ရှမ်းပြည်နယ်အရှေ့ မြောက်ပိုင်းရှိ လောက်ကိုင်နှင့် မော်ထိုက်မြို့ အနီးတွင် တိုက်ပွဲပေါင်း ၁၃ ကြိမ်ထိ ဖြစ်ပွားခဲ့ ပြီး အစိုးရဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်းပစ်ကူ ၅ ကြိမ် ဆောင်ရွက်ပေးခဲ့ပြီး ကိုးကန့်တပ်တွေက ဗုံးပစ်လောင်ချာတွေ၊ လက်ပစ်ဗုံးတွေ၊လေယာဉ်ပစ် စက်သေနတ်ကြီးတွေ အသုံးပြုခဲ့တယ်လို့ သတင်းမှာဖော်ပြချက်များအရ သိရသည်။
ထို့ ပြင် ရန်လုံကျိုင်းရဲစခန်းကို ကိုးကန့် တပ်များဝင်သိမ်းခဲ့စဉ်က ဒုရဲအုပ် ၁ ဦးအပါအဝင် ရဲ ၆ ဦးတို့  သေဆုံးခဲ့ ကြောင်း ဖော်ပြထားသည်။
ဖေဖေါ်ဝါရီ လ ၁၀ ရက်နေ့ က ထုတ်ပြန်သော ကိုးကန့်  လက်နက်ကိုင်တပ် MNDAA ၏ ထုတ်ပြန်ချက်အရ ကိုးကန့် တပ်သား ၃ ဦး ကျဆုံး၊ ၅ ဦးဒဏ်ရာရပြီး အစိုးရဘက်က ကျဆုံးဒဏ်ရာရသူ စုစုပေါင်း ၇၀ လောက်ရှိတယ်လို့. သိရသည်။
ယခုအခါ စစ်ဒဏ်သင့် လောင်ကိုင်ဒေသခံပြည်သူတို့ မှာ တရုတ်နိုင်ငံနှင့် လားရှိုးမြို့ များသို့  ထွက်ပြေးတိမ်းရှောင်နေရကြောင်းပြီး လောင်ကိုင်မြို့  တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ကို ထုတ်ပြန်ထားကြောင်း သိရသည်။
ရေးသားသူ - မင်းမြတ်ခိုင်
တင်ဆက်သူ-လေးမြို့ သတင်းမီဒီယာ
No comments:
Post a Comment