် ပါတီနိုင်ငံရေးမှာ တိရိစ္ဆာန်အကျင့်ကျင့်နေသည်ကို တွေ့ရသည်။
အင်အားနည်းသူကို အင်အားကြီးသူက ဖိနှိပ်ကွက်မျက် ချုပ်ခြယ်သည် ။
မှတ်ချက်။ ။ ရက္ခိုင့်တပ်မတော်ကို နိုင်ငံရေးအရ ဆွေးနွေးအဖြရှာရန်အဆိုနှင့် ၈၂ကုလားဘင်္ဂလီ အရေးတို့ကို အဆိုတင်သွင်းရာ၌ မှတ်တမ်းအဖြစ်သာထား၍ ပယ်ချခဲ့သည်။
(Pig)= ဝက်ရုပ်ပေါက်နေတဲ့ ကုလားဘင်္ဂလီ ငနီကို လွတ်တော်မှာ ရာထူးကြီးပေးထားတော့ ဗမာပြည်သည် ကုလားပြည်ဖြစ်တော့မလားစိုးရိမ်ရသည်။
Q= quality
ရက္ခိုင့်တပ်မတော်၌ ရက္ခိုင်စစ်သည်တော်များသည် အရည်အချင်းကောင်းမွန်သော ရဲဘော်များဖြစ်ကြသည်
အရည်းအချင်းကောင်းမွန်သော တပ်မတော်အဖြစ် အမေရိကန်မှ ချီးကျူးသည်။
R= Read
ရခိုင်လူငယ်များသည်
ရခိုင်သမိုင်းစာပေနှင့် နိုင်ငံရေးစာများကို များများဖတ်ရမည်ဖြစ်သည်။ (သမိုင်းမသိလျှင် လူတုံး၊လူအ၊လူနွား၊လူပွား ဖြစ်သည်။)
S= statement
ရခိုင်အမျိုးသားပါတီ ထုက်ပြန်ကြောညာချက်နှင့် ရက္ခိုင့်တပ်မတော် ULA/AA ထုပ်ပြန်ကြောညာချက်အား ရခိုင်ပြည်သူထု တစ်ရပ်လုံးထောက်ခံသည်။
T= Traditional
ဆီးမီးခွက်အက၊ ကျင်၊ ဘုရားရီချိုး၊ နံ့သာသွီး၊လှေပြိုင်ပွဲ များသည် ရခိုင်လူမျိုးတို့၏ ကိုယ်ပိုင်ရိုးရာ ဓလေ့ ဖြစ်သည်။
U=ULA ( United League of Arakan)
မှာ ရခိုင်အမျိုးသား အဖွဲ့ချုပ်ဖြစ်သည်။
ဥက္ကဌမှာ ဦးထွန်းမြတ်နိုင်ဖြစ်သည်။
ပြည်ပရောက် ရခိုင်လူမျိုးများ မပါဝင်ရသည့်သူများပါဝင်လိုပါက ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေး ဌာနတွင် ဆက်သွယ် မေးမြန်းနိုင်ပါသည်။
V= very
ကမ္ဘာပေါ်တွင် ရက်စက်ယုတ်မာ အလွန်ဆုံးသော အဖွဲ့အစည်းသည် ဗမာ့တပ်မတော်ဖြစ်သည်။
W=world
ရခိုင်လူမျိုးတွေက ကမ္ဘာမှာ ကိုယ်ပိုင်လူမျိုး၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်နိုင်ငံနှင့် နေလာသောလူမျိုးဖြစ်တယ်။
ကမ္ဘာမှာ ရခိုင်ဆိုတာ တခိုင်ပဲရှိသည်။
X= (X= မသိကိန်း)
ရက္ခိုင့်တပ်မတော် AA ရဲ့စစ်ရေးလုပ်ခြားမှုဗျူဟာကတော့
X မသိကိန်းတစ်ခုပါပဲ။
Y=Youth
ရက္ခိုင့်တပ်မတော် AA ကို ရက္ခိုင်မျိုးဆက်သစ်လူငယ်များနှင့် ဖွဲ့စည်းထားသလို၊ ရက္ခိုင့်စစ်သည်လူငယ်အင်အား သောင်းနဲ့ချီရှိနေပြီဖြစ်သည်။
Z= Zero
ရခိုင်ပြည်နယ်တွင် နယ်ချဲ့ ကျူးကျော် ကိုလိုနီများ ဆက်လက်ထိုးစစ်ဆင်လာပါက
အကြွင်းအကျန်မရှိ အောင် တိုက်ထုပ်သွားမည်ဖြစ်သည်။
အားလုံးအမျိုးတိ သာလီစွပါ...
ဗိုလ်ခိုင်မျိုး
ကျောက်ဖြူ

Thursday, September 29, 2016

ရက္ခိုင့်မျိုးချစ်လူငယ်များအဖွဲ့(ထိုင်း) မှသဘောထားထုပ်ပြန်ချက်


ARAKAN YOUTH SOLITARITY COMMUNITY (THAILAND)
ရက္ခိုင့်မျိုးချစ်လူငယ်များအဖွဲ့(ထိုင်း) မှသဘောထားထုပ်ပြန်ချက်






Wednesday, August 3, 2016

ဒုတိယနေ့ - ၂၇၊ ၀၇၊ ၂၀၁၆ ရက်နေ့ အစည်းအဝေး မြင်ကွင်း..၂၀၁၆ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော

ဒုတိယနေ့ - ၂၇၊ ၀၇၊ ၂၀၁၆ ရက်နေ့ အစည်းအဝေး မြင်ကွင်း
.
Myanmar rebels hold rare meet as Suu Kyi yearns for peace
Latest update : 27/07/2016အပွင့် အခက်မတပ်လို့ အထင်သေးနိန်ရေ လူတစုအတွက်တင်ပြလိုက်ပါရေ အဓိက,က မျိုးချစ်ဖို့နဲ့ ရခိုင့်နိုင်ငံတော်ကြီးကို ကျွန်ဘဝကလွတ်မြှောက်အောင် အမျိုးယုတ်ကောင်တိ လက်ထဲကနိန်ပနာ ပြန်ပြီးကေရယူနိုင်ဖို့ကအဓိကလို့,ကျွန်နော်ထင်မြင်မိပါရေ အားလုံးသော ရခိုင့်တပ်မတော်သားတိ ကျမ်းမာ ပြီးအန်တရာယ်ကင်းကတ်ပါစီမိုင်ဂျာယန်ညီလာခံသို့ တက်ရောက်နေသည့် ရက္ခိုင့်တပ်မတော် ကိုယ်စားလှယ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ

MAI JA YANG (MYANMAR) (AFP) -
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏
မျက်နှာစုံညီအစည်းအဝေး (EAOs' Plenary Meeting - Mai Ja Yang) သို့ တက်ရောက်လာသော အမျိုးသမီးကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန's photo.

Leaders of Myanmar rebel armies held talks in a war-hit border town Wednesday, state media reported, as they prepare for a major peace conference with a government desperate to end insurgencies that have plagued the country.
Myanmar has been racked for half a century by ethnic rebel wars in its resource-rich frontier states, leaving tens of thousands dead or displaced.
Some groups have signed ceasefires but several other rebel armies are still fighting the nation's army -- including in the northern state of Kachin, where Wednesday's talks were held.
Aung San Suu Kyi, the democracy activist leading the country's first civilian government, says ending the fighting is essential if Myanmar is to rise from the ashes of junta rule.
She wants to restart full peace talks within weeks.
This week's summit, held in a Kachin town ravaged by years of warfare, brought together "leaders representing 17 ethnic armed groups to search for common ground in working toward a federal system for the country", state-run Global New Light of Myanmar reported Wednesday.
The negotiators, many sporting traditional clothing, gathered in a hall in Mai Ja Yang, a town ringed by displacement camps on the border with China, which also sent an envoy to the talks.
Peace is hard to secure.
Distrust in the still-powerful military runs deep and the rebel groups themselves are divided -- with four pulling out of the Mai Ja Yang talks at the last minute.
The conflicts are complex and fuelled in part by the illegal trade in drugs, timber and jade, much of which is funnelled across the border to China. Rebels use the proceeds to buy guns.
The former military-backed government launched a peace dialogue but failed to secure a nationwide ceasefire with all groups.
Suu Kyi has promised a greater level of federal autonomy in a bid to secure peace, but has yet to spell out how it would work.
It is a promise her independence hero father also made in 1947. It was ignored by the junta that took control several years after his assassination and ruled over Myanmar for almost 50 years.
Suu Kyi's ability to wrest a peace deal or decentralise the government will depend heavily on the support of the military, which remains a potent political and economic force.
It holds the keys to any charter changes, runs crucial government ministries and dominates the economy's most lucrative sectors.
© 2016 AFP
Photo Caption © AFP | Leaders of the Arakan Army gather with other rebel leaders and representatives of various Myanmar ethnic rebel groups at the opening of a four-day conference in Mai Ja Yang near the Chinese border
Credit Photo : France 24 Mobile – International News 24/7 france24
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန's photo.
..

