Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Thursday, September 24, 2015

ရခိုင်သမိုင်း





၉၉-လတ္တံ့(ရခိုင်ကျောက်ရိုး မဟာရာဇ၀င်မှ ကောက်နှုတ်ချက်)
မြောက်ဦးမြို့တော်တွင် သက္ကရာဇ်(၁၁၀၅)ခုနှစ်က နန်းတက်ခဲ့သော နရပတိမင်းလက်ထက် သစ်တက် ငလက်ရုံးအား မေးမြန်းသောကြောင့် မြောက်ဦးမြို့နတ်သ္မီးအခန်းဆက်တွင်(၉၉)လတ္တံ့ကို မေးဖြေတော်မူခဲ့၏။ ထိုမေးဖြေခဲ့သော(၉၉)လတ္တံ့မှာ--
(၁)-မင်းတို့မတရား ကျင့်ဖောက်ပြား၍ တိုင်းသားပြည်သူ ကျွတ်ကျွတ်ဆူလို့၊ အိုးကင်းရေကျဖြစ်လတ္တံ့။
(၂)-မင်းတို့မတရား အစိုးစားလည်းများလတ္တံ့။
(၃)-လက်နက်အားကိုး ထိုမင်းမျိုးတို့ အုပ်စိုးပိုင်ရာ တိုင်းပြည်မှာ သူခိုးဓါးပြများလတ္တံ့။
(၄)-သူ့မင်းငါ့မင်း အချင်းချင်းလည်း သတ်ဖြတ်ထိုခါဖြစ်လတ္တံ့။
(၅)-ရက္ခပူရ ပြည်ဓညမှာ ရာဇာနတ္ထိ မင်းမရှိဘဲဖြစ်လတ္တံ့။
(၆)-ရက္ခပူရ ပြည်ဓညမှာဝါဒလက်ကိုင် စစ်ပွဲပြိုင်ကာ ဘယာဘေးကြီးသင့်လတ္တံ့။
(ရ)-ရခိုင်ပြည်သူ ကျွတ်ကျွတ်ဆူလို့ အားကိုးရာမဲ့ဖြစ်လတ္တံ့။
(၈)-ရခိုင်ပြည်သူ ကျွတ်ကျွတ်ဆူလို့ စိတ်ပူပင်သောကများလတ္တံ့။
(၉)-နိုင်ငံရေးယောင်ယောင် လိမ်လှဲ့ဆောင် သူတောင်းစားလည်းများလတ္တံ့။
(၁၀)-ဘုရားကိုကား နိမ့်ရာထား မျောက်ကားအထက်ရောက်လတ္တံ့၊ ရက္ခပူရပြည်ဓညမှာ က၀ိအဖေါ်ပညာကျော်တို့ ဗလာနတ္ထိချောတိတိလည်းဖြစ်လတ္တံ့။
(၁၁)-ပညာရှိပျောက် ရခိုင်ပြည်မှာ ဘေးကြီးရောက် များစွာလူဆိုးဖြစ်လတ္တံ့။
(၁၂)-သူမြတ်သားကိုမနာလို ၀န်တိုစိတ်ဆိုးများလတ္တံ့။
(၁၃)-သူမြတ်ကိုကား နိမ့်ရာထားလို့ လူဆိုးစိတ်ရောက်လတ္တံ့။
(၁၄)-လူကြီးကိုကား နိမ့်ရာထား မင်းကားချီးမြှောက် သူငယ်ရောက်ကာ အထောက်အပံ့ပြုလတ္တံ့။
(၁၅)-ဘုရားတရားစောင့်သူများ ရန်မျိုးကပ်ကြီးလွတ်လတ္တံ့။
(၁၆)-ဘုရားတရား မစောင့်ငြား ရန်မျိုးကပ်ကြီးသင့်လတ္တံ့။
(၁၇)-အမျိုးလေးပါး သိသူများ ဘယာဘေးကြီးလွတ်လတ္တံ့။
(၁၈)-အမျိုးလေးပါး မသိငြားက ဘယာဘေးကြီးရောက်လတ္တံ့။
(၁၉)-မိခင်ဘခင် ဘုရားသရှင်ကို ကိုးကွယ်သောသူကျန်လတ္တံ့။
(၂၀)-ရခိုင်ဂတုံး ဗမာသုံဉ်းလည်းဖြစ်လတ္တံ့။
(၂၁)-ရခိုင်ဂတုံး ပြည်ရွာသုံဉ်းလည်းဖြစ်လတ္တံ့။
(၂၂)-ချင်းနှင့်ရခိုင် စားပွဲထိုင် ဗမာအောက်သားပြေးလတ္တံ့။
(၂၃)-မယူနတ်ကြီး စည်တော်တီး ကုလားဘေးကြီးသင့်လတ္တံ့။
(၂၄)-ဘူးသီးတောင်နယ် ပြင်ခေါင်ကုလားစိုးလတ္တံ့။
(၂၅)-ကုလားခေါင်းထက် အမာနက် အခါကိုးခါပွါးလတ္တံ့။
(၂၆)-ကုလားကိုရှာကျောက်တော်မှာ ထိုခါတရုပ်တွေ့လတ္တံ့။
(၂၇)-ဂိဇ္ဈကုတ်တောင် ပိတ္တာဖေါင် လူဘောင်ရောက်လည်းများလတ္တံ့။
(၂၈)-မုသ၀ါဒါ ပြောဆိုကာ များစွာစားသောက်ပွါးလတ္တံ့။
(၂၉)-မိဘကိုကား နိမ့်ရာထားလို့ သားကဆရာခံလတ္တံ့။
(၃၀)-မိမယောက်ျား ထိုသူများတို့ ဒုက္ခဘေးကြီးတွေ့လတ္တံ့။
(၃၁)-ရက္ခပူရ ပြည်ဓညမှာ မိမများစွာ လက်ကောက်ခြီချင်းကျွတ်လတ္တံ့။
(၃၂)-ထိုသို့မိမ က္ကုတ္ထိယ(ခပဇာ) ထ္မင်းချက်လတ္တံ့။
(၃၃)-ရက္ခပူရ ပြည်ဓညမှာ ရွှေငွေအသပြာ ရတနာလည်း ဗလာနတ္ထိ ချောတိတိလည်းဖြစ်လတ္တံ့။
(၃၄)-ရက္ခပူရပြည်ဓညမှာ မ၀၀မ်းစာဖြစ်လတ္တံ့။
(၃၅)-မြို့သားလူနတ် လူသူမြတ်တို့ သားမယားစားဖို့ မျိုင်ချေထိုခါထိုးလတ္တံ့။
(၃၆)-အင်္ကျီမဟုတ် ကုလားခြုပ်လည်းဝတ်လတ္တံ့။
(၃၇)-သင်္ဘောမဟုတ် တရကုတ်နှင့် စီးသူများစွာပွါးလတ္တံ့။
(၃၈)-ယောက်ျားမပီ လူဗလီလည်းများလတ္တံ့။
(၃၉)-အင်္ကျီလက်ပေါ် လူလက်ပေါ်လည်းများလတ္တံ့။
(၄၀)-မိမမတရား လင်မျှောင်ထားလည်းများလတ္တံ့။
(၄၁)-အပျိုကညာ ရတနာတို့ အသရေမလုံ ရူပါရုံနှင့် သားမြတ်ပေါ်အောင်ပြလတ္တံ့။
(၄၂)-မိမမတရား ကျင့်ဖေါက်ပြား၍ စီးပွါးကုန်သည်လုပ်လတ္တံ့။
(၄၃)-ထိုသည်မိမ ဖွါးသည်သားက သူခိုးဓါးမြများလတ္တံ့။
(၄၄)-ထိုသည်မိမ ဖွါးသည်သားက လူလိမ်လူညာများလတ္တံ့။
(၄၅)-တောင်ကအောက်ချင်း ပြားကိုဆင်း အောက်ချင်းဖေါ်ရွီရှာလတ္တံ့။
(၄၆)-ကျေဇူးမသိ လူဒိဌိလည်းများလတ္တံ့။
(၄၇)-ဘုရားပြကာ စီးပွါးရှာ အရှောင်စားလည်းများလတ္တံ့။
(၄၈)-ဂတုံးရိပ်ခါ သင်္ကန်းဝါဆို ထိုပြည်ရဟန်းပွါးလတ္တံ့။
(၄၉)-ကျောင်းထိုင်သံဃာ သင်္ကန်းဝါ ဘဏ္ဍာစုလည်းများလတ္တံ့။
(၅၀)-ပိဋကတ်သုံးဖုံ မလုံခြုံ ငြင်းခုံဖြစ်လတ္တံ့။
(၅၁)-သိက္ခာမစုံ မလုံခြုံ သူတုံနိမ့်လည်းများလတ္တံ့။
(၅၂)-စားပြီးအိပ်နေ ဘိက္ခဝေ ကျောင်းစရိုက်မရ ဒေါသထွက်လည်းများလတ္တံ့။
(၅၃)-ဘုန်းကြီးမတရား ကျောင်းကြီးစားလည်း များလတ္တံ့။
(၅၄)-ဘုန်းကြီးယောင်ယောင် ကျောင်းတဆောင်နှင့် မင်းခေါင်ဆရာလည်းများလတ္တံ့။
(၅၅)-ဆေးအိုးတပြောင်ပြောင် ကွမ်းယာဆောင် ယပ်တောင်ကားကားများလတ္တံ့။
(၅၆)-သင်္ကန်းမပီ ဧကသီနှင့် ဒုဿီရှင်များ ငွေကြေးစားလည်းများလတ္တံ့။
(၅၇)-မင်းဝယ်ခယ အကျင့်ယွမ်း ရှင်ရဟန်းလည်းများလတ္တံ့။
(၅၈)-သေရည်အရက် ကြက်ခြံဝက်နှင့်သောက်လတ္တံ့။
(၅၉)-မိမများနှင့် စကားမြူးထူး ရဟန်းရူးတို့များလတ္တံ့။
(၆၀)-လူနှင့်မခြား ငွေကြေးစားလည်းများလတ္တံ့။
(၆၁)-မင်းတွင်ခစား ပေါက်လွတ်ထား ရှင်စော်ကားလည်းများလတ္တံ့။
(၆၂)-ကျောင်းအောက်တွင်တက် ပုခက်တွဲလွဲမျာလတ္တံ့။
(၆၃)-ရဟန်းချင်းချင်း တရားထိုခါတွေ့လတ္တံ့။
(၆၄)-အရေးကြီးရဟန်း တက္ကဒွန်းကိုပယ်လတ္တံ့။
(၆၅)-ရက္ခပူရ ပြည်ဓညတွင် မြတ်စွာဗုဒ္ဓ ကိုယ်စားလှယ်လည်း တောင်သာယာက ရောင်ဝါထိုခါပြလတ္တံ့။
(၆၆)-နတ်တို့ဖူးပြန် ကန်တော့သံကို ရခိုင်အမှန်ကြားလတ္တံ့။
(၆၇)-ဝေသာလီတောင်တွင်း ခြေတော်ရင်းက စောင်းညှင်းတူရိယာတီးလတ္တံ့။
(၆၈)-ရက္ခပူရ ပြည်ဓညမှာ သာသနာရောင်တပြောင်ပြောင် နေလပမာထွန်းလတ္တံ့။
(၆၉)-ဥတ္တရမဓုရ ပြည်ရက္ခတွင် အကျင့်ထူးဆန်း သီလပန်းနှင့် ရဟန်း-၉-ပါးပေါ်လတ္တံ့။
(၇၀)-သာသနာ့ဒါယကာ ပေါများစွာတို့ သဒ္ဒါရွှင်လန်းဖြစ်လတ္တံ့။
(၇၁)-ရက္ခပူရ ပြည်ဓညမှာ ရွှေငွေအသပြာ ရတနာနှင့် ဆန်ရေစပါးပွါးလတ္တံ့။
(၇၂)-ရခိုင်ပြည်သူ ခပ်သိမ်းသူတို့ မေတ္တာတရားပွါးလတ္တံ့။
(၇၃)-ရက္ခပူရ ပြည်ဓညတွင် ဘာဝနာကမ္မဌာန်း စီးဖြန်းသောသူများလတ္တံ့။
(၇၄)-ငပြီဗဒုန်း မြို့ကိုဖုန်းကာ စစ်တွေမြို့ကြီးပျက်လတ္တံ့။
(၇၅)-မြစ်ဆိပ်ကမ်းနား နေသူများလည်း ဒုက္ခဘေးကြီးတွေ့လတ္တံ့။
(၇၆)-ကုလားတန်ဖျား ရွာအများကို အပိုင်ကုလားသိမ်းလတ္တံ့။
(၇၇)-သာသနာရောင်ဝါ ထွန်းသောခါ ဘူးသီးတောင်မှာ ပြင်ခေါင်ကုလားပြိုလတ္တံ့။
(၇၈)-ဂစ္ဆပနဒီ မြစ်ညာဆီက ရေမင်းထိုခါပေါက်လတ္တံ့။
(၇၉)-ရက္ခပူရ ပြည်ဌါနတွင် ရှေ့နောက်မြော်မြင် ပညာရှင်တို့ များစွာထိုခါပေါလတ္တံ့။
(၈၀)-ပညာရှိရောက်ခါ တိုင်းပြည်ရွာမှာ သာယာဝဖြိုးဖြစ်လတ္တံ့။
(၈၁)-ငြိမ်းချမ်းတိုင်းပြည် ရှိတုန်လေ စစ်သည်များစွာနာလတ္တံ့။
(၈၂)-စစ်သည်နာပြီး စည်တော်တီး ဘုမ္မိနေရောက်တောက်လတ္တံ့။
(၈၃)-ဘိုရမနတ်ကြီး စည်တော်တီး ပြည်ကြီးအောင်လံထူလတ္တံ့။
(၈၄)-နတ်မောင်းတီးခါ မိစ္ဆာတို့ မှတ်ချက်ထိုခါပျက်လတ္တံ့။
(၈၅)-ဘောင်းဒွတ်နတ်ကြီး စည်တော်တီးက ပြည်ကြီးသာယာဖြစ်လတ္တံ့။
(၈၆)-မျက်စိမျက်ဆံ ကုလားတန်က လွန်ပျံထိုခါဝဲလတ္တံ့။
(၈၇)-တချို့မယုံ တချို့ယုံ ငြင်းခုံထိုခါဖြစ်လတ္တံ့။
(၈၈)-၀ိဇ္ဖာယောင်ယောင် သီလကြောင် လည်းများလတ္တံ့။
(၈၉)-ဘုန်းကြီးတန်းကြီး အသီးသီးတို့ ပူဆွေးဒုက္ခဆိုက်လတ္တံ့။
(၉၀)-ရက္ခပူရ ပြည်ဌါနမှာ လိမ်လည်မတရား ထိုသူများလည်း ဒုက္ခဘေးကြီးသင့်လတ္တံ့။
(၉၁)-ရခိုင်ဌါန ပြည်ဓညမှာ ဂုမ္ဘန်တထောင်ထွက်လတ္တံ့။
(၉၂)-ဂုမ္ဘန်ထွက်ခါ လူမိစ္ဆာတို့ ဘယာဘေးကြီးဆိုက်လတ္တံ့။
(၉၃)-အရှေ့ထောညက် အနောက်ပျက် မုချထိုခါဖြစ်လတ္တံ့။
(၉၄)-အလယ်တရိုး ရခိုင်ပြည်မှာ ရွှေထီးမိုး ဂုဏ်တချို့လည်းတက်လတ္တံ့။
(၉၅)-ရွှေငွေအသပြာ စုထားတာလဲ အိမ်တိုင်ရာရောက်ပွါးလတ္တံ့။
(၉၆)-ရက္ခတိုင်းပြည်ချဲ့ထွင်လေ လူတွေအထွတ် မြတ်မဟာကို ထိုခါတရုတ်ပို့လတ္တံ့။
(၉၇)-တရုတ်ဝင်တိုက် သက္ကရာဇ်ကို တွေ့သစ်သင်္ချာ(အတြိန၀)မည်ရသိစက် ပြချဝေါဟာ လေသာသင်္ဘော ဖောင်နှင့်မျှော၍ သွင်းပြာအင်း၀၀င်လတ္တံ့။
(၉၈)-အင်းပေါက်၀၀င် မှိုင်းလျှင်ပျက်ပျက် ကသီမဟု ကမ်းမှလက်ျာ နမကွဲရှိ သိရိချောင်းဖျား ဒဿရာဇာ သိမ်တော်ရင်းမှာ တကာကိုးကွယ်ထားလတ္တံ့။
(၉၉)-တရုတ် ကုလား အချိန်စေ့သော် ရခိုင်ဘုရင်စကြာမင်းကို မေစန္ဒီဟု သမီးကညာတပါးဆက်လတ္တံ့။
မှတ်ချက်--
ရှေ့မူအတိုင်း မူရင်းအတိုင်း အနာဂတ်ရခိုင်ပြည်သူ ရခိုင်သားတိအတွက် ပြန်လည်ဖေါ်ထုတ်တင်ပြလိုက်ပါသည်။
*****************************************************************************************************************
အသျှင်-က္ကန္ဒာစက္က
ဗေဒင်နှင့် သမိုင်းသုတေသီ။

