Subscribe:
Ads 468x60px
မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ
Saturday, May 7, 2016
ဗိုလ်ရာဇာ
                                     ဗိုလ်ရာဇာအကြောင်း သိကောင်းဖွယ်ရာ
                           ************************************
ဗိုလ်ရာဇာ၏အဓိပ္ပါယ်မှာ ဘုရင်တကာရို့၏ ခေါင်းဆောင်ဟု အဓိပ္ပါရပါသည်။
ဗိုလ်ရာဇာနာမည်သည် ရခိုင်ပြည်သူရို့၏ အသွီးသားဝိဥာဉ်များတွင်သာမက မြန်မာနိုင်ငံဟိ အတိုက်အခံခေါင်းဆောင်များ၏ ဦးနှောက်နှလုံးအိမ်နှင့် ထိုင်းပြည်သူရို့တချို့နှုတ်ဖျားတွင်ပါ ရိုက်ခတ်စီနိုင်ခဲ့သည်။
တော်လှန်ရေးခေါင်းဆောင်တယောက်အဖြစ် နာမည်ကြီးလာသည်နှင့်အမျှ ဗမာစစ်သားများကလည်း နာမည်ကိုကြားရုံမျှနှင့် ဂယောင်ချောက်ချားဖြစ်လားကြသည်။ လူတချို့တို့ကဆိုလျှင် သီနတ်နှင့်ပင်ပစ်၍မပေါက် ကျီပြီးသည်ဟုယုံကြည်ထားကြသည်။ သို့သော်တချို့ကလည်း ပင်လယ်ဓါးပြခေါင်းဆောင်အဖြစ် သတ်မှတ်ကြသည်။
ဗိုလ်ရာဇာသည် အဂင့်အမှန်တော်လှန်ရေးစစ်သည်တော်လား ပင်လယ်ဓါးပြခေါင်းဆောင်လားဆိုသည်ကို ဆန်းစစ်ကြည့်ကြပါမည်။
ဗိုလ်ရာဇာသည် အသားညိုညို အရပ်အမောင်း ၅-ပေ-၉-လက်မခန့်ဟိပြီး အ၀တ်ကိုသန့်သန့်ပြန့်ပြန့် သပ်သပ်ယပ်ယပ် ၀တ်ဆင်တတ်ပါသည်။
တဖက်သားလေးစားအထင်ကြီးအောင် နိန်ထိုင်တတ်ရုံသာမက စကားပြောလျှင်လည်း လူတဖက်သားယုံကြည်အားကိုးလာအောင် ဩဇာသံပါပါဖြင့် ရဲရဲဝံ၀ံပြောဆိုတတ်သော စကားပြောကောင်းသူတယောက်လည်းဖြစ်ပါသည်။ အကြောင်းအရာ၊ ပြဿနာတခုကို ချက်ချင်းအဖြေထုတ်နိုင်သော လတ်တလောဥာဏ် အားကောင်းသူတယောက်လည်းဖြစ်ပါသည်။
တဖက်သားအပေါ်ချီကျူးစရာဟိလျှင် ရက်ရက်ရောရောချီးကျူးတတ်ပြီး ဝေဖန်စရာ၊ အပြစ်တင်စရာ၊ အပြစ်ပီးစရာဟိလျှင်လည်း မငဲ့မကွက် လုပ်ဆောင်တတ်သူတယောက်လည်းဖြစ်ပါသည်။ သို့ရာတွင် ဗိုလ်ရာဇာ၏အထူးအားနည်ချက်တခုမှာ လူတဘက်သားအပေါ် အယုံလွယ်ခြင်းပင်။
ဗိုလ်ရာဇာသည် ခေတ်သစ်တော်လှန်ရေးကိုဆင်နွဲနိုင်ရန် ရခိုင်တော်လှန်ရေးအဖွဲ့ဟောင်းတခုက ထွက်ပြီးလာခဲ့ပြီး ၁၉၈၆-ခုနှစ်မှာ တော်လှန်ရေးဇာတ်လမ်းစခဲ့သည်။ ကမ္ဘောဒီးယားနယ်စပ်သို့ထွက်ပြီး လွတ်မြောက်ခဲ့သော်လည်း သူ၏လုပ်ဖေါ်ကိုင်ဖက်တချို့မှာ မိခင်ပါတီမှ ခွဲထွက်ဖို့ကြံစဉ်ကြသည်ကိုစွပ်စွဲပြီး လုပ်ကြံခံခဲ့ကြရသည်။
ခေတ်ဟောင်းတော်လှန်ရေးပုံစံကို မကြိုက် မနှစ်သက်သဖြင့် တပ်ပြီးတယောက်ဖြစ်လာပြီး တနင်္သာရီတိုင်းတွင်လှုပ်ယှားနိန်သော မူဆလင်အဖွဲ့တဖွဲ့တွင် မူဆလင်မောင်မောင်နာမည်ဖြင့် ၀င်ရောက်ကာ ဇာတ်မြှုပ်ခဲ့သည်။ တော်လှန်ရေးစစ်သည်တော်ကောင်းတယောက်အဖြစ် အစွမ်းအစပြသနိုင်ခဲ့သဖြင့်(KNU)မှ ကရင်တပ်မှူးတယောက်၏မွီးစပ်ခြင်းခံရသည်။
နောက်တချိန်၌ လက်နက်ကိုင်အဖွဲ့အစည်းတခုဖွဲ့စည်းရန် ရည်ဇူးလျှက် ရခိုင်မျိုးချစ်များကို စုစည်းခဲ့သည်။ KNU တပ်မဟာ ၄ နယ်မြီ၌KNUနှင့်ပူးပေါင်းလျှက် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ အထူးသဖြင့် တနင်္သာရီတိုင်းဒေသ၌ ရန်သူ၏သစ္စာတော်ခံ ကုန်သည်များထံမှ အခွံများကောက်ယူခဲ့သည်။ ဗိုလ်ရာဇာသည် ကုန်းတွင်းပိုင်းကျွန်းများ၌သာမက ပင်လယ်ပြင်၌ပါ စွမ်းစွမ်းတမံ အခွံကောက်ခံနိုင်သူအဖြစ် ထင်ရှားလာခဲ့ပြီး ၎င်း၏ထိမ်းချုပ်မှုအောက်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ငယ်တဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
တနိန့်သောနိန့်ခင်းဘက်တွင် အကျွန့်အား ၀မ်းနည်းပက်လက်ဖြင့် ပြောပြသည်မှာ ကရင်တပ်မဟာ(၄) နီမြီ၌လှုပ်ယှားစဉ် သီဒါဏ်အပီးခံခဲ့ဖူးကြောင်း၊ မိမိကိုမြှုပ်ရန်အတွက် ကိုယ့်သီတွင်းကိုကိုယ်တူးခဲ့ရကြောင်း၊ နောက်ဆုံးအခွင့်အရေးအဖြစ် မသီခင်လိုရာဆုကိုတောင်းပါဟု အဆုံးစီရင်မည့်ကရင်တပ်မှူးကပြောသောအခါ တကယ်လို့ငါ့ကိုအဆုံးစီရင်လိုက်မှုကြောင့် ကရင်အဖွဲ့အစည်း(သို့မဟုတ်) ရခိုင်အဖွဲ့အစည်းအတွက် ကောင်းမွန်တိုးတက်လားမည်ဆိုလျှင် မိမိအနိန်ဖြင့်သီပျော်ပါသည်။ သို့သော် တစုံတခုမှ တိုးတက်ပြောင်းလဲမှုမဟိလျှင်ကား မိမိကဲ့သို့သော တော်လှန်ရေးစစ်သည်တော်ကောင်း တယောက်ကို မဆုံးယှုံးသင့်ကြောင်း ရဲဝံ့စွာဖြေကြားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အဆုံးစီရင်မှုမှ လွတ်ငြိမ်းခွင့်ရဟိခဲ့ပြီး နောက်အနာဂတ်တွင် တော်လှန်ရေးခေါင်းဆောင်ကောင်းတယောက်အဖြစ် သက်သီပြခွင့်ရဟိခဲ့ပါသည်။
ဗိုလ်ရာဇာသည် ပင်လယ်ရီပြင်အနှံ့အပြား၌ အခွံ့ငွေများကိုတိုးမြှင့်ကောက်ခံနိုင်ခဲ့သည်။ ငါးဖမ်းဘုတ်တစီးအခွန်ဆောင်လျှင် သိုက်ရင်း(တက်ပဲ့ကိုင်)ကို ယင်းအခွန်ဖေသာ၏ ၁၀-ရာခိုင်နှုန်းကိုပြန်ပီးခြင်းဖြင့် မြန်မာရီပိုင်နက်အတွင်း ငါးခိုးဖမ်းနိန်ကြသော ထိုင်းငါးဖမ်းဘုတ်များကို စည်ရုံးနိုင်ခဲ့ပြီး ဘဏ္ဍာငွေများကို ချောချောချူချူကောက်ခံနိုင်ခဲ့သည်။ မိမိအားအခွန်ဆောင်သော ငါးဖမ်းဘုတ်များကိုလည်း ဗမာစစ်သင်္ဘောနှင့် ပင်လယ်ဓါးပြ၏အန္တရာယ်မှ ကာကွယ်ပီးခဲ့သည်။ တချိန်ကဆိုလျှင် မြန်မာပင်လယ်ပြင်၌ ပင်လယ်ဓါးပြများသောင်းကျန်းလျှက်ဟိနိန်ခဲ့ရာ ဗိုလ်ရာဇာသည် ယင်းပင်လယ်ဓါးပြများကို သူ၏စစ်အင်အား အမြန်ရီယဉ်ငယ်အင်အားဖြင့် နှိမ်နင်းပစ်နိုင်ခဲ့သည်။
လက်နက်ကိုအသုံးပြုပြီး အခွန်ဘဏ္ဍာငွေကောက်ခံသူတယောက်ဖြစ်သော်လည်း ရောက်လီရာကျွန်းစုများဟိ ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ တရားဓမ္မများကိုဟောပြောခဲ့ပါသည်။ ခရစ်ယာန်ဖြစ်လျှင် ဘုရားကျောင်း၊ ဗုဒ္ဓဘာသာဖြစ်လျှင် ဘုန်းကြီးကျောင်း၊ မူဆလင်ဖြစ်လျှင်၊ဗလီသို့လားကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ပီးခဲ့ပါသည်။ ဗိုလ်ရာဇာသည် ဘုန်းတော်ကြီးကျောင်း၌ ဘုန်းကြီးအဖြစ်ဖြင့် နှစ်ပေါင်းများစွာနိန်ထိုင်လျှက် အင်္ဂလိပ်စာနှင့် ပါဠိဘာသာကို လေ့လာခဲ့ဖူးသူတယောက်ဖြစ်သောကြောင့် တော်လှန်ရေးစစ်သည်တော်ကောင်းတယောက် ဖြစ်သည်သာမက တရားဟောကောင်းသူတယောက်လည်း ဖြစ်ခဲ့ပါသည်။
ဗိုလ်ရာဇာသည် ဘဏ္ဍာကောက်ခံသူတယောက်အဖြစ် နှစ်ပေါင်းများစွာလှုပ်ယှားခဲ့ဖူးသော တနင်္သာရီတိုင်းဟိ ကျွန်းတကျွန်းတွင် စေတီတဆူကိုလည်း တည်ထားခဲ့ဖူးသည်ဟု ဗိုလ်ရာဇာနှင့်အတူလှုပ်ယှားခဲ့သူတယောက်က အကျွန့်အားပြောပြဖူးပါသည်။
မြနမာနိုင်ငံ၌(၈ ၈ ၈၈)အရေးတ်ာပုံဖြစ်ပွါးခဲ့ပြီးနောက် ခေတ်ပညာတတ် ကျောင်းသားလူငယ်မြောက်များစွာရို့သည် တော်လှန်ရေးနိန်မြီသို့ ရောက်ဟိလာခဲ့ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ် တပ်ဦး(ABSDF)ကို ဖွဲ့စည်းခဲ့ကြပါသည်။
ဗိုလ်ရာဇာသည် ယင်းမျိုးဆက်သစ် ပညာတတ်စစ်သည်တော်များကို တော်လှန်ရေးသဘောတရားများကို ဟောပြောပီးခဲ့ပါသည်။ ရန်သူပိုင်နက် နိန်မြီဖြစ်စီကာမူ ကျေးရွာဟိပြည်သူလူထုများကို တော်လှန်ရေးတရားများကို ရဲရဲဝံ့ဝံ့ပြောဆိုစည်းရုံးဝံ့သူတယောက်လည်းဖြစ်သောကြောင့် တချို့ကရင်စစ်သားများက ဗိုလ်ရာဇာနန့်တတူ မလိုက်ဝံ့ကြပေ။
ပြောသလိုလက်တွိလုပ်တတ်သူတယောက်လည်းဖြစ်သည်ကို ဗိုလ်ရာဇာ၏လုပ်ဆောင်များက သက်သီပြလျှက်ဟိနိန်ပါသည်။ ဗမာစစ်တပ်နှင့် တိုက်ပွဲပေါင်းမြောက်များစွာကို ဆင်နွဲခဲ့ပြီး ရန်သူ၏ဖြတ်(၄)ဖြတ်နှင့်လည်း ကြုံကြိုက်ခဲ့ဖူးပါသည်။ သူထွက်ငါဝင်၊ သူမလာခင်ငါထွက်နည်းကိုသုံးပြီး ရန်သူ၏ဖြတ်(၄)ဖြတ် စစ်ဆင်ရေးကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ပါသည်။
