Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Monday, April 27, 2015

ရခိုင်ပြည်မှာ တိုက်ပွဲဆက်

မြန်မာနိုင်ငံအနောက်ဘက်ဒေသ ရခိုင်ပြည်နယ်မှာ အရင်ကထက်ပိုပြီး အင်အားကောင်းလာနေပြီလို့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
အရင်က အင်အားသုံးရာဝန်းကျင်သာရှိခဲ့ရာက မနှစ်ကစပြီး အင်အား နှစ်ထောင်ကျော်ဖြစ်လာခဲ့ကြောင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဆီက စစ်ရေးသင်တန်းတွေ ရရှိခဲ့ကြောင်းလည်း ပြောပါတယ်။
မြောက်ပိုင်းဒေသ တရုတ်နယ်စပ် ကိုးကန့်နယ်မှာ MNDAA ကိုးကန့်တပ်တွေနဲ့ အစိုးရ တပ်ကြား ဖေဖေါ်ဝါရီ လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း ရက္ခိုင့် တပ်မတော် AA ဟာ ကိုးကန့်တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အစိုးရငြိမ်းချမ်းဖေါ်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်ရပ်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ကြား အပစ်ရပ်ရေးသဘောတူညီချက် မူကြမ်းလက်မှတ်ရေးထိုးအပြီးမှာတော့ ရက္ခိုင့်တပ်မတော်ဟာ မြောက်ပိုင်းဒေသကနေ ရခိုင်ပြည်နယ်ကို ပြန်ပြီး ဦးလှည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းမှာဖေါ်ပြပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
"ကျနော်တို့ ရခိုင်တပ်မတော်က အဲ့ဘက်မှာလှုပ်ရှားနေတာကြာပြီ၊ ထိပ်တိုက်တွေ့ရင်တော့ တိုက်ပွဲဖြစ်သွားတာပေါ့နော်၊ မတ်လ ၂၉ ရက်နေ့မှာဖြစ်တယ်၊ အဲ့မှာတော့ ဗမာ့တပ်မတော်ဘက်က ဗိုလ်ကြီးတစ်ယောက်နဲ့ ရဲဘော်တစ်ယောက်ကျတယ်၊ နှစ်ယောက်ကို ကျနော်တို့ဖမ်းဆီးမိတယ်၊ နောက် ဧပြီလ ၁ဝ ရက်နေ့မှာ တစ်ခါဖြစ်တယ်၊ နောက်ဧပြီ ၁၇၊ ၁၈ ပေါ့နော်"
ဒါပေမဲ့ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းကတော့ ရက္ခိုင့်တပ်မတော်ဟာ ကိုးကန့်တပ်လို တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ သေးငယ်တဲ့အဖွဲ့လေးသာဖြစ်လို့ စိုးရိမ်စရာမရှိကြောင်း ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
ဒီအတွင်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA အခြေစိုက်ရာ ပန်ဆန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ AA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကို UWSA က ဖိတ်ကြားထားပါတယ်။ ဒီအပေါ် အစိုးရတပ်မတော်က AA၊ TNLA နဲ့ MNDAA တို့ကို အမြင်မကြည်လင်တာတွေရှိတာကြောင့် မဖိတ်ကြားဖို့ နှုတ်နဲ့ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ AA အနေနဲ့ အစည်းအဝေးကို တက်ရောက်မယ်လို့ အကြောင်းပြန်ထားကြောင်း၊ ရက္ခိုင့်တပ်မတော်အနေနဲ့ NCCT အဖွဲ့ဝင်ဖြစ်လိုပေမဲ့ အစိုးရကအသိအမှတ်မပြုတဲ့အတွက် စိတ်မကောင်းကြောင်း ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။
=======

Sunday, April 26, 2015

စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အဖွဲ့ ဖွဲ့စည်း

စံမောင်သန်း
စစ်တွေ၊ ဧပြီ ၂၄
DSC05148
မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားရမှ ဒုက္ခရောက်နေသော စစ်ဘေးဒုက္ခသည်များကို ကူညီရန် စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (ယာယီ) ကို စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ယင်းယာယီကော်မတီကို ဧပြီလ ၂၄ ရက်နေ့က အဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ရုံးတွင် ဧပြီလ ၂၃ ရက်နေ့ ညနေနှင့် ဧပြီလ ၂၄ ရက်နေ့ နံနက်က အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ပြီး အဆိုပါကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ကူညီရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်စေရန် ယင်းကော်မတီထဲတွင် ဘဏ္ဍာငွေကောက်ခံရေး၊ ဘဏ္ဍာငွေထိန်းသိမ်းရေး၊ အကူအညီပေးရေး၊ အစိုးရအာဏာပိုင်များနှင့်တွေ့ဆုံရေး ဆပ်ကော်မတီများကို ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းစစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရေးကော်မတီသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူများကို ကူညီဖို့ခွင့်ပြုချက်ရယူရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံသွားမည်ဟုလည်း သိရသည်။
ဒုက္ခသည်များအတွက် လတ်တလော အရေးတကြီးလိုအပ်နေသော အိမ်သာ၊ အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ကူညီပေးသွားမည်ဟု သိရသည်။
ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီသည် စစ်ဘေးဒုက္ခသည်များအပြင် ရခိုင့်တပ်မတော်နှင့် ဆက်စပ်မှုရှိသည်ဟု မသင်ကာ၍ ဖမ်းဆီးခံရသူများ၏ ကျန်ရစ်သူမိသားစုများကို ကူညီနိုင်ရန် စီစဉ်ပေးသွားမည်ဟု ယင်းအစည်းအဝေးဆုံးဖြတ်ချက်များအရ သိရသည်။
ယခုအခါ တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူ ၄၀၇ ဦးရှိနေပြီး ကျောက်တော်မြို့မှ အဖွဲ့တစ်ဖွဲ့သည် မနက်ဖြန် ဧပြီလ ၂၅ ရက်နေ့ နံနက် ၈ နာရီတွင် စပါးဆိပ်ကျေးရွာသို့ သွားရောက်ကူညီမည်ဖြစ်ကြောင်း သိရသည်။
စစ်ဘေးဒုက္ခသည်များကို ကူညီနိုင်ရန် မြောက်ဦးမြို့တွင်လည်း အဖွဲ့ဝင် ၃၀ ကျော်ပါ အရေးပေါ်ကယ်ဆယ်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး၊ ကော်မတီ ခေါင်းဆောင်များရွေးချယ်ရန် အစည်းအဝေးလုပ်နေကြကြောင်း မြောက်ဦးမြို့ သွေးလှူရှင်အသင်းဒုဥက္ကဌ ဦးမောင်သောင်းရွှေပြောပြချက်အရ သိရသည်။ www.eaglesamui.com

