Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Wednesday, August 3, 2016

ဒုတိယနေ့ - ၂၇၊ ၀၇၊ ၂၀၁၆ ရက်နေ့ အစည်းအဝေး မြင်ကွင်း..၂၀၁၆ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော

ဒုတိယနေ့ - ၂၇၊ ၀၇၊ ၂၀၁၆ ရက်နေ့ အစည်းအဝေး မြင်ကွင်း
.
Myanmar rebels hold rare meet as Suu Kyi yearns for peace
Latest update : 27/07/2016အပွင့် အခက်မတပ်လို့ အထင်သေးနိန်ရေ လူတစုအတွက်တင်ပြလိုက်ပါရေ အဓိက,က မျိုးချစ်ဖို့နဲ့ ရခိုင့်နိုင်ငံတော်ကြီးကို ကျွန်ဘဝကလွတ်မြှောက်အောင် အမျိုးယုတ်ကောင်တိ လက်ထဲကနိန်ပနာ ပြန်ပြီးကေရယူနိုင်ဖို့ကအဓိကလို့,ကျွန်နော်ထင်မြင်မိပါရေ အားလုံးသော ရခိုင့်တပ်မတော်သားတိ ကျမ်းမာ ပြီးအန်တရာယ်ကင်းကတ်ပါစီမိုင်ဂျာယန်ညီလာခံသို့ တက်ရောက်နေသည့် ရက္ခိုင့်တပ်မတော် ကိုယ်စားလှယ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ

MAI JA YANG (MYANMAR) (AFP) -
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏
မျက်နှာစုံညီအစည်းအဝေး (EAOs' Plenary Meeting - Mai Ja Yang) သို့ တက်ရောက်လာသော အမျိုးသမီးကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန's photo.

Leaders of Myanmar rebel armies held talks in a war-hit border town Wednesday, state media reported, as they prepare for a major peace conference with a government desperate to end insurgencies that have plagued the country.
Myanmar has been racked for half a century by ethnic rebel wars in its resource-rich frontier states, leaving tens of thousands dead or displaced.
Some groups have signed ceasefires but several other rebel armies are still fighting the nation's army -- including in the northern state of Kachin, where Wednesday's talks were held.
Aung San Suu Kyi, the democracy activist leading the country's first civilian government, says ending the fighting is essential if Myanmar is to rise from the ashes of junta rule.
She wants to restart full peace talks within weeks.
This week's summit, held in a Kachin town ravaged by years of warfare, brought together "leaders representing 17 ethnic armed groups to search for common ground in working toward a federal system for the country", state-run Global New Light of Myanmar reported Wednesday.
The negotiators, many sporting traditional clothing, gathered in a hall in Mai Ja Yang, a town ringed by displacement camps on the border with China, which also sent an envoy to the talks.
Peace is hard to secure.
Distrust in the still-powerful military runs deep and the rebel groups themselves are divided -- with four pulling out of the Mai Ja Yang talks at the last minute.
The conflicts are complex and fuelled in part by the illegal trade in drugs, timber and jade, much of which is funnelled across the border to China. Rebels use the proceeds to buy guns.
The former military-backed government launched a peace dialogue but failed to secure a nationwide ceasefire with all groups.
Suu Kyi has promised a greater level of federal autonomy in a bid to secure peace, but has yet to spell out how it would work.
It is a promise her independence hero father also made in 1947. It was ignored by the junta that took control several years after his assassination and ruled over Myanmar for almost 50 years.
Suu Kyi's ability to wrest a peace deal or decentralise the government will depend heavily on the support of the military, which remains a potent political and economic force.
It holds the keys to any charter changes, runs crucial government ministries and dominates the economy's most lucrative sectors.
© 2016 AFP
Photo Caption © AFP | Leaders of the Arakan Army gather with other rebel leaders and representatives of various Myanmar ethnic rebel groups at the opening of a four-day conference in Mai Ja Yang near the Chinese border
Credit Photo : France 24 Mobile – International News 24/7 france24
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန's photo.
..