ရခိုင့်တော်လှန်ရေးနိန်မြီသို့ လက်နက်ခဲယမ်းအမြောက်အများကို ပို့နိုင်ခဲ့ပြီး ခေတ်မှီတော်လှန်ရေးတရပ်ကို စတင်နိုင်ရန်အတွက် ၁၉၉၁-ခုနှစ်မှာ ရခိုင့်တပ်မတော်(AA) ကိုထူထောင်လျှက် ရခိုင့်တော်လှန်ရေးမှတ်ကျောက်ထက်၌ ကိုယ့်သမိုင်းကောင်းကို ကိုယ်တိုင်ရီးသားနိုင်ခဲ့ပါသည်။
လက်နက်ကိုင်တော်လှန်ရေးအတွက် မဟိမဖြစ်လိုအပ်သော လက်နက်ခဲယမ်းများကို နောက်ထပ်လည်းပို့နိုင်ခဲ့ပါသည်။ ၁၉၉၃-ခုနှစ်မှစ၍ အိန္ဒိယအစိုးရနှင့် ဆက်ဆံရေးလုပ်ရန်(AA)မှ သင့်တော်သောတပ်မှူးတယောက်ကို တာဝန်ပီးခန့်အပ်ထားခဲ့ပါသည်။ မိမိ၏တော်လှန်ရေးစစ်သည်တော်များကို ခေတ်မှီလက်နက်များတပ်ဆင်ကာ အကွဲကွဲအပြဲပြဲဖြစ်နိန်သော ရခိုင့်တော်လှန်ရေးအဖွဲ့အစည်းများကို တပေါင်းတစည်းတည်းဖြစ်ရန် လုံးပမ်းထုတ်ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်တွင် ရခိုင့်လက်နက်ကိုင်အဖွဲ့အစည်းများကို ပူးပေါင်းလျှက် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် ရခိုင်ပြည်တပ်မတော်(AA)ကို ဖွဲ့စည်းလျှက် ရခိုင့်တော်လှန်ရေးသမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ယင်းပူးပေါင်းဖွဲ့စည်းလိုက်သော(NUPA)၌ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ အပ အခြားသော ရခိုင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
တော်လှန်ရေးတွင်ပညာတတ်များ၊ မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် မည်၍မည်မျှအရေးကြီးသည်ကို နားလည်သဘောပေါက်ခဲ့ပြီး တော်လှန်ရေးတွင်ပါဝင်နိုင်စီရန် လှုံ့ဆော်စည်းရုံးခဲ့ပါသည်။ ခေတ်ပညာတတ်များနှင့် အတွိံအကြုံဟိ တော်လှန်ရေးသ္မားများက ဗိုလ်ရာဇာ၏လုပ်ရပ်အပေါ် မျက်စိကျ စိတ်ဝင်စားလာခဲ့ကြပါသည်။ မျိုးဆက်သစ်လူငယ်များကလည်း ယင်းအချိန်ကခေတ်စားနိန်သော(NUPA)ထဲသို့ အလာမစဲဝင်ရောက်လာခဲ့ကြပါသည်။ ALD-ပြည်ပကို ဖွဲ့စည်းနိုင်စီရန်အတွက် ၁၉၉၀-ခုနှစ်တွင် အမတ်အဖြစ်ရွီးချယ်ခြင်းခံရသော ပြည်ပရောက်အမတ်ကြီး ဦးသာနိုးးအား ဖေသာအထောက်အပံ့ပီးခဲ့ပါသည်။
အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ဗိုလ်ရာဇာ၏နှာမည်သည် ပါတီနှာမည်ထက်ကြီးကျယ်လာခဲ့ပါသည်။ ဗိုလ်ရာဇာ၏ကျော်ကြားမှုသည် ရခိုင်လူမှုအသိုင်းအ၀ိုင်းတွင်သာမက အခြားသောတော်လှန်ရေးခေါင်းဆောင်များ၏ နှုတ်ဖျားတွင်ပင် ရီပန်းစားလာခဲ့ပါသည်။ သို့သော် ဗိုလ်ရာဇာ၏လုပ်ဖေါ်ကိုင်ဖက်များသည် စီမံခန့်ခွဲမှုအားနည်းခြင်း၊ အခြားသောတော်လှန်ရေးသမားများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်၍ မလိုက်နိုင်ခြင်းရို့ကြောင့် သူထူထောင်ချင်ခဲ့သော ခိုင်မာသည့်တပ်မတော်တရပ်ကို မဖွဲ့စည်းနိုင်ခဲ့ပေ။
အိန္ဒိယ၏ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဆက်ဆံရေးပိုမိုအဆင်ပြေလာခဲ့ပြီး(NUPA)၏ ဗဟိုဌာနချုပ်ကို ရခိုင်ဘင်္ဂလားနယ်စပ်မှ အိန္ဒိယ-ရခိုင်နယ်စပ်သို့ ပြောင်းရွှိခဲ့သည်။ အိန္ဒိယအရှိမြောက်ပိုင်း၌ အခြီစိုက်သည့် နာဂအဖွဲ့အစည်း၏ သီနတ်သယ်ယူရာလမ်းကြောင်းကို ရခိုင်ပြည်တပ်မတော်(AA)က ဖြတ်တောက်ပစ်ခဲ့သည်။ (AA)မှ အိန္ဒိယအာဏာပိုင်များနှင့် ဆက်ဆံရေးတာဝန်ခံသည် မြန်မာပင်လယ်ပြင်၌ တရုပ်ရို့၏ လှုပ်ယှားမှုကို ရခိုင့်ရီတပ်မတော်က လေ့လာစောင့်ကြည့်မှုအပါအ၀င် အခြားသော သဘောတူညီချက်များကိုလည်း အိန္ဒိယထိပ်ပိုင်းအာဏာပိုင်များနှင့် သဘောတူညီမှုရယူနိုင်ခဲ့သည်။