Sunday, September 13, 2015

ရခိုင် အလှသဘာဝ မြို့တော်


ရခိုင်လူမျိုး သမိုင်း အကျဉ်းချုပ်
=================
( ရခိုင်သား/မ တိုင်းသိထားသင့်ပါရေထင်လို့မျှဝီိပီးလိုက်ပါရေ အချိန်ပီးပြီးကေဖက်စီချင်ပါရေ ... ကျေးဇူးတင်ပါယင့် )
12:00 PM Posted by arakan Labels: သမိုင်း
ရခိုင်
ရခိုင်လူမျိုးတို့ သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ရက္ခိုင်ဆိုသော နာမ ၀ိသေသအတိုင်း “အမျိုးသီလ၊
နှစ်ဌါနကို၊ပြည့်ဝမဏ္ဏိုင်၊စောင့်စွမ်းနိုင်သည် ရခိုင်နာမ ဘွဲ.့မည်လှဖြင့် အနန္တာသညှာခေါ်အပ်ရာတည်း”လို့လည်း သျှင်ရာဂိန္ဒမော်ကွန်းတွင် ဖွင့်ဆိုထားရှိကြောင်းကို တွေ.ရှိနိုင်သည်။
ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။
ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။
ဘာသာရေး
ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။ ရခိုင်ပြည် မြောက်ဦးမြို့ ဝေသာလီ ရွှေတောင်ကြီးတွင် စတုတ္တသင်္ဂါယနာကို ဝေသာလီဘုရင်
သိရိစန္ဒြား(သိရိစမ္မ၀ိဇယမင်း)လက်ထက် သီဟိုနိုင်ငံမှ သံဃာတော်တစ်ထောင်ကို ပင့်ဆောင်ပြီး ရခိုင်ပြည်မှ သံဃာတော် တစ်ထောင်ပေါင်းနှစ်ထောင်ဖြင့် စတုတ္တသင်္ဂါယနာကို တင်ခဲ့ပါသည်။၎င်းသင်္ဂါယနာ တင်ခဲ့ပုံကို
”မဟာမဟိန္ဒ၊ ထေရဘုန်းစည်၊
တည်နေဖြန့်စင်၊သီဟိုဠ်ခွင့်၌၊
နောင်တွင်ဆောင်ရွက်၊ လွန်ခဲခက်၍၊
မေထက် အက္ခရာ၊ သင်္ဂါယနာ၊
စတုတ္ထမြောက်၊ တင်ပြီးနောက်မှ၊
တမ်းမှောက်ညစ်ကျူး၊ ဝါဒထူးဖြင့်၊
ကူးလူးမယှဉ်၊ အစိုင်တည်တံ့၊
အရှည်ခံဟု၊ ကူပံ့ဖြန့်ဖြူး၊
မြတ်ကျေးဇူးဟိ၊ ရဘိရည်ညွတ်၊
လွတ်လပ်ပြုထ၊ သီဟဠနန့်၊
ဝါဒတူညီ၊ တို့သိင်္ဂီကား၊ ပဉ္စမီထပ်၊
ကြီးနီချပ်လျှင်၊ ရွှီကွပ်တင့်သား၊
ငါးထောင်အားဖြင့်၊ ရွှီးသားသီချာ၊
သုံးနှစ်ကြာလျှင်၊ ကောင်းစွာသီးသီး၊
အောင်မြင်ပြီး၍.......” ဟု
(မေဓပညာမော်ကွန်း) တွင် ဖော်ပြထားပါသည်။
ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။
ဝတ်စားဆင်ယင်မှု
ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုတွင် အစဉ်အလာ ကြီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကိုရိုးရာပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ကြသည်။
အမျိုးသမီးများသည်ဇာပုဝါကိုရင်စလွယ်သိုင်းပြီးကော် လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၅ မှ ၁၈ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြို့တွင်လေ့လာ နိုင်သည်။
စာပေ သမိုင်းကြောင်း
ရခိုင် စာပေသည် ဓည၀တီခေတ် (ဘီစီ ၃၀၀) စုခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဝေသာလီခေတ် နှောင်းပိုင်းမှ စလို့ ရက္ခ၀ဏ္ဏအက္ခရာဖြင့်ရေးသားပြီး ကြိုးတန်းပိဋကတ်ကိုစံထားလို့ လေ့လာခဲ့ကြပုံများကိုလည်း ရခိုင်သမိုင်းတွေမှာ တွေ.ရှိရသည်။ထိုခေတ်ကဓည၀တီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင် ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။ လောင်းကြက်တောင်မော် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ကျော်ကြားသည်။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
“အောက်အာကာဗွီ၊ ၀ါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထ၀ီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား”
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် တို့ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။
ရခိုင်ခေတ်များ
* ၀ါသုဒေ၀ညီနောင်တကျိပ်တို့တည်ထောင်သော ဒွါရာဝတီခေတ်
* ပထမ ဝေသာလီခေတ် သက္ကရာဇ် ၅၃၁၆ မှ ၃၃၂၅ BCE အထိ၊
* ပထမ ဓညဝတီခေတ် သက္ကရာဇ် ၃၃၂၅ မှ ၁၅၀၇ BCE အထိ၊
* ဒုတိယ ဓညဝတီခေတ် သက္ကရာဇ် ၁၅၀၇ မှ ၅၈၀ BCE အထိ၊
* တတိယ ဓညဝတီခေတ် သက္ကရာဇ် ၅၈၀ BCE မှ ၃၂၇ ADE အထိ၊
* ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ ADE အထိ၊
* လေးမြို့ခေတ် သက္ကရာဇ် ၈၁၈ မှ ၁၄၃၀ ADE အထိ၊
* မြောက်ဦးခေတ် သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄ ADE အထိ၊ ဖြစ်သည်။
ရခိုင်ဘုရင့်နိုင်ငံကို အုပ်ချုပ်ခဲ့သော ဘုရင်များ
ဒွါရာဝတီ[သံတွဲ]ခေတ်မင်းဆက်များ(သမိုင်းမတင်မီကာလ)
ဦးရေ။မင်းအမည်။နန်းတက်နှစ်။နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)၀ါသုဒေ၀မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁)ဗြဟ္မကာရာဇာမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ) -ဘီစီ(၃၃၂၅)မတိုင်မီ။
(၅)ဗြဟ္မသုန္တရမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁၅)ဗြဟ္မသိန္ဒိမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁။)ဿရဘန်မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစ(ီ၃၃၂၅)မတိုင်မီ။
ဓည၀တီ[ပဋ္ဌမ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မာရယုမင်း(၃၃၂၅-၃၂၆၃)ထိ(၆၂)နှစ်-ဘီစီ(ခရစ်တော်မပေါ်မီကာလ)
(၂)မာရဇေတုမင်း(၃၂၆၃-၃၂၃၁)ထိ(၃၂)နှစ်(၁)၏သား
(၃)မာရအုံမင်း(၃၂၃၁-၃၁၇၈)ထိ(၅၃)နှစ်(၂)၏သား
(၄)မာရရွယ်မင်း(၃၁၇၈-၃၁၃၀)ထိ(၄၈)နှစ်(၃)၏သား
(၅)မာရတင်မင်း(၃၁၃၀-၃၀၇၅)ထိ(၅၅)နှစ်(၄)၏်သား
(၆)မာရဇိန်မင်း(၃၀ရ၅-၃၀၄၂)ထိ(၃၃)နှစ်(၅)၏သား
(ရ)မာရတင်မင်း(၃၀၄၂-၃၀၂၀)ထိ(၂၂)နှစ်(၆)၏သား
(၁)ငဆက်အို(မျိုးခြား)(၃၀၂၀-၂၉၉၉)ထိ(၂၁)နှစ်(မျိုးခြားမင်း)
(၈)ဒေါလစန္ဒရားမင်း(၂၉၉၉-၂၉၅၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သောလစန္ဒရား(၂၉၅၉-၂၉၂၆)ထိ(၃၃)နှစ်(၈)၏သား
(၁၀)သူရိယစန္ဒရား(၂၉၂၆-၂၈၈၉)ထိ(၃ရ)နှစ်(၉)၏သား
(၁၁)ကာလစန္ဒရား(၂၈၈၉-၂၈၄၉)ထိ(၄၀)နှစ်(၁၀)၏သား
(၁၂)ကဉ္စန္ဒရား(၂၈၄၉-၂၈၁၈)ထိ(၃၁)နှစ်(၁၁)၏သား
(၁၃)မဓုစန္ဒရား(၂၈၁၈-၂၇၉၇)ထိ(၂၁)နှစ်(၁၂)၏သား
(၁၄)ဇေယျစန္ဒရား(၂၇၉၇-၂၇၅၇)ထိ(၄၀)နှစ်(၁၃)၏သား
(၁၅)မောက္ခစန္ဒရား(၂၇၅ရ-၂၇၃၁)ထိ(၂၆)နှစ်(၁၄)၏သား
(၁၆)ဂုနစန္ဒရား(၂၇၃၁-၂၇၁၉)ထိ(၁၂)နှစ်(၁၅)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၂၇၁၉-၂၇၁၈)ထိတစ်လသာစံရသည်။
(၁ရ)ကံရာဇာကြီး(၂၇၁၈-၂၆၇၇)ထိ(၄၁)နှစ်(၁၆)၏သား
(၁၈)ကံရာဇာငယ်(၂၆၇၇-၂၆၄၁)ထိ(၃၆)နှစ်(၁၇)၏သား
(၁၉)အိန္ဒသူရိယ(၂၆၄၁-၂၆၀၆)ထိ(၃၅)နှစ်(၁၈)၏သား
(၂၀)အသူရိန္ဒသူရိယ(၂၆၀၆-၂၅၇၆)ထိ(၃၀)နှစ်(၁၉)၏သား
(၂၁)သာရမိတ္တ(၂၅၇၆-၂၅၄၈)ထိ(၂၈)နှစ်(၂၀)၏သား
(၂၂)သူရိယမင်း(၂၅၄၈-၂၅၁၅)ထိ(၃၁)နှစ်(၂၁)၏သား
(၂၃)မင်းထီး(၂၅၁ရ-၂၄၉၅)ထိ(၂၂)နှစ်(၂၂)၏သား
(၂၄)မင်းပါ(၂၄၉၅-၂၄၇၃)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)စည်ပေါင်သူ(၂၄ရ၃-၂၄၄၅)ထိ(၂၈)နှစ်(၂၄)၏သား
(၂၆)တံတိုင်းသင်(၂၄၄၅-၂၄၁၄)ထိ(၃၁)နှစ်(၂၅)၏ညီ
(၂ရ)ကျော်ခေါင်စည်(၂၄၁၄-၂၃၆၁)ထိ(၅၃)နှစ်(၂၆)၏သား
(၂၈)သူရိယစန္ဒမိတ္တ္ဋ(၂၃၆၁-၂၃၄၀)ထိ(၂၁)နှစ်(၂၇)၏သား
(၂၉)အနန္ဒဘယ(၂၃၄၀-၂၃၁၀)ထိ(၃၀)နှစ်(၂၈)၏သား
(၃၀)လင်္ကျာစည်သူ(၂၃၀-၂၂၈၀)ထိ(၃၀)နှစ်(၂၉)၏သား
(၃၁)သီဟကုစ္ဆိ(၂၂၈၀-၂၂၃၇)ထိ(၄၃)နှစ်(၃၀)၏သား
(၃၂)မင်းဘုန်းသန်(၂၂၃၇-၂၂၀၆)ထိ(၃၁)နှစ်(၃၁)၏သား
(၃၃)သက္ကမွေး(၂၂၀၆-၂၁၅၇)ထိ(၄၉)နှစ်(၃၂)၏သား
(၃၄)ဇေယျနန္ဒသူ(၂၁၅၇-၂၁၀၅)ထိ(၅၂)နှစ်(၃၃)၏သား
(၃၅)တက္ကသူ(၂၁၀၅-၂၀၅၉)ထိ(၄၆)နှစ်(၃၄)၏သား
(၃၆)လက္ခဏ(၂၀၅၉-၂၀၂၂)ထိ(၃ရ)နှစ်(၃၅)၏သား
(၃ရ)ဂုဏရာဇ်(၂၀၂၂-၁၉၈၀)ထိ(၄၂)နှစ်(၃၆)၏သား
(၃၈)သီဝရာဇ်(၁၉၈၀-၁၉၃၉)ထိ(၄၁)နှစ်(၃၇)၏သား
(၃၉)မင်းလှမွှေး(၁၉၃၉-၁၉၁၈)ထိ(၂၁)နှစ်(၃၈)၏သား
(၄၀)ပူရိန္ဒ(၁၉၁၈-၁၈၅၈)ထိ(၆၀)နှစ်(၃၉)၏သား
(၄၁)မင်းသိဒ္ဒက်(၁၈၅၈-၁၈၃၆)ထိ(၂၂)နှစ်(၄၀)၏သား
(၄၂)မင်းလှကြီး(၁၈၃၆-၁၇၈၉)ထိ(၄၇)နှစ်(၄၁)၏သား
(၄၃)ထွေးလုပ်ကြီး(၁၇၈၉-၁၇၆၅)ထိ(၂၄)နှစ်(၄၂)၏သား
(၄၄)စေရာဇ်(၁၇၆၅-၁၇၂၇)ထိ(၃၈)နှစ်(၄၃)၏သား
(၄၅)ချက်နှာဝန်း(၁၇၂၇-၁၇၀၃)ထိ(၂၄)နှစ်(၄၄)၏သား
(၄၆)လက်ရုံးကြီး(၁ရ၀၃-၁၆၇၆)ထိ(၂၇)နှစ်(၄၅)၏သား
(၄ရ)သီရိကမ္မသုန္ဒုရ(၁၆၇၆-၁၆၄၆)ထိ(၃၀)နှစ်(၄၆)၏သား
(၄၈)နန္ဒကောဘယ(၁၆၄၆-၁၆၁၉)ထိ(၂၇)နှစ်(၄၇)၏သား
(၄၉)မင်းနံဖြူ(၁၆၁၉-၁၅၉၉)ထိ(၂၀)နှစ်(၄၈)၏သား
(၅၀)မင်းနံလှ(၁၅၉၉-၁၅၇၁)ထိ(၂၈)နှစ်(၄၉)၏သား
(၅၁)မင်းခေါင်ငယ်(၁၅၇၁-၁၅၅၁)ထိ(၂၀)နှစ်(၅၀)၏သား
(၅၂)လောက်ခေါင်ရာဇာ(၁၅၅၁-၁၅၃၆)ထိ(၁၅)နှစ်(၅၁)၏သား
(၅၃)မင်းသီဟ(၁၅၃၆-၁၅၁၅)ထိ(၂၁)နှစ်(၅၂)၏သား
(၅၄)မင်းငယ်ပျော်လှစည်သူ(၁၅၁၅-၁၅၀၈)ထိ(ရ)နှစ်(၅၃)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၁၅၀၈-၁၅၀၇)ထိ(၁)လတစ်ဦးစီလပိုင်းစံရသည်။
ဓည၀တီ[ဒုတိယ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)ကမ္မရာဇာ(ကံရာဇာကြီး)(၁၅၀ရ-၁၄၇၀)ထိ(၃ရ)နှစ်။အချို့ကကံရာဇာကြီးဟုခေါ်သည်။
(၂)သီလရာဇာ(၁၄၇၀-၁၄၂၉)ထိ(၄၁)နှစ်(၁)၏သား
(၃)၀ါသုရ(၁၄၂၉-၁၃၉၈)ထိ(၃၁)နှစ်(၂)၏သား
(၄)နန္ဒသူရိယ(၁၃၉၈-၁၃၅၈)ထိ(၄၀)နှစ်(၃)၏သား
(၅)သူရိယနန္ဒ(၁၃၅၈-၁၃၂၆)ထိ(၃၂)နှစ်(၄)၏သား
(၆)သူရနန္ဒ(၁၃၂၆-၁၃၁၃)ထိ(၂၃)နှစ်(၅)၏သား
(ရ)စန္ဒမာဂု(၁၃၁၃-၁၂၇၁)ထိ(၃၂)နှစ်(၆)၏သား
(၈)သီရိစန္ဒာ(၁၂၇၁-၁၂၃၁)ထိ(၄၀)နှစ်(ရ)၏သား
(၉)သီဟရာဇာ(၁၂၃၁-၁၁၈၅)ထိ(၄၆)နှစ်(၈)၏သား
(၁၀)သီဟယနု(၁၁၈၅-၁၁၆၅)ထိ(၂၀)နှစ်(၉)၏သား
(၁၁)ပယာက(၁၁၆၅-၁၁၃၄)ထိ(၃၁)နှစ်(၁၀)၏သား
(၁၂)နီလဂုဏ်(၁၁၃၄-၁၀၉၃)ထိ(၄၁)နှစ်(၁၁)၏သား
(၁၃)ရောဟဂုဏ်(၁၀၉၃-၁၀၆၃)ထိ(၃၀)နှစ်(၁၂)၏သား
(၁၄)သီရိဂုဏ်(၁၀၆၃-၁၀၉၃)ထိ(၂၄)နှစ်(၁၃)၏သား
(၁၅)သမံဇာ(၁၀၃၉-၁၀၀၄)ထိ(၃၅)နှစ်(၁၄)၏တူ
(၁၆)သုဝဏ္ဍကုမ္မာ(၁၀၀၄-၉၈၄)ထိ(၂၀)နှစ်(၁၅)၏သား
(၁ရ)သက်တင်ဖြူ(၉၈၄-၉၄၄)ထိ(၄၀)နှစ်(၁၆)၏သား