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး
(EAOs' Plenary Meeting - Mai Ja Yang)
တတိယနေ့ - ၂၈၊ ၀၇၊ ၂၀၁၆ ရက်နေ့ အစည်းအဝေးမြင်ကွင်း
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာနတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး
(EAOs' Plenary Meeting - Mai Ja Yang)
ဒုတိယနေ့ - ၂၇၊ ၀၇၊ ၂၀၁၆ ရက်နေ့ အစည်းအဝေး မြင်ကွင်း
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာနတစ်နေ့တာပတ်လုံး ဆွေးနွေးအစည်းအဝေးထိုင်၊ အနာဂတ်အတွက် စဉ်းစားအဖြေရှာကြရင်း ပင်ပန်းမှုများအား ဖြေလျော့ရန် ညနေပိုင်းဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်၌ ကချင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့်အတူတိုင်းရင်းသားခေါင်းဆောင်ကြီးများ က ဤကဲ့သို့ ပြေလျော့ခဲ့ကြသည်။
( ရုပ်သံဗီဒီယိုမှတ်တမ်း- AA Info Desk)

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ
အစည်းအဝေးသို့ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ (ရခိုင်) စုပေါင်းအမှတ်တရဓာတ်ပုံ
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှ
၁။ ဦးလှစော
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ
၁။ ဦးမျိုးကျော်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA) မှ
၁။ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် (ဥက္ကဋ္ဌ)
၂။ ဒု-ဗိုလ်မှူးကြီး ကျော်ဟန် (တွဲဖက်အတွင်းရေးမှူး-၁)
၃။ ဗိုလ်မှူး ရွှီထွန်း (ဗဟိုကော်မတီဝင်)
၎။ ခိုင်သုခ (ဗဟိုကော်မတီဝင်)
၅။ ဦးဘစံ (ဗဟိုကော်မတီဝင်)နှင့် လေ့လာသူ (၄) ယောက်
၆။ လုံခြုံရေးတပ်ဖွဲ့ဝင် (၅) ဦး
စုစုပေါင်း - (၁၄) ဦး
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) မှ
၁။ စောမြရာဇာလင်း
၂။ ခိုင်အောင်စိုးသန်း
၃။ ခိုင်ရဲလင်း
၎။ ခိုင်မျိုးချစ်
၅။ စောစံငြိမ်းသူ
၆။ ခိုင်မင်းစိုး
၇။ စောပုစိန်
၈။ ခိုင်ကျော်လှိုင်
၉။ ခိုင်လင်းခိုင်
၁၀။. ခိုင်စိုးနိုင်
၁၁။ ခင်ခင်အေး
၁၂။ ခိုင်အောင်ဆန်းထွန်း
၁၃။ ခိုင်ဌေး
၁၄။ ခိုင်ရဲငြိမ်း
၁၅။ ခိုင်စိုး
စုစုပေါင်း - (၁၅) ဦး
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ရခိုင်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA) မှ
၁။ ဒေါက်တာ ခင်မောင်
၂။ ဦးထွန်းဇော်
၃။ ဗိုလ်မှူးကြီး မင်းထွန်း
၎။ ဗိုလ်မှူး မြင့်မြတ်
၅။ ဦးမောင်စိန်ဖြူ
၆။ ကိုတင်ဦး
၇။ ကိုမင်းခန့်
၈။ ကိုကျော်မင်းဝေ
ပေါင်း - (၈) ဦး
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
မှတ်ချက်။ အခြားအဖွဲ့အစည်းများ၏ အထက်ပါအမည်စာရင်းများကို မိုင်ဂျာယန်အစည်းအဝေးဖြစ်မြောက်ရေးကော်မတီမှ ပေးပို့ထားသော အမည်စာရင်းအချက်အလက်များအပေါ် အခြေခံ၍ ဖော်ပြထားပါသည်။ အထက်ဖော်ပြပါ နာမည်ထဲက တချို့ကိုယ်စားလှယ်များမှာ ဓာတ်ပုံထဲ၌ မပါဝင်ပါ။

မိုင်ဂျာယန်အစည်းအဝေး ထုတ်ပြန်ကြေညာချက်များ (၂၆၊ ၂၇၊ ၂၈၊ ၂၉ရက်နေ့). July 30 at 12:13pm ·

UNFC - Burma ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။

AA မှ ဥက္ကဌ/စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်

NCA ကို ဖြတ်ရအုန်းမယ်ဆိုရင် အားလုံးပါဝင်ရေးမူဆိုတာ မအောင်မြင်လောက်ဘူး
ရက္ခိုင့်တပ်မတော် AA မှ ဥက္ကဌ/စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်အား သွားရောက်တွေ့ဆုံ၍ မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးမှာ မည်သည့်အကြောင်းအရာများ ဆွေနွေးနေသနည်း အပါအ၀င် ရခိုင်၃ဖွဲ့ခွဲနေခြင်းက မည်သည့် အကြောင်းကြောင်းကြောင့်ဖြစ်ပါသနည်း၊ ရခိုင်၃ဖွဲ့ပူးပေါင်း၍ ရခိုင်လူမျိုးအကျိုးကို မည်သို့ဆောင်ရွက်သွားရန် စဉ်းစားထားပါသနည်း၊ အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားသူများက ၎င်းတို့အား ချန်ထားကာ ၂၁ရာစုပင်လုံညီလာခံသို့ သွားမည်ဆိုပါက မည်သို့သဘောထားရှိပါသနည်း၊ စသည့် အကြောင်းအရာများကို မေးမြန်းထားခြင်းအား ပြန်လည်တင်ပြလိုက်ပါသည်။
မိုင်ဂျာယန်၊ ဇူလိုင် ၃၀။
ရှမ်းလေး/တေဇာအောင်
အမေး။ ။ အခု မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးမှာ ဗိုလ်မှူးချုပ်တို့ တက်ရောက်လာတာ တွေ့ရပါတယ်ခင်ဗျာ။ အဲဒီမှာကော ဗိုလ်မှူးချုပ်တို့အနေနဲ့ ဘာတွေ တင်ပြ ဆွေးနွေးမှုတွေ ပြုလုပ်နေတာရှိပါသလဲ။
ဖြေ။ ။ ဒီဆွေးနွေးပွဲက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ တော်တော်ကျယ်ကျယ် ပြန့်ပြန့်ရှိတယ်။ အထူးသဖြင့်တော့ ပြည်ထောင်စုအခြေခံမူတွေ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အပိုင်းတွေကတော့ ရောက်ပြီဗျာ။ အခြေခံမူတွေချတဲ့ အထဲမှာတော့ ကျွန်တော်တို့ တော်တော် ဆွေးနွေးဖြစ်ပါတယ်။ ဒါတွေကလည်း နှစ်ပေါင်း ဆယ်စုနှစ်တစ်ခုနဲ့ ချီပြီးမှ ဒါတောင်မကပါဘူး ၂၀၀၀ခုနှစ် ပတ်ဝန်းကျင်လောက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ခေါင်းဆောင်တွေ ဆွေးနွေးလာခဲ့တဲ့ မူကြမ်းတွေက ရှိပြီးသားလေနော်။
အဲဒါတွေကို အတည်ပြုယူတဲ့ သဘောဖြစ်တယ်။ ပြီးရင် ဒီကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ကဏ္ဍတွေကိုလည်း ပိုပြီးမှ စေ့စပ်သေချာအောင်ပေါ့ အဲဒါတွေကိုလည်း ပြောဖြစ်တယ်။ ဒီထပ် နည်းနည်းပိုအရေးကြီးတဲ့ ကိစ္စတွေကိုလည်း မနက်ဖြန် ပြောကြအုံးမယ်။
ကျွန်တော် အထူးစိတ်ဝင်းစားတဲ့ ကဏ္ဍကတော့ ရှိပါသေးတယ်။
၂၁ရာစုပင်လုံညီလာခံကို အကုန်လုံး တက်ရောက်စေချင်ကြတယ်ပေါ့။ လူတွေက အားလုံးပါဝင်ရေးမူမှာ ရပ်တည်ထားကြတာကို လက်မှတ်မထိုးလိုက်တဲ့ အဖွဲ့တွေဆိုတာက အားလုံးပါဝင်ရေးမူမှာ ရပ်တည်ထားလို့ဘဲ မထိုးဖြစ်လိုက်တာဖြစ်တယ်။
အခုအစိုးရက ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်မယ်ဆိုရင် NCA ကို ဖြတ်ပြီးသွားရအုန်းမယ်။ NCA ကို ဖြတ်ရအုန်းမယ်ဆိုရင် အားလုံးပါဝင်ရေးမူဆိုတာ မအောင်မြင်လောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ၃ဖွဲ့ကို (AA, TNLA, MNDAA) လက်မခံဘူးပေါ့။