ဗိုလ်ရာဇာသည် အိန္ဒိယအာဏာပိုင်များ၏ ဖိတ်ကြားချက်အရ အိန္ဒိယရီတပ်စခမ်းတခု၌ လားရောက်ဆွေးနွေးနိန်စဉ်(NUPA)ဗဟိုဌာနချုပ်၌ လက်နက်သိမ်းမှုဖြစ်ပွါးပြီး သဘောတူညီချက်အားလုံးကို အဖျက်ခံရလျက် ဗိုလ်ရာဇာသည် မျက်ရည်စက်လက်ဖြင့် ဗဟိုဌာနချုပ်သို့ပြန်လာခဲ့ရသည်။ ယင်းသို့ လက်နက်သိမ်းမှုဖြစ်ပွါးပြီး လက်နက်အမြောက်အမြားဆုံးယှုံးခဲ့ရသော်လည်း စိတ်ဓါတ်မကျဘဲ ဇွဲဟိဟိဖြင့် ဆက်လက်လှုပ်ယှားခဲ့ရာ နောက်ထပ်ခဲယမ်းလက်နက်အမြောက်အများကို ပို့နိုင်ခဲ့ပြီး တော်လှန်ရေးစစ်သည်တော်များကို ခေတ်မှီလက်နက်များ ထပ်မှန်တပ်ဆင်နိုင်ခဲ့ပါသည်။ ဗိုလ်ရာဇာသည် မျိုးဆက်သစ်လူငယ်များအပေါ် မည်မျှလောက်ယုံကြည်မှုဟိသည်ကို ၁၉၉၇-ခုနှစ်တွင်(AASYC)ကိုNUPA နှင့်ပေါင်းစည်းလိုက်နိုင်ခြင်းဖြင့် သက်သီပြနိုင်ခဲ့ပါသည်။
ဤကဲ့သို့ မျိုးဆက်သစ်ပညာတတ်လူငယ်များပူးပေါင်းလာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောပြသည့်အပြင် ဖြူစင်ပြီး ယုံကြည်စိတ်ချရသော မျိုးဆက်သစ်လူငယ်များအားလည်း သူ၏တာဝန်ကိုလွှဲပီးရန် ဂတိပြုခဲ့ပါသည်။ ဗိုလ်ရာဇာနှင့်လုပ်ဖေါ်ကိုင်ဖက်များသည် မျိုးဆက်သစ်လူငယ်များအား ဘဏ္ဍာငွေကောက်ခံရေးအပါအ၀င် အခြားသောနိန်ရာကောင်းများ၌ အစားထိုးခန့်အပ်ခဲ့ပါသည်။ အိန္ဒိယအာဏာပိုင်များနှင့်(NUPA)၏ သဘောတူညီချက်အရ(Land Fall) ကျဆုံးရာမြီအမည်ရကျွန်းသို့ ဦးတည်ခုတ်မောင်းလာခဲ့သည်။ ယင်းကျွန်းတွင်(NUPA)မှ ကိုယ်စလှယ်သည် ဗိုလ်ရာဇာအပါအ၀င် ရခိုင်ရီတပ်မတော်မှ စစ်သည်တော်များအား လာရောက်ကြိုနိန်မည်ဖြစ်သည်။
၁၉၉၈-ခုဖေဖေါ်ရီလ(၁၁)ရက်မိုးထက်ဖက်တွင် ရခိုင်ပြည်ရီတပ်မတော်မှ စစ်သည်တော်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည်တော်များက မလှမ်းမကမ်း တောစပ်တနိန်ရာ၌ ရဟတ်ယာဉ်ဆင်းသံကြားလိုက်ရသည်။ ယင်းစစ်သည်တော်များသည် တော်လှန်ရေးမှတ်ကျောက်တွင် သမိုင်းကောင်းရီးရန် စောင့်ဆိုင်းနိန်ကြသူများဖြစ်သည်။ ယင်းစစ်သည်တော်များသည် ဖေဖေါ်ရီလ(၁၀)ရက်နိန့် ညည့်ခါဖက်တွင် အိန္ဒိယကြေးတပ်၊ ရီတပ်မတော်မှ စစ်သားများနှင့် တသက်တာ၌ မိန့်မရနိုင်သော ညစာစားပွဲတွင် အတူတကွစားသောက်ပြီး ပျူပျူငှါငှါစကားပြောဆိုလျှက် အတူတကွဟိနိန်ခဲ့ကြခြင်းဖြစ်သည်။
ရဟတ်ယာဉ်ဆင်းသက်ပြီး မကြာမှီ အိန္ဒိယစစ်သားတချို့ဆင်းလာပြီး အိန္ဒိယဘက်မှ အာဏာပိုင်များရောက်ဟိနိန်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးဘက်မှ ခေါင်းဆောင်များကို သူရို့နှင့်အတူတူလိုက်ပါပြီး တွိဆုံဖို့ခေါ်ယူခဲ့ပါသည်။ ယင်းစီမံကိန်းအရ အိန္ဒိယမှ ထိပ်ပိုင်းအာဏာပိုင်များသည် ဗိုလ်ရာဇာအပါအ၀င် အခြားသောတော်လှန်ရေးခေါင်းဆောင်များကို လာရောက်တွိဆုံမည်ဖြစ်သည်။
တော်လှန်ရေးခေါင်းဆောင်များ အိန္ဒိယစစ်သာများနှင့်လိုက်ပါလားပြီး(၅)မိနစ်ခန့်အကြာတွင် သူငယ်ချင်းမိတ်ဆွေများဟု ယူဆထားသော အိန္ဒိယစစ်သားများက တော်လှန်ရေးစစ်သည်တော်များကို သီနတ်ဖြင့်ချိန်ရွယ်လျှက် နီပူရဲရဲ သဲပြင်ထက်မှာ လက်ပြန်ကြိုးဖြင့်တုပ်နှောင်ထားလိုက်ကြသည်။ ပြီးနောက်--အချက်(၃၀)-ထက်မနည်းသော သီနတ်သံများကို ဆက်တိုက်ကြားလိုက်ရသည်။
တော်လှန်ရေးစစ်သည်တော်များက မင်းရို့ကိုမိတ်ဆွေမှတ်၍ ဒေနိန်ရာကိုလာခဲ့သည်။ မင်းရို့သစ္စာဖေါက်တေ။ မင်းရို့ ငါရို့နောက်ကုန်းကို ဓားနန့်ထိုးလိုက်ခြင်းဖြစ်တေ။ အန္တမာန်ပင်လယ်ပြင်ကိုဖြတ်ပြီး ယင်းကျွန်းထက်သို့ရောက်ခါကပင် ပါလာသောလက်နက်များကို အိန္ဒယစစ်သားများထံ အပ်နှံထားခဲ့ရသောကြောင့် ပါးစပ်ဖြင့်သာ ပြန်ပြောခဲ့ရခြင်းဖြစ်သည်။ သို့မဟုတ်လျှင်ကား---------။ မျှော်လင့်ချက်အားလုံး ပျောက်ကွယ်လားပြီး ခြီကုန်လက်ပမ်းကျ ပင်ပန်းနွမ်းနယ်ခဲ့ရသည်။ နီပူရဲရဲသဲပြင်ထက်၌ မွန်းတည့်(၁၂)နာရီအထိ နိန်ပူလှမ်းခံခဲ့ရပြီး အခြားတနိန်ရာသို့ပို့ကာ အိန္ဒိယထောက်လှမ်းရေးများ၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရသည်။