Wednesday, April 22, 2015

ဘရာဇီး ကွင်းလယ် ကစားသမားနှင့် အာရှသား တစ်ဦးခေါ်ယူရန် ရခိုင်အသင်း စီစဉ်




ရခိုင်ယူနိုက်တက် အသင်းသည် လာမည့် ဒုတိယအကျော့ အပြောင်းအရွေ့ ရာသီဈေးကွက် ဖွင့်ချိန် ၌နိုင်ငံခြား သားကစား သမားအ သစ်များအဖြစ် ဘရာဇီးကွင်းလယ် ကစားသမားနှင့် အာရှသား တစ်ဦး တို့ကို ခေါ်ယူရန် စီစဉ်ထားသည် ဟု ရခိုင်အသင်း မီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦးက မဇ္ဈိမသို့ ပြောသည်။ ရခိုင်ယူနိုက်တက်အသင်းတွင် ယခုနှစ်ရာသီ ပထမအကျော့ ၌နိုင်ငံခြားသားကစားသမားများ အဖြစ် တိုက်စစ်မှူးဂျော် ဒန်နှင့်နောက်ခံလူ ဘားနက် တို့ ပါဝင်ကစား လျက်ရှိသည်။

နိုင်ငံခြားသားကစားသမားသစ် ခေါ်ယူမှုနှင့် ပတ်သက်၍ “ ကျွန်တော်တို့ အသင်း အနေနဲ့ လာမယ့် ဒု-အကျော့မတိုင်ခင် မှာနိုင်ငံခြား သားကစား သမားသစ် ၂ ဦးခေါ်ဖို့ စီစဉ်ထား ပါတယ်။ အာရှသားတစ်ယောက်နဲ့ ကွင်းလယ် ကစားသမားတစ်ဦးခေါ်ဖြစ်မှာပါ။ ကွင်းလယ်ကတော့ ဘရာဇီးသားပါ။ အသင်းမှာအောင်မြင် မှုရဖို့အတွက် လက်ရှိ နိုင်ငံခြားသားကစားသမား နှစ်ယောက်ကနေ နောက်နှစ်ယောက်ကိုပါ ထပ်ခေါ်ဖြစ်တာပါ။ လာမယ့် ဒု-အကျော့မှာရော ဗိုလ်ချုပ်ဒိုင်း မှာ ပါ အကောင်းဆုံး ရလဒ်ဖြစ် ဖို့ပြင်ဆင်မှုတွေ လုပ်နေပါတယ် ” ဟု ကိုသက်ထူးနိုင်ဦး ကပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၉ ကစားပြီးချိန်၌ နှစ်ပွဲနိုင် တစ်ပွဲ သရေခြောက်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ခုနစ် မှတ် ရရှိကာ အမှတ်ပေး ဇယား အဆင့် ၈ နေရာတွင် ရပ်တည် လျက်ရှိသည်။ ရခိုင်အသင်းသည် ၂၀၁၅ ဗိုလ်ချုပ်ဒိုင်းပြိုင်ပွဲတွင် ဒဂုံအသင်းနှင့် ရှုံးထွက် ပထမ အဆင့် ယှဉ်ပြိုင်ကစား ရမည် ဖြစ်ပြီး လာမည့် ဧပြီလ ၂၇ ရက်၌ သုဝဏကွင်းတွင် ကစားရ မည်ဖြစ်သည်။

အစိုးရစစ်​တပ်​နှင့်​ ကိုးကန့် စစ်​ပွဲအတွင်း အစိုးရစစ်​တပ်​ဘက်​မှ ကျဆုံးသူ ၅၀နီးပါးရှိ

ပီးခဲ့​သော ​ဖေ​ဖေါ်ဝါရီ ၉ ရက်​တွင်​ စတင်​ဖြစ်​ပွားခဲ့​သော အစိုးရစစ်​တပ်​နှင့်​ ဖုန်​ကြားရှင်​ဦး​ဆောင်​​သော ကိုးကန့် တပ်​မ​တော်​မဟာမိတ်​တပ်​ဖွဲ့ များအကြား အစိုးရစစ်​တပ်​ဘက်​မှ အရာရှိ ၅ ဦး အပါအ၀င် တပ်မတော်သား ၄၇ ဦးကျဆုံးပြီး ၆၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ချက်​အရ သိရသည်​။

ရှမ်းပြည်​နယ်​​အ​ရှေ့ ​မြောက်​ပိုင်းရှိ ​လောက်​ကိုင်​နှင့်​ ​မော်​ထိုက်​မြို့ အနီးတွင်​ တိုက်​ပွဲ​ပေါင်း ၁၃ ကြိမ်​ထိ ဖြစ်​ပွားခဲ့ ပြီး အစိုးရဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်းပစ်ကူ ၅ ကြိမ် ဆောင်ရွက်ပေးခဲ့ပြီး  ကိုးကန့်တပ်တွေက ဗုံးပစ်လောင်ချာတွေ၊ လက်ပစ်ဗုံးတွေ၊လေယာဉ်ပစ် စက်သေနတ်ကြီးတွေ အသုံးပြုခဲ့တယ်လို့ သတင်းမှာဖော်ပြချက်​များအရ သိရသည်​။

ထို့ ပြင်​ ရန်​လုံကျိုင်းရဲစခန်းကို ကိုးကန့်တပ်​များဝင်​သိမ်းခဲ့စဉ်​က ဒုရဲအုပ်​ ၁ ဦးအပါအဝင်​ ရဲ ၆ ဦးတို့  ​သေဆုံးခဲ့ ​ကြောင်း ​ဖော်​ပြထားသည်​။

ဖေ​ဖေါ်ဝါရီ လ ၁၀ ရက်​​နေ့ က ထုတ်​ပြန်​​သော ကိုးကန့် လက်​နက်​ကိုင်​တပ် MNDAA ၏ ထုတ်​ပြန်​ချက်​အရ ကိုးကန့် တပ်သား ၃ ဦး ကျဆုံး၊ ၅ ဦးဒဏ်ရာရပြီး အစိုးရဘက်က ကျဆုံးဒဏ်ရာရသူ စုစုပေါင်း ၇၀ လောက်ရှိတယ်လို့. သိရသည်​။

ယခုအခါ စစ်​ဒဏ်​သင့် ​လောင်​ကိုင်​​ဒေသခံပြည်​သူတို့ မှာ တရုတ်​နိုင်​ငံနှင့်​ လားရှိုးမြို့ များသို့  ထွက်​​ပြေးတိမ်း​ရှောင်​​နေရ​ကြောင်းပြီး ​လောင်​ကိုင်​မြို့  တွင်​ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ မှ ပုဒ်​မ ၁၄၄ ညမထွက်​ရအမိန့်ကို ထုတ်​ပြန်​ထား​ကြောင်း သိရသည်​။

ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ


ရခိုင်စစ်ပြေးရှောင်သူများအား အကူအညီသွားပေးမယ့်သူများ တားမြစ်ခံရ



ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ စစ်ဘေးရှောင်သူများအား အကူအညီ သွားပေမည့် အဖွဲ့များကို သက်ဆိုင်ရာက တားမြစ်ခဲ့သည်ဟု သတင်း ရရှိသည်။

“ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဒီကနေ့ ဖုန်းဆက်ပြီး တားမြစ်ပါတယ်။ မသွားနဲ့ပေါ့။ စစ်ဖြစ်နေတဲ့ နေရာ ဖြစ်တဲ့ အတွက် အကူအညီသွားပေးလို့ မရဘူးလို့ ပြောပါတယ်” ဟု ကျောက်တော်မြို့နယ် အမျိုးသမီး ကွန်ယက်ဥက္ကဋ္ဌ ဒေါ်လှမေက ပြောသည်။

ယခုကဲ့သို့ တားမြစ်သော်လည်း ဗျူဟာမှူးရှိနေသော စပါးဆိပ်ထိ သွားရောက်ပြီး ကူညီလှူဒါန်းမည်ဟု ဒေါ်လှမေက ဆက်လက် ပြောဆိုသည်။

“ ကျွန်မတို့က ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူတွေပါ။ ဘယ်အဖွဲ့အစည်းနဲ့ ပတ်သက်သူတွေ မဟုတ်ပါဘူး။ ခုလို တားမြစ်ပေမယ့် ကျွန်မတို့ သွားရောက် ကူညီ လှူဒါန်းမှာ ဖြစ်ပါတယ်။ လူတွေ သွားလာလို့ ရတဲ့ စပါးဆိပ်ရွာထိ သွားရောက် ကူညီ လှူဒါန်းမှာ ဖြစ်ပါတယ်။ အဲဒီရွာမှာ လုံခြုံရေး ရှိပြီး ဗျူဟာမှူး ကိုယ်တိုင်ရှိနေတဲ့ အတွက် ကျွန်မတို့ သွားရောက်မှာ ဖြစ်ပါတယ်။ ဒီကနေ့နံနက်မှာဘဲ သွားကြမှာ ဖြစ်ပါတယ်။ စစ်မြေပြင်ကိုတော့ သွားမှာ မဟုတ်ပါဘူး” ဟု သူမကဆိုသည်။

သွားရောက်လှူဒါန်းမည့် ခရီးစဉ်အား မြို့နယ် အုပ်ချုပ်ရေးမှူးမှ ယမန့်က သွား၍ ရကြောင်း ပြောကြာထားပြီး ယနေ့တွင် မြို့နယ်မှူးက တားမြစ်ခဲ့သည်ဟု သူမကဆိုသည်။ မြို့နယ်မှူးသို့ ဆက်သွယ်ရာ ဖုန်းပိတ် ထားသည်ဟု အကြောင်းပြန်သဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

အဆိုပါ စပါးဆိပ်ကျေးရွာတွင် စစ်ပြေးရှောင်သူ ၄၁၇ ဦး ရှိပြီး သူတို့မှာ ပင်လုံနဲ့ အောင်လံချောင်းနဲ့ နောက်ရွာ တစ်ခု မှ ဖြစ်ကြောင်း သူမက ပြောဆိုသည်။