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး
(EAOs' Plenary Meeting - Mai Ja Yang)
တတိယနေ့ - ၂၈၊ ၀၇၊ ၂၀၁၆ ရက်နေ့ အစည်းအဝေးမြင်ကွင်း
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာနတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး
(EAOs' Plenary Meeting - Mai Ja Yang)
ဒုတိယနေ့ - ၂၇၊ ၀၇၊ ၂၀၁၆ ရက်နေ့ အစည်းအဝေး မြင်ကွင်း
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာနတစ်နေ့တာပတ်လုံး ဆွေးနွေးအစည်းအဝေးထိုင်၊ အနာဂတ်အတွက် စဉ်းစားအဖြေရှာကြရင်း ပင်ပန်းမှုများအား ဖြေလျော့ရန် ညနေပိုင်းဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်၌ ကချင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့်အတူတိုင်းရင်းသားခေါင်းဆောင်ကြီးများ က ဤကဲ့သို့ ပြေလျော့ခဲ့ကြသည်။
( ရုပ်သံဗီဒီယိုမှတ်တမ်း- AA Info Desk)

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ
အစည်းအဝေးသို့ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ (ရခိုင်) စုပေါင်းအမှတ်တရဓာတ်ပုံ
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှ
၁။ ဦးလှစော
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ
၁။ ဦးမျိုးကျော်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA) မှ
၁။ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် (ဥက္ကဋ္ဌ)
၂။ ဒု-ဗိုလ်မှူးကြီး ကျော်ဟန် (တွဲဖက်အတွင်းရေးမှူး-၁)
၃။ ဗိုလ်မှူး ရွှီထွန်း (ဗဟိုကော်မတီဝင်)
၎။ ခိုင်သုခ (ဗဟိုကော်မတီဝင်)
၅။ ဦးဘစံ (ဗဟိုကော်မတီဝင်)နှင့် လေ့လာသူ (၄) ယောက်
၆။ လုံခြုံရေးတပ်ဖွဲ့ဝင် (၅) ဦး
စုစုပေါင်း - (၁၄) ဦး
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) မှ
၁။ စောမြရာဇာလင်း
၂။ ခိုင်အောင်စိုးသန်း
၃။ ခိုင်ရဲလင်း
၎။ ခိုင်မျိုးချစ်
၅။ စောစံငြိမ်းသူ
၆။ ခိုင်မင်းစိုး
၇။ စောပုစိန်
၈။ ခိုင်ကျော်လှိုင်
၉။ ခိုင်လင်းခိုင်
၁၀။. ခိုင်စိုးနိုင်
၁၁။ ခင်ခင်အေး
၁၂။ ခိုင်အောင်ဆန်းထွန်း
၁၃။ ခိုင်ဌေး
၁၄။ ခိုင်ရဲငြိမ်း
၁၅။ ခိုင်စိုး
စုစုပေါင်း - (၁၅) ဦး
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ရခိုင်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA) မှ
၁။ ဒေါက်တာ ခင်မောင်
၂။ ဦးထွန်းဇော်
၃။ ဗိုလ်မှူးကြီး မင်းထွန်း
၎။ ဗိုလ်မှူး မြင့်မြတ်
၅။ ဦးမောင်စိန်ဖြူ
၆။ ကိုတင်ဦး
၇။ ကိုမင်းခန့်
၈။ ကိုကျော်မင်းဝေ
ပေါင်း - (၈) ဦး
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
မှတ်ချက်။ အခြားအဖွဲ့အစည်းများ၏ အထက်ပါအမည်စာရင်းများကို မိုင်ဂျာယန်အစည်းအဝေးဖြစ်မြောက်ရေးကော်မတီမှ ပေးပို့ထားသော အမည်စာရင်းအချက်အလက်များအပေါ် အခြေခံ၍ ဖော်ပြထားပါသည်။ အထက်ဖော်ပြပါ နာမည်ထဲက တချို့ကိုယ်စားလှယ်များမှာ ဓာတ်ပုံထဲ၌ မပါဝင်ပါ။

မိုင်ဂျာယန်အစည်းအဝေး ထုတ်ပြန်ကြေညာချက်များ (၂၆၊ ၂၇၊ ၂၈၊ ၂၉ရက်နေ့). July 30 at 12:13pm ·