အိန္ဒိယအာဏာပိုင်များက တော်လှန်ရေးစစ်သည်တော်များအား ၎င်းရို့၏ခေါင်းဆောင်များကို အဆုံးစီရင်လိုက်ပြီဖြစ်ကြောင်း၊ ၎င်းရို့အနိန်ဖြင့်လည်း အမှန်အတိုင်းဝန်ခံရန် တိုက်တွန်းခဲ့ပါသည်။ တော်လှန်ရေးစစ်သည်တော်များက ၎င်းရို့သည် ရခိုင်ပြည်တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည်တော်များဖြစ်ကြကြောင်း ဖြေကြားခဲ့ကြပါသည်။ အိန္ဒိယအာဏာပိုင်များက ၎င်းရို့ကို လက်နက်အရောင်းအ၀ယ် လုပ်နိန်သူများဟုစွပ်စွဲခဲ့ပါသည်။ အမှန်မှာ ယင်းစစ်သည်တော်ရို့သည် သူရို့၏ချစ်မြတ်နိုးသော ပြည်သူများလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နိန်သူများဖြစ်ပြီး အိန္ဒိယအာဏာပိုင်များစွပ်စွဲသကဲ့သို့ တကြိမ်တခါမှ မလုပ်ဆောင်ခဲ့ကြဖူးပေ။
ယင်းလက်နက်များသည် လက်နက်ကိုင်တော်လှန်ရေးအတွက် အသုံးပြုရန်(သို့မဟုတ်) ကျူးကျော်သူများကို ရခိုင်ပြည်မှမောင်းထုတ်ရန်အတွက်သာဖြစ်ပါသည်။ ၁၇၈၄-ခုနှစ်တွင် နယ်ချဲ့ဗမာရို့ ရခိုင်ပြည်ကို ကျူးကျော်သိမ်းပိုက်ခဲ့ချိန်မှစပြီး ရခိုင်အမျိုးသားတို့သည် ဗမာနယ်ချဲ့များနှင့် ရီရှည်တိုက်ပွဲဆင်နွဲလာခဲ့ကြသည်။ ရခိုင်ပြည်၏ အခြုပ်အခြာအာဏာကို ပြန်လည်ရဟိရန်နှင့် အဖရခိုင်ပြည်ကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ဒေနိန့်ထက်ထိ တိုက်ပွဲဝင်နိန်တုန်းဖြစ်သည်။ ဤကဲ့သို့တော်လှန်ရေးစစ်သည်တော်များကို လက်နက်အရောင်းအ၀ယ်လုပ်သူများဟုစွပ်စွဲခြင်းမှာ အခြီအမြစ်မဟိ၊ အဓိပ္ပါယ်မဲ့စွပ်စွဲချက်တခုသာဖြစ်ပါသည်။
အကယ်၍ ယင်းစစ်သည်တော်ရို့သည် လက်နက်အရောင်းအ၀ယ်လုပ်သူများဖြစ်ကြလျှင် အိန္ဒိယအာဏာပိုင်များနှင့်တွိဆုံရန် လာဝံ့ပါမည်လား။
အိန္ဒိယအစိုးရ၏ ရက်စက်ယုတ်မာမှုကို ယင်းစစ်သည်တော်များ သတိရနိန်တုန်းပင်။ အိန္ဒိယသည် ရခိုင်တော်လှန်ရေးကို ဖျက်စီးလိုက်ခြင်းပင်ဖြစ်ပါသည်။ ရခိုင်ပြည်သူရို့လေးစားရသော တော်လှန်ရေးဖခင်ကြီး ဥက္ကဌခိုင်မိုးလင်းသည်လည်း အိန္ဒိယအစိုးရ၏ ထောင်ချောက်တွင် သက်ဆင်းကာ ဘ၀ဇာတ်သိမ်းလားခဲ့ရသည်။ ရခိုင်ပြည်သူရို့လေးစားရသော ဗိုလ်ရာဇာအပါအ၀င် တခြားသောတော်လှန်ရေးခေါင်းဆောင်များသည် အိန္ဒိယအစိုးရ၏ ထောင်ချောက်တွင် နောက်ထပ်တကြိမ်သက်ဆင်းလျှက် ဘ၀ဇာတ်သိမ်းလားခဲ့ရပေပြီ။
ရခိုင်ပြည်တပမတော်(AA)နှင့် ကရင်အမျိုးသားလွတ်မြာက်ရေးတပ်မတော်(KNLA)မှ စစ်သည်တော်များကို လွှတ်ပီးခြင်း(သို့မဟုတ်) ထောင်ချခြင်းစသည်ဖြင့် ဆုံးဖြတ်ချက်တစုံတရာမဟိဘဲ ထိန်းသိမ်းခံရတုန်းပင်။ ယင်းရို့သည် အိန္ဒိယအစိုးရ၏ ဖမ်းစီးထိန်းသိမ်းမှုအောက် နိန်ခဲ့ရသည်မှာ(၆)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရခိုင့်တော်လှန်ရေးတခုလုံးသည်လည်း ပျက်စီးလုနီးပါး လုံးပါးပါးခဲ့ပါပြီ။ ရခိုင်ပြည်တော်လှန်ရေးအတွက် အိန္ဒိယအနိန်ဖြင့် လုံးဝတာဝန်ဟိပြီး ရခိုင်ရို့သည် ဒေကမ္ဘာမြီပေါ်၌ လွတ်လပ်ပြီး ထင်ရှားသောနိုင်ငံတခုအဖြစ် ပြန်လည်ထူထောင်နိုင်သည်အထိ ကြံဆောင်ပီးရမည်။
ရခိုင်ပြည်အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ ဆက်ဆံရေးတာဝန်ခံနှစ်ယောက်ဖြစ်သော အကြီးစောထွန်းနှင့် ခိုင်ရန်နိုင်၊ အမြန်ယာဉ်တက်ပဲ့ကိုင်နှင့် ဆက်သွယ်ရေးစက်ကိုင် ခိုင်လင်းဇာခိုင်၊ ယင်းစီမံကိန်း၌ ကရင်ဘက်မှ ထိပ်တန်းခေါင်းဆောင် ပဒိုမူးလွယ်၊ ကရင်တပ်မှကွန်မန်ဒိုဗိုလ်ကြီး မြင့်ဆွေရို့သည် ဗိုလ်ရာဇာနှင့်တကွ အိန္ဒိယအစိုးရ၏ လုပ်ကြံခံရသူများ စာရင်းဝင်သူများဖြစ်ကြပါသည်။ ယင်းပျောက်ဆုံးသူများသည် လုပ်ကြံခံရနိုင်ဖွယ်ဟိပြီး ရန်သူ နအဖလက်ထဲသို့ လွှဲအပ်ခံရနိုင်ဖွယ်လည်းဟိပါသည်။