“ ကျွန်မတို့ကို စပါးဆိပ်ကျေးရွာက အမျိုးသမီးတွေက အကူအညီတောင်းပါတယ်။ သူတို့မှာ ထမင်းနဲ့ ရေဘဲ ရှိပါတယ်။ ဘာမှ စားစရာမရှိတဲ့ အတွက် အကူအညီပေးပါလို့ ဆက်သွယ် အကူအညီတောင်းတဲ့ အတွက် ကျွန်မတို့က သွားရောက် ကူညီမှာ ဖြစ်ပါတယ်။ ကူညီမယ့် ပစ္စည်းတွေက ဆန်၊ အာလူး၊ ငါးခြောက်၊ ပဲ၊ ဆီ စတဲ့ ရိက္ခာ တွေ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

၎င်းပြင် ပီချောင်း တစ်လျှောက်ရှိ ကျေးရွာများတွင်လည်း ရွာအပြင်သို့ ထွက်ခွင့်ကို တပ်က ပိတ်ပင်ထားသဖြင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသည်ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

“ ကျွန်တော်တို့ ပီချောင်းတ၀ှိုက်မှာ ရွာပြင်ပကို မသွားဖို့ တပ်က တားမြစ်ထားပါတယ်။ ဒါကြောင့် တစ်နေ့ရှာမှ တစ်နေ့စားရသူတွေအနေနဲ့ အထူး အခက်အခဲ ဖြစ်နေပါတယ်။ နွားကျောင်းသားတွေက အစ နွားကျောင်းလို့ မရ ဖြစ်နေပါတယ်။ ဒါကြောင့် အကူအညီတွေ လိုအပ်နေပါတယ်” ဟု ၀ဲကြီးချောင်း ရွာသစ်မှ ဒေသခံ တစ်ဦးက ပြောသည်။

ယခု လက်ရှိ စားဝတ်နေရေးနှင့် အခက်အခဲ ကြုံနေကြရသော ကျေးရွာများမှာ ဝေလာကန်၊ ငါးဆောင်ဘက်၊ သံထောင်၊ ခြင်ကန်၊ သံပုရာကန်၊ ဓနိတောင်၊ ၀ပြင်နှင့် ၀ဲကြီးထောင့် ရွာသစ် စသည်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

ယခုအခါ ခရီးသည်တင် စက်လှေများမှ အပ ကုန်တင်စက်လှေများ၊ ဈေးရောင်းချသည့် စက်လှေများ၏ သွားလာခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု သတင်း ရရှိသည်။

Tuesday, April 21, 2015

ညီလာခံကျင်းပရန် (၁၀)ရက်အလို ကေအိုင်အေ နှင့် အစိုးရ တိုက်ပွဲပြင်းထန်

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဒေသ ပန်ဆိုင်းတွင် တိုင်း ရင်းသားလက်နက်ကိုင်များ၏ ထိပ်သီးညီလာခံအား ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့သည့် အချိန်တွင် ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် တနိုင်းဒေသများတွင် အစိုးရနှင့် ကေအိုင်အေတို့ကြား တိုက်ပွဲပြင်းထန်လျှက်ရှိသည်။
အစိုးရတပ်မတော်မှ ကေအိုင်အေတပ်များရှိရာသို့ အင်အားတိုးချဲ့လာသည့်အတွက် တိုက်ပွဲပြင်းထန်ဆဲဖြစ်ကြောင်းလည်း ကေအိုင်အေ ဗိုလ်မှူးကြီးတစ်ဦးမှဆိုသည်။
ယခုကဲ့သို့တိုက်ပွဲမဖြစ်ပွားခင် ကေအိုင်အေတပ်စခန်းရှိရာ နေရာသို့ တပ်အင်အားမတိုးချဲ့ရန်နှင့် တိုးချဲ့လာပါက တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း ကေအိုင်အေ ဘက်မှ မြောက်ပိုင်းတိုင်းနှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်တို့အား အကြောင်းကြားထားပြီဖြစ်ကြောင်းလည်းဆိုသည်။
ရန်ကုန်ဆွေးနွေးပွဲပြီးအပြန်တွင် နှစ်ဖက် ပဋိပက္ခဖြေရှင်းရေးအဖွဲ့တို့မြစ်ကြီးနားတွင်တွေ့ဆုံပြီး ပြသာနာများထပ်မံမဖြစ်ပွားအောင် ပြောဆိုဆွေးနွေးခဲ့ကြသေးသည်။
ယခုဖြစ်ပွားနေသည့်တိုက်ပွဲသည် ကေအိုင်အေတပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) တနိုင်း ကောင်ရာဒေသနှင့် တပ်ရင်း (၆) ဖားကန့် ကံဆီးကျေးရွာအနီးတို့တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။
=============
Kachinwaves

ယာရှင်ကို မျောက်နှင်လို့ ကချင်ပြည်၌တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကံဆီးဟောရွာအနီးမှာ အစိုးရရဲ့ တိရိစ္ဆာန်ကွပ်ကဲရေးမှု ဌာနချုပ် ( တရစ ၇ ) လက်အောက်ခံတပ်တွေနဲ့ ( K.I.A ) အမိမြေ ကာကွယ်ရေး မျီုးချစ်တပ်တို့ မနေ့ညနေကစပြီး ဒီနေ့ အထိ တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်...။

နှစ်ဘက်တပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရွာသားတွေကို အပြင်မထွက်ဖို့နဲ့ ဘေးကင်းလုံခြုံ တဲ့ နေရာမှာ နေထိုင်ကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နှိုးဆော်ထားကြောင်း သိရပါတယ်။