UNFC - Burma ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။

AA မှ ဥက္ကဌ/စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်

NCA ကို ဖြတ်ရအုန်းမယ်ဆိုရင် အားလုံးပါဝင်ရေးမူဆိုတာ မအောင်မြင်လောက်ဘူး
ရက္ခိုင့်တပ်မတော် AA မှ ဥက္ကဌ/စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်အား သွားရောက်တွေ့ဆုံ၍ မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးမှာ မည်သည့်အကြောင်းအရာများ ဆွေနွေးနေသနည်း အပါအ၀င် ရခိုင်၃ဖွဲ့ခွဲနေခြင်းက မည်သည့် အကြောင်းကြောင်းကြောင့်ဖြစ်ပါသနည်း၊ ရခိုင်၃ဖွဲ့ပူးပေါင်း၍ ရခိုင်လူမျိုးအကျိုးကို မည်သို့ဆောင်ရွက်သွားရန် စဉ်းစားထားပါသနည်း၊ အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားသူများက ၎င်းတို့အား ချန်ထားကာ ၂၁ရာစုပင်လုံညီလာခံသို့ သွားမည်ဆိုပါက မည်သို့သဘောထားရှိပါသနည်း၊ စသည့် အကြောင်းအရာများကို မေးမြန်းထားခြင်းအား ပြန်လည်တင်ပြလိုက်ပါသည်။
မိုင်ဂျာယန်၊ ဇူလိုင် ၃၀။
ရှမ်းလေး/တေဇာအောင်
အမေး။ ။ အခု မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးမှာ ဗိုလ်မှူးချုပ်တို့ တက်ရောက်လာတာ တွေ့ရပါတယ်ခင်ဗျာ။ အဲဒီမှာကော ဗိုလ်မှူးချုပ်တို့အနေနဲ့ ဘာတွေ တင်ပြ ဆွေးနွေးမှုတွေ ပြုလုပ်နေတာရှိပါသလဲ။
ဖြေ။ ။ ဒီဆွေးနွေးပွဲက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ တော်တော်ကျယ်ကျယ် ပြန့်ပြန့်ရှိတယ်။ အထူးသဖြင့်တော့ ပြည်ထောင်စုအခြေခံမူတွေ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အပိုင်းတွေကတော့ ရောက်ပြီဗျာ။ အခြေခံမူတွေချတဲ့ အထဲမှာတော့ ကျွန်တော်တို့ တော်တော် ဆွေးနွေးဖြစ်ပါတယ်။ ဒါတွေကလည်း နှစ်ပေါင်း ဆယ်စုနှစ်တစ်ခုနဲ့ ချီပြီးမှ ဒါတောင်မကပါဘူး ၂၀၀၀ခုနှစ် ပတ်ဝန်းကျင်လောက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ခေါင်းဆောင်တွေ ဆွေးနွေးလာခဲ့တဲ့ မူကြမ်းတွေက ရှိပြီးသားလေနော်။
အဲဒါတွေကို အတည်ပြုယူတဲ့ သဘောဖြစ်တယ်။ ပြီးရင် ဒီကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ကဏ္ဍတွေကိုလည်း ပိုပြီးမှ စေ့စပ်သေချာအောင်ပေါ့ အဲဒါတွေကိုလည်း ပြောဖြစ်တယ်။ ဒီထပ် နည်းနည်းပိုအရေးကြီးတဲ့ ကိစ္စတွေကိုလည်း မနက်ဖြန် ပြောကြအုံးမယ်။
ကျွန်တော် အထူးစိတ်ဝင်းစားတဲ့ ကဏ္ဍကတော့ ရှိပါသေးတယ်။
၂၁ရာစုပင်လုံညီလာခံကို အကုန်လုံး တက်ရောက်စေချင်ကြတယ်ပေါ့။ လူတွေက အားလုံးပါဝင်ရေးမူမှာ ရပ်တည်ထားကြတာကို လက်မှတ်မထိုးလိုက်တဲ့ အဖွဲ့တွေဆိုတာက အားလုံးပါဝင်ရေးမူမှာ ရပ်တည်ထားလို့ဘဲ မထိုးဖြစ်လိုက်တာဖြစ်တယ်။
အခုအစိုးရက ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်မယ်ဆိုရင် NCA ကို ဖြတ်ပြီးသွားရအုန်းမယ်။ NCA ကို ဖြတ်ရအုန်းမယ်ဆိုရင် အားလုံးပါဝင်ရေးမူဆိုတာ မအောင်မြင်လောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ၃ဖွဲ့ကို (AA, TNLA, MNDAA) လက်မခံဘူးပေါ့။
အဲဒီ့အပေါ်မှာ အခက်အခဲတွေ ပိတ်ဆို့မှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ချေ ရှိတယ်။
တကယ်လို့များ အခြားအဖွဲ့တွေက ကျွန်တော်တို့မပါဘဲ သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကလည်း မငြိုငြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမူကို ဆွေးနွေးကြမှာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေရဲ့ အကျိုးကိုတော့ ကိုယ်စားပြုမယ် ပြီးရင် ကျွန်တော်တို့က ကိုယ့်လူမျိုးတစ်ခုတည်းဆိုတာထပ် အကုန်လုံး ပြည်ထောင်စုသားတွေပေါ့လေ အဲဒါအတွက်ကြောင့်လဲ ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကျ ပါဝင်ချင်တာပေါ့လေ။ သူတို့ သွားမယ်ဆိုရင်လည်း ကျွန်တော်တို့က ကန့်ကွက်စရာ အကြောင်းမရှိဘူး။ သူတို့ အဖွဲ့အစည်းတွေ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်တယ်။
ကျွန်တော်တို့ကို မပါခဲ့လို့ပေါ့ NCA လက်မှတ်မထိုးလို့ အစိုးရက စစ်ဖိနပ်ဝတ်၊ စစ်တိုက်အုန်းမယ်ဆိုရင်လည်း ကျွန်တော်တို့က ပြန်ပြီး တိုက်နေရအုန်းမှာပါပဲ။ အခြေအနေကတော့ ဒီလိုဖြစ်လာရင်တော့ မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့ဘက်က နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုတာလည်း တက်နိုင်သမျှ ဖော်ပြပြီးပြီ။ ကမ်းလှမ်းမှုတွေကိုလည်း အပြုသဘောနဲ့ ကြေညာထားပြီးပြီ။ သူတို့ တိုက်လာရင်တော့ ကျွန်တော်တို့လည်း ခုခံနေရအုန်းမှာပါပဲ။
မေး - ဟုတ်ကဲ့။ ဗိုလ်မှူးချုပ် စောစောကပြောသွားတဲ့အထဲမှာပေါ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားတယ်။ ဒါပေမယ့် ဗိုလ်မှူးချုပ်တို့ကို ချန်ထားပြီး သူတို့ သီးသန့်အရင်တက်မယ်ဆိုလည်း တက်ခိုင်းမယ်ဆိုတော့ သူတို့နဲ့ကော ဗိုလ်မှူးချုပ်တို့အကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ထားပြီးပြီလားခင်ဗျာ။
ဖြေ-ဒါကတော့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ ရဲဘော်ရဲဘက်တွေပါပဲ သူတို့လည်း အကုန်လုံးပါဝင်မှဘဲ ပြဿနာက ပြီးမယ်ဆိုတာကို နားလည်တဲ့အတွက် သူတို့ မထိုးခဲ့တာဖြစ်တယ်။
ဥပမာပြောရမယ်ဆိုရင် အခုဘဲ (CNF) ချင်းအမျိုးသားတပ်ဦးနဲ့ စကားပြောပြီးလာတယ်။
ကျွန်တော်တို့ကို CNF က ချင်းအဖွဲ့ပေါ့နော် သူတို့ ချင်းပြည်အပစ်ရပ်လက်မှတ်ထိုးထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်နယ်စပ်နဲ့ ချင်ပြည်နယ်စပ်တွေမှာ အပစ်အခတ်တွေဖြစ်တော့ ချင်းပြည်နယ်ထဲမှာ ကျွန်တော်တို့ ၀င်ပြီးလှုပ်ရှားတယ်။ အစိုးရစစ်ကြောင်းတွေလည်း အများကြီးဘဲ။ အဲဒါ CNF ကတောင်ပြောတယ်။ ကျွန်တော်တို့ ဒီလို ဒီလို ဖြစ်တယ်ပေါ့နော်။ အဲလိုဆိုတော့ တိုက်ပွဲဖြစ်တာက သူတို့ (တပ်မတော်) လာရင် ကျွန်တော်တို့ တိုက်ရမှာဘဲ။
ကျွန်တော်တို့ကတော့ ဆင်ခြင်စေချင်တယ်ဆိုရင် ခင်ဗျားတို့ CNF ကျွန်တော်တို့ကိုလာပြောသလို အစိုးရကိုလည်း သွားပြောသင့်တယ်။
ဘာလို့လဲဆိုတော့ စစ်က နှစ်ဘက်စလုံးဖြစ်နေတာကြီးကိုး ဒါကြောင့်မလို့ ပြည်တွင်းစစ်ဆိုတာ တစ်နေရာမှာ ရပ်ပြီးတော့မှ မရပ်ရင်လည်းဘဲ အဲဒီရဲ့ ဂယက်တွေကို လူထုခံစားရတာ။ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုကို လူထုမရနိုင်သေးဘူးပေါ့နော်။ ဒီလိုမျိုးလည်း ရှိပါတယ်။ ဒါကြောင့် အခြေအနေတွေက ချောချောမောမောနဲ့ ငြိမ်းချမ်းရေးကို ရောက်မယ့် အလားအလာမရှိဘူးပေါ့။
တကယ်လို့များ ခွဲပြီးမှ သွားလိုက်မယ်ဆိုရင် ညီညွတ်ရေးလည်း ယိုယွင်းသွားလိမ့်မယ်။
အစကတည်းက အားလုံးပါဝင်ရေးမူပေါ့လေနော် အဲဒါကို စည်းကမ်းတစ်မျိုးတည်း မူတစ်မျိုးတည်းနဲ့ အကုန်လုံးလာပါ ညီညီညွတ်ညွတ်လာပြီး ရြှေင်းမယ်ဆိုရင် ပြဿနာပြီးတယ် အခုက ဒါမျိုးဖြေရှင်းတဲ့နည်းကို ပြောတာပေါ့နော်။ ကျွန်တော်တို့က ဟိုအဖွဲ့ကို မူတစ်မျိုး ဒီအဖွဲ့ကို မူတစ်မျိုး ချဉ်းကပ်လိုက်မယ်ဆိုရင် အကုန်လုံး ရှုပ်ကုန်မယ်။ ပြီးရင် ဒါ တန်းတူညီမျှရေးအခြေခံပေါ်မှာ မလုပ်ဘူးပေါ့နော် အဲလိုပြောရမှာပေါ့။
မေး။ ။ အခုဆိုရင် ရခိုင်မှာ ၃ဖွဲ့ဖြစ်နေတယ်။ ANC ရယ်၊ AA ရယ်၊ ALP ရယ်ပေါ့။ အခုလို ၃ဖွဲ့ခွဲနေရခြင်းက ဘယ်လိုအကြောင်းအရာတွေရှိနေလို့ပါလဲ
ဖြေ။ ။ ဒါကတော့ တစ်ခါတစ်လေ မူနဲ့ ပုဂ္ဂိုလ်ရေးဆိုတာရှိတယ်။ မူမတူလို့ မတူတာရှိတယ်။ ပုဂ္ဂိုလ်ရေးမတူလို့ မတူတာလည်းရှိတတ်ပါတယ်။ ဒါက လူမျိုးတစ်မျိုးမှာ တစ်ဖွဲ့စီပဲ ရှိရမယ်ဆိုတာကတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာလည်း ပါတီတွေ အများကြီး ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးကလည်း ကြံ့ခိုင်ရေးပါတီ၊ NLD လည်း NLD ပါတီရှိတယ်။ တခြား ကမောက်ကမတွေနဲ့ ပါတီတွေလည်း ရှိတာပဲ။ အကုန်လုံး အမျိုးသားရေးကို အခြေခံတဲ့ နိုင်ငံချစ်စိတ်နဲ့ လုပ်ကြတယ်။ ဒါပေမယ့် တခြားသော အကြောင်းတရားတွေကတော့ မတူညီဘူးပေါ့လေနော် အဲဒါတော့ရှိတာပေါ့
ရခိုင်မှာ လက်နက်ကိုင်၃ဖွဲ့ရှိတယ်။
ဒါပေမယ့် ဘယ်အဖွဲ့နဲ့ တိုက်နေလည်းဆိုတော့ ဒီ ULA/AA နဲ့ ဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်တာက တိုက်ပွဲမဖြစ်တဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးသွားလုပ်တယ်ဆိုတော့ နည်းနည်းလောက် လွဲချော်မှုတွေဖြစ်သလားပေါ့နော်။ ကျွန်တော်တို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာက မတိုက်တဲ့လူနဲ့ သွားလုပ်တာကြတော့ ငြိမ်းချမ်းရေးလို့ခေါ်မလား။ တိုက်တဲ့လူနဲ့လုပ်တာကြတော့ ငြိမ်းချမ်းရေးလို့ခေါ်မလား ဆိုတာကြတော့ ကျွန်တော်တို့ထက်ကြီးမြတ်သော လူကြီးမင်းတို့ကိုယ်တိုင် ပိုနားလည်မယ်ထင်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ ဗိုလ်မှူးချုပ် နောက်တစ်ခု သိချင်တာပေါ့ ရခိုင်၃ဖွဲ့ပေါင်းပြီးတော့ ရခိုင်လူမျိုးအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ကော ရှိပါသလားခင်ဗျား။
ဖြေ။ ။ တချို့ကိစ္စတွေမှာတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် မူအားဖြင့် သဘောတူထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လိုမျိုး အကြပ်အတည်းအမျိုးမျိုး ကြားမှာပေါ့နော် ခရီးဆက်နေရတဲ့ လူမျိုးတစ်မျိုးဆိုတော့ သဘောထားတွေ ကွဲလွဲတာတွေတော့ ရှိကြပါတယ်။
ဥပမာ ဘင်္ဂလီကိစ္စတွေပေါ့နော် ကျွန်တော်တို့အဖွဲ့တွေကျတော့ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မဟာဗျူဟာအမှားတွေပေါ့နော် တပ်ဦးမကျွံသွားဖို့အတွက် အရမ်းထိန်းထိန်းသိမ်းသိမ်း လုပ်ရတယ်။ တချို့အဖွဲ့အစည်းတွေကျတော့ သူတို့မှာ သူတို့မူတွေရှိနေအုန်းမယ်။ ကိစ္စတွေအပေါ်မှာ တစ်ယောက် တစ်ယောက် ၀င်မစွက်ဖက်သင့်ဘူး ထင်တာတွေလည်းရှိတယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ဟာတွေကိုတော့ ပေါင်းလုပ်သွားဖို့ ရှိတယ်။
မေး။ ။ ဟုတ်ကဲ့ ဗိုလ်မှူးချုပ် နောက်ဆုံးတစ်ခုလောက် သိချင်ပါတယ်။ အခု အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ဘာတွေမျှော်လင့်ထားလဲ ခင်ဗျား။
ဖြေ။ ။ ဖြစ်စေချင်တာကတော့ အကောင်းဆုံးအောင်မြင်မှုကို ရောက်စေချင်တယ်ပေါ့လေ။ သို့သော်လည်းဘဲ ဖြစ်နိုင်ချေတွေကို ဆက်စပ်စဉ်းစားကြည့်တဲ့အခါမှာတော့ အခက်အခဲတွေ ရှိနေအုန်းမှာပဲ။ ဒီအရပ်သား အစိုးရဘက်ကပေါ့ အစိုးရဘက်ကနေ အကုန်လုံး ပါဝင်ရမယ်လို့ ပြောနေတဲ့အချိန်မှာပေါ့လေ တပ်က သူ့ရဲ့မူက ရှိနေသေးတယ်။ သူ့ရဲ့ သဘောထားရှိတယ်။ အဲ့ဒါကို ကျော်လွှားနိုင်မှာလားဆိုတဲ့ မေဒခွန်းက အဓိကကျတယ်။ တပ်က သဘောမတူရင် အစိုးရဘက်ကလည်း တချို့ကိစ္စတွေ ဆောင်ရွက်လို့မရဘူး။
များသောအားဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရဲ့ အရေးအရာတွေကို နှစ်ပေါင်း၆၀လောက် အကုန်လုံးကို အစစ အရာရာ ချုပ်ကိုင်ထားခဲ့တယ်။ တချို့ကိစ္စတွေမှာ သူတို့ မကိုင်တော့ဘူးဆိုရင်တောင်မှ သူ့ရဲ့ စစ်စတန် (System) ပေါ့လေ။ အရိုးစွဲနေတဲ့ လူတွေက ဥပမာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရမှာတောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆန့်ကျင်တဲ့ အုပ်ချုပ်ရေးမှူးရှိနေသေးတယ်လေ။ သူက ဟိုကနေ အရိုးစွဲနေတဲ့ ပုံစံခွက်ထဲကနေ သူကမပျောက်နိုင်ဘူး အဲဒါတွေကြောင့် တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် လက်တွေ့နယ်ပယ်မှာ စိန်ခေါ်မှုတွေ ရိုက်ချိုးပြီးမှ မထိုးဖောက်ဘူးဆိုရင်တော့ ကျွန်တော်တို့ ဒီဇတ်မျောကြီးထဲမှာ တ၀ဲလည်လည်နေဦးမှာပဲလို့ ကျွန်တော်မြင်ပါတယ်။
အခုလို ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ထုတ်ပြန်ချက် (ပင်လုံ)