(၁၈)သက်တင်ဦး(၉၄၄-၉၀၂)ထိ(၄၂)နှစ်(၁၇)၏သား
(၁၉)ဇေတ၀န်(၉၀၂-၈၆၆)ထိ(၃၆)နှစ်(၁၈)၏သား
(၂၀)မုဉ္စိယ(၈၆၆-၈၃၉)ထိ(၂၇)နှစ်(၁၉)၏သား
(၂၁)ကုမ္မရာဝိသုက(၈၃၉-၇၆၂)ထိ(ရရ)နှစ်(၂၀)၏သား
(၂၂)၀ါသုမဏ္ဍလ(၇၆၂-၇၂၈)ထိ(၃၄)နှစ်(၂၁)၏သား
(၂၃)ပုရိန္ဒ(ရ၂၈-၆၉၇)ထိ(၃၁)နှစ်(၂၂)၏သား
(၂၄)ရာလာမာယု(၆၉၇-၆၇၅)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)နာလမာယု(၆ရ၅-၆၄၄)ထိ(၃၁)နှစ်(၂၄)၏သား
(၂၆)၀ရတကုနိ(၆၄၄-၆၂၂)ထိ(၂၂)နှစ်(၂၅)၏သား
(၂ရ)၀ိသုရာဇာ(၆၂၂-၆၁၀ထိ(၁၂)နှစ်(၂၆)၏သား
(၂၈)သီရိရာဇာ(၆၁၀-၅၈၀)ထိ(၃၀)နှစ်(၂ရ)၏သား
ဓည၀တီ[တတိယ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)စန္ဒသူရိယမင်း(၅၈၀-၅၂၇)ထိ(၅၃)နှစ်။သီရိရာဇာ၏သား
(၂)သူရိယာဓိပတိ(၅၂၇-၄၈၀)ထိ(၄၇)နှစ်(၁)၏သား
(၃)သူရိယာပတိပါတ်(၄၈၀-၄၂၄)ထိ(၅၆)နှစ်(၂)၏သား
(၄)သူရိယရုပ(၄၂၄-၃၇၉)ထိ(၄၅)နှစ်(၃)၏သား
(၅)သူရိယစန္ဒာလ(၃၇၉-၃၁၅)ထိ(၆၄)နှစ်(၄)၏သား
(၆)သူရိယစက္က(၃၁၅-၂၇၁)ထိ(၄၄)နှစ်(၅)၏သား
(ရ)သူရိယနထ(၂ရ၁-၂၉၉)ထိ(၄၂)နှစ်(၆)၏သား
(၈)သူရိယ၀ံသ(၂၉၉-၁၈၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သူရိယဗန္ဒ(၁၈၉-၁၆၃)ထိ(၂၆)နှစ်(၈)၏သား
(၁၀)သူရိယကလျာကာ(၁၆၃-၁၂၅)ထိ(၃၈)နှစ်(၉)၏သား
(၁၁)သူရိယမုခ(၁၂၆-၉၅)ထိ(၃၀)နှစ်(၁၀)၏သား
(၁၂)သူရိယတေဇ(၉၅-၄၅)ထိ(၅၀)နှစ်(၁၁)၏သား
(၁၃)သူရိယပုည(၄၅-၁၀)ထိ(၃၅)နှစ်(၁၂)၏သား
(၁၄)သူရိယကုလ(ဘီစီ၁၀မှအေဒီ၂၆)ထိ(၃၆)နှစ်(၁၃)၏သား(ခရစ်တော်ေ်ပေါ်ပြီးကာလ)
(၁၅)သူရိယပဘာ(၂၆-၈၀)ထိ(၅၄)နှစ်(၁၄)၏သား
(၁၆)သူရိယစိတ္တရ(၈၀-၁၁၆)ထိ(၃၆)နှစ်(၁၅)၏သား
(၁ရ)သူရိယဇေဌ(၁၁၆-၁၃၈)ထိ(၂၂)နှစ်(၁၆)၏သား
(၁၈)သူရိယ၀ိမလ(၁၃၈-၁၅၆)ထိ(၁၈)နှစ်(၁၇)၏သား
(၁၉)သူရိယယေနု(၁၅၆-၁၇၈)ထိ(၂၂)နှစ်(၁၈)၏သား
(၂၀)သူရိယကံသ(၁ရ၈-၁၉၄)ထိ(၁၆)နှစ်(၁၉)၏သား
(၂၁)သူရိယသကျ(၁၉၄-၂၀၂)ထိ(၈)နှစ်(၂၀)၏ဘထွေး
(၂၂)သူရိယသီရိ(၂၀၂-၂၂၂)ထိ(၂၀)နှစ်(၂၁)၏သား
(၂၃)သူရိယကေသီ(၂၂၂-၂၄၁)ထိ(၂၁)နှစ်(၂၂)၏သား
(၂၄)သူရိယကုမ္မာ(၂၄၁-၂၇၃)ထိ(၃၂)နှစ်(၂၃)၏သား
(၂၅)သူရိယကေတု(၂၇၁-၃၂၇)ထိ(၅၆)နှစ်(၂၄)၏သား
ဝေသာလီ[ကျောက်လှေကား]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မဟာစန္ဒြား(၃၂၇-၃၈၄)ထိ(၅၇)နှစ်။သူရိယကေတု၏သား
(၂)သူရိယစန္ဒြား(၃၈၄-၄၃၃)ထိ(၄၉)နှစ်(၁)၏သား
(၃)မောလစန္ဒြား(၄၃၃-၄၈၁)ထိ(၄၈)နှစ်(၂)၏သား
(၄)ပေါလစန္ဒြား(၄၈၁-၅၂၇)ထိ(၄၆)နှစ်(၃)၏သား
(၅)ကာလစန္ဒြား(၅၂၇-၅၇၆)ထိ(၄၉)နှစ်(၄)၏သား
(၆)ထူလစန္ဒြား(၅ရ၆-၅၉၅)ထိ(၁၉)နှစ်(၅)၏သား
(ရ)သီရိစန္ဒြား(၅၉၅-၆၆၇)ထိ(၇၂)နှစ်(၆)၏သား
(၈)သင်္ဂစန္ဒြား(၆၆၇-၇၃၃)ထိ(၆၆)နှစ်(၇)၏သား
(၉)စူဠစန္ဒြား(၇၃၃-၇၆၉)ထိ(၃၆)နှစ်(၈)၏သား
(၁)အမြတူ(မြို့(၆၉-၇၇၆)ထိ(ရ)နှစ်(မျိုးခြားမင်း)
(၂)ပဲဖြူ(၇၇၆-၇၉၃)ထိ(၁၇)နှစ်(အမြတူ၏ညီသား)
-မင်းမဲ့ကာလ(၇၉၃-၇၉၄)ထိ(၁)နှစ်(မင်းမရှိသောကာလ)
(၁၀)ငတုံမင်း(၇၉၄-၈၁၈)ထိ(၂၄)နှစ်(စူဠစန္ဒြား၏သား)
ပဉ္စာခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)ခေတ္တသင်(၈၁၈-၈၂၈အေဒီ)ထိ(၁၀)နှစ်(စူဠစန္ဒြရားတူစန္ဒကူး၏သား)
(၂)စန္ဒသင်(၈၂၈-၈၄၃)ထိ(၁၅)နှစ်(ခေတ္တသင်၏ညီ)
(၃)မင်းသင်ဖြူ(၈၄၃-၈ရ၃)ထိ(၃၀)နှစ်(၁)၏သား
(၄)နာဂသူရိယ(၈၇၃-၉၀၄)ထိ(၃၂)နှစ်(၂)၏သား
(၅)ပုဏ္ဍက(၉၃၆-၉၆၉)ထိ(၃၃)နှစ်(၄)၏သား
(၆)မင်းကြီးဖြူ(၉၆၉-၉၈၄)ထိ(၁၅)နှစ်(၅)၏သား
(၁)စည်သဘင်(၉၈၄-၉၈၆)ထိ(၂)မျိုးခြားမင်း
(ရ)မင်းနု(၉၈၆-၁၀၁၄)ထိ(၂၈)နှစ်(မင်းကြီးဖြူ၏သား)
(၈)မင်းလာတော်(၁၀၁၄-၁၀၃၄)ထိ(၂၀)နှစ်(ရ)၏သား
(၉)မင်းကုလား(၁၀၃၄-၁၀၆၂)ထိ(၂၈)နှစ်(၈)၏သား
(၁၀)မင်းဘီလူး(၁၀၆၂-၁၀၆၈)ထိ(၆)နှစ်(၉)၏သား
(၁)၀ရောင်းငှက်အသင်္ခယာ(၁၀၆၈-၁၀၇၆)ထိ(၈)နှစ်(ကြားမင်း)
(၂)မင်းဘုန်းသန်(၁၀၇၆-၁၀၉၀)ထိ(၁၄)နှစ်(အသင်္ခယာ၏သား)
(၃)မင်းမတ်(၁၀၉၀-၁၁၀၃)ထိ(၁၃)နှစ်(မင်းဘုန်းသန်၏သား)
ပရိန်[ပဋ္ဌမ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)လင်္ကျာမင်းနန်(၁၁၀၃-၁၁၀၉)ထိ(၆)နှစ်(မင်းဘီလူး၏မြေး)
(၂)မင်းသီဟ(၁၁၀၉-၁၁၁၀)ထိ(၁)နှစ်(၁)၏သား
(၃)ရာဇာကြီး(၁၁၁၀-၁၁၁၃)ထိ(၃)နှစ်(၂)၏သား
(၄)သကျဝင်ကြီး(၁၁၁၃-၁၁၁၅)ထိ(၂)နှစ်(၃)၏သား
(၅)သကျဝင်ငယ်(၁၁၁၅-၁၁၁၈)ထိ(၃)နှစ်(၄)၏သား
(၆)ကောလိယ(၁၁၁၈-၁၁၂၃)ထိ(၅)နှစ်(၅)၏သား
ပရိန်[ဒုတိယ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)ဒဿရာဇာ(၁၁၂၃-၁၁၃၉)ထိ(၁၆)နှစ်(ကောလိယ၏သား)
(၂)အနန္ဒသီရိ(၁၁၃၉-၁၁၄၂)ထိ(၃)နှစ်(၁)၏သား
(၃)မင်းဖုန်းစား(၁၁၄၂-၁၁၄၉)ထိ(၇)နှစ်(အနန္ဒသီရိ၏ညီ)
(၄)ပဉ္စဏလ၀တ်(၁၁၄၉-၁၁၅၁)ထိ(၂)နှစ်(၃)၏သား
(၅)ဓနရူပေါ(၁၁၅၁-၁၁၆၀)(၉)နှစ်(၄)၏သား
(၆)စလင်ကာဗိုလ်အမတ်(၁၁၆၀-၁၁၆၁)ထိ(၁)နှစ်(၅)၏သား
(ရ)မဉ္စူသင်(၁၁၆၁-၁၁၆၁)ထိ(၅)နှစ်(ဓနရူပေါ၏သား)
(၈)ငရံမံ(၁၁၆၆-၁၁၆၈)ထိ(၂)နှစ်(၇)၏သား
(၉)မင်းပုဂံ(၁၁၆၈-၁၁၇၀)ထိ(၂)နှစ်(၈)၏သား
(၁၀)ငရက္ခိုင်(၁၁ရ၀-၁၁၇၃)ထိ(၃)နှစ်(၉)၏သား
(၁၁)မင်းကြုံ(၁၁ရ၃-၁၁၈၅)ထိ(၁၂)နှစ်(၁၀)၏သား
(၁၂)မင်းဆူ(၁၁၈၅-၁၁၉၀)ထိ(၅)နှစ်(၁၁)၏သား
(၁၃)ရွှေသင်(၁၁၉၀-၁၁၉၃)ထိ(၃)နှစ်(၁၂)၏သား
(၁၄)မင်းခေါင်ကြီး(၁၁၉၃-၁၂၀၄)ထိ(၆)နှစ်(၁၃)၏သား
(၁၅)မင်းခေါင်ငယ်(၁၁၉၉-၁၂၀၄)ထိ(၅)နှစ်(၁၄)၏သား
(၁၆)ကမ္ဘာလောင်ကြီး(၁၂၀၄-၁၂၁၀)ထိ(၆)နှစ်(၁၅)၏သား
(၁ရ)ကမ္ဘာလောင်ငယ်(၁၂၁၀-၁၂၂၀)ထိ(၁၀)နှစ်(၁၆)၏သား
(၁၈)သကျဝင်ကြီး(၁၁၂၀-၁၂၂၂)ထိ(၂)(၁၇)၏သား
(၁၉)သကျဝင်ငယ်(၁၂၂၂-၁၂၃၂)ထိ(၁၀)နှစ်(၁၈)၏သား
(၂၀)သနပင်ဖြူ(၁၂၃၂-၁၂၃၅)ထိ(၃)နှစ်(၁၉)၏သား
(၂၁)နယ်သိမ်း(၁၂၃၅-၁၂၄၆)ထိ(၁၁)နှစ်(၂၀)၏သား
(၂၂)ငနလုံး(၁၂၄၆-၁၂၅၀)ထိ(၄)နှစ်(၂၁)၏သား
လောင်းကြက်ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)လောမာဖြူ(၁၂၅၀-၁၂၅၆)ထိ(၆)နှစ်(ငနလုံး၏သား)
(၂)ရာဇာသူကြီး(၁၂၅၆-၁၂၅၈)ထိ(၂)နှစ်(၁)၏သား
(၃)စောလူး(၁၂၅၈-၁၂၆၁)(၃)နှစ်(၂)၏သား
(၄)ဥစ္စနာကြီး(၁၂၆၁-၁၂၆၉)ထိ(၈)နှစ်(၃)၏သား
(၅)စောမွန်ကြီး(၁၂၆၉-၁၂၇၃)ထိ(၄)နှစ်(၄)၏သား
(၆)နန်းကျကြီး(၁၂၇၃-၁၂၇၇)ထိ(၄)နှစ်(၅)၏သား
(ရ)မင်းဘီလူး(၁၂၇၇-၁၂၈၁)ထိ(၄)နှစ်(၆)၏သား
(၈)စည်သဘင်အမတ်ကြီး(၁၂၈၁-၁၂၈၃)ထိ(၂)နှစ်
(၉)မင်းထီး(၁၂၈၃-၁၃၈၉)ထိ(၁၀၆)နှစ်(မင်းဘီလူး၏သား)
(၁၀)ဥစ္စနာငယ်(၁၃၈၉-၁၃၉၁)ထိ(၂)နှစ်(၉)၏သား
(၁၁)သီဝရာဇ်(၁၃၉၁-၁၃၉၂)ထိ(၁)နှစ်(၁၀)၏ညီ
(၁၂)နန်းကျငယ်(၁၃၉၂-၁၃၉၄)ထိ(၂)နှစ်(၁၁)၏ညီ
(၁၃)ရာဇသူ(၁၃၉၄-၁၃၉၆)ထိ(၂)နှစ်(၁၂)၏သား
(၁၄)စည်သဘင်အမတ်(၁၃၉၆-၁၃၉ရ)ထိ(၁)နှစ်
(၁၅)မြင်စည်စားအမတ်(၁၃၉၇-၁၃၉၇)ထိ(၅)လ
(၁၆)ရာဇသူမင်း(၁၃၉၇-၁၄၀၁)ထိ(၄)နှစ်
(၁ရ)သိင်္ဂသူ(၁၄၀၁-၁၄၀၄)ထိ(၃)နှစ်(၁၆)၏ညီ
မြောက်ဉ်ီး[ပဋ္ဌမ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မင်းစောမွန်(၁၄၀၄-၁၄၃၃)ထိ(၂၉)နှစ်(ရာဇသူ၏သား)
(၂)အလီခင်(၁၄၃၃-၁၄၅၈)ထိ(၂၅)နှစ်(၁)၏ညီ
(၃)ဘစောဖြူ(ကုလမသျှာ)(၁၄၅၈-၁၄၈၁)ထိ(၂၃)နှစ်(၂)၏သား
(၄)မင်းဒေါ်လျာ(ဆင်ဖြူရှင်)(၁၄၈၁-၁၄၉၁)ထိ(၁၀)နှစ်(၃)၏သား
(၅)မင်းညို(၁၄၉၁-၁၄၉၃)ထိ(၂)နှစ်(၄)၏ပထွေး
(၆)ရန်အောင်(၁၄၉၃-၁၄၉၄)ထိ(၆)လ(၄)၏သား
(ရ)စလင်္ကာသူ(၁၄၉၄-၁၅၀၁)ထိ(ရ)နှစ်(၆)၏ဦးကြီး
(၈)မင်းရာဇာ(၁၅၀၁-၁၅၁၃)ထိ(၁၂)နှစ်(ရ)၏သား
(၉)ကဇာပတိ(၁၅၁၃-၁၅၁၅)ထိ(၂)နှစ်(၈)၏သား
(၁၀)မင်းစောအို(၁၅၁၅-၁၅၁၅)ထိ(၆)လ(မင်းရာဇာ၏ပထွေး)
(၁၁)သဇာတာ(၁၅၁၅-၁၅၂၁)ထိ(၆)နှစ်(၄)၏သား
(၁၂)မင်းခေါင်ရာဇာ(၁၅၂၁-၁၅၃၁)ထိ(၁၀)နှစ်(၁၁)၏ညီ
မြောက်ဦး[ဒုတိယ]ခေတ်မင်းဆက်များ
(၁)မင်းဗာကြီး(၁၅၃၁-၁၅၅၃)ထိ(၂၂)နှစ်(မင်းရာဇာ၏သား)
(၂)မင်းတိက္ခာ(၁၅၅၃-၁၅၅၆)ထိ(၃)နှစ်(၁)၏သား
(၃)မင်းစောလှ(၁၅၅၆-၁၅၆၄)ထိ(၈)နှစ်ကျော်(၂)၏သား
(၄)စကြ၀ဒေး(၁၅၆၄-၁၅၇၁)ထိ(ရ)နှစ်(၃)၏ညီ
(၅)မင်းဖလောင်း(၁၅ရ၁-၁၅၉၃)ထိ(၂၂)နှစ်(မင်းဗာကြီး၏သား)
(၆)မင်းရာဇာ(၁၅၉၃-၁၆၁၂)ထိ(၁၉)နှစ်(၅)၏သား
(ရ)မင်းခမောင်း(၁၆၁၂-၁၆၂၂)ထိ(၁၀)နှစ်(၆)၏သား
(၈)သီရိသုဓမ္မရာဇာ(၁၆၂၂-၁၆၃၈)ထိ(၁၆)နှစ်(၇)၏သား
(၉)မင်းစနေ(၁၆၃၈-၁၆၃၈)ထိ(၂၀)ရက်(၈)၏သား
မြောက်ဦး[တတိယ]ခေတ်နောက်ဆုးံမင်းဆက်များ
(၁)နရပတိမင်း(ကုသလ)(၁၆၃၈-၁၆၄၅)ထိ(၇)နှစ်
(၂)သတိုးဓမ္မရာဇာ(၁၆၄၅-၁၆၅၂)ထိ(၇)နှစ်(၁)၏သား
(၃)စန္ဒသုဓမ္မရာဇာ(၁၆၅၂-၁၆၇၄)ထိ(၂၂)နှစ်(၂)၏သား
(၄)ဥက္ကာဗလ(၁၆၇၄-၁၆၈၅)ထိ(၁၁)နှစ်(၃)၏သား
(၅)၀ရဓမ္မရာဇာ(၁၆၈၅-၁၆၉၂)ထိ(၇)နှစ်(၄)၏ညီ
(၆)မဏိသုဓမ္မရာဇာ(၁၆၉၂-၁၆၉၄)ထိ(၂)နှစ်(၅)၏နောင်တော်
(ရ)စန္ဒသူရိယဓမ္မရာဇာ(၁၆၉၄-၁၆၉၆)ထိ(၂)နှစ်(၆)၏ညီ
(၈)ငတုံနော်ရထာ(၁၆၉၆-၁၆၉၆)ထိ(၃၇)ရက်(၇)၏သား
(၉)မာရုပိယ(၁၉၆၉-၁၉၆၇)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၀)လာလကန္တတ်(၁၉၆၇-၁၉၆၈)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၁)ရွှေဝါနရာဓိပတိ(၁၆၉၈-၁၇၀၀)ထိ(၂)နှစ်(မင်းသား)
(၁၂)စန္ဒ၀ိမလဓမ္မရာဇာကျော်သိင်္ဂ(၁၇၀၀-၁၇၀၆)ထိ(၆)နှစ်
(၁၃)သူရိယရာဇာသတိုးလှ(၁၇၀၆-၁၇၁၀)ထိ(၄)နှစ်
(၁၄)စန္ဒ၀ိဇာရာဇာတန္တဗိုလ်(၁၇၁၀-၁၇၃၁)ထိ(၂၁)နှစ်
(၁၅)သာမစန္ဒသူရိယရာဇာ(၁၇၃၁-၁၇၃၄)ထိ(၃)နှစ်(၁၄)၏သမက်
(၁၆)နရာအဓိပတိ(၁၇၃၄-၁၇၃၅)ခု(၁)နှစ်(၁၅)၏သား
(၁ရ)န၀မရရာဇာ(၁၇၃၅-၁၇၃၇)ထိ(၂)နှစ်(၁၆)၏ညီ
(၁၈)စန္ဒ၀ိဇယ(၁၇၃ရ-၁၇၃ရ)ထိ(၈)လ(၁၇)၏ဘကြီးသားညီ
(၁၉)သူရတန်ရာဇာ(၁၇၃ရ-၁၇၃ရ)ထိ(၃-ရက်)မျိုးခြား
(၂၀)မေတ္တရာဇ်(၁၇၃ရ-၁၇၄၂)ထိ(၅)နှစ်(စန္ဒ၀ိဇယ၏ညီ)
(၂၁)နရအဘယရာဇာ(၁၇၄၂-၁၇၆၁)ထိ(၁၉)နှစ်(၂၀)၏ပထွေး
(၂၂)သီရိသုရာဇာ(၁၇၆၁-၁၇၆၁)ထိ(၃)လ(၂၁)၏သား
(၂၃)စန္ဒပရမရာဇာ(၁၇၆၁-၁၇၆၄)ထိ(၃)နှစ်(၂၂)၏ညီ
(၂၄)အဘယမဟာရာဇာ(၁၇၆၄-၁၇၇၃)ထိ(၉)နှစ်(၂၃)၏ယောက်ဖ
(၂၅)ဒါးပိုင်သောကြာ(စန္ဒသုမန)(၁၇ရ၃-၁၇၃၇)ထိ(၄)
( Credit -Chit Thu Sky )