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီမှ အိန္ဒိယအာဏာပိုင်များနှင့် ဆက်ဆံရေးတာဝန်ဟိသူ နှစ်ယောက်ကို လုပ်ကြံလိုက်ရခြင်းမှာလည်း ယင်းရို့နှင့်ဆက်သွယ်မှု၊ သဘောတူညီမှု အစအနများ ပေါ်ထွက်လာမည်ကို စိုးရိမ်၍ ဖြစ်နိုင်ပါသည်။
ယင်းခေါင်းဆောင်များပျောက်ဆုံးလားသည်မှာ (၆)နှစ်ပြည့်ခဲ့ပါပြီ။ သို့သော်ရခိုင်ပြည်သူ၊ ရခိုင်မျိုးချစ်တော်လှန်ရေးသမားရို့၏ ၀ိဥာဏ်ထဲတွင် ဗိုလ်ရာဇာ ဆက်လက်အသက်ရှင်နိန်တုန်း၊ ဗမာစစ်တပ်၏ ရက်စက်ယုတ်မာမှုလက်ထဲက ကယ်တင်မည့် ယင်းရို့၏ လွတ်လပ်ရေးဖခင်ကြီးကို ဆက်လက်စောင့်ထိမ်းနိန်တုန်းပင်။ ဗိုလ်ရာဇာတယောက်သီဆုံးလားသော်လည်း အိန္ဒိယအစိုးရ၏ ထိန်းသိမ်းမှုအောက်နှင့် ရခိုင်တော်လှန်ရေးထဲ၌ မျိုးဆက်သစ်ဗိုလ်ရာဇာရို့သည် သူရို့၏လက်ထဲသို့ သူရို့အနာဂတ်ကို ဖမ်းဆုပ်ကိုင်နိုင်ဖို့(ရခိုင်ပြည်၏အချုပ်အခြာအာဏာကို ပြန်လည်ရဟိဖို့) ကြိုးစားနိန်တုန်းပင်။
ယင်းမျိုးဆက်သစ်ဗိုလ်ရာဇာများသည် တလှမ်းချင်းတက်လှမ်းလျှက် ခေတ်မှီရခိုင်နိုင်ငံတော်ကြီးကို အသစ်တဖန် ပြန်လည်တည်ဆောက်နိုင်ကြလိမ္မည်မှာ မြီကြီးလက်ခပ်မလွဲပေ။
မူရင်း - ဦးကျော်ခိုင် ရခိုင်ပြည် Wall မှ ကူးယူဖော်ပြသည်။ ဆောင်းပါးရှင် Aung Thein ၏ အာဘော်သာဖြစ်ပါသည်။
       ဗိုလ်ရာဇာ
ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်က ရှိကို ရှိရမယ်
                                      ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်က ရှိကို ရှိရမယ်
                                         (AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် )
May-6-2016
မေးမြန်းသူ = နန်းလွင်နှင်းပွင့်
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး လက်ရှိအချိန်တွင်လည်း စစ်ရေးအခြေအနေ တင်းမာလျက် ရှိနေသည်။ တိုက်ပွဲများကြောင့် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင် ရခိုင်စစ်ပြေး ဒုက္ခသည် ၁၇၀၀ ခန့် ရှိနေသည်။
ရခိုင်တကျော့ပြန် တိုက်ပွဲများနှင့် ပတ်သက်ပြီး နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် လွှတ်တော်တွင်လည်း တိုက်ပွဲများ ရပ်တန့်ရေးအတွက် လွှတ်တော်အမတ်များက အဆိုတင်သွင်းကြသော်လည်း ကာကွယ်ရေး ၀န်ကြီးချုပ်က ကန့်ကွက် ပြောဆိုခဲ့မှုကြောင့် အောင်မြင်မှုမရှိခဲ့ပေ။ ကာကွယ်ရေးဝန်ကြီးချုပ်က AA အဖွဲ့ကသာ လက်နက်စွန့်ရမည် ဖြစ်ကြောင်းနှင့် ဒီမိုကရေစီကို ဆန့်ကျင်နေသည်ဟု လွှတ်တော်၌ ပြန်လည် ပြောဆိုသွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း မည်သည့် ရည်ရွယ်ချက်ကြောင့် တိုက်ပွဲများဖြစ်ပွားနေပုံ၊ ရခိုင်ပြည်နယ်ရှိ စစ်ရေး အခြေအနေများ၊ ငြိမ်းချမ်းရေး အလားအလာတို့နှင့် ပတ်သက်ပြီး AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ရခိုင်ပြည်နယ်မှာ စစ်ရေးအခြေအနေ ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ စစ်ရေးအခြေအနေက အတော်လေး တင်းမာနေတယ်။ တိုက်ပွဲတွေက အခုရက်ပိုင်းတော့ မရှိဘူး။ ဒါပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ဆင်ရေးတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် အချိန်မရွေး တိုက်ပွဲတွေ ပြန်ပြီးဖြစ်နိုင်တဲ့ အနေအထားပါပဲ။
မေး။ ။ တကျော့ပြန်တိုက်ပွဲမှာ AA က တပ်မတော်ကို စတင် ပစ်ခတ်ခဲ့တယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ စတင် ပစ်ခတ်တယ်ဆိုတာတော့ ဟုတ်တယ်။ စတင်ပြီး ရန်လိုတဲ့အလုပ်ကို လုပ်တာကတော့ ကျနော်တို့ မဟုတ်ဘူး။ ကျနော်တို့ တပ်စခန်းတွေ ရှိတဲ့နေရာကို တပ်မ ၃ ခုနဲ့ စစ်ဆင်ရေး ထိုးလာတယ်။ စကခ ၅၊ ၁၅၊ ၉ နောက် စစ်တွေ ဒကစ လက်အောက်ခံတပ်ရင်း တွေ အကုန်ပါတယ်။ အဲဒီတော့ တကြောင်းနဲ့ မတိုးရင် တကြောင်းနဲ့ တိုးတော့မှာပဲ။ တပ်မအင်အားတွေနဲ့ အလုံးအရင်းထိုးလာတော့ ကျနော်တို့နေတဲ့ နေရာဆိုတော့ ကျနော်တို့ အရင်မြင်တာပေါ့။ အရင်မြင်တော့ စပစ်ရတာပေါ့။ တကယ်တမ်း စစ်ဆင်ရေးလုပ်လာတာက တပ်မတော်က လုပ်လာတာပါ။