န့စွဲ။ ။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁) ရက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၇) မှ သြဂုတ်လ (၁)ရက်နေ့ထိ (၆) ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်။ ညီလာခံတွင် တိုင်းရင်းသားလူမျိုး၊ မျိုးနွယ်စုပေါင်း (၂၆)မျိုး၊ ညီလာခံကိုယ်စားလှယ်ပေါင်း (၅၂၄)ဦး၊ လေ့လာသူပေါင်း (၈၆)ဦး၊ ညီလာခံဖြစ်မြောက်ရေးကော်မတီဝင်များ၊ ပညာရှင်များနှင့် ဦးဆောင်ဆွေးနွေးသူပေါင်း (၁၅၂)ဦး၊ စုစုပေါင်း (၇၆၄)ဦး တက်ရောက်ခဲ့သည်။
၂။ ညီလာခံတွင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ဖက်ဒရယ်နှင့်ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခြင်း၊ တိုင်းရင်းသားလူမျိုး (၂၆)မျိုးမှ စာတမ်း (၂၂) စောင် ဖတ်ကြားတင်သွင်းခြင်းနှင့် အခြားစာတမ်းများကို မှတ်တမ်းတင်ခြင်း၊ စာတမ်းများထဲမှ ဖြေရှင်းရန်လိုအပ်သော ပြဿနာများကို ရွေးထုတ်ခြင်းနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အဖြေရှာခြင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြသည်။
၃။ မကြာမီ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁-ရာစု ပင်လုံ)သည် နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ဖြစ်သည့်အတွက် တိုင်းရင်းသားဒေသများအတွင်း တပ်မတော်မှ ထိုးစစ်ဆင်မှုကို ရပ်တန့်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သင့်ကြောင်းနှင့် လူငယ်များပါဝင်သင့်ကြောင်း ညီလာခံမှ သဘောထားရှိသည်။
၎။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးကာလအတွင်း၊ ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်မဖော်နိုင်သမျှကာလပတ်လုံး အကြီးစားသယံဇာတ ထုတ်ယူသုံးစွဲမှု စီမံကိန်းများအားလုံးကို ရပ်တန့်ရန် ညီလာခံမှ သဘောထားရှိသည်။
၅။ အထက်ပါအပိုဒ် (၅) ဆုံးဖြတ်ချက်အရ လုပ်ငန်းကော်မတီများကို ညီလာခံ (၆)ရက်တာအတွင်းတွင် အောက်ပါသဘောထားနှင့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြသည်။
(က) အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ
(ခ) ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကော်မတီ
(ဂ) တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကော်မတီ
(ဃ) မူးယစ်ဆေးဝါးဆိုင်ရာ တိုက်ဖျက်ရေးကော်မတီ
(င) ပြန်လည်နေရာချထားရေး - IDPs/Refugees ပညာရေး၊ ကျန်းမာရေး၊ စာပေနှင့် ယဉ်ကျေးမှုကော်မတီ
(စ) သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရင်းနှီးမြှပ်နှံမှုထိန်းသိမ်းကာကွယ်ရေး ကော်မတီ
(ဆ) တိုင်းရင်းသားရေးရာကော်မတီ (တိုင်းရင်းသားလူငယ်ရေးရာမူဝါဒ)
၆။ သို့ဖြစ်ပါ၍ မိမိတို့ တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ရရှိနိုင်ရေးနှင့် ချမှတ်ထားသော လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ ကို လူမျိုး (၂၆)မျိုးမှ ကိုယ်စားလှယ် (၃)ဦးစီဖြင့် ဗဟိုကော်မတီဝင် (၇၈)ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၂၆)ဦးနှင့် လုပ်ငန်းစုအဖွဲ့ (၇)ခုဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။
ဆက်သွယ်ရန်
(၁) ခိုင်လမင်း ၀၉-၇၉၈၃၈၁၅၆၀
(၂) စောထွန်းထွန်း ၀၉-၂၅၂၆၀၆၈၉၂
(၃) စိုင်းဆိုင်မိန်း ၀၉-၇၈၈၃၃၂၆၀၉
(၄) မိုင်းမျိုးအောင် ၀၉-၂၅၆၂၃၆၆၅၄
(၅) မင်းနှောင်းထော ၀၉-၄၂၁၁၃၅၅၈၉
(၆) ခွန်ဦး ၀၉-၂၆၃၇၉၇၁၆၄

Saturday, May 7, 2016

ဗိုလ်ရာဇာ

                               



                                     ဗိုလ်ရာဇာအကြောင်း သိကောင်းဖွယ်ရာ
                           ************************************
ဗိုလ်ရာဇာ၏အဓိပ္ပါယ်မှာ ဘုရင်တကာရို့၏ ခေါင်းဆောင်ဟု အဓိပ္ပါရပါသည်။
ဗိုလ်ရာဇာနာမည်သည် ရခိုင်ပြည်သူရို့၏ အသွီးသားဝိဥာဉ်များတွင်သာမက မြန်မာနိုင်ငံဟိ အတိုက်အခံခေါင်းဆောင်များ၏ ဦးနှောက်နှလုံးအိမ်နှင့် ထိုင်းပြည်သူရို့တချို့နှုတ်ဖျားတွင်ပါ ရိုက်ခတ်စီနိုင်ခဲ့သည်။
တော်လှန်ရေးခေါင်းဆောင်တယောက်အဖြစ် နာမည်ကြီးလာသည်နှင့်အမျှ ဗမာစစ်သားများကလည်း နာမည်ကိုကြားရုံမျှနှင့် ဂယောင်ချောက်ချားဖြစ်လားကြသည်။ လူတချို့တို့ကဆိုလျှင် သီနတ်နှင့်ပင်ပစ်၍မပေါက် ကျီပြီးသည်ဟုယုံကြည်ထားကြသည်။ သို့သော်တချို့ကလည်း ပင်လယ်ဓါးပြခေါင်းဆောင်အဖြစ် သတ်မှတ်ကြသည်။
ဗိုလ်ရာဇာသည် အဂင့်အမှန်တော်လှန်ရေးစစ်သည်တော်လား ပင်လယ်ဓါးပြခေါင်းဆောင်လားဆိုသည်ကို ဆန်းစစ်ကြည့်ကြပါမည်။
ဗိုလ်ရာဇာသည် အသားညိုညို အရပ်အမောင်း ၅-ပေ-၉-လက်မခန့်ဟိပြီး အ၀တ်ကိုသန့်သန့်ပြန့်ပြန့် သပ်သပ်ယပ်ယပ် ၀တ်ဆင်တတ်ပါသည်။
တဖက်သားလေးစားအထင်ကြီးအောင် နိန်ထိုင်တတ်ရုံသာမက စကားပြောလျှင်လည်း လူတဖက်သားယုံကြည်အားကိုးလာအောင် ဩဇာသံပါပါဖြင့် ရဲရဲဝံ၀ံပြောဆိုတတ်သော စကားပြောကောင်းသူတယောက်လည်းဖြစ်ပါသည်။ အကြောင်းအရာ၊ ပြဿနာတခုကို ချက်ချင်းအဖြေထုတ်နိုင်သော လတ်တလောဥာဏ် အားကောင်းသူတယောက်လည်းဖြစ်ပါသည်။
တဖက်သားအပေါ်ချီကျူးစရာဟိလျှင် ရက်ရက်ရောရောချီးကျူးတတ်ပြီး ဝေဖန်စရာ၊ အပြစ်တင်စရာ၊ အပြစ်ပီးစရာဟိလျှင်လည်း မငဲ့မကွက် လုပ်ဆောင်တတ်သူတယောက်လည်းဖြစ်ပါသည်။ သို့ရာတွင် ဗိုလ်ရာဇာ၏အထူးအားနည်ချက်တခုမှာ လူတဘက်သားအပေါ် အယုံလွယ်ခြင်းပင်။
ဗိုလ်ရာဇာသည် ခေတ်သစ်တော်လှန်ရေးကိုဆင်နွဲနိုင်ရန် ရခိုင်တော်လှန်ရေးအဖွဲ့ဟောင်းတခုက ထွက်ပြီးလာခဲ့ပြီး ၁၉၈၆-ခုနှစ်မှာ တော်လှန်ရေးဇာတ်လမ်းစခဲ့သည်။ ကမ္ဘောဒီးယားနယ်စပ်သို့ထွက်ပြီး လွတ်မြောက်ခဲ့သော်လည်း သူ၏လုပ်ဖေါ်ကိုင်ဖက်တချို့မှာ မိခင်ပါတီမှ ခွဲထွက်ဖို့ကြံစဉ်ကြသည်ကိုစွပ်စွဲပြီး လုပ်ကြံခံခဲ့ကြရသည်။
ခေတ်ဟောင်းတော်လှန်ရေးပုံစံကို မကြိုက် မနှစ်သက်သဖြင့် တပ်ပြီးတယောက်ဖြစ်လာပြီး တနင်္သာရီတိုင်းတွင်လှုပ်ယှားနိန်သော မူဆလင်အဖွဲ့တဖွဲ့တွင် မူဆလင်မောင်မောင်နာမည်ဖြင့် ၀င်ရောက်ကာ ဇာတ်မြှုပ်ခဲ့သည်။ တော်လှန်ရေးစစ်သည်တော်ကောင်းတယောက်အဖြစ် အစွမ်းအစပြသနိုင်ခဲ့သဖြင့်(KNU)မှ ကရင်တပ်မှူးတယောက်၏မွီးစပ်ခြင်းခံရသည်။
နောက်တချိန်၌ လက်နက်ကိုင်အဖွဲ့အစည်းတခုဖွဲ့စည်းရန် ရည်ဇူးလျှက် ရခိုင်မျိုးချစ်များကို စုစည်းခဲ့သည်။ KNU တပ်မဟာ ၄ နယ်မြီ၌KNUနှင့်ပူးပေါင်းလျှက် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ အထူးသဖြင့် တနင်္သာရီတိုင်းဒေသ၌ ရန်သူ၏သစ္စာတော်ခံ ကုန်သည်များထံမှ အခွံများကောက်ယူခဲ့သည်။ ဗိုလ်ရာဇာသည် ကုန်းတွင်းပိုင်းကျွန်းများ၌သာမက ပင်လယ်ပြင်၌ပါ စွမ်းစွမ်းတမံ အခွံကောက်ခံနိုင်သူအဖြစ် ထင်ရှားလာခဲ့ပြီး ၎င်း၏ထိမ်းချုပ်မှုအောက်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ငယ်တဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
တနိန့်သောနိန့်ခင်းဘက်တွင် အကျွန့်အား ၀မ်းနည်းပက်လက်ဖြင့် ပြောပြသည်မှာ ကရင်တပ်မဟာ(၄) နီမြီ၌လှုပ်ယှားစဉ် သီဒါဏ်အပီးခံခဲ့ဖူးကြောင်း၊ မိမိကိုမြှုပ်ရန်အတွက် ကိုယ့်သီတွင်းကိုကိုယ်တူးခဲ့ရကြောင်း၊ နောက်ဆုံးအခွင့်အရေးအဖြစ် မသီခင်လိုရာဆုကိုတောင်းပါဟု အဆုံးစီရင်မည့်ကရင်တပ်မှူးကပြောသောအခါ တကယ်လို့ငါ့ကိုအဆုံးစီရင်လိုက်မှုကြောင့် ကရင်အဖွဲ့အစည်း(သို့မဟုတ်) ရခိုင်အဖွဲ့အစည်းအတွက် ကောင်းမွန်တိုးတက်လားမည်ဆိုလျှင် မိမိအနိန်ဖြင့်သီပျော်ပါသည်။ သို့သော် တစုံတခုမှ တိုးတက်ပြောင်းလဲမှုမဟိလျှင်ကား မိမိကဲ့သို့သော တော်လှန်ရေးစစ်သည်တော်ကောင်း တယောက်ကို မဆုံးယှုံးသင့်ကြောင်း ရဲဝံ့စွာဖြေကြားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အဆုံးစီရင်မှုမှ လွတ်ငြိမ်းခွင့်ရဟိခဲ့ပြီး နောက်အနာဂတ်တွင် တော်လှန်ရေးခေါင်းဆောင်ကောင်းတယောက်အဖြစ် သက်သီပြခွင့်ရဟိခဲ့ပါသည်။
ဗိုလ်ရာဇာသည် ပင်လယ်ရီပြင်အနှံ့အပြား၌ အခွံ့ငွေများကိုတိုးမြှင့်ကောက်ခံနိုင်ခဲ့သည်။ ငါးဖမ်းဘုတ်တစီးအခွန်ဆောင်လျှင် သိုက်ရင်း(တက်ပဲ့ကိုင်)ကို ယင်းအခွန်ဖေသာ၏ ၁၀-ရာခိုင်နှုန်းကိုပြန်ပီးခြင်းဖြင့် မြန်မာရီပိုင်နက်အတွင်း ငါးခိုးဖမ်းနိန်ကြသော ထိုင်းငါးဖမ်းဘုတ်များကို စည်ရုံးနိုင်ခဲ့ပြီး ဘဏ္ဍာငွေများကို ချောချောချူချူကောက်ခံနိုင်ခဲ့သည်။ မိမိအားအခွန်ဆောင်သော ငါးဖမ်းဘုတ်များကိုလည်း ဗမာစစ်သင်္ဘောနှင့် ပင်လယ်ဓါးပြ၏အန္တရာယ်မှ ကာကွယ်ပီးခဲ့သည်။ တချိန်ကဆိုလျှင် မြန်မာပင်လယ်ပြင်၌ ပင်လယ်ဓါးပြများသောင်းကျန်းလျှက်ဟိနိန်ခဲ့ရာ ဗိုလ်ရာဇာသည် ယင်းပင်လယ်ဓါးပြများကို သူ၏စစ်အင်အား အမြန်ရီယဉ်ငယ်အင်အားဖြင့် နှိမ်နင်းပစ်နိုင်ခဲ့သည်။
