Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Wednesday, August 3, 2016

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ထုတ်ပြန်ချက် (ပင်လုံ)

န့စွဲ။ ။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁) ရက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၇) မှ သြဂုတ်လ (၁)ရက်နေ့ထိ (၆) ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်။ ညီလာခံတွင် တိုင်းရင်းသားလူမျိုး၊ မျိုးနွယ်စုပေါင်း (၂၆)မျိုး၊ ညီလာခံကိုယ်စားလှယ်ပေါင်း (၅၂၄)ဦး၊ လေ့လာသူပေါင်း (၈၆)ဦး၊ ညီလာခံဖြစ်မြောက်ရေးကော်မတီဝင်များ၊ ပညာရှင်များနှင့် ဦးဆောင်ဆွေးနွေးသူပေါင်း (၁၅၂)ဦး၊ စုစုပေါင်း (၇၆၄)ဦး တက်ရောက်ခဲ့သည်။
၂။ ညီလာခံတွင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ဖက်ဒရယ်နှင့်ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခြင်း၊ တိုင်းရင်းသားလူမျိုး (၂၆)မျိုးမှ စာတမ်း (၂၂) စောင် ဖတ်ကြားတင်သွင်းခြင်းနှင့် အခြားစာတမ်းများကို မှတ်တမ်းတင်ခြင်း၊ စာတမ်းများထဲမှ ဖြေရှင်းရန်လိုအပ်သော ပြဿနာများကို ရွေးထုတ်ခြင်းနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အဖြေရှာခြင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြသည်။
၃။ မကြာမီ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁-ရာစု ပင်လုံ)သည် နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ဖြစ်သည့်အတွက် တိုင်းရင်းသားဒေသများအတွင်း တပ်မတော်မှ ထိုးစစ်ဆင်မှုကို ရပ်တန့်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သင့်ကြောင်းနှင့် လူငယ်များပါဝင်သင့်ကြောင်း ညီလာခံမှ သဘောထားရှိသည်။
၎။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးကာလအတွင်း၊ ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်မဖော်နိုင်သမျှကာလပတ်လုံး အကြီးစားသယံဇာတ ထုတ်ယူသုံးစွဲမှု စီမံကိန်းများအားလုံးကို ရပ်တန့်ရန် ညီလာခံမှ သဘောထားရှိသည်။
၅။ အထက်ပါအပိုဒ် (၅) ဆုံးဖြတ်ချက်အရ လုပ်ငန်းကော်မတီများကို ညီလာခံ (၆)ရက်တာအတွင်းတွင် အောက်ပါသဘောထားနှင့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြသည်။
(က) အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ
(ခ) ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကော်မတီ
(ဂ) တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကော်မတီ
(ဃ) မူးယစ်ဆေးဝါးဆိုင်ရာ တိုက်ဖျက်ရေးကော်မတီ
(င) ပြန်လည်နေရာချထားရေး - IDPs/Refugees ပညာရေး၊ ကျန်းမာရေး၊ စာပေနှင့် ယဉ်ကျေးမှုကော်မတီ
(စ) သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရင်းနှီးမြှပ်နှံမှုထိန်းသိမ်းကာကွယ်ရေး ကော်မတီ
(ဆ) တိုင်းရင်းသားရေးရာကော်မတီ (တိုင်းရင်းသားလူငယ်ရေးရာမူဝါဒ)
၆။ သို့ဖြစ်ပါ၍ မိမိတို့ တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ရရှိနိုင်ရေးနှင့် ချမှတ်ထားသော လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ ကို လူမျိုး (၂၆)မျိုးမှ ကိုယ်စားလှယ် (၃)ဦးစီဖြင့် ဗဟိုကော်မတီဝင် (၇၈)ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၂၆)ဦးနှင့် လုပ်ငန်းစုအဖွဲ့ (၇)ခုဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။
ဆက်သွယ်ရန်
(၁) ခိုင်လမင်း ၀၉-၇၉၈၃၈၁၅၆၀
(၂) စောထွန်းထွန်း ၀၉-၂၅၂၆၀၆၈၉၂
(၃) စိုင်းဆိုင်မိန်း ၀၉-၇၈၈၃၃၂၆၀၉
(၄) မိုင်းမျိုးအောင် ၀၉-၂၅၆၂၃၆၆၅၄
(၅) မင်းနှောင်းထော ၀၉-၄၂၁၁၃၅၅၈၉
(၆) ခွန်ဦး ၀၉-၂၆၃၇၉၇၁၆၄

No comments:

Post a Comment