Thursday, July 9, 2015

ဘုရားစေတီပုထိုးများကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ်



ဘုရားစေတီပုထိုးများကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ်
=======^=======
နိုင်ငံခြားတွင် ကျောင်းတက်ရင်း လူမျိုးပေါင်းစုံ ၊
ဘာသာတရား ကိုးကွယ်မှု ပေါင်းစုံသော လူများနှင့် အလိုက်အထိုက် နေထိုင်ပြောဆို ဆက်ဆံရသည်မှာ ဒေသန္တရဗဟုသုတ တိုးသည်သာမက
လူမှု ဆက်ဆံရေး စွမ်းရည် ပါ
စိတ်ညစ်စရာကောင်းလောက်အောင်
မတိုးချင်ဘဲ တိုးခဲ့ရပါသည် ။
အထူးသဖြင့် အိန္ဒိယတောင်ပိုင်းမှ
ကျောင်းသားတစ်ဦးရဲ့
ဂုဏ်ပြိုင်ချင်လွန်းသော အပြုအမူမှာ
နေရာတော်တော်များများတွင်
စော်ကားလိုသော အနက် အဓိပ္ပာယ် သက်ရောက်လာသောကြောင့်
စကားဝိုင်းမှာ မကြာခဏ
စကား ရည်လုပွဲ အသွင်ဆောင် လာလေ့ရှိပါသည် ။
တရက်မှာ ဆောက်လုပ်ရေး
လုပ်ငန်း အကြောင်း ဆွေးနွေးခိုက်
ဘုရားများ၊စေတီပုထိုးများရဲ့
ဗိသုကာလက်ရာများ
အကြောင်းကို သမိုင်းကြောင်းနှင့်ယှဉ်ပြီးဆွေးနွေးစဉ် မောင်မင်းကြီးသားက တစခန်းထ လာပါတော့သည် ။ ဂျာမန်လူမျိုး ဆရာက
ရွှေတိဂုံဘုရား၏တည်ထားပုံကို
ကမ္ဘာ့အံ့ဖွယ် စာရင်း သွင်းရပုံကို
ချီးကျူးပြောဆိုရာ ၊
သူက ဟိန္ဒူ ဘုရားကျောင်းများရဲ့ ရှေးကျပုံ ၊
လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀မှ ၅၀၀၀ အလွန် ကပင်
ဟိန္ဒူ ဘုရားစေတီများ တည်ထားခဲ့ပြီး ဖြစ်ပုံ ၊
နောက်ပိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များမှာ
နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်သာကြာသေးပုံ တို့ကို ပြောပြီး ရွှေတိဂုံဘုရားသည်
ဟိန္ဒူဘုရားစေတီတည်ထားပုံကို
နမူနာယူအတုခိုးပြီး တည်ထားခြင်း မျှသာ
ဖြစ်သည်ဟု ပြောပါလေတော့သည် ။
စကားရည်ပြိုင်လုရန် စိတ်မပါလှသော
ကျွန်မလည်း သည်နေရာတွင်တော့ ငုံ့မခံနိုင်တော့ပါ ။ ထို့ကြောင့် ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကိုဖြစ်စေ ၊
မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ
အဝိုင်းပုံနှင့် အခုံးပုံကိုအခြေခံပြီး
ဆောက်လုပ်ထားကြောင်း လေ့လာတွေ့ရှိဖူးပါသည် ။ မှန်သလားလို့ အရင်ချည်လိုက်ပါတော့သည် ။
မှန်ကြောင်းနှင့် မြန်မာများသည် သူတို့ဟိန္ဒူစေတီတည်ပုံကိုလေ့လာထားသည်ကို ချီးကျူးပါကြောင်း အချွန်နဲ့ မလေသည် ။
ထိုအခါမှ ကျွန်မလည်း …
၁ . ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင်
ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို
လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားကြောင်း …
၂ . ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာမ်သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို
ဆဌဂံမှ အဆင့်ဆင့်
အဌဂံပုံသို့ပြောင်းလဲ တည်ဆောက်ထားကြောင်း ၊ ရည်ရွယ်ချက်မှာစတုရန်းမှ
စက်ဝိုင်းပုံသို့ပြောင်းလဲသွားဟန်ကို
မျက်စိ ပသာဒ ဖြစ်ဖွယ်ပြေပြေလေး
ပြောင်းလဲယူခြင်း ဖြစ်ကြောင်း …
၃ . ပစ္စယာမ် သုံးဆင့် ပေါ်တွင်
အမျှဝေခြင်းအထိမ်းအမှတ်
ခေါင်းလောင်းမှောက်ကို တည်ထားရာ
ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်းစည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ကြောင်း ၊
အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့အမြင်တွင်
သဟဇာတဖြစ်အောင်
ဆက်ထားပုံကို ပညာယူနိုင်ကြောင်း …
၎ . ခေါင်းလောင်းမှောက်ရဲ့
အထက်တွင် ကြာမှောက် ကြာလှန်ကို
တည်ထားပုံမှာလည်းသည်
သဘောတရားပင်ဖြစ်ကြောင်း …
၅ . ငှက်ပျောဖူးတွင် အထက်သို့ ရှူး တက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ပြန်အုပ်ထားသော
ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့အာရုံစုစည်းစေပြီးမှ
ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သောဗိသုကာဖြစ်ကြောင်း …
၆ . ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည်
ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင် ၊
ဆင်သ ယောင် ရှိသော်လည်း
လိုဏ်သုံးထပ် လုပ်ထားပုံမှာ
လုံးဝမတူခြားနားခြင်းရဲ့ သက်သေဖြစ်ကြောင်း ၊
ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ
အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကိုဖန်တီးနိုင်ရန်
ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း ဖြစ်နိုင်ကြောင်း ၊ လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည်
အကောင်းဆုံး သက်သေ ဖြစ်ကြောင်း ၊
အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန် ၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည်
နေရောင်စစ်ရန် ဖြစ်ပြီး
အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ
ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား
လေပူစစ်ရန် ဖြစ်ကြောင်း
ကျောက်ပန်း ဇကာများရဲ့
ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ကြောင်း ။
ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည်
နေပူ လေပူ ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး
ဘုရားဖူး လာရာတွင် ပုထိုးတော်ထဲသို့ရောက်သည်နှင့်
လူရော စိတ်ပါ အေးချမ်း
တည်ငြိမ်သွားစေရန် ရည်ရွယ်ကြောင်း ၊
နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော
ဘုရားဖူးသူကို အလင်းရောင် စစ်ထားသောကြောင့် မှောင်သယောင် အလင်းမှိန်သော
ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ်စေပြီးမှ
ရုပ်ပွားတော်ပေါ်တွင်သာ
အလင်းကျ ရောက်နေစေရန် စီစဉ်ထားသော ဗိသုကာလက်ရာကြောင့် ၊ အမှောင်ထဲတွင်လင်းနေသောရုပ်ပွားတော်ကို
ဖူးမြော်စေလေရာ ကြည်ညိုသဒ္ဓါစိတ်ကို
ဖြစ်ပေါ်စေ ကြောင်း ၊
စိတ်ပညာကိုပါ အသုံးပြုကာ
ဘုရားကိုထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့်
ဆောက်လုပ်သော ဗိသုကာလက်ရာကို
အရှေ့တောင် အာရှတခွင်တွင်ရော ၊
တကမ္ဘာလုံးတွင်ပါ
မမြင်ဖူး သေး သောကြောင့်
ရှိလျှင်လမ်းညွှန်ပါရန်နှင့်
ထိုထိုသောအကြောင်းတို့ကို
ဟိန္ဒူဘုရားများတွင်သာမက မည်သည့်လူမျိုး ၊
ဘာသာရဲ့အထိမ်းအမှတ်မှာမှ
မမြင်ဖူးသောကြောင့်
မြန်မာ့လက်ရာဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့
ဗိသုကာ လက်ရာသည် အတုမရှိ ၊
ကိုယ်ပိုင် လက်ရာသာဖြစ်ကြောင်း
အပြတ် ဖြတ်ချရလေသည် ။
ထိုအခါ ထိုအိန္ဒိယကျောင်းသားမှအပ
ကျန်နားထောင်နေသူများ အားလုံးက
လက်ခံ ခေါင်းညိတ်ကြပြီး ၊
ဂျာမန် ဆရာကမူ လက်ခုပ်တီးအားပေးလေ သည် ။
စကားရည် လုသလို ဖြစ်သွားသော
အတန်းတွင်း စာဆွေးနွေးပိုင်းတွင်
အမှတ်များစွာ ရလိုက်ပြီး ၊
ထိုဘာသာတွင် ဂုဏ်ထူးထွက် ခဲ့ပါသည်။
သို့သော်
ကျွန်မကမူ ကျွန်မ အဖြေကို လုံးဝ မကျေနပ် ခဲ့သေးပါ ။ သည်မျှလောက် မကသေးဟု ယုံကြည် လက်ခံ ထားမိပြီး မိမိကိုယ်ကို လုံးဝမကျေနပ်ပါ ။
ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည်
ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏသွားလာ ဖူးမြော် ကြသည် ။
အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင်
လူငယ် လူကြီးမရွေးဘုရားဖူး သွားကြလေသည် ။
သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့်
ဖူးမယ့် သာဖူးလိုက်သည် ။
ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ ဆိုတာ ၊
ဘုရားမှာ ဘာလို့ သည်လိုနေရာတွေ
ထည့်ထားသလဲ ဆိုတာ တခါမှ မစဉ်းစားဖူးခဲ့ပါ ။
စပ်စုတတ် လွန်းသည်ဟု သတ်မှတ်ခံရသော ကျွန်မ လိုက်မေးသမျှ ၊ လိုက် စုံစမ်းသမျှ အထက်မှာပြောဆိုခဲ့သလောက်သာ သိခဲ့ရ ၊
မှတ်သားခဲ့ရ ဖူးလေသည် ။
ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး
သည်လိုပုံစံ တည်ထားရသလဲ ။
ဘာကြောင့် ပစ္စယာမ်ကို ၃ဆင့် ထားရ သလဲ ။
ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို
ဘာ အဓိပ္ပာယ်နဲ့ထည့်ထားသလဲ ။
ဘုရားမှာ ဘာကြောင့်
ကြောက်စရာ ဘီလူးပန်းဆွဲဆိုတဲ့ပုံနဲ့
ဗိသုကာလက်ရာ ပါနေရသလဲ ။
ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ် ဖြစ်နေရသလဲ ။
ကြာကို ဘာကြောင့်မှောက်လိုက်
လှန်လိုက် ထည့်ထားရသလဲ ။
ဘာကြောင့် ကြာပန်းကိုမှ
ရွေးထည့်ရသလဲ ..
စသည် စသည်ဖြင့် ………
ယနေ့တော့ စိတ်နည်းနည်း ပါသဖြင့်
တရားနာရန် အခွေရွေးရာ
ဓမ္မစေတီဆရာတော် ဦးကောသလ ဟော သော
နှလုံးသားဝယ် ဘုရားတည် ဆိုသော
တရားခွေကို ရွေးလိုက်သည် ။
မမျှော်လင့်ဘဲ ဆရာတော် ဟော သော
တရားတော်ထဲမှာ
ကျွန်မသိချင်လှသော ဘုရားတည်ရခြင်း
အကြောင်းရင်းများကို နာလိုက်ရသဖြင့်
မျက်ရည်လည်အောင် ဝမ်းသာမိရပါသည် ။
၁ . ပန်းတင်ခုံကို အကျယ်ဆုံးနဲ့
အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင်
အဆင့်အနိမ့်ဆုံးလူမှာ
လိုချင်မှုတွေအများဆုံးဖြစ်လို့
အောက်ဆုံးက ပန်းတင်ခုံကို
အကျယ်ဆုံး ထားပေးပြီးဥပမာပေးခြင်း ၊
ဘုရားကို ပန်းကပ်လှူလိုသူတွေ
ပန်းတင်လို့ရအောင် အမြင့်ခုံပုံ
ဆောက်လုပ်ပေးထားခြင်းကြောင့်
ပန်းတင်ခုံဟု အမည်ပေးခြင်း ။
၂ . ပစ္စယာမ်ကို ၃ဆင့် ထားရခြင်းမှာ
တဏှာ ၃ပါးခေါ်
လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း ၊
ယင်းတို့မှာ ဘ၀မရှိမှုကို လိုချင်ခြင်း
(နိဗ္ဗာန်ကိုလိုချင်မှုဖြင့် မရနိုင် ၊
အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို
သိပြီးအစွဲကျွတ်ခြင်းဖြင့်သာ
နိဗ္ဗာန်ကို ရနိုင်ပါသည် ။
ထို့ကြောင့် အကျင့်တရားမရှိဘဲနိဗ္ဗာန်ကို
လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည် )
ဘ၀ကိုလိုချင်ခြင်း ၊ ကာမဂုဏ်တရားများ
( ရုပ်အဆင်း ၊ အသံ ၊ အနံ့ ၊ အရသာ ၊
အတွေ့အထိ ) တို့ကို လိုချင်ခြင်း ဟူသော
လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာမ် ကို ၃ဆင့်ထားရခြင်း ။
၃ . ခေါင်းလောင်းမှောက်ခေါ်
သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ
အထက်ပါ သံသရာလည်စေကြောင်း
အချက်များကိုမပြုလုပ် ၊
လက်မခံဟူသောအဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည် ၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း ။
၎ . သံသရာကို ဘီလူးလိုကြောက်ပြီး
အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း ၊ ပုံပန်းသဏ္ဍာန် ၅ ခုမြောက်တွင်
ဘီလူးပန်းဆွဲကို ထားခြင်းမှာ
ဥာဏ်စဉ် ၁၆ ပါးရှိသည့်အနက်
၅ ဆင့်မြောက် ဘယဥာဏ်ကိုညွှန်းဆိုလိုသောကြောင့် သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း ၊
( အထက်မြန်မာပြည်တွင်
ဘီလူးကို ပါအောင်ထည့်ပြီး
အောက်မြန်မာပြည် တွင်မူ
ဘီလူးထားခြင်း အဓိပ္ပာယ်ကို
တလွဲတွေးသဖြင့် လည်းကောင်း ၊
ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင်မထားချင်သဖြင့် လည်းကောင်း
ဘီလူးမပါဘဲ ပန်းဆွဲကိုချည်းသာ ထည့်လေ့ရှိသည်ကို
သီးခြား မှတ်သား နိုင်ပါသည် )
သည်နေရာတွင် ပန်းဆွဲ ၁၆ ခု ရှိနေသည်မှာ
ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သောသောတာပတ္တိမဂ်ဥာဏ်
ဖိုလ်ဥာဏ်မရခင်
အခြေခံဥာဏ်စဉ် ၁၆ ပါးကို ညွှန်းခြင်း ။
၅ . ခါးစည်း ခေါ် ရင်စည်း ၃ ချောင်း ထားရခြင်းမှာ
မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ ၊ သမာဓိ ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃ မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း ။
၆ . ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း ။
၇ . စေတီတော်ရဲ့ ၁၄ ဆင့်မြောက်မှာ
ကြာမှောက်ကို ထားခြင်းသည်
တရားအားထုတ်နေသော ယောဂီဖြစ်လျက်
သောတာပတ္တိမဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး
ဥာဏ်စဉ် ၁၄ ဆင့်မြောက်ရောက်နေစေဦးတော့
သံသရာအတွက် စိတ်မချရသေးဘဲ
ထိုအချိန်တွင် မကောင်းမှု အကုသိုလ်များကို
မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း ၊
ထိုသို့လုပ်မိပါက အောက်သံသရာ
အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း
သတိပေးလိုခြင်း ။
၈ . ကြာမှောက်နှင့် ကြာလှန်ကြားရှိ
ရွဲ လုံးများသည်ကား
ဒဿန နယ်ကို ပြဆိုပြီး
ဥာဏ်စဉ် အမှတ် ၁၅ နှင့် ၁၆ သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀ ၊
လောကီ နယ်မှ လောကုတ္တရာသားဘ၀ ၊
လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း ။
၉ . ကြာလှန်သည်
ထိုဥာဏ်စဉ် ၁၆ ပါးလုံးကို ရရှိပြီးပါက
သောတာပန်ဖြစ်ပြီး
အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ
အထက် မဂ်ဖိုလ်များကို ရရှိကာ
အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး
အထက် နိဗ္ဗာန်ကိုသာဝင်စံရသောကြောင့်
အထက်သို့လှန်တက်နေသော
ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း ။
၁၀ . သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ
ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက်
ရေမစို ၊ နွံမလူး ၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော
ကြာပန်းကဲ့သို့ လောကီနယ်လူသားအဖြစ်မှ
လောကုတ္တရာနယ်သား
ဘုရားဖြစ်အောင်ကျင့်ကြံ အောင်မြင်ရာတွင်
ဘုရားနှင့်ကြာပန်း တို့တွင်
အဓိပ္ပာယ် ဆင်တူသောဂုဏ်ရည်ချင်းကို
ဥပမာ ခိုင်းနှိုင်း လိုသောကြောင့်
ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း ၊
ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း
ကြာပန်းကိုသာ ကပ်လှူခြင်း ၊
ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်းခံလာရခြင်းတို့ကြောင့်
ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း ။
၁၁ . ထီးတော် (၇) ဆင့်သည်
အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း ။
၁၂ . ငှက်မြတ်နား ဆိုသည်မှာ
ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ
နိဗ္ဗာန်သို့ မဝင်စံမီ (သို့မဟုတ်)
ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ
နားနေရာအချိန်အခိုက်အတန့်ကို
ပြဆိုလိုခြင်းဖြစ်ကြောင်း ၊
ထို့ပြင် ရွှေတိဂုံဘုရား၏
ထို ဟင်္သာအမြီးပုံငှက်မြတ်နားတွင်
ပတ္တမြားကို ထုလုပ်ထားသော
ဘုရားရုပ်ပွားတော် လေးကို
မြုပ်နှံဌာပနာ ထားခြင်းသည်
အဓိကသက်သေဖြစ်ကြောင်း ၊ ငှက်မြတ်နားဟုခေါ်ဆိုလေ့ရှိသော်လည်း
တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကိုငှက်မြတ်များကို
ကိုယ်စားပြုသည်မဟုတ်ဘဲ
နက္ခတ်ဗေဒင် ပညာ တွင်
မြန်မာနိုင်ငံကိုကိုယ်စားပြုသော
ဟင်္သာပုံ နက္ခတ်ကို ယူကာ
သည်စေတီကို တည်ထားကိုးကွယ်သော
မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း ၊
ထိုမြန်မာနိုင်ငံသားများရဲ့
ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်းအကျိုးငှာလည်းကောင်း
ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း ။
၁၃ . စိန်ဖူးတော် သည်
အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း ။ အခြားဓာတ်များကို
ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့်
ပြင်လို့ရနိုင်သေးသဖြင့်
သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား
မည်သို့မျှ ပြန်လည် ပြုပြင်
ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း ။
(က) ကာဗွန်ဒြပ်စင် သည်
မီးသွေး ၊ ကျောက်မီးသွေး၊
ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင်
စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည်အသန့်စင်ဆုံး
အဆင့်ရောက်နေပြီဖြစ်သလို
သောတာပန် ၊ သကဒါဂါမ် ၊ အနာဂမ်နှင့် အရဟတ္တမဂ်ဖိုလ်ရပြီးသူ
ဘုရား ၊ ရဟန္တာ တို့တွင်
ထိပ်ဆုံးအဆင့် ဘုရားသည်
ကိလေသာ လုံးဝ
စင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း ။
(ခ) အမာဆုံး ၊ အသန့်စင်ဆုံးနှင့်
ဓာတ်ပြိုကွဲမှုလုံးဝမရှိတော့ခြင်း ဟူသော
ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း
သည်နေရာတွင်
ငှက်မြတ်နားအဆင့်တွင်
အခက်အလက်များမှာ ငှက်မြီးသဖွယ်
ဖြာထွက်နေသော်လည်း
စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသောမေး ခွန်းရှိလာပါသည် …
ရဟန္တာ ကိုယ်တော် ကြီး များသည်ကား
အချင်းချင်းတွင်ဘုန်းချင်း ၊ တန်ခိုးချင်း ၊ ပညာချင်း ၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင်
သူတို့အသီးသီး ပြုခဲ့ကြသော
အကျိုးပေး အားလျော်စွာ
ကွဲပြားခြားနား ကြသော်လည်းနိဗ္ဗာန်သို့
ဝင်စံတော်မူကြသည့် အခါတွင်ကား
တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာ
သက်ရောက်ကြသဖြင့်
စိန်ဖူးတော်ကို တစ်လုံးတည်းသာ
ထားခြင်းဖြစ်လေသည် ။
၁၄ . အထက်ပါအချက်များနဲ့ ပြည့်စုံပါက
ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့်
မဟာ သတိပဌာန သုတ္တန် ရဲ့
စံချိန်စံညွှန်းများနဲ့ ဆောက်လုပ်
တည်ထား ကိုးကွယ်သောစေတီဖြစ်ပြီး
စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို
သိရှိပြီး ကြည်ညိုပူဇော်ပါက
အဖိုးမဖြတ် နိုင်သော
အကျိုးကျေးဇူးတရားများ
ခံစားကြ ရမည် ဖြစ်လေသည် ။
သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော
စေတီဖြစ်ပါက
ဓာတ်ရိုက် ဓာတ် ဆင် ၊ ယတြာ ၊ အထက်လမ်း ၊
အစီအရင်များနဲ့ တည်ထားသော
စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည် ။
ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့်ဖူးမြော်သူရဲ့
စိတ်စေတနာ အလိုက်သာ
အကျိုး ပေးမည်ဟု
မှတ်ယူ နိုင်မည် ထင်ပါသည် ။
ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော
တိုင်ထိပ်တွင် ဟင်္သာနားနေဟန်
တံခွန်တိုင်အကြောင်းကိုလည်း
ရှာရှာဖွေဖွေ သိလိုက်ရသည် ။
မာနတံခွန်တက်နေသူများ
ဘုရားထံမှောက် ရောက်လိုလျှင်
မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး
ရှေးခေတ်က ဘုရားသို့ လာသူများသည်
တံခွန်တိုင်ကို မြင်သည့်အရပ်မှ
စတင်ကာ မာနချသည့်အနေဖြင့်ရော
အရိုအသေ ပေးသည့် အနေဖြင့်ပါ
ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း ၊
မာနခံနေပါက တရားမရနိုင်ကြောင်း ၊
မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ်
ငါစွဲကြီးသောသူများ ဖြစ်သောကြောင့်
ငါစွဲ ပေါ်တွင်သာ မာနတက်လို့ရသောကြောင့် မာနကြီးသူသည်တရားရဖို့ ခဲယဉ်းကြောင်း ၊
ယင်းမာနကို ဘုရားပေါ်မရောက်ခင်
အဝေးကတည်းက သတိပေးသည့်အနေဖြင့်
တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း
ဖြစ်ကြောင်း သိရလေသည် ။
ထိုမျှမကသေးပါ ..
စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ
ဟောပြောနေသော
တရားတော်များကို
ဆင်ခြင် နှလုံးသွင်း နိုင်ပါက
ပါရမီ ရင့်သန်သူဖြစ်ပါကဘုရားဖူးရင်းပင်
နိဗ္ဗာန်ရနိုင်ကြောင်း
ဆရာတော်က ဆက်ဟောပါသည် ။
ဖြစ်နိုင်လောက်ပါသည် ။
ဒါကြောင့်လည်း
{ ဘုရားသို့မှန်း ခြေတလှမ်း
သိန်းသန်းမကထိုက်လှူသူ ၊
ဖူးသူ ၊ ပေးဝေသူ နတ်လူဘုံသို့ဆိုက် } ဟု
လင်္ကာလေး ထားခဲ့ခြင်း ဖြစ်တန်ရာပါသည် ။
စေတီရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီအတွက်ရော
အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ
အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကိုရွေးချယ်
စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့
သင်္ကေတ ၀ါဒကို
အံ့သြချီးကျူးလို့မဆုံးနိုင်တော့ပါချေ ။
မှတ်ချက် /
ထိုရှေးပညာရှိဗိသုကာများရဲ့ ရည်ရွယ်ချက်
အနှစ်သာရများကို မသိပါဘဲ လျက်ဖြစ်စေ ၊
သိလျက်နဲ့ ဖြစ်စေ
ငါက အသစ်ထွင်တယ် ဆိုသော စကားကို
လက်ကိုင်ပြုပြီး စေတီပုထိုးအဟောင်းများကို
ဖျက်ဆီးကာ အသစ်ထွင်ခြင်း ၊
အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီပြုလုပ်နေကြသူ တချို့ကို
တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည် ။
သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင်
ငါ့ထက်တော်သူမရှိစေရ ၊
ငါက သမိုင်းကို ဖျောက်ချင်သလို ၊
ပြင်ချင်သလို ပြင်နိုင်သည်ဟု
တလွဲမာနရှိဟန်တူလေသည် ။
ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့်
သမိုင်းတရားခံများ ဟု သာ
သတ်မှတ်ကာသနားလေမည် ။
အဟောင်းရဲ့ အနှစ်သာရ ကို အရင်လေ့လာပြီး
အဟောင်းရဲ့ အနှစ်သာရထက်သာသော
အသစ်ကို ထွင်နိုင်ပါမှ
တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည် ။
သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော
လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့်
သည်လို လျှောက်လုပ်ရင်
အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု
ဥပမာ ပြစရာများသာ ကျန်ခဲ့မည်ကိုလည်း
သတိတရား ရလိုက်ပါသည် ) ။
* ( အထက်ဖော်ပြပါအကြောင်းအရာကိုကြိုက်နှစ်သက်သဖြင့် ကျွန်တော်ကူးယူထားခဲ့သည်မှာ ကြာလှပါပြီ ။
ရေးသားသူကို မမှတ်မိတော့ပါ ။ မိတ်ဆွေအပေါင်းအသိပညာတိုးတက်နိုင်ရန်နှင့် မြတ်စွာဘုရားရှင်အား ရိုရိုသေသေဖူးမျှော်နိုင်ရန်အတွက် ပြန်လည်တင်ပြပေးခြင်း ဖြစ်ပါတယ် ။
ရေးသားခဲ့သူအားလည်း ကျေးဇူး အထူးတင်ရှိပါတယ် )
၃၁ဘုံတွင် ကျင်လည်ကုန်သော ဝေနယျ သတ္တ၀ါများ အားလုံးကို လည်းကောင်း အမျှ ပေးဝေပါသည်။ အမျှရပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ ။