လက်နက်ကိုအသုံးပြုပြီး အခွန်ဘဏ္ဍာငွေကောက်ခံသူတယောက်ဖြစ်သော်လည်း ရောက်လီရာကျွန်းစုများဟိ ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ တရားဓမ္မများကိုဟောပြောခဲ့ပါသည်။ ခရစ်ယာန်ဖြစ်လျှင် ဘုရားကျောင်း၊ ဗုဒ္ဓဘာသာဖြစ်လျှင် ဘုန်းကြီးကျောင်း၊ မူဆလင်ဖြစ်လျှင်၊ဗလီသို့လားကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ပီးခဲ့ပါသည်။ ဗိုလ်ရာဇာသည် ဘုန်းတော်ကြီးကျောင်း၌ ဘုန်းကြီးအဖြစ်ဖြင့် နှစ်ပေါင်းများစွာနိန်ထိုင်လျှက် အင်္ဂလိပ်စာနှင့် ပါဠိဘာသာကို လေ့လာခဲ့ဖူးသူတယောက်ဖြစ်သောကြောင့် တော်လှန်ရေးစစ်သည်တော်ကောင်းတယောက် ဖြစ်သည်သာမက တရားဟောကောင်းသူတယောက်လည်း ဖြစ်ခဲ့ပါသည်။
ဗိုလ်ရာဇာသည် ဘဏ္ဍာကောက်ခံသူတယောက်အဖြစ် နှစ်ပေါင်းများစွာလှုပ်ယှားခဲ့ဖူးသော တနင်္သာရီတိုင်းဟိ ကျွန်းတကျွန်းတွင် စေတီတဆူကိုလည်း တည်ထားခဲ့ဖူးသည်ဟု ဗိုလ်ရာဇာနှင့်အတူလှုပ်ယှားခဲ့သူတယောက်က အကျွန့်အားပြောပြဖူးပါသည်။
မြနမာနိုင်ငံ၌(၈ ၈ ၈၈)အရေးတ်ာပုံဖြစ်ပွါးခဲ့ပြီးနောက် ခေတ်ပညာတတ် ကျောင်းသားလူငယ်မြောက်များစွာရို့သည် တော်လှန်ရေးနိန်မြီသို့ ရောက်ဟိလာခဲ့ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ် တပ်ဦး(ABSDF)ကို ဖွဲ့စည်းခဲ့ကြပါသည်။
ဗိုလ်ရာဇာသည် ယင်းမျိုးဆက်သစ် ပညာတတ်စစ်သည်တော်များကို တော်လှန်ရေးသဘောတရားများကို ဟောပြောပီးခဲ့ပါသည်။ ရန်သူပိုင်နက် နိန်မြီဖြစ်စီကာမူ ကျေးရွာဟိပြည်သူလူထုများကို တော်လှန်ရေးတရားများကို ရဲရဲဝံ့ဝံ့ပြောဆိုစည်းရုံးဝံ့သူတယောက်လည်းဖြစ်သောကြောင့် တချို့ကရင်စစ်သားများက ဗိုလ်ရာဇာနန့်တတူ မလိုက်ဝံ့ကြပေ။
ပြောသလိုလက်တွိလုပ်တတ်သူတယောက်လည်းဖြစ်သည်ကို ဗိုလ်ရာဇာ၏လုပ်ဆောင်များက သက်သီပြလျှက်ဟိနိန်ပါသည်။ ဗမာစစ်တပ်နှင့် တိုက်ပွဲပေါင်းမြောက်များစွာကို ဆင်နွဲခဲ့ပြီး ရန်သူ၏ဖြတ်(၄)ဖြတ်နှင့်လည်း ကြုံကြိုက်ခဲ့ဖူးပါသည်။ သူထွက်ငါဝင်၊ သူမလာခင်ငါထွက်နည်းကိုသုံးပြီး ရန်သူ၏ဖြတ်(၄)ဖြတ် စစ်ဆင်ရေးကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ပါသည်။
ရခိုင့်တော်လှန်ရေးနိန်မြီသို့ လက်နက်ခဲယမ်းအမြောက်အများကို ပို့နိုင်ခဲ့ပြီး ခေတ်မှီတော်လှန်ရေးတရပ်ကို စတင်နိုင်ရန်အတွက် ၁၉၉၁-ခုနှစ်မှာ ရခိုင့်တပ်မတော်(AA) ကိုထူထောင်လျှက် ရခိုင့်တော်လှန်ရေးမှတ်ကျောက်ထက်၌ ကိုယ့်သမိုင်းကောင်းကို ကိုယ်တိုင်ရီးသားနိုင်ခဲ့ပါသည်။
လက်နက်ကိုင်တော်လှန်ရေးအတွက် မဟိမဖြစ်လိုအပ်သော လက်နက်ခဲယမ်းများကို နောက်ထပ်လည်းပို့နိုင်ခဲ့ပါသည်။ ၁၉၉၃-ခုနှစ်မှစ၍ အိန္ဒိယအစိုးရနှင့် ဆက်ဆံရေးလုပ်ရန်(AA)မှ သင့်တော်သောတပ်မှူးတယောက်ကို တာဝန်ပီးခန့်အပ်ထားခဲ့ပါသည်။ မိမိ၏တော်လှန်ရေးစစ်သည်တော်များကို ခေတ်မှီလက်နက်များတပ်ဆင်ကာ အကွဲကွဲအပြဲပြဲဖြစ်နိန်သော ရခိုင့်တော်လှန်ရေးအဖွဲ့အစည်းများကို တပေါင်းတစည်းတည်းဖြစ်ရန် လုံးပမ်းထုတ်ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်တွင် ရခိုင့်လက်နက်ကိုင်အဖွဲ့အစည်းများကို ပူးပေါင်းလျှက် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် ရခိုင်ပြည်တပ်မတော်(AA)ကို ဖွဲ့စည်းလျှက် ရခိုင့်တော်လှန်ရေးသမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ယင်းပူးပေါင်းဖွဲ့စည်းလိုက်သော(NUPA)၌ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ အပ အခြားသော ရခိုင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
တော်လှန်ရေးတွင်ပညာတတ်များ၊ မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် မည်၍မည်မျှအရေးကြီးသည်ကို နားလည်သဘောပေါက်ခဲ့ပြီး တော်လှန်ရေးတွင်ပါဝင်နိုင်စီရန် လှုံ့ဆော်စည်းရုံးခဲ့ပါသည်။ ခေတ်ပညာတတ်များနှင့် အတွိံအကြုံဟိ တော်လှန်ရေးသ္မားများက ဗိုလ်ရာဇာ၏လုပ်ရပ်အပေါ် မျက်စိကျ စိတ်ဝင်စားလာခဲ့ကြပါသည်။ မျိုးဆက်သစ်လူငယ်များကလည်း ယင်းအချိန်ကခေတ်စားနိန်သော(NUPA)ထဲသို့ အလာမစဲဝင်ရောက်လာခဲ့ကြပါသည်။ ALD-ပြည်ပကို ဖွဲ့စည်းနိုင်စီရန်အတွက် ၁၉၉၀-ခုနှစ်တွင် အမတ်အဖြစ်ရွီးချယ်ခြင်းခံရသော ပြည်ပရောက်အမတ်ကြီး ဦးသာနိုးးအား ဖေသာအထောက်အပံ့ပီးခဲ့ပါသည်။
အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ဗိုလ်ရာဇာ၏နှာမည်သည် ပါတီနှာမည်ထက်ကြီးကျယ်လာခဲ့ပါသည်။ ဗိုလ်ရာဇာ၏ကျော်ကြားမှုသည် ရခိုင်လူမှုအသိုင်းအ၀ိုင်းတွင်သာမက အခြားသောတော်လှန်ရေးခေါင်းဆောင်များ၏ နှုတ်ဖျားတွင်ပင် ရီပန်းစားလာခဲ့ပါသည်။ သို့သော် ဗိုလ်ရာဇာ၏လုပ်ဖေါ်ကိုင်ဖက်များသည် စီမံခန့်ခွဲမှုအားနည်းခြင်း၊ အခြားသောတော်လှန်ရေးသမားများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်၍ မလိုက်နိုင်ခြင်းရို့ကြောင့် သူထူထောင်ချင်ခဲ့သော ခိုင်မာသည့်တပ်မတော်တရပ်ကို မဖွဲ့စည်းနိုင်ခဲ့ပေ။
