Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Wednesday, April 22, 2015

ဘရာဇီး ကွင်းလယ် ကစားသမားနှင့် အာရှသား တစ်ဦးခေါ်ယူရန် ရခိုင်အသင်း စီစဉ်




ရခိုင်ယူနိုက်တက် အသင်းသည် လာမည့် ဒုတိယအကျော့ အပြောင်းအရွေ့ ရာသီဈေးကွက် ဖွင့်ချိန် ၌နိုင်ငံခြား သားကစား သမားအ သစ်များအဖြစ် ဘရာဇီးကွင်းလယ် ကစားသမားနှင့် အာရှသား တစ်ဦး တို့ကို ခေါ်ယူရန် စီစဉ်ထားသည် ဟု ရခိုင်အသင်း မီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦးက မဇ္ဈိမသို့ ပြောသည်။ ရခိုင်ယူနိုက်တက်အသင်းတွင် ယခုနှစ်ရာသီ ပထမအကျော့ ၌နိုင်ငံခြားသားကစားသမားများ အဖြစ် တိုက်စစ်မှူးဂျော် ဒန်နှင့်နောက်ခံလူ ဘားနက် တို့ ပါဝင်ကစား လျက်ရှိသည်။

နိုင်ငံခြားသားကစားသမားသစ် ခေါ်ယူမှုနှင့် ပတ်သက်၍ “ ကျွန်တော်တို့ အသင်း အနေနဲ့ လာမယ့် ဒု-အကျော့မတိုင်ခင် မှာနိုင်ငံခြား သားကစား သမားသစ် ၂ ဦးခေါ်ဖို့ စီစဉ်ထား ပါတယ်။ အာရှသားတစ်ယောက်နဲ့ ကွင်းလယ် ကစားသမားတစ်ဦးခေါ်ဖြစ်မှာပါ။ ကွင်းလယ်ကတော့ ဘရာဇီးသားပါ။ အသင်းမှာအောင်မြင် မှုရဖို့အတွက် လက်ရှိ နိုင်ငံခြားသားကစားသမား နှစ်ယောက်ကနေ နောက်နှစ်ယောက်ကိုပါ ထပ်ခေါ်ဖြစ်တာပါ။ လာမယ့် ဒု-အကျော့မှာရော ဗိုလ်ချုပ်ဒိုင်း မှာ ပါ အကောင်းဆုံး ရလဒ်ဖြစ် ဖို့ပြင်ဆင်မှုတွေ လုပ်နေပါတယ် ” ဟု ကိုသက်ထူးနိုင်ဦး ကပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၉ ကစားပြီးချိန်၌ နှစ်ပွဲနိုင် တစ်ပွဲ သရေခြောက်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ခုနစ် မှတ် ရရှိကာ အမှတ်ပေး ဇယား အဆင့် ၈ နေရာတွင် ရပ်တည် လျက်ရှိသည်။ ရခိုင်အသင်းသည် ၂၀၁၅ ဗိုလ်ချုပ်ဒိုင်းပြိုင်ပွဲတွင် ဒဂုံအသင်းနှင့် ရှုံးထွက် ပထမ အဆင့် ယှဉ်ပြိုင်ကစား ရမည် ဖြစ်ပြီး လာမည့် ဧပြီလ ၂၇ ရက်၌ သုဝဏကွင်းတွင် ကစားရ မည်ဖြစ်သည်။

No comments:

Post a Comment