ဆရာကြီးဦးသာထွန်းအတ္ထုပ္ပတ္တိအကျဉ်း



ဆရာကြီးဦးသာထွန်းအတ္ထုပ္ပတ္တိအကျဉ်း
==========================
ဆရာကြီးဦးသာထွန်းကိုရခိုင်ပြည်၊ မြောက်ဦးမြို့ ညောင်ပင်ဈီးရွာ ဘကောင်းစံရွှီ၊ မိအောင်ကြွဇံရို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောက်ကြာနိတွင် ဖွားမြင်သည်။ တဦးတည်းသောသားဖြစ်သည်။ ငယ်စဉ်မှစ၍ အဘိုးဖြစ်သူရာဇဝင်ဆရာကြီးဦးသာထွန်းအောင်ကရခိုင်ရာဇဝင်၊ ဆီးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံသင်ကြားပီးခသည်။ နဝမတန်းတွင် ပညာသင်ကြားနီစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီးရဟန်းပုဂ္ဂိုလ်များထံတွင် သက္ကဋ၊ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြားလောကီပညာရပ်များကိုသင်ကြားလေ့လာဆည်းပူးသည်။
၁၉၅ဝ ခုနှစ်မှ ၁၉၅၅ ခုနှစ်ထိမူလတန်းကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ပြီး၊ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိမြောက်ဦးမြို့ ရှိဟောင်းသုတေသနဌာနခွဲတွင် ရခိုင် မြန်မာပဏ္ဍိတ်အဖြစ် တာဝန်ထမ်းဆောင်သည်။ ယခုလက်ဟိမြောက်ဦးမြို့ ရှိဟောာင်းသုတေသနပြတိုက်ကြီးသည် ဆရာကြီးစုဆောင်းတည်ဆောက်ခသော ပြတိုက်ကြီးဖြစ်သည်။
၁၉၇၇ ခုနှစ် မှ ၁၉၈၃ ခုနှစ်ထိမြောက်ဦးမြို့ ရှိဟောင်းသုတေနဌာနခွဲတွင် အကြံပီးပုဂ္ဂိုလ်အဖြစ် ဆက်တိုက်တာဝန် ထမ်းဆောင်ခသည်။
၁၉၈ဝ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိတူးဖော်ခသောရခိုင်ဝေသာလီမြို့ဟောင်းတူးဖော်မှုလုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တူးဖော်ဆောင်ရွက်ခသည်။
မြောက်ဦးမြို့ဘုရားသမိုင်း (၁၃ဝ၁ ခုနှစ် ပုံနှိပ်)၊ ဦးရာဇ်တောင် ဘုရားသမိုင်းကျမ်းပျင်ဆင် ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂ - ၅၃)၊ ရက္ခိုင်အမျိုးသမီးသူရဲကောင်းအတ္ထုပတ္တိ (၁၉၅၃ - ၅၄) (ပုံနှိပ်)၊ ရက္ခိုင်ရာဇဝင် သင်္ခေပကျမ်း (၁၉၅၄ - ၅၅) ပုံနှိပ်၊ ဝသဲဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ် ဘုရားသမိုင်း (ပုံနှိပ်) များအားပုံနှိပ်ထုတ်ဝီခသည်။ ရက္ခိုင်ကဗျာပေါင်းချုပ်၊ ရက္ခိုင်ရာဇဝင် ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင်ဓာတ်တော်ဘုရားစေတီများနှင့် မြောက်ဦးမြို့ တန်းခိုးကြီးဘုရားများသမိုင်းကျမ်းစာများကိုရွီးသားပြုစုပြီးဘဏ္ဍာရေးဝန်ကြီးဆာဦးထွန်းအောင်ကျော်ထံတွင် အပ်နှံ့ခသည်။
အံတော်သိမ် ဘုရားသမိုင်းကျမ်း၊ သဲထက် ဘုရားသမိုင်း၊ ထီးတော်မိုးဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း၊ ဝေသာလီဘုရားကြီးသမိုင်း၊ သိမ်တော်ကြီးဘုရားသမိုင်း၊ မဟာထီးဘုရားသမိုင်း၊ ပါးတော် ဘုရားသမိုင်း၊ ဘုရားပေါ် ဘုရားသမိုင်း၊ သျှစ်သောင်းဘုရားသမိုင်း၊ မင်္ဂလာဓာတ်ရွှေကူဘုရားသမိုင်းများကိုလင်္ကာစကားပြေမော်ကွန်းစသည့်အားဖြင့် ရွီးသားထုတ်ဝီခသည်။
ဓညဝတီမဂ္ဂင်းအယ်ဒီတာစာတည်းအဖြစ် တာဝန်ယူခသည်။ ဓညဝတီစာစောင်၊ ဓညဝတီမဂ္ဂဇင်း၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ မန္တလေးပြည်သူ့ဂျာနယ်၊ ရန်ကုန်မဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ ယဉ်ကျေးမှုစာစောင်၊ ရခိုင်မဂ္ဂဇင်း၊ စစ်တွေ ကောလိပ်မဂ္ဂဇင်း၊ ရခိုင်ပြည်နယ်စာစောင်၊ ဝရာဇ်မြီမဂ္ဂဇင်းများတွင် ဦးဦးသာထွန်း၊ ဦးသူရိယအစဟိသောကလောင်နာမည်များဖြင့် ဆောင်းပါးမျာစွာရွီးသားခသည်။
မြို့စောင့်နတ် ဒေဝတာဗလီပူဇော်ကျမ်း၊ အဉ္ဇနနိဒါန်းဆီးကျမ်း၊ ရခိုင်စည်ပြုလုပ်ပုံနှင့် တီးကွက်တီးလုံးများ၊ ကဗျာများစုပေါင်းစာတမ်း၊ ရခိုင်ထိမ်းမြားမင်္ဂလာပန်းတျားတီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံအတိုင်းအတာစာတမ်း၊ ရခိုင်သတ်ပုံသတ်ညွှန်းခွဲထားခြင်းအဓိပ္ပာယ်ထွက်ပုံစာတမ်း၊ ရခိုင်ပလွီ (ပြွီ) အမျိုးမျိုးပြုလုပ်ပုံအတိုင်းအတာစာတမ်း၊ သျှိုင်ဒိုင်၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓပူဇနိယဆီမီးခွက်အက၊ တေးခြင်းကဗျာစသည်ရို့ကိုရွီးသားပြုစုခသည်။
ဆင်ယင်ထုံးဖွဲ့မှုကျမ်း (မူကြမ်း)၊ ရခိုင်ရာဇဝင် (မူကြမ်း)၊ ရခိုင်အက္ခရာဆင်းသက်လာပုံကျမ်း (မူကြမ်း)၊ ရခိုင် ကျောက်စာပေါင်းချုပ်ကျမ်း (မူကြမ်း)၊ ရခိုင်ဘုရင် သမိုင်းကျမ်း (မူကြမ်း)၊ ရခိုင်သားဒေါင်းမာတင် (မူကြမ်း)၊ သျှင်မြဝါကျမ်း (မူကြမ်း)၊ ရခိုင်မင်းသမီးဧခြင်းယှင်းလင်းချက် (မူကြမ်း)၊ ဗျာလစာတမ်း (မူကြမ်း)၊ ကျောက်တော်မြို့ သေလာဂီရီမောပဗ္ဗတတောင်ခြီရင်းမှတွိရသောကျောက်ဆစ်လက်ရာများသုတေသနပြုချက် (မူကြမ်း) စသည်ရို့ကိုရွီးသားပြုစုခသည်။
သြစတြေးလျနိုင်ငံအမျိုးသားတက္ကသိုလ် သုတေသီ PAMELA GUTMAN ၏ ANCIENT ARAKAN ကျမ်း ပြုစုစဉ်တွင်လည်းကောင်း၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ ပါမောက္ခ ရောဖတ်ဆာဗ်ရ် (BERNOT) အတွက် ရခိုင်ပုံပြင် လိပ်ကန်ဖာမဝတ္ထုနှင့် ကျီးဖြူရွာစာတမ်းများကိုလည်းကောင်း၊ ပြင်သစ်နိုင်ငံပါမောက္ခ ဦးလှသိန်း (ခေါ်) ဂျွန်န်အိုကဲလ်ဖို့၏ စေတီအဆောက်အအုံနှင့် နန်းအဆောက်အအုံစာတမ်းကိုလည်းကောင်း၊ အမေရိကန်နိုင်ငံအာသျှဖောင်ဒေးချန်းအတွင်းရေးမှူး ဒေးဗစ်စတိမ်းဗန်၏ ဝေသာလီကျောက်ရုပ်ထုဆင်းတုများ၏ နှစ်ပေါင်းကြာညောင်းမှုအားတိုင်းတာမှု စာတမ်းကိုလည်းကောင်း၊ ဂျပန်နိုင်ငံပါမောက္ခ အိုနိုတိုရရူနှင့် ရခိုင်စကားပြောလီယူလီသိမ်းအသံထွက်ပုံစာတမ်းနှင့် ဘောင်းဒွတ်အရပ်တွင်ဟိသောဒတ်ခ်ျ ကောင်ဆယ်လာအဆောက်အအုံပုံစံနှင့် ကူးသန်းရောင်းဝယ်ရေးစာတမ်းကိုလည်းကောင်းရွီးသားပြုစုရာတွင် ကူညီခသည်။
အစိုးရယဉ်ကျေးမှုဌာနနှင့် အခြားပုဂ္ဂိုလ်ရို့ကိုလည်းဆရာကြီးသည် ကူညီပီးခသည်။ ဦးမင်းနိုင်၏ ပြည်ထောင်စုအကပဒေသာစာအုပ် (၁၉၅၉)၊ ရခိုင်တိုင်းရင်းသားလူမျိုးဖြစ်စဉ်နှင့် ဓလေ့ထုံးစံများစာအုပ်၊ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာစည်တော်နှင့် တူရိယာတီးကွက်များစာတမ်း၊ မြန်မာဝေါဟာရအဘိဓာန်ကျမ်းပြုစုစဉ် ဝေါဟာရစာလုံးများ ပြုစုပီးပို့ခြင်း၊ ရခိုင် ဝေါဟာရအဘိဓာန်ပြုစုစဉ် ဝေါဟာရစာလုံးများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကျမ်းကိုးကားချက်များစာအုပ် ပြုစုခြင်း၊ ၁၉၇၆ - ၇၇ ခုရခိုင်ပြည်နယ်နိ၊ ရခိုင်ပြည်နယ်၊တံဆိပ်၊ ရခိုင်ရိုးရာကျား/မ ဝတ်စုံစာတမ်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန်စသည်ရို့ကိုပါဝင်ကူညီရွီးသားပြုစုခသည်။
အထက်တန်းပညာဦးစီးဌာနညွှန်ချုပ် (ငြိမ်း) ပါမောက္ခ ဦးစံသာအောင် အတွက်လည်း ၁၉၇၂ ခုအဘိဓမ္မာကောက်နုတ်ချက် ပုရပိုက်ကိုမိုက်ခရိုဖလင် ရိုက်နှိပ်ရန်အတွက်လည်းကောင်း၊ ကဝိကဏ္ဍ ပါသဏကျမ်းပီမူကိုမိုက်ခရိုဖလင် ရိုက်နိုင်ရန်လည်းကောင်း၊ လျှို့ဝှက်ကျောက်စာဂဏန်းရွီးနည်းပီမူကိုမိုက်ကရိုဖလင် ရိုက်ရန်လည်းကောင်း၊ အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီကရခိုင်ပြည်နယ်သုံးအက္ခရာစာအုပ်ပြုစုရာတွင်လည်းကောင်း၊ အနန္ဒစန္ဒြား ၈ ရာစုရခိုင် ဝေသာလီစာအုပ် ပြုစုရာတွင်လည်းကောင်း၊ ရခိုင်ဒင်္ဂါးများသမိုင်း ပြုစုရာတွင်လည်းကောင်း၊ ဗုဒ္ဓအနုပညာ (Buddhist Art of Ancient Arakan) စာအုပ်ပြုစုရာတွင်လည်းကောင်းပါဝင်ကူညီခသည်။
၁၉၅၉ ခုနှစ်မှာ မြန်မာ့အသံရေဒီယိုမှ ရခိုင်အသံကိုအစအဆုံးအသံလွှင့်ထုတ်ခသည်။ တိမ်မြှုပ်ပျောက်ကွယ်လားခပြီးဖြစ်သောရခိုင်ယဉ်ကျေးမှုအမွီအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင့်စာပီ၊ ရခိုင့်ရိုးရာဓလေ့ထုံးတမ်းစဉ်လာများအားကမ္ဘာသိအောင် ရှာဖွီစုဆောင်းလေ့လာဖော်ထုတ်ခသည်။ ထိန်းသိမ်းစောင့်ယှောက်ခသည်။ ရခိုင်သူ၊ ရခိုင်သားများကိုလည်းရခိုင့်ယဉ်ကျေးမှုအမွီအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင့်စာပီ၊ ရခိုင့်ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကိုဖော်ထုတ်ထိန်းသိမ်းကာကွယ်စောင့်ယှောက်ရန်လည်းအမြဲဆော်သြခသည်။
ဆရာကြီးသည် ရခိုင့်ယဉ်ကျေးမှုအမွီအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပီ၊ ရခိုင့်ရိုးရာထုံးထမ်းစဉ်လာများကိုအစဉ်ဖော်ထုတ်ပြုစုခသော ရာဇ၀င်ဆရာ ဖခင်ကြီးတဆူဖြစ်သည်။
ဆရာကြီးသည် ရခိုင် ဒီမိုကရေစီရဟိရေး၊ တိုင်းရင်းသားများတန်းတူအခွင့်အရေးရဟိရေးအတွက်လည်းစွမ်းစွမ်းတမံရှိတန်းမှ ဦးစီးဆောင်ရွက်ခသည်။ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်တွင် နာယကကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး၊ ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလည်းဖြစ်သည်။ ဆရာကြီးသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်သို့ မဲဆွယ်တရားဟောထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်းကျွန်းရွာ မဲဆွယ်တရားဟောပွဲတွင် တရားဟောနီစဉ် ဖက်ခွက်များကဖမ်းဆီးပြီးထောင်သွင်းအကျဉ်းချ ခံခရသည်။
ဆရာကြီးအားအမျိုးသားရေးတရားဟောသည်စသည်ဖြင့် အမျိုးမျိုးစွဲချက်တင်ပြီးဖမ်းဆီးခြင်ဖြစ်သည်။ ဖက်ခွက်များကတိုင်းပြည်အပေါ် မတရားကျူးကျော်စော်ကားမှုများကိုဆရာကြီးကအချက်ကျကျ ဝေဖန်ဟောပြောမှုများကြောင့် ဖက်ခွက်များ၊ မျန်မာလူမျိုးငယ်ဝါဒီများမှာအနာပေါ်ဒုတ်ကျသကဲ့သို့ ဆတ်ဆတ်ထိမချိမခံမရပ်နိုင် ဖြစ်ခရသည်။
ယင်းကြောင့် ဖက်ခွက်များကဆရာကြီးအားအငြိုးထားကာမတရားဖမ်းဆီးခြင်းဖြစ်ပြီးထောင်ဒဏ် ၃ နှစ် အပြစ်ပီးကာစစ်တွေထောင်တွင် အကျဉ်းချထားသည်။ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ သြဂုတ် ၁၄ ရက်နိတွင် ကွယ်လွန်သည်။ ထောင်ထဲတွင် ဖက်ခွက်များကဆရာကြီးအားအဆိပ်ကျွေး၍ လုပ်ကြံလိုက်သည်။ ယေကေလည်းဖက်ခွက်များကဆရာကြီးသီဆုံးရခြင်းသည် ဦးဂေါင်းတွင် သွီးမတိတ်သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် သီဆုံးရခြင်းဖြစ်ကြောင်း The Truth အမည်ဟိဆောင်းပါးများဖြင့် လုပ်ကြံဖန်တီးဝါဒဖြန့်သည်။
ဆရာကြီး၏အလောင်းကိုသူ၏ဇာတိချက်ကြွီမြောက်ဦးမြို့သို့ ယူဆောင်လာပြီးဆရာကြီးအလွန်တန်ဖိုးထားခသောရန်အောင်ဇေယျ (ခေါ် ) သျှစ်သောင်းပုထိုးတော်ကြီးဘုရားရိပ်တွင် မြီမြှုပ်သင်္ဂြိုဟ်လိုက်ရသည်။