အဲဒီ့အပေါ်မှာ အခက်အခဲတွေ ပိတ်ဆို့မှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ချေ ရှိတယ်။
တကယ်လို့များ အခြားအဖွဲ့တွေက ကျွန်တော်တို့မပါဘဲ သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကလည်း မငြိုငြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမူကို ဆွေးနွေးကြမှာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေရဲ့ အကျိုးကိုတော့ ကိုယ်စားပြုမယ် ပြီးရင် ကျွန်တော်တို့က ကိုယ့်လူမျိုးတစ်ခုတည်းဆိုတာထပ် အကုန်လုံး ပြည်ထောင်စုသားတွေပေါ့လေ အဲဒါအတွက်ကြောင့်လဲ ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကျ ပါဝင်ချင်တာပေါ့လေ။ သူတို့ သွားမယ်ဆိုရင်လည်း ကျွန်တော်တို့က ကန့်ကွက်စရာ အကြောင်းမရှိဘူး။ သူတို့ အဖွဲ့အစည်းတွေ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်တယ်။
ကျွန်တော်တို့ကို မပါခဲ့လို့ပေါ့ NCA လက်မှတ်မထိုးလို့ အစိုးရက စစ်ဖိနပ်ဝတ်၊ စစ်တိုက်အုန်းမယ်ဆိုရင်လည်း ကျွန်တော်တို့က ပြန်ပြီး တိုက်နေရအုန်းမှာပါပဲ။ အခြေအနေကတော့ ဒီလိုဖြစ်လာရင်တော့ မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့ဘက်က နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုတာလည်း တက်နိုင်သမျှ ဖော်ပြပြီးပြီ။ ကမ်းလှမ်းမှုတွေကိုလည်း အပြုသဘောနဲ့ ကြေညာထားပြီးပြီ။ သူတို့ တိုက်လာရင်တော့ ကျွန်တော်တို့လည်း ခုခံနေရအုန်းမှာပါပဲ။
မေး - ဟုတ်ကဲ့။ ဗိုလ်မှူးချုပ် စောစောကပြောသွားတဲ့အထဲမှာပေါ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားတယ်။ ဒါပေမယ့် ဗိုလ်မှူးချုပ်တို့ကို ချန်ထားပြီး သူတို့ သီးသန့်အရင်တက်မယ်ဆိုလည်း တက်ခိုင်းမယ်ဆိုတော့ သူတို့နဲ့ကော ဗိုလ်မှူးချုပ်တို့အကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ထားပြီးပြီလားခင်ဗျာ။
ဖြေ-ဒါကတော့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ ရဲဘော်ရဲဘက်တွေပါပဲ သူတို့လည်း အကုန်လုံးပါဝင်မှဘဲ ပြဿနာက ပြီးမယ်ဆိုတာကို နားလည်တဲ့အတွက် သူတို့ မထိုးခဲ့တာဖြစ်တယ်။
ဥပမာပြောရမယ်ဆိုရင် အခုဘဲ (CNF) ချင်းအမျိုးသားတပ်ဦးနဲ့ စကားပြောပြီးလာတယ်။
ကျွန်တော်တို့ကို CNF က ချင်းအဖွဲ့ပေါ့နော် သူတို့ ချင်းပြည်အပစ်ရပ်လက်မှတ်ထိုးထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်နယ်စပ်နဲ့ ချင်ပြည်နယ်စပ်တွေမှာ အပစ်အခတ်တွေဖြစ်တော့ ချင်းပြည်နယ်ထဲမှာ ကျွန်တော်တို့ ၀င်ပြီးလှုပ်ရှားတယ်။ အစိုးရစစ်ကြောင်းတွေလည်း အများကြီးဘဲ။ အဲဒါ CNF ကတောင်ပြောတယ်။ ကျွန်တော်တို့ ဒီလို ဒီလို ဖြစ်တယ်ပေါ့နော်။ အဲလိုဆိုတော့ တိုက်ပွဲဖြစ်တာက သူတို့ (တပ်မတော်) လာရင် ကျွန်တော်တို့ တိုက်ရမှာဘဲ။
ကျွန်တော်တို့ကတော့ ဆင်ခြင်စေချင်တယ်ဆိုရင် ခင်ဗျားတို့ CNF ကျွန်တော်တို့ကိုလာပြောသလို အစိုးရကိုလည်း သွားပြောသင့်တယ်။