မေး။ ။ တိုက်ပွဲမှာ ဖက်ဒရယ်တပ်မတော်က AA ကို လာကူတယ်လို့ သိရတယ်။ သူတို့က ဘာ့ကြောင့် ရခိုင်တိုက်ပွဲမှာ ပါလာရတာပါလဲ။
AAရဲ့ မဟာမိတ်တွေကရော ဘယ်သူတွေလဲ။
ဖြေ။ ။ ကျနော်တို့ မဟာမိတ် မိတ်ဆွေများတယ်။ ကချင်ပြည်မှာရော၊ တအာင်းရော၊ ကရင်ရော၊ DKBA မှာရော၊ ကျနော်တို့ နှစ်ပေါင်းများစွာ မဟာမိတ်တွေ ရှိပါတယ်။ ဒေသအလိုက် ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ ဒီမှာ ဘယ်အဖွဲက ပါဝင်တိုက်တယ် ဆိုတာကတော့ အတိအကျ မှတ်ချက် မပေးလိုပါဘူး။ အဓိကကတော့ ရက္ခိုင့်တပ်မတော်ကပဲ လှုပ်ရှားတာပါ။
မေး။ ။ ဒီနှစ်ပိုင်းတွေထဲ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်။ AA ရဲ့ စစ်ရေးရည်မှန်းချက်က ဘာလဲ။
ဖြေ။ ။ စစ်ရေးရည်မှန်းချက်က ကျနော်တို့ပုံမှန် တပ်မတော်တခုရဲ့ တာဝန်ဝတ္တရားကို ထမ်းဆောင်ဖို့ပဲ။ ရခိုင် ပြည်နယ် လုံခြုံရေး၊ ရခိုင်ပြည်သူလူထုကို ကာကွယ်ရေးပေါ့။ ဒါကတော့ ကျနော်တို့ရဲ့ တာဝန်ပဲ ။ တပ်မတော်တိုင်းက ဒီတာဝန်ကို ထမ်းဆောင်နေတာပါပဲ။ ဒါ့ကြောင့် စစ်ရေးရည်မှန်းချက်က ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်က ရှိကိုရှိရမယ်ဆိုတာ နံပါတ် (၁) တခုပဲ။ နောက်တခုက တခြားတပ်မတော်များ နည်းတူပဲ ကျနော်တို့ တိုက်ပွဲဝင်မယ်။ ကျွန်ပြုနေတာကို တော်လှန်မယ်။
မေး။ ။ ရခိုင်တိုင်းရင်းသား ပြည်သူတွေရဲ့ အနာဂတ်မျှော်လင့်ချက်က AA နဲ့ရော တထပ်တည်းကျမယ်လို့ ယူဆပါလား။
ဖြေ။ ။ လုံးဝ ယုံကြည်ပါတယ်။ ဒါ့ကြောင့်မို့လို့လည်း ရခိုင်လူထုရဲ့ ထောက်ခံချက်တွေ လူထုနဲ့ လက်တွဲထား နိုင်တာပါ။ ကျနော်တို့ ကြိုးစားလာတာ ၇ နှစ် ရှိပါပြီ။ ဒီမတိုင်ခင်ကတည်းက ကျနော်တို့ရှေ့က မျိုးဆက်တွေက ကြိုးစားခဲ့တယ်။ ဒါ သမိုင်းပေးတာဝန်နဲ့ ရခိုင်လူမျိုးများရဲ့ လျှောက်လှမ်းရာ လမ်းကြောင်း ဖြစ်ပါတယ်။ ထပ်တူကျပါတယ်။ လူထုရဲ့ လိုအပ်ချက်တွေကိုပဲ ကျနော်တို့က ရပ်တည်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ အကျိုးကို မကြည့်ပါဘူး။ လူထုအကျိုးကိုပဲ ကြည့်ပါတယ်။
မေး။ ။ လက်ရှိမှာ တိုက်ပွဲတွေကြောင့် ရခိုင်တိုင်းရင်းသား ပြည်သူတွေ ထောင်နဲ့ချီပြီး စစ်ရှောင်နေရတယ်။ အဲဒီတော့ AA အနေနဲ့ ပြည်သူတွေနဲ့ရော လက်ရှိဆက်ဆံရေး ဘယ်လိုအခြေအနေ ရှိပါလဲ။
ဖြေ။ ။ ရခိုင်လူထုက ရက္ခိုင့်တပ်မတော်ကို ဘယ်လောက်ပဲ ဒုက္ခဖြစ်ဖြစ် လက်ခံတယ်။ ရခိုင်လူထုက ရက္ခိုင့်တပ်မတော်ကို လုံးဝ ကြိုဆိုတယ်။ ထောက်ခံတယ်။ ဒါက နေ့တိုင်းမြင်နေရတဲ့ မြင်ကွင်းပဲ။ တိုက်ပွဲတခု ဖြစ်လာပြီဆိုရင် စစ်ရဲ့အနိဋ္ဌာရုံတွေကတော့ ရှောင်လွဲလို့မရပါဘူး။ စစ်ပြေးဒုက္ခသည်က ရှိလာမှာပဲ။ အဲဒါကို လူမှုအခြေပြု အဖွဲ့အစည်းတွေက နိုင်ရာတာဝန်ကို ယူကြမယ်။
ကျနော်တို့အနေနဲ့က အရပ်ဘက်ဝင်ပြီး နိုင်ငံရေး ဦးဆောင်မှုလုပ်တဲ့ ကျနော်တို့ရဲ့ ULA (ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်) က စစ်ပြေးဒုက္ခသည်ဆိုင်ရာ ကိစ္စတွေနဲ့ စစ်ဒေသတွေမှာ အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်။
မေး။ ။ AA ကို ရခိုင်လူထုက ထောက်ခံတယ်လို့ ပြောတာက AA အနေနဲ့ ပြည်သူတွေ ပူးပေါင်းမှုရအောင် စည်းရုံးထားတာပါလား။