Wednesday, July 8, 2015

ငြိမ်းချမ်းရေး ဖိတ်စာပြင်ချင်ရင် ဘီလူးစိမ်းဝိညာဉ် လိပ်ပြာစင်ဖို့ လိုတယ်



အစိုးရဘက်က အပစ်ရပ်စာချုပ်မူကြမ်းကို မပြင်ဆင် မဖြည့်စွက်လိုတဲ့အတွက် လော်ခီးလာ ပြင်ဆင်ဖြည့်စွက်ချက် ၁၂ ချက်ကို အစည်းအဝေး ဆုံးဖြတ်ချက်အနေနဲ့ ထားဖို့ အစိုးရဘက်က တောင်းဆိုလိုက်တဲ့သတင်းကို DVB TV News ၀ဘ်ဆိုဒ်မှာ ဇူလိုင် ၃ ရက်နေ့က ဖတ်လိုက်ရတယ်။
ပြည်တွင်းစစ်မီးကို ငြိမ်းသတ်နိုင်ဖို့၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ အပစ်ရပ်ဆွေးနွေးပွဲတွေမှာ စစ်မီးလျှံပြီး လုပ်စားကြီးပွားနေတဲ့ စစ်ရေးခေါင်းဆောင်တွေ၊ တိုင်းပြည်ဘဏ္ဍာနဲ့ ဘီလီယံနာဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ အာဏာရှင်အဆိပ်အတောက် ဂျွတ်တက်နေတဲ့ အတွေးအခေါ်အဟောင်းတွေ မပြင်ဘဲ အုပ်စီးဆွေးနွေးနေလို့ကတော့ လုံးဝမရနိုင်ပါဘူး။
ဆွေးမြေ့ ဟောင်းနွမ်းပြီး ခေတ်နဲ့ မလျော်ညီတော့တဲ့ မန္တာန်ဟောင်းကြီးဖြစ်သည့် တို့တာဝန်အရေး ၃ ပါး ကို ရွတ်ဖတ်နေရမယ့် အချိန်လည်းမဟုတ်တော့ဘူး။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စအပါအ၀င် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဝင်မယ့် သူတိုင်း ကျင့်သုံးစွဲကိုင်ရမယ့် အခြေခံစိတ်ဓာတ်ကတော့ ရိုးသားမှုပါပဲ။
စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး မလုပ်လိုတဲ့ စစ်အာဏာရှင်နဲ့ ခေါင်းမာဂိုဏ်းသားတွေဟာ စစ်ရေးအသာစီး ရချင်တာတို့၊ လက်ဦးမှု ရချင်တာတို့၊ ကိုယ့်နယ်မြေကာကွယ်ဖို့ ဆိုတဲ့ စတဲ့အကြောင်းပြချက်တွေ လျှောက်ပြပြီး အခုချိန်မှာ တိုင်းရင်းသားတွေ လက်ခံဖို့ အလွန်အန္တရာယ်ကြီးတဲ့ လက်နက်ဖြုတ်သိမ်းရေးပါဝင်သည့် Disarmament၊ Demobilization၊ Reintegration(DDR) လုပ်ငန်းစဉ်ကို သဘောတူလိုက်နာဖို့ ဖိအားပေးနေတာ၊ အယောင်ပြ အပစ်ရပ်ဆွေးနွေးပွဲတွေ၊ အနှစ်မပါတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အချိန်ကုန်နေရင်တော့ မရိုးသားဘူးလို့ပဲ ပြောချင်တယ်။
တိုင်းရင်းသားတွေနဲ့ ပြည်သူပြည်သားတွေ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အားလုံးတန်းတူညီမျှ အခွင့်အရေးရဖို့ အာမခံမည့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့ အာမခံမည့် ပြည်ထောင်စုမျိုးပါ။ ပြည်နယ်နဲ့ တိုင်းများမှာ ရှိတဲ့ သက်ဆိုင်ရာ လူမျိုးစုတွေ နိုင်ငံသားတွေဟာ ကိုယ့်အရေး ကိစ္စတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ခွင့်ရဖို့ အာမခံတဲ့ ပြည်ထောင်စုမျိုးပါ။ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ တရားဝင်ပါဝင် စုဖွဲ့စေပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အနေနဲ့ ပေါင်းစည်းသွားခြင်းမျိုးပါ။
အခုဖြစ်နေတာက တိုင်းပြည်ကာကွယ်ရေးကို အကြောင်းပြ၊ စစ်တပ်ရဲ့ အရေးပါမှုကို ဗန်းပြပြီး လုပ်စား ကြီးပွားနေတဲ့ တချို့သော စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ အရေးပါမှုပျောက်ဆုံးမှာ စိုးရွံ့နေတဲ့ ဘယာကတိနဲ့ ငြိမ်းချမ်းရေး မြန်မြန်ဆန်ဆန်မရချင်တဲ့ စေတနာဆိုးတွေက ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ငြိမ်းချမ်းရေးကို နှောင့်နှေးအောင်လုပ်နေသလို ဖြစ်နေတာပေါ့။
စစ်ရေးအသာစီးရဖို့ အမြင်တွေနဲ့ အပစ်ရပ်ကလေးတောင် လက်မှတ်မထိုးချင်ကြတာ ပြည်သူ့ဆန္ဒ မဟုတ်ဘူး။ သူတို့ရဲ့ ဆန္ဒသာ ဖြစ်တယ်။ ဘယ်သူကမှ အဲဒီဗိုလ်ချုပ်ကြီးတွေကို တိုင်းပြည်ကို ချောက်ကမ်းပါးထဲ မကျအောင် မကယ်တင်ခိုင်းဘူး။ သူတို့အကျိုးစီးပွားအတွက် စစ်မီးတွေမွှေးပြီး ဇွတ်ကယ်တင်နေတာကို ပြည်သူတွေက သိပြီးသားပါ။
ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တကယ့်ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ပြည်သူကို တကယ်ကိုယ်စားပြုသူတွေ၊ လူထု ယုံကြည်လေးစားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ သမိုင်းကြောင်း ရှင်းသန့်ပြီး ပြည်သူချစ်တဲ့နိုင်ငံ၊ အမိအဖတွေ ပါဝင်မှာသာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါလိမ့်မယ်။
တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ စုပေါင်းဆွေးနွေးထားတဲ့ လော်ခီးလာညီလာခံရဲ့ အောက်ပါ ဆုံးဖြတ်ချက်တွေဟာ သဘာဝကျပြီး အကျိုးအကြောင်းဆီလျှော်ပါတယ်။
(၁) အတည်ပြုမူကြမ်း အပိုဒ် ၅ – အန်စီစီတီအဖွဲ့ဝင်အားလုံးပါနိုင်မှ အန်စီအေကို လက်မှတ်ထိုးရန်။
(၂) အတည်ပြုမူကြမ်း အခန်း ၆ – ကြားကာလအတွင်း နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်ရမည့် အစီအစဉ်များတွင် “မြေယာနဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ” ကို ထည့်သွင်းလိုက်ခြင်း။
(၃) အတည်ပြုမူကြမ်းအပိုဒ် ၂၆ တွင် ပါရှိသည့် “ဤသဘောတူစာချုပ်အား ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ တင်သွင်း၍ အတည်ပြုချက်ရရှိရေး ဆောင်ရွက်သွားရန်” ဟူသောအပိုဒ်ကို လော်ခီးလာအစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် (၁၀) တွင်  “ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း” ဆိုသည်မှာ “ပြည်ထောင်စု သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်းရာတွင် မည်သည့်အကြောင်းတရားကြောင့်မျှ ငြင်းပယ်ခြင်း၊ ကန့်ကွက်ခြင်း၊ အတည်ပြုရန် အချိန်ဆွဲခြင်း လုံးဝမပြုလုပ်ခြင်း” ကို ဆိုလိုကြောင်း ဆုံးဖြတ်ခြင်း။
(၄) လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း” ဟူသော စကားစုတွင် “ပြန်လည်ပေါင်းစည်းခြင်း” ဟူသော ဝေါဟာရကို ဖြုတ်လိုက်ခြင်းနဲ့ အဓိကကျသည့် ခြွင်းချက်ဝေါဟာရဖြစ်သော “နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့ အညီ”၊ “ဥပဒေနဲ့ အညီ”၊ “နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရယူပြီး” စသည်တို့ကို ဖြုတ်လိုက်ခြင်း။
(၅) သဘောတူစာချုပ်ကို လက်မှတ်ထိုးရာတွင် အစိုးရဘက်က ထိပ်သီးများသာမက အပြည်ပြည်ဆိုင်ရာ ခေါင်းဆောင်များနဲ့ နိုင်ငံ ၇ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးစေခြင်း။
ဒါကြောင့်လည်း ဦးသိန်းစိန်တို့ ကာချုပ်ကြီးမင်းအောင်လှိုင်တို့ရဲ့ စစ်တပိုင်းအစိုးရက အပစ်ရပ် စာချုပ်မူကြမ်းကို မပြင်ဆင် မဖြည့်စွက်လိုတဲ့အတွက် လော်ခီးလာ ပြင်ဆင်ဖြည့်စွက် ၁၂ ချက်ကို အစည်းအဝေး ဆုံးဖြတ်ချက်အနေနဲ့ထားဖို့ အစိုးရဘက်က တောင်းဆိုလိုက်တာပါ။
အပစ်ရပ်စာချုပ်ကို သူတို့ဘက်က အသာစီးယူပြီး တိုင်းရင်းသားတွေ တောင်းဆိုတာ မလိုက်လျောဘဲနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်ချအပ်ပြီး သူတို့လက်အောက်ခံအနေနဲ့ အဖိနှိပ်ခံလူ့အဖွဲ့အစည်းမှာ ပေါင်းစည်းသွားအောင် ဖိအားပေးနေကြတာပါ။ စိတ်မပါဘဲ လက်မှတ်ထိုးရအောင် မထိုးရင် ၂၀၁၅ ရွေးကောက်ပွဲ မလုပ်မှာလိုလို၊ ဖွဲ့စည်းပုံပြင်ဖို့ မဖြစ်နိုင်ဘူးလိုလိုသဘောမျိုးနဲ့ လှည့်ပတ်လိမ်ကောက်အချိန်ဆွဲ နေကြတာ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်း ရွှေဝါဆပ်ပြာ လိုချင်ရင်၊ စားမရတဲ့ ငစိန်ဆန်ကြမ်းနဲ့ မဲနယ်တွဲယူရမယ်လို့ အကျပ်ကိုင်ရောင်းတဲ့ သမ၀ါယမဆိုင်လို လုပ်နေပြန်တာပါပဲ။
စစ်အစိုးရတိုင်းဟာ လက်နက်ချခိုင်းတဲ့ သဘောမျိုး အစဉ်တစိုက် ဦးတည်ဆွေးနွေးလာခဲ့တာ အာဏာရှင် ဗိုလ်နေ၀င်းလက်ထက်ကနေ ကာချုပ်ကြီးမင်းအောင်လှိုင်အထိ ခုထိ တိုင်အောင်ပဲ။  ဆွေးနွေးပွဲတွေမှာ လက်နက်အရင် ချခိုင်းပြီဆိုတာနဲ့ မရိုးသားတော့ဘူးလို့ သေချာပေါက် ပြောလို့ရပါတယ်။ ငြိမ်းချမ်းရေး မလိုချင်ဘူးဆိုတာလည်း ထင်ရှားပြီးသား ဖြစ်ပါတယ်။
တကယ်ပဲ ငြိမ်းချမ်းရေးအစစ်အမှန်ကို အဟုတ်ရချင်၊ လိုချင်ရင်တော့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ မိမိမှာ ပူးကပ်နေတဲ့ စစ်ဘီလူးစိမ်းဝိဥာဉ်ကို ဦးစွာပထမ ဖြုတ်ခွာချပစ်ဖို့လိုပါတယ်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အသိနိုးကြားမှုနဲ့ နိုင်ငံရေးရာသီဥတုဟာ အရင်လိုမဟုတ်တော့ဘူးဆိုတာ စစ်ဗိုလ်ချုပ်ကြီးတွေ ခေတ်ပြိုင်အခြေအနေအရပ်ရပ်ကို မှန်မှန်ကန်ကန်သုံးသပ်တတ်ဖို့ လိုနေပြီ။ မြန်မာပြည်မှာ ဗြဟ္မစိုရ်တရားကို ကျင့်သုံးတဲ့ ဟီရိသြတပ္ပတရားကို အလေးထားတဲ့ စာရိတ္တသီလနဲ့ ၀ါရိတတ္တသီလကို စောင့်ထိန်းတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတွေ၊ လိပ်ပြာသန့်တဲ့ လူ့အဖွဲ့အစည်းတွေ အားကောင်းလာနေတာ သတိပြုမိကြရဲ့လား။
ပေးရမယ့်အချိန်မှာ ကျက်သရေရှိရှိ ပေးတတ်ဖို့ လိုတယ်။ ပြင်ဆင်ရမယ့်အချိန်မှာ စေတနာအပြည့်နဲ့ ရိုးရိုးသားသား ပြင်ဆင်တတ်ဖို့ လိုပါတယ်။ ပေးရမယ့်အချိန်ကျနေပေမယ့် မပေးဘူး၊ ပြင်ဆင်ရမယ့်အချိန်မှာ မပြင်ဆင်ဘဲ တင်းခံနေတယ်ဆိုရင် သမိုင်းဆိုးအညစ်အကြေးတွေပေကျံ အကြွေးခံပြီးမှာ ကျက်သရေမဲ့စွာ ပေးရတတ်တယ်။ ရုပ်ဆိုးအကျည်းတန်စွာ နိဂုံးသပ်ရင်း ပြင်ဆင်ရတတ်တယ်။
ခေတ်သမိုင်းကြောင်းက တောင်းဆိုလာတဲ့ ပြောင်းလဲမှုဆိုတာဟာ တားလို့ ရစကောင်းတဲ့အရာ မဟုတ်ပါဘူး။ တားဖို့ ကြိုးစားတဲ့သူဟာ တောင်ပြိုလာတာကို လက်နဲ့ တားဖို့ ကြိုးစားတဲ့လူမိုက်နဲ့ တူပါလိမ့်မယ်။
ဒီတော့ စစ်ဗိုလ်ချုပ်အဟောင်းအသစ်ကြီးငယ်တွေကို တိုက်တွန်းလိုတာက ကိုယ့်မိသားစုနဲ့ ကိုယ့်အနာဂတ် ရေရှည် ကောင်းနိုင်ဖို့၊ လားရာကောင်း ရလဒ်ကောင်းနိုင်ဖို့ အမှန်တကယ်လုံခြုံစိတ်ချနိုင်ဖို့ စဉ်းစဉ်းစားစားနဲ့ ကိုယ့်သမိုင်းကို ရိုးရိုးသားသားရေးကြဖို့၊ သတိကြီးစွာ ချင့်ချိန်မျှော်တွေးပြီး စစ်မှန်တဲ့အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းမပေါ် နိုင်ငံတခုလုံးအရေးဆိုတဲ့အမြင်နဲ့ ကြည့်ပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို စေတနာကောင်းကောင်းနဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးသပ်လိုက်ပါတယ်။
မင်းကောင်းချစ်
ဇူလိုင် ၄ ရက်နေ့  ၂၀၁၅ ခုနှစ်
အချက်အလက်ကိုးကား – ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ) ရေးသားတဲ့ လော်ခီးလာ နိုင်ငံရေးထိုးစစ်နှင့် ငြိမ်းချမ်းရေး အလားအလာ-ဆောင်းပါး။

http://burmese.dvb.no/archives/101724

ရခိုင့်အာဇာနီသူရဲကောင်းများ

ရခိုင့်အာဇာနီသူရဲကောင်းများ
***********************
ရခိုင့်အာာဇာနီသူရဲကောင်းရို့သည် (၁ရ၈၄) ခုနှစ်မှ(၁၈၂၄) ခုနှစ်အထိနှစ်ပေါင်း(၄၀)တိုင်
ကျူးကျော်ဝင်ရောက်လာရေ နယ်ချဲ့ဗမာပဒေသရာဇ်ရို့အား တမျိုးသားလုံး ကွန်ပုံးကိုလိုနီ
ကျွန်ဘ၀မှလွတ်မြောက်ရန်နန့် အညံ့မခံလိုသော အမျိုးသားတော်လှန်စစ်ဖြင့် အသက်နှင့်သွီး၊
ချွေးရို့ကိုပီးဆပ်၍ တော်လှန်တိုက်ထုတ်ခသော ရခိုင့်အာဇာနီ သူရဲကောင်းများဖြစ်ပါသည်။ ယင်းတော်လှန်ရေးခေါင်းဆောင်များအနက် ထင်ရှားသော အမျိုးသား မျိုးချစ်အာဇာနည်သူရဲကောင်းရို့ ၏ အမည်များမှာ...
(၁)ဒါးပိုင်ကြီးကျော်ပုံ(၁ရ၈၅)၊
(၂)တောင်မင်းကြီးကျော်ထွီး(၁ရ၈၅)၊
(၃)မုဇုန္ဒာတ်ကြီးဘရွေး(၁ရ၈၅)၊
(၄)ဒါးပြန်စီး(၁ရ၈၅)၊
(၅)လက်ဝဲမြန်တုံးဖောင်သီ(၁ရ၈၅)၊
(၆)ရမ်းဗြဲစားဗိုလ်ပေါလုံး(၁ရ၈၅)၊
(ရ)လမုစားဗိုလ်လာခိုင်၊(၁ရ၈၅)၊
(၈)ဗိုလ်ခွက်ပေါက်(၁ရ၉၄)၊
(၉)ဗိုလ်ကျွဲတကောင်နိုင်(၁ရ၉၄)၊
(၁၀)ဗိုလ်ပိုးလုံး(၁ရ၉၄)၊
(၁၁)ဗိုလ်စိန်ရောင်(၁ရ၉၄)၊
(၁၂)ဗိုလ်မြရောင်(၁ရ၉၄)၊
(၁၃)ဗိုလ်ပက်လက်(၁ရ၉၄)၊
(၁၄)ဗိုလ်ကိုခွက်စား(၁ရ၉၄)
(၁၅)ဗိုလ်ထွန်းဦး(၁ရ၉၄)၊
(၁၆)ဗိုလ်မျက်တောင်ဖြူ(၁ရ၉၄)၊
(၁ရ)ဗိုလ်တိုင်းချစ်ပရံ(၁ရ၉၄)၊
(၁၈)နတ်တောင်စားဗိုလ်ရွှေကျော်(၁ရ၉၄)၊
(၁၉)ဗိုလ်ဆယ်စင်း(၁ရ၉၄)၊
(၂၀)လက်ယာမြန်ရွာအုပ်ဗိုလ်တုံးစံ(၁ရ၉၄)၊
(၂၁)ဗိုလ်ကောစွေ(၁ရ၉၈)၊
(၂၂)ဒဂါင်္းတောင်စားဗိုလ်တုံးစံရွှေ(၁ရ၉၈)၊
(၂၃)ဗိုလ်ချုပ်ကြီးချင်းပျံ(ဖောက်ပြန်ရေးသမားမောင်သံတွေ၏သား)(၁ရ၉၈မှ၁၈၁၅)၊
(၂၄)လက်ရုံးဗိုလ်(၁ရ၉၈)၊
(၂၅)ပလက်စားဗိုလ်စံ(၁ရ၉၈)၊
(၂၆)ဗိုလ်ကောစံရွှေ(၁ရ၉၈)၊
(၂ရ)အရှေ့ဝင်းမှူး(၁ရ၉၈)၊
(၂၈)လက်ဝဲမြန်ဖောင်သာ(၁ရ၉၈)၊
(၂၉)ဗိုလ်ချုပ်မျက်တောင်ရှည်(၁၈၁၁)၊
(၃၀)တပ်မှူးဗိုလ်မောင်ရွှေ(၁၈၁၁)၊
(၃၁)ဗိုလ်ချူပ်ကြီးချင်းပျံ၏အစ်ကိုလေးမြို့စားကျော်အောင်(၁၈၁၁)၊
(၃၂)ဗိုလ်အောင်ကျော်ရွှေ(၁၈၁၁)၊
(၃၃)ဗိုလ်နန်းရွှေ(၁၈၁၁)၊
(၃၄)ဗိုလ်စောကဲ(၁၈၁၁)၊
(၃၅)တပ်မှူးသောက်ကြာအောင်(၁၈၁၁)၊
(၃၆)တပ်မှူးသာရကန္ဒ(၁၈၁၁)၊
(၃ရ)ဗိုလ်တိုးအောင်ကျော်(၁၈၁၁)၊
(၃၈)တောင်စားဗိုလ်မှူးမောင်ညို(၁၈၁၁)၊
(၃၉)မြို့သစ်စားမောင်ငယ်(၁၈၁၁)၊
(၄၀)တပ်မှူးညိုရောင်ဖြူ(၁၈၁၁)၊
(၄၁)ဗိုလ်ဗချစ်(၁၈၁၁)၊i
(၄၂)တိမ်ကြားဗိုလ်(၁၈၁၁)၊
(၄၃)လမုစားရွှေလူ(၁၈၁၁)၊
(၄၄)ဗိုလ်အောင်ကျော်ရွှေ(၁၈၁၁)၊
(၄၅)ဗိုလ်အောင်ကျော်(၁၈၁၁)၊
(၄၆)ဗိုလ်တလိုင်းချေ(၁၈၁၁)၊
(၄ရ)ဗိုလ်တိုးအောင်ကျော်(၁၈၁၁)၊
(၄၈)ဗိုလ်စောကဲ(၁၈၁၁)၊
(၄၉)လမုစားရွှေဘို(၁၈၁၁)၊
(၅၀)မြုံတောင်စား(၁၈၁၁)၊
(၅၁)ဗိုလ်ချင်းပျံယောက်ဖဖမီးစားသက်နှံဝေ(ခ)အသက်နှံ(၁၈၁၁)၊ရို့ဖြစ်ပါသည်။
ဤမျိုးချစ်သူရဲကောင်း အာဇာနည်ခေါင်းဆောင်ကြီးရို့သည် ဗမာကိုလိုနီနယ်ချဲ့ရို့
လက်အောက်ကျွန်ဘ၀သို့ ကျရောက်ခရသော ရခိုင့်ဘုရင့်နိုင်ငံတော်ကိုပြန်လည်ကယ်တင်ရန်
ကြိုးစားတော်လှန်ခသော်လည်း မအောင်မြင်နိုင်ခပါ။ ဤတာဝန်များအားလုံးကို နောက်လာမျိုးဆက်သစ်များလက်ထဲသို့ ပခုံးပြောင်းတာဝန်ပီးခသော ရခိုင့်အာဇာနီ သူရဲကောင်းများဖြစ်ပါသည်။

မာန်အောင် ကိုရဲ.....။

အစည်းအဝေးဖိတ်ကြားလွှာ (ဒေါင်းရန်ဆမွီ)

အစည်းအဝေးဖိတ်ကြားလွှာ (ဒေါင်းရန်ဆမွီ)


Tuesday, July 7, 2015

“သတ္တိခဲချေ”



“သတ္တိခဲချေ”
အဝေး သတ္တိခဲချေ။ မင်းမျက်လုံးထဲကတဖိတ်ဖိတ်လက်နီရေအရောင်၊ တညိန်းညိန်းတောက်နီရေအရောင် တိနောက်မှာ မင်းနိုင်ငံနန့်မင်းလူမျိုးအတွက်မင်းဇာလောက်အားစိုက်ထားလဲဆိုစော်ငါတွိလိုက်ရေ။ဒေမျက် လုံး အိမ်ရဲ့မျက်ဝန်းထဲမှာမင်းရဲ့ ကိုယ်ကျိုးမပါစွန့်ရွှတ်မှုတိနန့်ပီးဆပ်မှုမှတ်တမ်း အသစ်ရောအဟောင်းတိကို ပါမင်းကဝှက်ဖို့ကြိုးစားနီစော်ကိုငါအရိပ်ကျလိုက်ရေ။ယင်းမျက်ဝန်းချေအဓိပ္ပာယ်ကိုမင်းမပြောပြကေလေ့ငါ့ စော်ငါဘာသာပြန်လို့ဆွဲဆန့်ကြည့်ကေ မင်းရဲ့ လူပျိုမှတ်တမ်းနုနုထွဋ်ထွဋ်ကကြက်သောက်ဆမ်းတစ်ခွက် ပိုင်ဟိလီဖို့လို့ငါယုံကြည်ရေ။
အဝေး သတ္တိခဲချေ။ မင်းရဲ့ညို့အားပြင်းရေမျက်လုံးအောက်မှာနောက်ထပ်တွိလိုက်ရစော်က ရက္ခိုင်အပျို ပေါက်စကြက်သန်းကိုက်မဒန်းချေတိ မင်းရို့ငါရို့အလာကိုဇာပိုင်မျိုးပုံစံနန့်စောင့်နီလီကတ်ဖို့ဆိုရေ ရိုးရိုး ရှင်းရှင်းချေတွေးနီရေ မင်းရဲ့ အားကောင်းမောင်းသန်လူပျိုပေါက်စအတွေးသန့်သန့်ချေတိဖြစ်တေ။
အဝေး သတ္တိခဲချေ။ မင်းငါ့ကိုမဝါကေ့။ တနားကမင်းရယ်လိုက်စော်ကမင်းရို့ငါရို့ကိုစောင့်နီကတ်တေ အဘိုး၊အဘောင်၊အဘာ၊အမင်၊အမျိုး တိနန့်ရက္ခိုင်သမီးပျိုသန်းပေါင်းများစွာတိရဲ့ ရယ်မောသံချေတိကို စိတ်ကူးနန့်မင်းလိုက်ရယ်နီစော်မဟုတ်လား။မင်းတနားက ခြစ်လိုက်တေအမာရွတ်က ကောင်းမကြာရေ အချိန်တုန်းကဖြစ်ခရေ တိုက်ပွဲမှတ်တမ်းတစ်ခုဆိုစော်ကမင်းမပြောပြကေလေ့ရဲဖော်ရဲဖက်အပေါင်းက မင်းရဲ့တာဝန်ကျီပွန်မှု ၊ အမိန့်နာခံမှုအားကောင်းကြောင်းကိုပြသနီစော်မဟုတ်လား။
အဝေး သတ္တိခဲချေ။ သူများတိအတွက် စနီ၊တနင်္ဂနွီ၊အခါကြီး၊နိကြီး၊သင်္ကြန်၊ဝါကျွတ်၊တန်ဆောင်တိုင်ဟိကေ လေ့မင်းအတွက်ကတော့ တစ်ရက်မှာ ၂၄ နာရီဆိုရေပိုင်ဆိုင်မှုကလွဲလို့ထူးမခြားနားမှန်း ငါနားလည်ရေ။မင်း အနီနန့်စစ်ပွဲလိုမလိုလားကြောင်းငါသိကေလေ့ ကိုယ့်လူမျိုးရဲ့ဘဝပီးအခြီအနီ၊ သမိုင်းရဲ့တောင်းဆိုချက်၊ အခြီအနီရဲ့လိုအပ်ချက်တိအရစစ်မှုတာဝန်ထမ်းဆောင်နီရစော်မှန်းငါသိရေ။
အဝေး သတ္တိခဲချေ။ မင်းမျက်ဝန်းထဲမှာနောက်ထပ်တွိလိုက်ရစော်က မင်းပယှောင်မျိုးမင်းအမျိုးတိ၊ သူငယ်ချင်းတိကိုမင်းပိုင် ရက္ခိုင်နိုင်ငံနန့်ရက္ခိုင်လူမျိုးတိအတွက်တာဝန်ထမ်းဆောင်ဖို့ဇာကြောင့်ယှောင်လွှဲ ပနာသတိမရကွန်ဆောင်နီကတ်လေ့ဆိုရေ အားမလိုအားမရမှုတိရာဖြစ်တေ။ မင်းနန့်အတူ လာခရေသူငယ် ချင်း၊ ကိုယ်ပိုင်နံပရှေ့ဆင့်နောက်ဆင့်၊သစ္စာတတူတူဆိုပနာသစ္စာရီတတူတူသောက်ခတေမင်းသူငယ်ချင်း တိ မင်းနန့်မင်းတပ်မတော်ကိုစွန့်ခွာ လားလို့ဝမ်းနည်းနီမှန်းငါသိရေ။ယေကေလေ့ ငါထပ်သိလိုက်ရစော်က မင်းစော်မင်းအလုပ်ကိုမင်းလုပ်ယင်း မင်းတာဝန်ကိုတာဝန်ကျီရေ ရက္ခိုင့်တပ်မတော်ကအားကိုးလောက်ရေ သတ္တိခဲရဲဘော်တစ်ယောက်ဖြစ်ရေ ဆိုစော်ရာ။
မင်းရည်မှန်းချက်၊မင်းဆန္ဒတိပြည့်ဝပါစီ။
Dr.Nyo Twan Awng
7 July , 2015 , Tuesday , 10:07 AM