ဘာလို့လဲဆိုတော့ စစ်က နှစ်ဘက်စလုံးဖြစ်နေတာကြီးကိုး ဒါကြောင့်မလို့ ပြည်တွင်းစစ်ဆိုတာ တစ်နေရာမှာ ရပ်ပြီးတော့မှ မရပ်ရင်လည်းဘဲ အဲဒီရဲ့ ဂယက်တွေကို လူထုခံစားရတာ။ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုကို လူထုမရနိုင်သေးဘူးပေါ့နော်။ ဒီလိုမျိုးလည်း ရှိပါတယ်။ ဒါကြောင့် အခြေအနေတွေက ချောချောမောမောနဲ့ ငြိမ်းချမ်းရေးကို ရောက်မယ့် အလားအလာမရှိဘူးပေါ့။
တကယ်လို့များ ခွဲပြီးမှ သွားလိုက်မယ်ဆိုရင် ညီညွတ်ရေးလည်း ယိုယွင်းသွားလိမ့်မယ်။
အစကတည်းက အားလုံးပါဝင်ရေးမူပေါ့လေနော် အဲဒါကို စည်းကမ်းတစ်မျိုးတည်း မူတစ်မျိုးတည်းနဲ့ အကုန်လုံးလာပါ ညီညီညွတ်ညွတ်လာပြီး ရြှေင်းမယ်ဆိုရင် ပြဿနာပြီးတယ် အခုက ဒါမျိုးဖြေရှင်းတဲ့နည်းကို ပြောတာပေါ့နော်။ ကျွန်တော်တို့က ဟိုအဖွဲ့ကို မူတစ်မျိုး ဒီအဖွဲ့ကို မူတစ်မျိုး ချဉ်းကပ်လိုက်မယ်ဆိုရင် အကုန်လုံး ရှုပ်ကုန်မယ်။ ပြီးရင် ဒါ တန်းတူညီမျှရေးအခြေခံပေါ်မှာ မလုပ်ဘူးပေါ့နော် အဲလိုပြောရမှာပေါ့။
မေး။ ။ အခုဆိုရင် ရခိုင်မှာ ၃ဖွဲ့ဖြစ်နေတယ်။ ANC ရယ်၊ AA ရယ်၊ ALP ရယ်ပေါ့။ အခုလို ၃ဖွဲ့ခွဲနေရခြင်းက ဘယ်လိုအကြောင်းအရာတွေရှိနေလို့ပါလဲ
ဖြေ။ ။ ဒါကတော့ တစ်ခါတစ်လေ မူနဲ့ ပုဂ္ဂိုလ်ရေးဆိုတာရှိတယ်။ မူမတူလို့ မတူတာရှိတယ်။ ပုဂ္ဂိုလ်ရေးမတူလို့ မတူတာလည်းရှိတတ်ပါတယ်။ ဒါက လူမျိုးတစ်မျိုးမှာ တစ်ဖွဲ့စီပဲ ရှိရမယ်ဆိုတာကတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာလည်း ပါတီတွေ အများကြီး ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးကလည်း ကြံ့ခိုင်ရေးပါတီ၊ NLD လည်း NLD ပါတီရှိတယ်။ တခြား ကမောက်ကမတွေနဲ့ ပါတီတွေလည်း ရှိတာပဲ။ အကုန်လုံး အမျိုးသားရေးကို အခြေခံတဲ့ နိုင်ငံချစ်စိတ်နဲ့ လုပ်ကြတယ်။ ဒါပေမယ့် တခြားသော အကြောင်းတရားတွေကတော့ မတူညီဘူးပေါ့လေနော် အဲဒါတော့ရှိတာပေါ့
ရခိုင်မှာ လက်နက်ကိုင်၃ဖွဲ့ရှိတယ်။
ဒါပေမယ့် ဘယ်အဖွဲ့နဲ့ တိုက်နေလည်းဆိုတော့ ဒီ ULA/AA နဲ့ ဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်တာက တိုက်ပွဲမဖြစ်တဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးသွားလုပ်တယ်ဆိုတော့ နည်းနည်းလောက် လွဲချော်မှုတွေဖြစ်သလားပေါ့နော်။ ကျွန်တော်တို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာက မတိုက်တဲ့လူနဲ့ သွားလုပ်တာကြတော့ ငြိမ်းချမ်းရေးလို့ခေါ်မလား။ တိုက်တဲ့လူနဲ့လုပ်တာကြတော့ ငြိမ်းချမ်းရေးလို့ခေါ်မလား ဆိုတာကြတော့ ကျွန်တော်တို့ထက်ကြီးမြတ်သော လူကြီးမင်းတို့ကိုယ်တိုင် ပိုနားလည်မယ်ထင်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ ဗိုလ်မှူးချုပ် နောက်တစ်ခု သိချင်တာပေါ့ ရခိုင်၃ဖွဲ့ပေါင်းပြီးတော့ ရခိုင်လူမျိုးအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ကော ရှိပါသလားခင်ဗျား။