Sunday, April 19, 2015

မောင်တောသင်္ကြန်တွင် ရခိုင်လူငယ်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့အကြား ပြသနာဖြစ်ရာမှ လူအများအပြား ထိုးနှက် အရိုက်ခံရ

နယ်ခြားစောင့်တပ်ဖွဲ့မှ ထုခွဲဖျက်ဆီးခံခဲ့ရသောကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် သင်္ကြန်အကျ ဧပြီလ ၁၄ ရက်နေ့က ရခိုင်တိုင်းရင်းသား လူငယ်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အချို့အကြား ပြသနာ ဖြစ်ပွားရာမှ စတင်ပြီး ကားများရိုက်ခွဲ ဖျက်ဆီးခံခဲ့ရသလို ဒေသခံအများအပြားလည်း ရိုက်နှက် ထိုးကြိတ်ခံခဲ့ရသည်ဟု မောင်တော ဒေသခံများက သတင်းပေးပို့သည်။
“ ကျွန်တော်တို့ ဘူးသီးတောင်ကနေ ရေကစားပြီး မောင်တောမြို့ကို အပြန် ကားပေါ်မှာ ပါလာတဲ့ အမျိုးသမီးတွေကို နယ်ခြားစောင့်တပ်က ရေပက်ရာကနေ စကားများကြပြီး ကျွန်တော်တို့ကို လက်သီးတွေနဲ့ ထိုးပါတယ်။ ကျွန်တော်တို့ အဲသလို အနိုင်ကျင့်ခံရပြီး မြို့ထဲကို ပြန်လာကြပါတယ်။ အဲဒါကို မကျေနပ်နိုင်သေး တဲ့  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၀ ခန့်က နောက်ထပ်ကားသုံးစီးနဲ့  မြို့ထဲကို လိုက်လာပြီး ကားတွေကို ရိုက်နှက်ဖျက်ဆီးတာတို့ လူတွေကို ထိုးကြိတ်တာတို့ ပြုလုပ်ပါတယ်” ဟု နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ၀ိုင်းဝန်းထိုးကြိတ်ခံရသူ ဒေသခံ ရခိုင် လူငယ် တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ၀ိုင်းဝန်းရိုက်နှက်ခံရသဖြင့် ကားအမှတ် ၇ (က) ၂၆၆၁ ကားမှာ မှန်များ ဖျက်ဆီးခံခဲ့ကြရသလို နေလင်းထွန်းဆိုသူ လူငယ် တစ်ဦးမှာလည်း ဖမ်းဆီးခံခဲ့ရပြီး အခြား လူငယ်နှစ်ဦးမှာလည်း ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောဆိုသည်။
ယခုကဲ့သို့ ပြသနာ ဖြစ်ပွားပြီးနောက် မောင်တောမြို့တွင် လူစု လူဝေး ဖြစ်ပေါ်ခဲ့ကြောင်း အမည် မဖေါ်လိုသူ ဒေသခံ တစ်ဦးက ပြောဆိုသည်။
“ ခုထက်ထိ မြို့ထဲမှာ လူစု လူဝေးက ရှိနေတုန်းပါဘဲ။ ၂၀၀ ၀န်းကျင်လောက်တော့ ရှိမယ်ထင်ပါတယ်။ လူတွေကို ရိုက်နှက်သွားတာထက် လူမျိုးရေးအရ စော်ကားဆဲဆိုသွားတဲ့ အပေါ်မှာ အများကြီး မကျေမနပ် ခံပြင်း နေကြပါတယ်။ ရခိုင်တွေ ဘာဖြစ်တယ်- ညာဖြစ်တယ်ဆိုပီး လူမျိုးရေး အရ စော်ကားသွားပါတယ်။ အခု ရဟန်းတော် တချို့လည်း ရောက်ရှိနေပါတယ်” ဟု  သူက ဆက်လက် ပြောဆိုသည်။
အဆိုပါ ဖြစ်ပွားခဲ့သော ကိစ္စနှင့် ပတ်သက်ပြီး အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ရေးအတွက် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ ဂျီဝမ်းတို့အား ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။
မောင်တောမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ မြို့နယ်ရဲစခန်းမှူးက ယခုလို ပြောဆိုသည်။
“ ကျွန်တော် ဒီကိစ္စ ဘာမှ မသိဘူး။ခင်ဗျားတို့သိရင် သိတဲ့ နေရာကိုသာ ဆက်သွယ်မေးမြန်းပါ” ဟု တုန့်ပြန် ပြောဆိုသည်။
In-maungdaw
ရခိုင်ပြည်နယ် မောင်တောမြို့သည် မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး ဘင်္ဂလီလူမျိုးများမှာ လူများစု ဖြစ်ကာ ရခိုင်တိုင်းရင်းသားများမှာ ယင်းမြို့တွင် လူနည်းစု လူမျိုးများ အနေဖြင့် ရပ်တည်နေထိုင်နေကြရသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် နယ်ခြားစောင့်တပ်ဖွဲ့မှ မြို့ထဲသို့ ၀င်ရောက်လာပြီး အုပ်စုလိုက် ဒေသခံ ရခိုင်တိုင်းရင်းသားများအား ရန်ရှာ တိုက်ခိုက်မူများ ပြူလုပ်ခဲ့သဖြင့် မြို့ခံ ပြည်သူများ အကြား အထူးစိုးရိမ်မှုများ တိုးပွားနေသည်ဟု သိရသည်။
(နောက်ဆုံး ရရှိသော သတင်းအရ ပြသနာ ဖြစ်ပွားရာ မောင်တောမြို့ထဲသို့ တပ်မတော်မှ ဒေသ အခြေစိုက် ဗျူဟာမှူးကိုယ်တိုင် တပ်အင်အား ၂၀ ခန့် နှင့်  ရောက်ရှိလာပြီ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းခဲ့ရသည်ဟု သိရှိရပါသည်။)

မြန်မာတပ်မတော်နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်မတော်မှ သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင်  မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် အကြား ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်မတော်က သတင်းထုတ်ပြန်သည်။
ယင်းတိုက်ပွဲမှာ ဧပြီလ ၁၀ ရက် နေ့လည် ၂ နာရီ ၄၀ ခန့်တွင် ရက္ခိုင့်တပ်မတော် အမှတ် (၅) ဗျူဟာ လက်အောက်ခံ စစ်ကြောင်းနှင့် မြန်မာ့တပ်မတော် အမှတ် (၃၇၄) တပ်ရင်းတို့ ထိတွေ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန် ဖော်ပြသည်။
ယခု ဖြစ်ပွားသည့် တိုက်ပွဲနှင့်ပတ်သတ်ပြီး ရက္ခိုင့်တပ်မတော်သို့ ဆက်သွယ်မေးမြန်းရာ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ယခုကဲ့သို့ ပြောသည်။
“ မနေ့ကဖြစ်တဲ့ တိုက်ပွဲကတော့နည်းနည်း ပြင်းထန်တယ်။ လက်နက်ကြီးတွေနဲ့ နှစ်ဘက်အပြန်အလှန် ပြင်းပြင်း ထန်ထန်တော့ ပစ်ကြတယ်။ အချိန် တစ်နာရီကျော်လောက်ကြာတယ်။ တိုက်ပွဲမှာတော့ ကျနော့်တို့ ရက္ခိုင့်တပ်မတော်ဘက်က တစ်စုံတစ်ရာ ထိခိုက်မှုတော့မရှိပါဘူး။ မြန်မာ့တပ်မတော်ကတစ်ချို့ ထိခိုက်ဒဏ်ရာ ရသွားကြတယ် ထင်တယ်။ ဒဏ်ရာရသူ အချို့ကိုထမ်းပြီဆုတ် ခွာသွားကြတယ်လို့ အဲဒီတိုက်ပွဲကို ဦးဆောင်ပြီးတိုက်ခဲ့တဲ့ ကျနော်တို့ရဲ့ စစ်ကြောင်းမှူး ဆီက တစ်ဆင့် သိရှိရတယ်” ဟု ပြောသည်။
လွန်ခဲ့သည့် မတ်လ (၂၉) ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်စော်ကျေးရွာအနီး တွင် ရက္ခိုင့် တပ်မတော်နှင့် မြန်မာတပ်မတော် အမှတ်  တပ်ရင်း (၂၈၉ ) တို့ အကြား ပထမအကြိမ် တိုက်ပွဲဖြစ်ပွား ခဲ့သည်။
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပွားလာခြင်းနှင့် ပတ်သတ်ပြီး ဒုစစ်ဦးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က သူ့အမြင်ကို ယခုကဲ့သို့ ဆက်ပြောသည်။
“တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ နှစ်ဖက်စလုံးတပ်တွေရဲ့ စစ်ရေးရည်မှန်းချက်၊ နိုင်ငံရေးရည် မှန်း ချက် တွေအပေါ်မှာ အဓိက မူတည်ပြီးဖြစ်ကြတာပါ။ မြန်မာ့တပ်မတော်ဘက်ကတော့ သူတို့ပိုသိ မှာပေါ့။ ကျနော်တို့မှာလဲ စစ်ရေးရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်ဆိုတာ ရှိတယ်။ အကြမ်း အားဖြင့်တော့ ရက္ခိုင့်တပ်မတော်ဆိုတာ ရက္ခိုင်ပြည်ထဲမှာရှိရမယ် ၊ရခိုင် ပြည်သူလူထုရဲ့ အသက် အိုး အိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်၊ ရခိုင်ပြည်သူလူထု အနေနဲ့ ဘာဖြစ်ချင် သလဲ ဆိုတဲ့ဆန္ဒအပေါ်မှာ မူတည်ပြီးရခိုင်ပြည်တွင်းမှာ လှုပ်ရှားတယ်။ ရက္ခိုင့် တပ်မတော် ရခိုင်ပြည် နယ်စပ်ကို အခြေခံပြီး  လှုပ်ရှားနေတာအချိန်အတော်ကြာခဲ့ သလိုအထူးအဆန်း လည်းမဟုတ်ဘူး”  ဟု ဆိုသည်။
မြန်မာ့တပ်မတော်မှ ယခုအခါ တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း စစ်အင်အားတိုးချဲ့ လှုပ်ရှားလာ သည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ပြီး ရက္ခိုင့်တပ်မတော်အနေဖြင့် အစွန်းကုန် ခုခံ ကာကွယ်သွား မည်ဖြစ်ကြောင်းလည်း ဒေါက်တာ ညိုထွန်းအောင်က ဆိုသည်။
မတ်လ (၂၉) ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦးအပါအ၀င် ၂ ဦးကျဆုံးပြီး တခြားနှစ်ဦးကိုလည်း ရက္ခိုင့်တပ်မတော်က ဖမ်းမိထားပြီး လက်နက်တချို့ကို သိမ်း ဆည်းရခဲ့ကြောင်း ရက္ခိုင့်တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

(၆) နှစ်မြောက် တပ် မ တော်နိ အခမ်းအနား။ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်။

တိုက်ပွဲသတင်း"

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ကျောက်တော်မြို့ မှ (၁၃) မိုင်အကွာ၌ ရက္ခိုင့်တပ်မတော် လှုပ်ရှားစစ်ကြောင်းနှင့် မြန်မာ့တပ်မတော်၊ စကခ(၉) လက်အောက်ခံ ခမရ- ၅၃၉ (ကျောက်တော်) တပ်ရင်းတို့သည် ယနေ့ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁၇) နေ့ ၊ နှစ်ဆန်းတစ်ရက်နေ့၊ နံနက် (၉) နာရီအချိန်မှစ၍ ထိတွေ့မှု ဖြစ်ကာ တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း၊ မြန်မာ့တပ်မတော်မှ စစ်ကူများထပ်တက်လာသောကြောင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ရက္ခိုင့်တပ်မတော် လှုပ်ရှားစစ်ကြောင်းတပ်မှူးများ ထံမှတစ်ဆင့်သိရှိရသည်။
ထို့ကြောင့် ရက္ခိုင်မိဘပြည်သူလူထုများအနေဖြင့် မြန်မာ့တပ်မတော်လှုပ်ရှားမှုသတင်းများကို ရက္ခိုင့်တပ်မတော် မြေပြင်တပ်များထံသို့ အချိန်နှင့်တပြေးညီသတင်းပို့ခြင်းဖြင့်လည်းကောင်း၊ ရက္ခိုင့်တပ်မတော်၊စစ်ရုံးချုပ်သို့ တိုက်ရိုက်သတင်းပေးပို့၍ အမျိုးသားရေးလုပ်ငန်း တာဝန်များကို အမျိုးသားရေးအသိဖြင့် ဆောင်ရွက်နိုင်ကြရန် အသိပေးနှိုးဆော်အပ်ပါ သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ရက္ခိုင့်တပ်မတော်
၂၀၁၅ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့၊ သောကြာနေ့။

"တိုက်ပွဲသတင်း"

၂၀၁၅ ခုနှစ်၊ ဧပြီလ (၁၈)ရက်၊ စနေနေ့ ၊ နံနက်(၁၀)နာရီနှင့်(၁၁)နာရီအချိန်ကြား၊(၁၂)နာရီနှင့် (၁)နာရီ(၃၀)မိနစ် အချိန်ကြားတွင်ရက္ခိုင့်တပ်မတော် လှုပ်ရှားစစ်ကြောင်းများနှင့် မြန်မာ့တပ်မတော် (တပ်ရင်းစိစစ်ဆဲ) တို့သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ စပါးဆိပ်ကျေးရွာ၊ အောင်လံချောင်းကျေးရွာများအနီးတွင် အနည်းဆုံးငါးကြိမ်ခန့် ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ညနေပိုင်းတိုက်ပွဲများကိုမသိရှိရသေးသော်လည်းလက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ယခုလတ်တလောရခိုင်ပြည်ထဲတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများထဲတွင် အပြင်းထန်ဆုံးနှင့် တိုက်ပွဲအချိန်အကြာမြင့်ဆုံး တိုက်ပွဲများဖြစ်ခဲ့သည်။ မိမိတို့ရက္ခိုင့်တပ်မတော်မှ အသေးစားဒဏ်ရာရရှိသူတစ်ဦးရှိခဲ့ပြီး မြန်မာ့တပ်မတော်ဖက်မှ အထိအခိုက်နှင့် အကျအရှုံးကိုမူမသိ ရှိရသေးချေ။
မြန်မာ့တပ်မတော်အနေဖြင့် ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ စစ်တွေ ဖက်မှတပ်ရင်းများအား ဆက်တိုက်စစ်ကူ ပို့လျှက်ရှိသောကြောင့် ထိတွေ့မှုများ၊ တိုက်ပွဲများမှာယခုထက်ပိုမိုပြင်းထန်လာနိုင် ကြောင်း ရက္ခိုင့်တပ်မတော်တပ်မှူးများထံမှတစ်ဆင့်သိရှိရသည်။
ထို့အပြင် မြန်မာ့တပ်မတော်စစ်ကြောင်းများသည် ရက္ခိုင်ပြည်သူတို့၏တောင်ယာတဲများကို မီးရှို့ဖျက်ဆီးခြင်း၊ မော်တော်ဘုတ်များအားအတင်းအဓမ္မခေါ်ယူချောဆွဲခြင်းများကို ပြုလုပ်နေကြောင်း ဒေသခံများမှတစ်ဆင့်သိရှိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ရက္ခိုင့်တပ်မတော်
၂၀၁၅ ခုနှစ်၊ ဧပြီလ (၁၈)ရက်၊ စနေနေ့ ။

Monday, April 13, 2015

တိုက်ပွဲသတင်း (၂)

တိုက်ပွဲသတင်း (၂) 

တိုက်ပွဲသတင်း (၂)
၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ ရက် ၁၄၄၀ အချိန်တွင် ရက္ခိုင့်တပ်မတော် အမှတ် (၅) ဗျူ ဟာ လက် အောက်ခံ လှုပ် ရှားစစ်ကြောင်း နှင့် မြန်မာ့တပ်မတော် ၊ ၃၇၄ -တပ် ရင်း တို့
တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ပြီး အချိန် တစ်နာရီ ကျော်ခန့်ပြင်း ပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင်
မိမိတို့ ရက္ခိုင့်တပ်မတော်မှ တစ်စုံတစ်ဦးထိခိုက် ဒဏ်ရ် ရခြင်းမရှိဘဲ ၃၇၄ -တပ်ရင်းမှ အနာတရ ထိခိုက်ဒဏ် ရာရ သူအချို့ အားထမ်းကာ ဆုတ်ခွာသွားကြောင်း မိမိတို့ စစ်ကြောင်းမှူးများထံမှတစ်ဆင့် သတင်းရရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ရက္ခိုင့်တပ်မတော်
၂၀၁၅ ခုနှစ်၊ ဧပြီ ၁၀ ရက်၊ ညနေ ၈ နာရီ ၂၀ မိနစ့်