{ ရခိုင့်ဂန္ဘီရပညာသျှင် ရခိုင့်ဝံသ ရက္ခိတဓဇ သျှင်မြဝါ }

{ ရခိုင့်ဂန္ဘီရပညာသျှင် ရခိုင့်ဝံသ ရက္ခိတဓဇ သျှင်မြဝါ }
သျှင်မြဝါ
~~~~~~
မြောက်ဦးနန်းစံ၊ ဘုရင်မင်းဗာဘုရင်ကြီးသည် မင်းဆရာဖြစ်သောသျှင်မြဝါအားရည်မှန်းလျှက် ထိုဆရာမြတ် ၏အရိုးကို မြီအောက်ဌာပနာထားတော်မူလျှက် တောင်ထွဋ္ဋ်တခုပေါ်၌ ကြီးစွာသောစေတီကြီးတဆူကို တည် ထားတော်မူသည်။ ထိုဆရာကြီးဦးမြဝါ၏ကျန်ရစ်သောပစ္စည်းများနှင့် ရွှေငွေရတနာများကိုဌာပနာ ထည့်ကာ တည်ထားခသဖြင့် ထိုတောင်ကို ကနိထိတိုင် မြဝါတောင် ဟုလည်းကောင်း၊ မြဝါစေတီဟုလည်း ကောင်းခေါ် တွင်သည်။
ဆရာကြီးသျှင်မြဝါမှာ ရသေ့ယောဂီတဦးဖြစ်သည်။ ရခိုင်ရာဇဝင်သမိုင်းတွင် ထင်ရှားသော မင်းမျိုး မင်းနွယ် မှ ပုဂ္ဂိုလ်တဦးဖြစ်သည်။ မဇ္ဈိမဒေသ၌ လောကီပညာအမျိုးစုံကို ဗာရဏသီ မြို့တော်၌ လည်းကောင်း၊ မိဂ တာဝုန် တောဟိ ဆရာဗိဿနိုးထံတွင်လည်းကောင်း၊ နှစ်ပေါင်း(၂၀) တိုင်အောင် လောကီပညာရပ်များကို တတ်မြောက်ပြီးသော် မိမိရခိုင်ပြည်ကြီးသို့ပြန်လာကာမြောက်ဦးမြို့၏မြောက်ဘက်တောင်ညိုကျောင်း တိုက် ဝယ် (နမန္တာ ဓားကျမ်း) ကြီးကို ပြုစုရွီးသားခ သော ပုဂ္ဂိုလ် ထူးတဦးဖြစ်သည်။
သျှင်မြဝါ၏ဖခင်မှာ စိုင်းတင်မြို့စား (မဟာနန္ဒသင်္ကြန်) ဖြစ်သည်။ မယ်တော်မှာ (ဆင်ကဲကြီး ဦးအောင်ထင် နှင့် စောသန္တာ) ရို့၏သမီးတော် (ဇေယျခေမာ) ပင်ဖြစ်သည်။ သျှင်မြ၀ါ၏ မွီးဖွား သက္ကရာဇ်မှာ (၈၅၄) ခု၊ ဝါခေါင်လပြည့် ကြသားပတီးနိ၊ မိုးထက် အချိန် (၄) ဗဟိုရ်တွင် ဖွားမြင် တော်မူသည်။ ငယ်စဉ်အခါက (မောင်မြဝါ) ဟုခေါ်တွင်သည်။ မယ်တော်ကြီး ဇေယျခေမာ၏ အစ်မတော် (စေနန္ဒီ) နှင့် (မင်းရာဇာ) ရို့မှ သက္ကရာဇ် (၈၅၄) ခုနှစ် ဝါခေါင်လပြည့်ကျော် (၃) ရက် စနီနိတွင် (မင်းဗာဘုရင်) ကိုဖွားမြင်တော်မူသည်။ ထို့ကြောင့် (သျှင်မြဝါ) နှင့် (မင်းဗာ) ဘုရင်မှာ ညီအစ်ကိုတော်စပ်သည်။
မဟာပညာကျော်အမတ်၏ငယ်နာမည်မှာကား (မြတ်သာထွန်း) ဖြစ်သည်။ ၎င်းကို သက္ကရာဇ် (၈၅၀) ခုနှစ် တွင် ဖွားမြင်သည်။ သို့ကြောင့် သျှင်မြဝါ၊ မင်းဗာကြီး၊ မဟာပညာကျော်ရို့မှာ ငယ်သူငယ်ချင်းများဖြစ်သည်။ ထိုသုံးဦးစလုံးသည် ငယ်စဉ်အခါက မြောက်ဦးမြို့တော် တောင်ညိုကျောင်းတိုက် (အဂ္ဂစိန္တေ ယျ) ဆရာ တော်ထံတွင် ပညာသင်ကြားပြီးနောက် အသက် (၁၆) နှစ်လွန်သောအခါ မဇ္ဈိမဒေသ သို့ လား ရောက် ပြီး (ဗာရာဏသီ) မြို့တွင် ပညာအတူသင်ကြားသည်။ မင်းဗာကြီးနှင့် မဟာပညာကျော်ရို့မှာကား ပညာသင် ကြားကြပြီးနောက် ရခိုင်ပြည်မြောက်ဦးမြို့တော်သို့ ပြန်လာ လတ်ကတ်သည်။
သျှင်မြဝါမှာမူကား မပြန်နိုင်သိမ့်ဘဲ ဗာရာဏသီမြို့တော်မှတဆင့် မိဂတာဝုန်တောဟိသီရိဗိဿနိုး ရသေ့ကြီး ထံတွင် ရသေ့ဘဝအဖြစ်ဝင်ရောက်ကာ ထက်မံလျှက် ပညာသင်ကြားနီလီသည်။ သျှင် မြဝါ မှာ အင်းအိုင် မန္တာန်နှင့် အမျိုးမျိုးသော လောကီပညာရပ်များကိုတတ်မြောက်ကာ ရသေ့ အဝတ် ဖြင့် ရခိုင်ပြည် မြောက်ဦး မြို့တော်သို့ ပြန်ရောက်လာသည်။
မြို့တော်သို့ပြန်ရောက်ပြီးသည်နောက် တနိသောအခါနန်းတော်ညီလာခံသို့ ဝင်လီပြီးသော် မင်းဗာဘုရင် အား လက်ကိုင်တုတ်တော်ဖြင့်ချိန်ရွယ်လျှက် (သင်မင်းကြီး ယောက်ျားလော၊ မိမ္မလော၊ ငါကား အမှန် မိမ္မ မြင်သည်) ဟုသုံးကြိမ်ဆိုကာ နန်းတော်မှ ထွက်ခွာလားသည်။ ဘုရင်မင်းမြတ်သည်လည်းအရှက်ရ၍ အမတ် အပေါင်းနှင့်တိုင်ပင်လတ်သော် မဟာပညာကျော်အမတ်ကြီးက လျှောက်ထားသည်မှာ သျှင်မြဝါ၏ ဆိုလို ရင်းစကား အကြောင်းရင်းကား ယောက်ျားပီပီ ဘီးလောင်း တော်များလက်ထက်က သူရတန်မင်းအား ပီးအပ် ခရသည့် ဘင်္ဂလားနယ်ကို ပြည်လည်တိုက်ခိုက် သိမ်းယူထိုက်ကြောင်း မဟာပညာကျော် အမတ် ကြီးက လျှောက်တင်လီသော် မင်းကြီးလည်း အားရတော်မူ၍ မဟာပညာကျော်အား စစ်အင်္ဂါရပ်များ ကိုစီမံစီ ကာ ကုန်းတပ်ရီတပ်ခိုင်စွာဖွဲ့လျှက် မြောက်ဦးမြို့တော်ကြီးကိုလည်း တံတိုင်း၊ကျုံးမြောင်းခိုင်စွာ တည် ဆောက် ပြီးစီးစီပြီးသော် ရီတပ် ဗိုလ်ချုပ်အဖြစ် သားတော်မင်းဖလောင်းအား ခန့်အပ်လျှက် မယုံခြုံစား ဝိမလ ပညာ ဟိအား ကြည်း တပ်နှင့်တကွ စစ်ချီထွက်ဦးစီးတော်မူသည်။
ထိုအခါ သျှင်မြဝါလည်းဝမ်းမြောက်စွာဖြင့် သေနင်္ဂဗျူဟာခင်းစီကာ စီမံပီးလီသဖြင့် လူတဦး တယောက် မျှ မသီကုန်ဘဲ ကုလား၏စစ်ကို အလွယ်တကူအောင်နိုင်တော်မူသည်။ ထိုကဲ့သို့ စစ်အောင်မြင်ပြီးနောက် ကုလားမင်း၏သမီးတော် (ပဲသီတာ) အားဆက်သလီသဖြင့် အနောက် မိဖုရားအဖြစ်မြှောက်စားတော်မူကာ စစ်ကိုတန့်ထားရာနီရာဒေသဖြစ်သော (စစ်တန့်ကောင်း) ယခုအခါ (စစ်တကောင်း) ၌ ထီးနန်းဆောက်ကာ စိုးစံတော်မူသည်။ သက်တော် (၄၁) နှစ်တွင် မင်းဗာဘုရင်လည်း ဗုဒ္ဓဂယာ၌ ဗုဒ္ဓရုပ်ပွားတော်ပတ်လည် (၄၁) ဆူဖြင့် (သက်တော် စိဘုရား) စေတီတော်တဆူတည်တော်မူသည်ဟူ၏။
မင်းဗာဘုရင်မင်းမြတ်သည် မဇ္ဈိမဒေသတွင် စေတီပုထိုးကျိုးပျက်စီးများမှရရှိသော ဘုရား ရဟန္တာ ရို့၏ ဓာတ်တော်သျှစ်သောင်းကို ရွှေငွေပတ္တမြားစီသော ရတနာကြုတ်ကို မင်္ဂလာအုတ်တော် ၌ ထည့်လျှက် ရခိုင်ပြည်မြောက်ဦးနန်းတော်သို့ ဆောင်ယူလာလတ်ပြီးလျှင် နန်းတော်အတွင်း ဘုရား နန်းပြဿဒ် ဆောင် ဖြင့် ကိုးကွယ်ထားဟိသည်။ မကြာမှီ ဓာတ်တော်များကွန့်မြူး၍ နန်းမီး လောင် သကဲ့သို့ လူများစွာရို့သည် အဝီးကမြင်ကတ်ရ၍ ဟိုးဟိုးကျော်ကျော်ဖြစ်ကုန်သည်။ သို့နှင့် ဆရာ ကြီး သျှင်မြဝါ၏အစီအမံဖြင့် နန်းတော် မြောက်ဘက် ဖိုးခေါင်တောင်ကလပ်ဝယ် သျှစ်သောင်း သော ဓာတ်မွီတော်ရို့အားဌာပနာ၍ ကြီးစွာ သောပုထိုးတော်ကြီးတဆူတည်တော်မူ၍ ရန်အောင်ဇေယျ(ခေါ်) သျှစ်သောင်းပုထိုးတော်ကြီးဟုခေါ် တွင် သည်။
ဆရာကြီးသျှင်မြဝါသည် မြောက်ဦးမြို့သက်ကို အနှစ် (၁၀၀၀) ရှည်စီခြင်းငှာရည်ရွယ်လျှက် အတိတ် နိမိတ်ခန်းရို့အားတွက်ချက်၍ ဓာတ်လားဓာတ်လာသင့်စီပြီးသော် အင်းအိုင်မန္တရားစီမံလျှက် ပြီးစီးသောအခါ ကြသားပတီးနံတခု အလောလောလိုနီသဖြင့် ရှာဖွေကကြန့်ကြာ မည်ဖြစ် သောကြောင့် ငါပင်လျှင် (ကြသ ပတီးသားတည်း) ဟုဆိုကာ မိမိရင်အုံတော်အား ဓားနှင့်ခွဲကာ အူကိုထုတ်လျှက် မြို့ကွန် ချာ တိုင် တွင် ရစ် ပတ်စီပြီးသော် ငါ့အား (သီဆုံးသည့်နီရာ၌ပင် မြှပ်ကုန် လော့) ဟု မိန့်မှာလျှက် သီဆုံးလားသည်။
ဘုရင်မင်းဗာကြီးသည် ထိုစကားကိုနားမထောင်ဘဲ ငါ၏ဆရာကို ခွီး၊ ဝက်ကဲ့သို့ မမြှုပ်နိုင်၊ ပွဲသဘင် ကျင်းပပြီး ရထားပန်းယာဉ်ဆွဲလျှက် သင်းဂြိုဟ်လီသောကြောင့် ရခိုင်ပြည်သည် ယိမ်းယိုင်ပျက်စီး ခြင်းသို့ ရောက်ရသည်ဟု ဆိုစမှတ်ပြုလတ်သည်။
ဆရာကြီးသျှင်မြဝါသီဆုံးလားသောနီရာမှာ (မြို့ကွန်ချာတိုင်စိုက်ထူရာ မြင့်မြတ်သောမြီ၊ ယခုအခါ ရွှေဂူ တောင်ရွာထဲတွင်ဟိသည်။ ထိုနီရာတွင် သျှင်မြဝါစီမံထားသော အင်းတချပ်ထားဟိသည်။ ၎င်းအပြင် သျှင်မြ ဝါ၏ရုပ်ထုကိုလည်း ထုထစ်ထားဟိသည်။
ထိုနီရာ၏မြောက်ဘက်တောင်ထိပ်တွင် သျှင်မြဝါစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်သည်။ သိစီချင်ရေ စေတနာနဲ့ပြန်ပြီးကေတင်ပီးလိုက်ပါရေ အမျိုးရို့.....#{ဦးမြဝါ}#
ဦး ဦးစံထွန်းတောက် ထီးနန်းရောက်လို့
နိမိတ်တဘောင် ပေါ်ထွန်းပြောင်လိံ့
သာဂီနွယ်ဖွား ရခိုင်သားရို့
နိုးကြား (သတိ) အမြဲဟိ
မြ မြရောင်စိမ်းလန်း ခိုင်ပြည်ဝှမ်းမှာ
ရိုးတောင်ပတ်ဝိုင်း ပြည်တံတိုင်းကို
ဝင်ရောက်ကျူးကျော် ငါမလိုဟု
ကိုယ်စီ (အသိ) အမြဲဟိ
ဝါ ဝါဒအယူ စိတ်ချင်းတူဖို့
ရခိုင်ရွှီနန်း ဘုံကြငှန်းကို
ချစ်တေ မနော ဆန္ဒဇောနန့်
အူကိုရစ်ပတ် သက်ပီးဆပ်တေ
ငါ့ပိုင် (သတ္တိ) အားလုံးဟိ
(Credit-ရခိုင်သမိုင်း&ရခိုင်သားလက်ကျန်)
အဝီးရောက် ရခိုင်သားသျှေ
၇.၇.၂၀၁၅
နိ့ခင်းဖက် - ၁:၃၀

Monday, April 27, 2015

ရခိုင်ပြည်မှာ တိုက်ပွဲဆက်

မြန်မာနိုင်ငံအနောက်ဘက်ဒေသ ရခိုင်ပြည်နယ်မှာ အရင်ကထက်ပိုပြီး အင်အားကောင်းလာနေပြီလို့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
အရင်က အင်အားသုံးရာဝန်းကျင်သာရှိခဲ့ရာက မနှစ်ကစပြီး အင်အား နှစ်ထောင်ကျော်ဖြစ်လာခဲ့ကြောင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဆီက စစ်ရေးသင်တန်းတွေ ရရှိခဲ့ကြောင်းလည်း ပြောပါတယ်။
မြောက်ပိုင်းဒေသ တရုတ်နယ်စပ် ကိုးကန့်နယ်မှာ MNDAA ကိုးကန့်တပ်တွေနဲ့ အစိုးရ တပ်ကြား ဖေဖေါ်ဝါရီ လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း ရက္ခိုင့် တပ်မတော် AA ဟာ ကိုးကန့်တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အစိုးရငြိမ်းချမ်းဖေါ်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်ရပ်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ကြား အပစ်ရပ်ရေးသဘောတူညီချက် မူကြမ်းလက်မှတ်ရေးထိုးအပြီးမှာတော့ ရက္ခိုင့်တပ်မတော်ဟာ မြောက်ပိုင်းဒေသကနေ ရခိုင်ပြည်နယ်ကို ပြန်ပြီး ဦးလှည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းမှာဖေါ်ပြပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
"ကျနော်တို့ ရခိုင်တပ်မတော်က အဲ့ဘက်မှာလှုပ်ရှားနေတာကြာပြီ၊ ထိပ်တိုက်တွေ့ရင်တော့ တိုက်ပွဲဖြစ်သွားတာပေါ့နော်၊ မတ်လ ၂၉ ရက်နေ့မှာဖြစ်တယ်၊ အဲ့မှာတော့ ဗမာ့တပ်မတော်ဘက်က ဗိုလ်ကြီးတစ်ယောက်နဲ့ ရဲဘော်တစ်ယောက်ကျတယ်၊ နှစ်ယောက်ကို ကျနော်တို့ဖမ်းဆီးမိတယ်၊ နောက် ဧပြီလ ၁ဝ ရက်နေ့မှာ တစ်ခါဖြစ်တယ်၊ နောက်ဧပြီ ၁၇၊ ၁၈ ပေါ့နော်"
ဒါပေမဲ့ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းကတော့ ရက္ခိုင့်တပ်မတော်ဟာ ကိုးကန့်တပ်လို တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ သေးငယ်တဲ့အဖွဲ့လေးသာဖြစ်လို့ စိုးရိမ်စရာမရှိကြောင်း ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
ဒီအတွင်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA အခြေစိုက်ရာ ပန်ဆန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ AA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကို UWSA က ဖိတ်ကြားထားပါတယ်။ ဒီအပေါ် အစိုးရတပ်မတော်က AA၊ TNLA နဲ့ MNDAA တို့ကို အမြင်မကြည်လင်တာတွေရှိတာကြောင့် မဖိတ်ကြားဖို့ နှုတ်နဲ့ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ AA အနေနဲ့ အစည်းအဝေးကို တက်ရောက်မယ်လို့ အကြောင်းပြန်ထားကြောင်း၊ ရက္ခိုင့်တပ်မတော်အနေနဲ့ NCCT အဖွဲ့ဝင်ဖြစ်လိုပေမဲ့ အစိုးရကအသိအမှတ်မပြုတဲ့အတွက် စိတ်မကောင်းကြောင်း ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။
=======

Sunday, April 26, 2015

စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အဖွဲ့ ဖွဲ့စည်း

စံမောင်သန်း
စစ်တွေ၊ ဧပြီ ၂၄
DSC05148
မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားရမှ ဒုက္ခရောက်နေသော စစ်ဘေးဒုက္ခသည်များကို ကူညီရန် စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (ယာယီ) ကို စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ယင်းယာယီကော်မတီကို ဧပြီလ ၂၄ ရက်နေ့က အဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ရုံးတွင် ဧပြီလ ၂၃ ရက်နေ့ ညနေနှင့် ဧပြီလ ၂၄ ရက်နေ့ နံနက်က အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ပြီး အဆိုပါကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ကူညီရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်စေရန် ယင်းကော်မတီထဲတွင် ဘဏ္ဍာငွေကောက်ခံရေး၊ ဘဏ္ဍာငွေထိန်းသိမ်းရေး၊ အကူအညီပေးရေး၊ အစိုးရအာဏာပိုင်များနှင့်တွေ့ဆုံရေး ဆပ်ကော်မတီများကို ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းစစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရေးကော်မတီသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူများကို ကူညီဖို့ခွင့်ပြုချက်ရယူရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံသွားမည်ဟုလည်း သိရသည်။
ဒုက္ခသည်များအတွက် လတ်တလော အရေးတကြီးလိုအပ်နေသော အိမ်သာ၊ အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ကူညီပေးသွားမည်ဟု သိရသည်။
ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီသည် စစ်ဘေးဒုက္ခသည်များအပြင် ရခိုင့်တပ်မတော်နှင့် ဆက်စပ်မှုရှိသည်ဟု မသင်ကာ၍ ဖမ်းဆီးခံရသူများ၏ ကျန်ရစ်သူမိသားစုများကို ကူညီနိုင်ရန် စီစဉ်ပေးသွားမည်ဟု ယင်းအစည်းအဝေးဆုံးဖြတ်ချက်များအရ သိရသည်။
ယခုအခါ တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူ ၄၀၇ ဦးရှိနေပြီး ကျောက်တော်မြို့မှ အဖွဲ့တစ်ဖွဲ့သည် မနက်ဖြန် ဧပြီလ ၂၅ ရက်နေ့ နံနက် ၈ နာရီတွင် စပါးဆိပ်ကျေးရွာသို့ သွားရောက်ကူညီမည်ဖြစ်ကြောင်း သိရသည်။
စစ်ဘေးဒုက္ခသည်များကို ကူညီနိုင်ရန် မြောက်ဦးမြို့တွင်လည်း အဖွဲ့ဝင် ၃၀ ကျော်ပါ အရေးပေါ်ကယ်ဆယ်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး၊ ကော်မတီ ခေါင်းဆောင်များရွေးချယ်ရန် အစည်းအဝေးလုပ်နေကြကြောင်း မြောက်ဦးမြို့ သွေးလှူရှင်အသင်းဒုဥက္ကဌ ဦးမောင်သောင်းရွှေပြောပြချက်အရ သိရသည်။ www.eaglesamui.com