Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Sunday, April 19, 2015

မြန်မာတပ်မတော်နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်မတော်မှ သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင်  မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် အကြား ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်မတော်က သတင်းထုတ်ပြန်သည်။
ယင်းတိုက်ပွဲမှာ ဧပြီလ ၁၀ ရက် နေ့လည် ၂ နာရီ ၄၀ ခန့်တွင် ရက္ခိုင့်တပ်မတော် အမှတ် (၅) ဗျူဟာ လက်အောက်ခံ စစ်ကြောင်းနှင့် မြန်မာ့တပ်မတော် အမှတ် (၃၇၄) တပ်ရင်းတို့ ထိတွေ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန် ဖော်ပြသည်။
ယခု ဖြစ်ပွားသည့် တိုက်ပွဲနှင့်ပတ်သတ်ပြီး ရက္ခိုင့်တပ်မတော်သို့ ဆက်သွယ်မေးမြန်းရာ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ယခုကဲ့သို့ ပြောသည်။
“ မနေ့ကဖြစ်တဲ့ တိုက်ပွဲကတော့နည်းနည်း ပြင်းထန်တယ်။ လက်နက်ကြီးတွေနဲ့ နှစ်ဘက်အပြန်အလှန် ပြင်းပြင်း ထန်ထန်တော့ ပစ်ကြတယ်။ အချိန် တစ်နာရီကျော်လောက်ကြာတယ်။ တိုက်ပွဲမှာတော့ ကျနော့်တို့ ရက္ခိုင့်တပ်မတော်ဘက်က တစ်စုံတစ်ရာ ထိခိုက်မှုတော့မရှိပါဘူး။ မြန်မာ့တပ်မတော်ကတစ်ချို့ ထိခိုက်ဒဏ်ရာ ရသွားကြတယ် ထင်တယ်။ ဒဏ်ရာရသူ အချို့ကိုထမ်းပြီဆုတ် ခွာသွားကြတယ်လို့ အဲဒီတိုက်ပွဲကို ဦးဆောင်ပြီးတိုက်ခဲ့တဲ့ ကျနော်တို့ရဲ့ စစ်ကြောင်းမှူး ဆီက တစ်ဆင့် သိရှိရတယ်” ဟု ပြောသည်။
လွန်ခဲ့သည့် မတ်လ (၂၉) ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်စော်ကျေးရွာအနီး တွင် ရက္ခိုင့် တပ်မတော်နှင့် မြန်မာတပ်မတော် အမှတ်  တပ်ရင်း (၂၈၉ ) တို့ အကြား ပထမအကြိမ် တိုက်ပွဲဖြစ်ပွား ခဲ့သည်။
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပွားလာခြင်းနှင့် ပတ်သတ်ပြီး ဒုစစ်ဦးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က သူ့အမြင်ကို ယခုကဲ့သို့ ဆက်ပြောသည်။
“တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ နှစ်ဖက်စလုံးတပ်တွေရဲ့ စစ်ရေးရည်မှန်းချက်၊ နိုင်ငံရေးရည် မှန်း ချက် တွေအပေါ်မှာ အဓိက မူတည်ပြီးဖြစ်ကြတာပါ။ မြန်မာ့တပ်မတော်ဘက်ကတော့ သူတို့ပိုသိ မှာပေါ့။ ကျနော်တို့မှာလဲ စစ်ရေးရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်ဆိုတာ ရှိတယ်။ အကြမ်း အားဖြင့်တော့ ရက္ခိုင့်တပ်မတော်ဆိုတာ ရက္ခိုင်ပြည်ထဲမှာရှိရမယ် ၊ရခိုင် ပြည်သူလူထုရဲ့ အသက် အိုး အိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်၊ ရခိုင်ပြည်သူလူထု အနေနဲ့ ဘာဖြစ်ချင် သလဲ ဆိုတဲ့ဆန္ဒအပေါ်မှာ မူတည်ပြီးရခိုင်ပြည်တွင်းမှာ လှုပ်ရှားတယ်။ ရက္ခိုင့် တပ်မတော် ရခိုင်ပြည် နယ်စပ်ကို အခြေခံပြီး  လှုပ်ရှားနေတာအချိန်အတော်ကြာခဲ့ သလိုအထူးအဆန်း လည်းမဟုတ်ဘူး”  ဟု ဆိုသည်။
မြန်မာ့တပ်မတော်မှ ယခုအခါ တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း စစ်အင်အားတိုးချဲ့ လှုပ်ရှားလာ သည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ပြီး ရက္ခိုင့်တပ်မတော်အနေဖြင့် အစွန်းကုန် ခုခံ ကာကွယ်သွား မည်ဖြစ်ကြောင်းလည်း ဒေါက်တာ ညိုထွန်းအောင်က ဆိုသည်။
မတ်လ (၂၉) ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦးအပါအ၀င် ၂ ဦးကျဆုံးပြီး တခြားနှစ်ဦးကိုလည်း ရက္ခိုင့်တပ်မတော်က ဖမ်းမိထားပြီး လက်နက်တချို့ကို သိမ်း ဆည်းရခဲ့ကြောင်း ရက္ခိုင့်တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment