Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Sunday, April 26, 2015

စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အဖွဲ့ ဖွဲ့စည်း

စံမောင်သန်း
စစ်တွေ၊ ဧပြီ ၂၄
DSC05148
မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားရမှ ဒုက္ခရောက်နေသော စစ်ဘေးဒုက္ခသည်များကို ကူညီရန် စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (ယာယီ) ကို စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ယင်းယာယီကော်မတီကို ဧပြီလ ၂၄ ရက်နေ့က အဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ရုံးတွင် ဧပြီလ ၂၃ ရက်နေ့ ညနေနှင့် ဧပြီလ ၂၄ ရက်နေ့ နံနက်က အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ပြီး အဆိုပါကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ကူညီရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်စေရန် ယင်းကော်မတီထဲတွင် ဘဏ္ဍာငွေကောက်ခံရေး၊ ဘဏ္ဍာငွေထိန်းသိမ်းရေး၊ အကူအညီပေးရေး၊ အစိုးရအာဏာပိုင်များနှင့်တွေ့ဆုံရေး ဆပ်ကော်မတီများကို ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းစစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရေးကော်မတီသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူများကို ကူညီဖို့ခွင့်ပြုချက်ရယူရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံသွားမည်ဟုလည်း သိရသည်။
ဒုက္ခသည်များအတွက် လတ်တလော အရေးတကြီးလိုအပ်နေသော အိမ်သာ၊ အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ကူညီပေးသွားမည်ဟု သိရသည်။
ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီသည် စစ်ဘေးဒုက္ခသည်များအပြင် ရခိုင့်တပ်မတော်နှင့် ဆက်စပ်မှုရှိသည်ဟု မသင်ကာ၍ ဖမ်းဆီးခံရသူများ၏ ကျန်ရစ်သူမိသားစုများကို ကူညီနိုင်ရန် စီစဉ်ပေးသွားမည်ဟု ယင်းအစည်းအဝေးဆုံးဖြတ်ချက်များအရ သိရသည်။
ယခုအခါ တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူ ၄၀၇ ဦးရှိနေပြီး ကျောက်တော်မြို့မှ အဖွဲ့တစ်ဖွဲ့သည် မနက်ဖြန် ဧပြီလ ၂၅ ရက်နေ့ နံနက် ၈ နာရီတွင် စပါးဆိပ်ကျေးရွာသို့ သွားရောက်ကူညီမည်ဖြစ်ကြောင်း သိရသည်။
စစ်ဘေးဒုက္ခသည်များကို ကူညီနိုင်ရန် မြောက်ဦးမြို့တွင်လည်း အဖွဲ့ဝင် ၃၀ ကျော်ပါ အရေးပေါ်ကယ်ဆယ်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး၊ ကော်မတီ ခေါင်းဆောင်များရွေးချယ်ရန် အစည်းအဝေးလုပ်နေကြကြောင်း မြောက်ဦးမြို့ သွေးလှူရှင်အသင်းဒုဥက္ကဌ ဦးမောင်သောင်းရွှေပြောပြချက်အရ သိရသည်။ www.eaglesamui.com

No comments:

Post a Comment