ဖြေ။ ။ တချို့ကိစ္စတွေမှာတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် မူအားဖြင့် သဘောတူထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လိုမျိုး အကြပ်အတည်းအမျိုးမျိုး ကြားမှာပေါ့နော် ခရီးဆက်နေရတဲ့ လူမျိုးတစ်မျိုးဆိုတော့ သဘောထားတွေ ကွဲလွဲတာတွေတော့ ရှိကြပါတယ်။
ဥပမာ ဘင်္ဂလီကိစ္စတွေပေါ့နော် ကျွန်တော်တို့အဖွဲ့တွေကျတော့ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မဟာဗျူဟာအမှားတွေပေါ့နော် တပ်ဦးမကျွံသွားဖို့အတွက် အရမ်းထိန်းထိန်းသိမ်းသိမ်း လုပ်ရတယ်။ တချို့အဖွဲ့အစည်းတွေကျတော့ သူတို့မှာ သူတို့မူတွေရှိနေအုန်းမယ်။ ကိစ္စတွေအပေါ်မှာ တစ်ယောက် တစ်ယောက် ၀င်မစွက်ဖက်သင့်ဘူး ထင်တာတွေလည်းရှိတယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ဟာတွေကိုတော့ ပေါင်းလုပ်သွားဖို့ ရှိတယ်။
မေး။ ။ ဟုတ်ကဲ့ ဗိုလ်မှူးချုပ် နောက်ဆုံးတစ်ခုလောက် သိချင်ပါတယ်။ အခု အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ဘာတွေမျှော်လင့်ထားလဲ ခင်ဗျား။
ဖြေ။ ။ ဖြစ်စေချင်တာကတော့ အကောင်းဆုံးအောင်မြင်မှုကို ရောက်စေချင်တယ်ပေါ့လေ။ သို့သော်လည်းဘဲ ဖြစ်နိုင်ချေတွေကို ဆက်စပ်စဉ်းစားကြည့်တဲ့အခါမှာတော့ အခက်အခဲတွေ ရှိနေအုန်းမှာပဲ။ ဒီအရပ်သား အစိုးရဘက်ကပေါ့ အစိုးရဘက်ကနေ အကုန်လုံး ပါဝင်ရမယ်လို့ ပြောနေတဲ့အချိန်မှာပေါ့လေ တပ်က သူ့ရဲ့မူက ရှိနေသေးတယ်။ သူ့ရဲ့ သဘောထားရှိတယ်။ အဲ့ဒါကို ကျော်လွှားနိုင်မှာလားဆိုတဲ့ မေဒခွန်းက အဓိကကျတယ်။ တပ်က သဘောမတူရင် အစိုးရဘက်ကလည်း တချို့ကိစ္စတွေ ဆောင်ရွက်လို့မရဘူး။
များသောအားဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရဲ့ အရေးအရာတွေကို နှစ်ပေါင်း၆၀လောက် အကုန်လုံးကို အစစ အရာရာ ချုပ်ကိုင်ထားခဲ့တယ်။ တချို့ကိစ္စတွေမှာ သူတို့ မကိုင်တော့ဘူးဆိုရင်တောင်မှ သူ့ရဲ့ စစ်စတန် (System) ပေါ့လေ။ အရိုးစွဲနေတဲ့ လူတွေက ဥပမာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရမှာတောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆန့်ကျင်တဲ့ အုပ်ချုပ်ရေးမှူးရှိနေသေးတယ်လေ။ သူက ဟိုကနေ အရိုးစွဲနေတဲ့ ပုံစံခွက်ထဲကနေ သူကမပျောက်နိုင်ဘူး အဲဒါတွေကြောင့် တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် လက်တွေ့နယ်ပယ်မှာ စိန်ခေါ်မှုတွေ ရိုက်ချိုးပြီးမှ မထိုးဖောက်ဘူးဆိုရင်တော့ ကျွန်တော်တို့ ဒီဇတ်မျောကြီးထဲမှာ တ၀ဲလည်လည်နေဦးမှာပဲလို့ ကျွန်တော်မြင်ပါတယ်။
အခုလို ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ထုတ်ပြန်ချက် (ပင်လုံ)

န့စွဲ။ ။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁) ရက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၇) မှ သြဂုတ်လ (၁)ရက်နေ့ထိ (၆) ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်။ ညီလာခံတွင် တိုင်းရင်းသားလူမျိုး၊ မျိုးနွယ်စုပေါင်း (၂၆)မျိုး၊ ညီလာခံကိုယ်စားလှယ်ပေါင်း (၅၂၄)ဦး၊ လေ့လာသူပေါင်း (၈၆)ဦး၊ ညီလာခံဖြစ်မြောက်ရေးကော်မတီဝင်များ၊ ပညာရှင်များနှင့် ဦးဆောင်ဆွေးနွေးသူပေါင်း (၁၅၂)ဦး၊ စုစုပေါင်း (၇၆၄)ဦး တက်ရောက်ခဲ့သည်။
