Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Sunday, April 19, 2015

"တိုက်ပွဲသတင်း"

၂၀၁၅ ခုနှစ်၊ ဧပြီလ (၁၈)ရက်၊ စနေနေ့ ၊ နံနက်(၁၀)နာရီနှင့်(၁၁)နာရီအချိန်ကြား၊(၁၂)နာရီနှင့် (၁)နာရီ(၃၀)မိနစ် အချိန်ကြားတွင်ရက္ခိုင့်တပ်မတော် လှုပ်ရှားစစ်ကြောင်းများနှင့် မြန်မာ့တပ်မတော် (တပ်ရင်းစိစစ်ဆဲ) တို့သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ စပါးဆိပ်ကျေးရွာ၊ အောင်လံချောင်းကျေးရွာများအနီးတွင် အနည်းဆုံးငါးကြိမ်ခန့် ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ညနေပိုင်းတိုက်ပွဲများကိုမသိရှိရသေးသော်လည်းလက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ယခုလတ်တလောရခိုင်ပြည်ထဲတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများထဲတွင် အပြင်းထန်ဆုံးနှင့် တိုက်ပွဲအချိန်အကြာမြင့်ဆုံး တိုက်ပွဲများဖြစ်ခဲ့သည်။ မိမိတို့ရက္ခိုင့်တပ်မတော်မှ အသေးစားဒဏ်ရာရရှိသူတစ်ဦးရှိခဲ့ပြီး မြန်မာ့တပ်မတော်ဖက်မှ အထိအခိုက်နှင့် အကျအရှုံးကိုမူမသိ ရှိရသေးချေ။
မြန်မာ့တပ်မတော်အနေဖြင့် ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ စစ်တွေ ဖက်မှတပ်ရင်းများအား ဆက်တိုက်စစ်ကူ ပို့လျှက်ရှိသောကြောင့် ထိတွေ့မှုများ၊ တိုက်ပွဲများမှာယခုထက်ပိုမိုပြင်းထန်လာနိုင် ကြောင်း ရက္ခိုင့်တပ်မတော်တပ်မှူးများထံမှတစ်ဆင့်သိရှိရသည်။
ထို့အပြင် မြန်မာ့တပ်မတော်စစ်ကြောင်းများသည် ရက္ခိုင်ပြည်သူတို့၏တောင်ယာတဲများကို မီးရှို့ဖျက်ဆီးခြင်း၊ မော်တော်ဘုတ်များအားအတင်းအဓမ္မခေါ်ယူချောဆွဲခြင်းများကို ပြုလုပ်နေကြောင်း ဒေသခံများမှတစ်ဆင့်သိရှိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ရက္ခိုင့်တပ်မတော်
၂၀၁၅ ခုနှစ်၊ ဧပြီလ (၁၈)ရက်၊ စနေနေ့ ။

No comments:

Post a Comment