အိန္ဒိယ၏ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဆက်ဆံရေးပိုမိုအဆင်ပြေလာခဲ့ပြီး(NUPA)၏ ဗဟိုဌာနချုပ်ကို ရခိုင်ဘင်္ဂလားနယ်စပ်မှ အိန္ဒိယ-ရခိုင်နယ်စပ်သို့ ပြောင်းရွှိခဲ့သည်။ အိန္ဒိယအရှိမြောက်ပိုင်း၌ အခြီစိုက်သည့် နာဂအဖွဲ့အစည်း၏ သီနတ်သယ်ယူရာလမ်းကြောင်းကို ရခိုင်ပြည်တပ်မတော်(AA)က ဖြတ်တောက်ပစ်ခဲ့သည်။ (AA)မှ အိန္ဒိယအာဏာပိုင်များနှင့် ဆက်ဆံရေးတာဝန်ခံသည် မြန်မာပင်လယ်ပြင်၌ တရုပ်ရို့၏ လှုပ်ယှားမှုကို ရခိုင့်ရီတပ်မတော်က လေ့လာစောင့်ကြည့်မှုအပါအ၀င် အခြားသော သဘောတူညီချက်များကိုလည်း အိန္ဒိယထိပ်ပိုင်းအာဏာပိုင်များနှင့် သဘောတူညီမှုရယူနိုင်ခဲ့သည်။
ဗိုလ်ရာဇာသည် အိန္ဒိယအာဏာပိုင်များ၏ ဖိတ်ကြားချက်အရ အိန္ဒိယရီတပ်စခမ်းတခု၌ လားရောက်ဆွေးနွေးနိန်စဉ်(NUPA)ဗဟိုဌာနချုပ်၌ လက်နက်သိမ်းမှုဖြစ်ပွါးပြီး သဘောတူညီချက်အားလုံးကို အဖျက်ခံရလျက် ဗိုလ်ရာဇာသည် မျက်ရည်စက်လက်ဖြင့် ဗဟိုဌာနချုပ်သို့ပြန်လာခဲ့ရသည်။ ယင်းသို့ လက်နက်သိမ်းမှုဖြစ်ပွါးပြီး လက်နက်အမြောက်အမြားဆုံးယှုံးခဲ့ရသော်လည်း စိတ်ဓါတ်မကျဘဲ ဇွဲဟိဟိဖြင့် ဆက်လက်လှုပ်ယှားခဲ့ရာ နောက်ထပ်ခဲယမ်းလက်နက်အမြောက်အများကို ပို့နိုင်ခဲ့ပြီး တော်လှန်ရေးစစ်သည်တော်များကို ခေတ်မှီလက်နက်များ ထပ်မှန်တပ်ဆင်နိုင်ခဲ့ပါသည်။ ဗိုလ်ရာဇာသည် မျိုးဆက်သစ်လူငယ်များအပေါ် မည်မျှလောက်ယုံကြည်မှုဟိသည်ကို ၁၉၉၇-ခုနှစ်တွင်(AASYC)ကိုNUPA နှင့်ပေါင်းစည်းလိုက်နိုင်ခြင်းဖြင့် သက်သီပြနိုင်ခဲ့ပါသည်။
ဤကဲ့သို့ မျိုးဆက်သစ်ပညာတတ်လူငယ်များပူးပေါင်းလာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောပြသည့်အပြင် ဖြူစင်ပြီး ယုံကြည်စိတ်ချရသော မျိုးဆက်သစ်လူငယ်များအားလည်း သူ၏တာဝန်ကိုလွှဲပီးရန် ဂတိပြုခဲ့ပါသည်။ ဗိုလ်ရာဇာနှင့်လုပ်ဖေါ်ကိုင်ဖက်များသည် မျိုးဆက်သစ်လူငယ်များအား ဘဏ္ဍာငွေကောက်ခံရေးအပါအ၀င် အခြားသောနိန်ရာကောင်းများ၌ အစားထိုးခန့်အပ်ခဲ့ပါသည်။ အိန္ဒိယအာဏာပိုင်များနှင့်(NUPA)၏ သဘောတူညီချက်အရ(Land Fall) ကျဆုံးရာမြီအမည်ရကျွန်းသို့ ဦးတည်ခုတ်မောင်းလာခဲ့သည်။ ယင်းကျွန်းတွင်(NUPA)မှ ကိုယ်စလှယ်သည် ဗိုလ်ရာဇာအပါအ၀င် ရခိုင်ရီတပ်မတော်မှ စစ်သည်တော်များအား လာရောက်ကြိုနိန်မည်ဖြစ်သည်။
၁၉၉၈-ခုဖေဖေါ်ရီလ(၁၁)ရက်မိုးထက်ဖက်တွင် ရခိုင်ပြည်ရီတပ်မတော်မှ စစ်သည်တော်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည်တော်များက မလှမ်းမကမ်း တောစပ်တနိန်ရာ၌ ရဟတ်ယာဉ်ဆင်းသံကြားလိုက်ရသည်။ ယင်းစစ်သည်တော်များသည် တော်လှန်ရေးမှတ်ကျောက်တွင် သမိုင်းကောင်းရီးရန် စောင့်ဆိုင်းနိန်ကြသူများဖြစ်သည်။ ယင်းစစ်သည်တော်များသည် ဖေဖေါ်ရီလ(၁၀)ရက်နိန့် ညည့်ခါဖက်တွင် အိန္ဒိယကြေးတပ်၊ ရီတပ်မတော်မှ စစ်သားများနှင့် တသက်တာ၌ မိန့်မရနိုင်သော ညစာစားပွဲတွင် အတူတကွစားသောက်ပြီး ပျူပျူငှါငှါစကားပြောဆိုလျှက် အတူတကွဟိနိန်ခဲ့ကြခြင်းဖြစ်သည်။
ရဟတ်ယာဉ်ဆင်းသက်ပြီး မကြာမှီ အိန္ဒိယစစ်သားတချို့ဆင်းလာပြီး အိန္ဒိယဘက်မှ အာဏာပိုင်များရောက်ဟိနိန်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးဘက်မှ ခေါင်းဆောင်များကို သူရို့နှင့်အတူတူလိုက်ပါပြီး တွိဆုံဖို့ခေါ်ယူခဲ့ပါသည်။ ယင်းစီမံကိန်းအရ အိန္ဒိယမှ ထိပ်ပိုင်းအာဏာပိုင်များသည် ဗိုလ်ရာဇာအပါအ၀င် အခြားသောတော်လှန်ရေးခေါင်းဆောင်များကို လာရောက်တွိဆုံမည်ဖြစ်သည်။
တော်လှန်ရေးခေါင်းဆောင်များ အိန္ဒိယစစ်သာများနှင့်လိုက်ပါလားပြီး(၅)မိနစ်ခန့်အကြာတွင် သူငယ်ချင်းမိတ်ဆွေများဟု ယူဆထားသော အိန္ဒိယစစ်သားများက တော်လှန်ရေးစစ်သည်တော်များကို သီနတ်ဖြင့်ချိန်ရွယ်လျှက် နီပူရဲရဲ သဲပြင်ထက်မှာ လက်ပြန်ကြိုးဖြင့်တုပ်နှောင်ထားလိုက်ကြသည်။ ပြီးနောက်--အချက်(၃၀)-ထက်မနည်းသော သီနတ်သံများကို ဆက်တိုက်ကြားလိုက်ရသည်။
တော်လှန်ရေးစစ်သည်တော်များက မင်းရို့ကိုမိတ်ဆွေမှတ်၍ ဒေနိန်ရာကိုလာခဲ့သည်။ မင်းရို့သစ္စာဖေါက်တေ။ မင်းရို့ ငါရို့နောက်ကုန်းကို ဓားနန့်ထိုးလိုက်ခြင်းဖြစ်တေ။ အန္တမာန်ပင်လယ်ပြင်ကိုဖြတ်ပြီး ယင်းကျွန်းထက်သို့ရောက်ခါကပင် ပါလာသောလက်နက်များကို အိန္ဒယစစ်သားများထံ အပ်နှံထားခဲ့ရသောကြောင့် ပါးစပ်ဖြင့်သာ ပြန်ပြောခဲ့ရခြင်းဖြစ်သည်။ သို့မဟုတ်လျှင်ကား---------။ မျှော်လင့်ချက်အားလုံး ပျောက်ကွယ်လားပြီး ခြီကုန်လက်ပမ်းကျ ပင်ပန်းနွမ်းနယ်ခဲ့ရသည်။ နီပူရဲရဲသဲပြင်ထက်၌ မွန်းတည့်(၁၂)နာရီအထိ နိန်ပူလှမ်းခံခဲ့ရပြီး အခြားတနိန်ရာသို့ပို့ကာ အိန္ဒိယထောက်လှမ်းရေးများ၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရသည်။