၂။ ညီလာခံတွင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ဖက်ဒရယ်နှင့်ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခြင်း၊ တိုင်းရင်းသားလူမျိုး (၂၆)မျိုးမှ စာတမ်း (၂၂) စောင် ဖတ်ကြားတင်သွင်းခြင်းနှင့် အခြားစာတမ်းများကို မှတ်တမ်းတင်ခြင်း၊ စာတမ်းများထဲမှ ဖြေရှင်းရန်လိုအပ်သော ပြဿနာများကို ရွေးထုတ်ခြင်းနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အဖြေရှာခြင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြသည်။
၃။ မကြာမီ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁-ရာစု ပင်လုံ)သည် နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ဖြစ်သည့်အတွက် တိုင်းရင်းသားဒေသများအတွင်း တပ်မတော်မှ ထိုးစစ်ဆင်မှုကို ရပ်တန့်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သင့်ကြောင်းနှင့် လူငယ်များပါဝင်သင့်ကြောင်း ညီလာခံမှ သဘောထားရှိသည်။
၎။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးကာလအတွင်း၊ ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်မဖော်နိုင်သမျှကာလပတ်လုံး အကြီးစားသယံဇာတ ထုတ်ယူသုံးစွဲမှု စီမံကိန်းများအားလုံးကို ရပ်တန့်ရန် ညီလာခံမှ သဘောထားရှိသည်။
၅။ အထက်ပါအပိုဒ် (၅) ဆုံးဖြတ်ချက်အရ လုပ်ငန်းကော်မတီများကို ညီလာခံ (၆)ရက်တာအတွင်းတွင် အောက်ပါသဘောထားနှင့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြသည်။
(က) အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ
(ခ) ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကော်မတီ
(ဂ) တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကော်မတီ
(ဃ) မူးယစ်ဆေးဝါးဆိုင်ရာ တိုက်ဖျက်ရေးကော်မတီ
(င) ပြန်လည်နေရာချထားရေး - IDPs/Refugees ပညာရေး၊ ကျန်းမာရေး၊ စာပေနှင့် ယဉ်ကျေးမှုကော်မတီ
(စ) သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရင်းနှီးမြှပ်နှံမှုထိန်းသိမ်းကာကွယ်ရေး ကော်မတီ
(ဆ) တိုင်းရင်းသားရေးရာကော်မတီ (တိုင်းရင်းသားလူငယ်ရေးရာမူဝါဒ)
၆။ သို့ဖြစ်ပါ၍ မိမိတို့ တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ရရှိနိုင်ရေးနှင့် ချမှတ်ထားသော လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ ကို လူမျိုး (၂၆)မျိုးမှ ကိုယ်စားလှယ် (၃)ဦးစီဖြင့် ဗဟိုကော်မတီဝင် (၇၈)ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၂၆)ဦးနှင့် လုပ်ငန်းစုအဖွဲ့ (၇)ခုဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။
ဆက်သွယ်ရန်
(၁) ခိုင်လမင်း ၀၉-၇၉၈၃၈၁၅၆၀
(၂) စောထွန်းထွန်း ၀၉-၂၅၂၆၀၆၈၉၂
(၃) စိုင်းဆိုင်မိန်း ၀၉-၇၈၈၃၃၂၆၀၉
(၄) မိုင်းမျိုးအောင် ၀၉-၂၅၆၂၃၆၆၅၄
(၅) မင်းနှောင်းထော ၀၉-၄၂၁၁၃၅၅၈၉
(၆) ခွန်ဦး ၀၉-၂၆၃၇၉၇၁၆၄