အစိုးရတပ်မတော်မှ ကေအိုင်အေတပ်များရှိရာသို့ အင်အားတိုးချဲ့လာသည့်အတွက် တိုက်ပွဲပြင်းထန်ဆဲဖြစ်ကြောင်းလည်း ကေအိုင်အေ ဗိုလ်မှူးကြီးတစ်ဦးမှဆိုသည်။
ယခုကဲ့သို့တိုက်ပွဲမဖြစ်ပွားခင် ကေအိုင်အေတပ်စခန်းရှိရာ နေရာသို့ တပ်အင်အားမတိုးချဲ့ရန်နှင့် တိုးချဲ့လာပါက တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း ကေအိုင်အေ ဘက်မှ မြောက်ပိုင်းတိုင်းနှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်တို့အား အကြောင်းကြားထားပြီဖြစ်ကြောင်းလည်းဆိုသည်။
ရန်ကုန်ဆွေးနွေးပွဲပြီးအပြန်တွင် နှစ်ဖက် ပဋိပက္ခဖြေရှင်းရေးအဖွဲ့တို့မြစ်ကြီးနားတွင်တွေ့ဆုံပြီး ပြသာနာများထပ်မံမဖြစ်ပွားအောင် ပြောဆိုဆွေးနွေးခဲ့ကြသေးသည်။
ယခုဖြစ်ပွားနေသည့်တိုက်ပွဲသည် ကေအိုင်အေတပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) တနိုင်း ကောင်ရာဒေသနှင့် တပ်ရင်း (၆) ဖားကန့် ကံဆီးကျေးရွာအနီးတို့တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။
=============
Kachinwaves

No comments:
Post a Comment