Sunday, April 5, 2015

ရခိုင်ရိုးရာ သင်္ကြန်ပွဲ ကို ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနီ ခရိုင် ကော့ဆမွီ ကျွန်းတွင် စည်ကါးသစ်မြစ်စွာ ကျမ်းပမည်

ထိုင်နိုင်ငံတောင်ပိုင်း ကော့ဆမွီကျွန်း တွင် ရခိုင်လူငယ်များဦးဆောင်၍ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို
ရခိုင်ရိုးရာ ကျင်ပွဲ  ( ခြင်းလုံးပွဲ ) ဘောလုံးပွဲ

ဒေါင်းရန်ဆမွီ: ဆက်သွယ်ရန်

ကိုအောင်ထွန်းလင်း
ကော့ဆမွီ
0915247262

Thursday, April 2, 2015

တိုက်ပွဲသတင်း (၂)

တိုက်ပွဲသတင်း (၂)

၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ ရက် ၁၄၄၀ အချိန်တွင် ရက္ခိုင့်တပ်မတော် အမှတ် (၅) ဗျူ ဟာ လက် အောက်ခံ လှုပ် ရှားစစ်ကြောင်း နှင့် မြန်မာ့တပ်မတော် ၊ ၃၇၄ -တပ် ရင်း တို့
တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ပြီး အချိန် တစ်နာရီ ကျော်ခန့်ပြင်း ပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင်
မိမိတို့ ရက္ခိုင့်တပ်မတော်မှ တစ်စုံတစ်ဦးထိခိုက် ဒဏ်ရ် ရခြင်းမရှိဘဲ ၃၇၄ -တပ်ရင်းမှ အ... See More
ရက္ခိုင့်တပ်မတော်မှ ရခိုင်ပြည်ကမိဘ ပြည်သူများကို တိုက်တွန်းနှိုးဆော်လိုက်သည်
=====================================
်March (31) နှင့် April(1) ရက်နေ့များ တွင် မြန်မာစစ်တပ် စစ်ကူများ ထပ်တက်လာကြောင်း တာဝန်သိမိဘပြည်သူများ ထံမှတစ်ဆင့် သိရှိရသည်။ ပထမပွဲဦးထွက် တိုက်ပွဲတွင်အထိနာသွား သောကြောင့် အင်အားအလုံးအရင်းသုံး၍ ရက္ခိုင့်တပ်မတော်အား ထိုးစစ်ဆင် ချေမှုန်းနိုင်ကြောင်း၊ သတိထားကြရန်ပေးပို့ ထားသည်။
ဤသတင်းပေးပို့ချက်အရ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းNCA အား ပူပူနွေးနွေးလက်မှတ်ထိုးထားအပြီး တွင်တိုက်ပွဲများပြင်းထန်လာ နိုင်သည်မှာ ရခိုင်ဒေသဖြစ်နိုင်သည်။
ရက္ခိုင့်တပ်မတော် အနေဖြင့်လည်း မည်သည့်ထိုးစစ်ဆင်မှု၊ တိုက်ခိုက်လာမှုကိုမဆို ရဲရဲဝံ့ဝံ့ခုခံတိုက်ပွဲဝင်သွားမည်ဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်မိဘပြည်သူလူထုများ အနေဖြင့်လည်း ရက္ခိုင့်တပ်မတော်နှင့်အတူ တစ်သွေးတည်း၊တစ်သားတည်းရပ်တည်ပေးရန်ကိုလည်းတိုက်တွန်းနှိုးဆော်လိုက်သည်။
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

Arakan Army - Zakhone Pyan Le

Wednesday, April 1, 2015

အာရကန်မှ ရင်ဖွင့်သံ (၁၆)

အာရကန်မှ ရင်ဖွင့်သံ (၁၄)

အာရကန်မှ ရင်ဖွင့်သံ (၁၃) ရခိုင်သားများအတွက်

အာရကန်မှ ရင်ဖွင့်သံ (၁၂)

အာရကန်မှ ရင်ဖွင့်သံ (၁၀)

အာရကန်မှ ရင်ဖွင့်သံ (၉)

အာရကန်မှ ရင်ဖွင့်သံ (၈)

အာရကန်မှ ရင်ဖွင့်သံ (၇)

အာရကန်မှ ရင်ဖွင့်သံ (၆)

အာရကန်မှ ရင်ဖွင့်သံ (၅)

အာရကန်မှ ရင်ဖွင့်သံ (၄)

အာရကန်မှ ရင်ဖွင့်သံ (၃)

အာရကန်မှ ရင်ဖွင့်သံ (၂)

အာရကန်မှ ရင်ဖွင့်သံ (၁)

အာရကန်မှ ရင်ဖွင့်သံ (၁၁)

5th Anniversary of Arakan Army

Arakan Army - Rakhine Myo Chike Seike Thee

Arakan Army ( ရက္ခိုင့်တပ်မတော် ) TV Report

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းနှင့် ငါးမိုင်အကွာ တပ်မတော်တပ်ရင်းသုံးရင်း...

DVB - ရခိုင်တပ်မတော် ဒုစစ်ဦးစီးချုပ် ထောင်နဲ့ချီပြည်သူတွေကြိုဆို

အကြမ်းဖက် ပျက်စီးခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ပြင်ဆင်ပေး

230th Anniversary of Rakhine Sovereignty Fallen Day