အိန္ဒိယအာဏာပိုင်များက တော်လှန်ရေးစစ်သည်တော်များအား ၎င်းရို့၏ခေါင်းဆောင်များကို အဆုံးစီရင်လိုက်ပြီဖြစ်ကြောင်း၊ ၎င်းရို့အနိန်ဖြင့်လည်း အမှန်အတိုင်းဝန်ခံရန် တိုက်တွန်းခဲ့ပါသည်။ တော်လှန်ရေးစစ်သည်တော်များက ၎င်းရို့သည် ရခိုင်ပြည်တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည်တော်များဖြစ်ကြကြောင်း ဖြေကြားခဲ့ကြပါသည်။ အိန္ဒိယအာဏာပိုင်များက ၎င်းရို့ကို လက်နက်အရောင်းအ၀ယ် လုပ်နိန်သူများဟုစွပ်စွဲခဲ့ပါသည်။ အမှန်မှာ ယင်းစစ်သည်တော်ရို့သည် သူရို့၏ချစ်မြတ်နိုးသော ပြည်သူများလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နိန်သူများဖြစ်ပြီး အိန္ဒိယအာဏာပိုင်များစွပ်စွဲသကဲ့သို့ တကြိမ်တခါမှ မလုပ်ဆောင်ခဲ့ကြဖူးပေ။
ယင်းလက်နက်များသည် လက်နက်ကိုင်တော်လှန်ရေးအတွက် အသုံးပြုရန်(သို့မဟုတ်) ကျူးကျော်သူများကို ရခိုင်ပြည်မှမောင်းထုတ်ရန်အတွက်သာဖြစ်ပါသည်။ ၁၇၈၄-ခုနှစ်တွင် နယ်ချဲ့ဗမာရို့ ရခိုင်ပြည်ကို ကျူးကျော်သိမ်းပိုက်ခဲ့ချိန်မှစပြီး ရခိုင်အမျိုးသားတို့သည် ဗမာနယ်ချဲ့များနှင့် ရီရှည်တိုက်ပွဲဆင်နွဲလာခဲ့ကြသည်။ ရခိုင်ပြည်၏ အခြုပ်အခြာအာဏာကို ပြန်လည်ရဟိရန်နှင့် အဖရခိုင်ပြည်ကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ဒေနိန့်ထက်ထိ တိုက်ပွဲဝင်နိန်တုန်းဖြစ်သည်။ ဤကဲ့သို့တော်လှန်ရေးစစ်သည်တော်များကို လက်နက်အရောင်းအ၀ယ်လုပ်သူများဟုစွပ်စွဲခြင်းမှာ အခြီအမြစ်မဟိ၊ အဓိပ္ပါယ်မဲ့စွပ်စွဲချက်တခုသာဖြစ်ပါသည်။
အကယ်၍ ယင်းစစ်သည်တော်ရို့သည် လက်နက်အရောင်းအ၀ယ်လုပ်သူများဖြစ်ကြလျှင် အိန္ဒိယအာဏာပိုင်များနှင့်တွိဆုံရန် လာဝံ့ပါမည်လား။
အိန္ဒိယအစိုးရ၏ ရက်စက်ယုတ်မာမှုကို ယင်းစစ်သည်တော်များ သတိရနိန်တုန်းပင်။ အိန္ဒိယသည် ရခိုင်တော်လှန်ရေးကို ဖျက်စီးလိုက်ခြင်းပင်ဖြစ်ပါသည်။ ရခိုင်ပြည်သူရို့လေးစားရသော တော်လှန်ရေးဖခင်ကြီး ဥက္ကဌခိုင်မိုးလင်းသည်လည်း အိန္ဒိယအစိုးရ၏ ထောင်ချောက်တွင် သက်ဆင်းကာ ဘ၀ဇာတ်သိမ်းလားခဲ့ရသည်။ ရခိုင်ပြည်သူရို့လေးစားရသော ဗိုလ်ရာဇာအပါအ၀င် တခြားသောတော်လှန်ရေးခေါင်းဆောင်များသည် အိန္ဒိယအစိုးရ၏ ထောင်ချောက်တွင် နောက်ထပ်တကြိမ်သက်ဆင်းလျှက် ဘ၀ဇာတ်သိမ်းလားခဲ့ရပေပြီ။
ရခိုင်ပြည်တပမတော်(AA)နှင့် ကရင်အမျိုးသားလွတ်မြာက်ရေးတပ်မတော်(KNLA)မှ စစ်သည်တော်များကို လွှတ်ပီးခြင်း(သို့မဟုတ်) ထောင်ချခြင်းစသည်ဖြင့် ဆုံးဖြတ်ချက်တစုံတရာမဟိဘဲ ထိန်းသိမ်းခံရတုန်းပင်။ ယင်းရို့သည် အိန္ဒိယအစိုးရ၏ ဖမ်းစီးထိန်းသိမ်းမှုအောက် နိန်ခဲ့ရသည်မှာ(၆)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရခိုင့်တော်လှန်ရေးတခုလုံးသည်လည်း ပျက်စီးလုနီးပါး လုံးပါးပါးခဲ့ပါပြီ။ ရခိုင်ပြည်တော်လှန်ရေးအတွက် အိန္ဒိယအနိန်ဖြင့် လုံးဝတာဝန်ဟိပြီး ရခိုင်ရို့သည် ဒေကမ္ဘာမြီပေါ်၌ လွတ်လပ်ပြီး ထင်ရှားသောနိုင်ငံတခုအဖြစ် ပြန်လည်ထူထောင်နိုင်သည်အထိ ကြံဆောင်ပီးရမည်။
ရခိုင်ပြည်အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ ဆက်ဆံရေးတာဝန်ခံနှစ်ယောက်ဖြစ်သော အကြီးစောထွန်းနှင့် ခိုင်ရန်နိုင်၊ အမြန်ယာဉ်တက်ပဲ့ကိုင်နှင့် ဆက်သွယ်ရေးစက်ကိုင် ခိုင်လင်းဇာခိုင်၊ ယင်းစီမံကိန်း၌ ကရင်ဘက်မှ ထိပ်တန်းခေါင်းဆောင် ပဒိုမူးလွယ်၊ ကရင်တပ်မှကွန်မန်ဒိုဗိုလ်ကြီး မြင့်ဆွေရို့သည် ဗိုလ်ရာဇာနှင့်တကွ အိန္ဒိယအစိုးရ၏ လုပ်ကြံခံရသူများ စာရင်းဝင်သူများဖြစ်ကြပါသည်။ ယင်းပျောက်ဆုံးသူများသည် လုပ်ကြံခံရနိုင်ဖွယ်ဟိပြီး ရန်သူ နအဖလက်ထဲသို့ လွှဲအပ်ခံရနိုင်ဖွယ်လည်းဟိပါသည်။
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီမှ အိန္ဒိယအာဏာပိုင်များနှင့် ဆက်ဆံရေးတာဝန်ဟိသူ နှစ်ယောက်ကို လုပ်ကြံလိုက်ရခြင်းမှာလည်း ယင်းရို့နှင့်ဆက်သွယ်မှု၊ သဘောတူညီမှု အစအနများ ပေါ်ထွက်လာမည်ကို စိုးရိမ်၍ ဖြစ်နိုင်ပါသည်။
ယင်းခေါင်းဆောင်များပျောက်ဆုံးလားသည်မှာ (၆)နှစ်ပြည့်ခဲ့ပါပြီ။ သို့သော်ရခိုင်ပြည်သူ၊ ရခိုင်မျိုးချစ်တော်လှန်ရေးသမားရို့၏ ၀ိဥာဏ်ထဲတွင် ဗိုလ်ရာဇာ ဆက်လက်အသက်ရှင်နိန်တုန်း၊ ဗမာစစ်တပ်၏ ရက်စက်ယုတ်မာမှုလက်ထဲက ကယ်တင်မည့် ယင်းရို့၏ လွတ်လပ်ရေးဖခင်ကြီးကို ဆက်လက်စောင့်ထိမ်းနိန်တုန်းပင်။ ဗိုလ်ရာဇာတယောက်သီဆုံးလားသော်လည်း အိန္ဒိယအစိုးရ၏ ထိန်းသိမ်းမှုအောက်နှင့် ရခိုင်တော်လှန်ရေးထဲ၌ မျိုးဆက်သစ်ဗိုလ်ရာဇာရို့သည် သူရို့၏လက်ထဲသို့ သူရို့အနာဂတ်ကို ဖမ်းဆုပ်ကိုင်နိုင်ဖို့(ရခိုင်ပြည်၏အချုပ်အခြာအာဏာကို ပြန်လည်ရဟိဖို့) ကြိုးစားနိန်တုန်းပင်။
ယင်းမျိုးဆက်သစ်ဗိုလ်ရာဇာများသည် တလှမ်းချင်းတက်လှမ်းလျှက် ခေတ်မှီရခိုင်နိုင်ငံတော်ကြီးကို အသစ်တဖန် ပြန်လည်တည်ဆောက်နိုင်ကြလိမ္မည်မှာ မြီကြီးလက်ခပ်မလွဲပေ။
မူရင်း - ဦးကျော်ခိုင် ရခိုင်ပြည် Wall မှ ကူးယူဖော်ပြသည်။ ဆောင်းပါးရှင် Aung Thein ၏ အာဘော်သာဖြစ်ပါသည်။
       ဗိုလ်ရာဇာ