ဖြေ။ ။ ဒါကတော့ တကူးတက စည်းရုံးစရာ မလိုပါဘူး။ ရခိုင်လူမျိုးတွေနဲ့ နှစ်ပေါင်းများစွာ အခွင့်အရေးတွေ ဆုံးရှုံးမှု၊ အမျိုးသားအရေး နစ်နာမှုတွေအတွက် ရခိုင်လူထုတရပ်လုံးက ကြိုဆိုထောက်ခံတာ ဖြစ်တယ်။ ရခိုင်လူမျိုးတွေ တမျိုးသားလုံး လိုအပ်ချက်တွေ ဆန္ဒတွေနဲ့အညီ ကျနော်တို့ အလုပ်လုပ်တယ်။ ရက္ခိတလမ်းစဉ် ပေါ့နော်။ ရခိုင်လူမျိုးတွေ လျှောက်လှမ်းမယ့် လမ်းစဉ်ဆိုတာ ချမှတ်ထားတာရှိတယ်။
ရခိုင့်လူ့ဘောင်ကို ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်မယ်။ ကျနော်တို့ရဲ့ ချိုးနှိမ်ထားခံရတဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည် တည်ဆောက်မယ်။ ရခိုင်တွေ ဒုက္ခရောက်နေတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ နိုင်ငံရေးအရလည်း အဖြေရှာမရတဲ့ အချိန်မှာ ရက္ခိုင့်တပ်မတော်ကို ရခိုင်လူထုက ထောက်ခံတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။
မေး။ ။ အခုရက်ပိုင်းထဲမှာ နိုင်ငံတော် အတိုင်ခံပုဂ္ဂိုလ်က ခေတ်သစ် ပင်လုံညီလာခံလုပ်ဖို့ ထပ်မံပြောလာတယ်။ AA အနေနဲ့ ဘယ်လိုပုံစံနဲ့ တက်ရောက်ဖို့ မျှော်လင့်ထားပါလဲ။ နိုင်ငံရေးရည်မှန်းချက် ဘာတွေထားရှိထားပါလဲ။
ဖြေ။ ။ ကောင်းမွန်တဲ့ နိုင်ငံရေးအားလုံးကို ကျနော်တို့ ကြိုဆိုပါတယ်။ လက်တွေ့မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ပြီး ဆောင်ရွက်ရပါလိမ့်မယ်။ နဂိုကတည်းက ပြည်သူ့အစိုးရကို အပြုသဘောနဲ့ ကြိုဆိုနေတယ်။ ကျနော်တို့ ဒီအစိုးရကို မတက်ခင်ကတည်းက မျှော်လင့်ချက်တွေ ထားတယ်။ အစိုးရနဲ့ နိုင်ငံရေးအရ ပြဿနာတွေကို ဖြေရှင်းဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်။
နိုင်ငံရေး ရည်မှန်းချက်ကတော့ ကျနော်တို့ ရခိုင်ကံကြမ္မာကို ကျနော်တို့ရခိုင် ဖန်တီးနိုင်ရမယ်။ ကျနော်တို့ လူမျိုး တွေရဲ့ ကံကြမ္မာကို ကိုယ်ပိုင် ပြဌာန်းချက်တွေနဲ့ပဲ ရှေ့ဆက်မယ်။ သူများ ပြဌာန်းပေးထားတာတွေနဲ့ပဲ လုပ်လို့မရဘူး။ ကျနော်တို့လူမျိုးရဲ့ ကံကြမ္မာကို လွတ်လပ်စွာဖန်တီးနိုင်မယ့် လူ့ဘောင်တခုဖြစ်အောင် ကျနော်တို့ ကြိုးစား တည်ထောင်သွားမယ်။
မေး။ ။ မေလ ၄ ရက်က ပြည်သူ့လွှတ်တော်မှာ တပ်မတော်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး စိန်ဝင်းက AA က အစိုးရကို မကျေနပ်လို့ ဒီမိုကရေစီကို ဆန့်ကျင်ဖို့ တိုက်ခိုက်နေတယ်လို့ ပြောတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တိုက်ပွဲတွေရပ်ပြီး AA ကို နိုင်ငံရေးဆွေးနွေးဖို့ ခေါ်ဖို့ပြောတဲ့ အဆိုလည်း တပ်မတော်က ပယ်ချလို့ မအောင်မြင်ခဲ့ဘူး။ အဲဒီအပေါ်ရော ဘယ်လိုသဘောထားရှိပါလဲ။
ဖြေ။ ။ မေလ ၄ ရက်က လွှတ်တော်မှာ အဆုံးအဖြတ်နဲ့ ဖြစ်ပျက်ခဲ့တဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် ဒါက တိုင်းရင်းသား ပြည်သူတွေအတွက်၊ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မေးခွန်းတွေရော၊ ပဟေဠိတွေရော၊ သံသယ ဖြစ်စရာတွေရော တွေ့ရတယ်ဗျ။ ကျနော်တို့က ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ထားတဲ့ ပြည်သူ့အစိုးရကို အမြဲတမ်း ကြိုဆိုတယ်။ နိုင်ငံရေးအရ အဖြေရှာဖို့လည်း အမြဲတမ်း အဆင်သင့်လုပ်ထားတယ်။ အဲဒါက အမှန်တရားပဲ။တိုက်ပွဲဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နဂိုတည်းက သူတို့က ရက္ခိုင့်တပ်မတော်ကို အငြိုးထားပြီးတော့မှ အမြစ်ပြတ် ချေမှုန်းမယ်လည်း ပြောထားတယ်။ သူတို့က စစ်ဆင်ရေးတွေ လုပ်လာတော့ စောစောက ပြောတဲ့အတိုင်း ကျနော်တို့လည်း ခုခံရမှာပဲ။ လူထုရဲ့ဆန္ဒကို လူထုရဲ့ ကိုယ်စားလှယ်က တင်ပြတယ်။ အဲဒါကို လွှတ်တော်မှာ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ကိစ္စကို ကန့်ကွက်လိုက်တယ်။ ငြိမ်းချမ်းရေးကို ကန့်ကွက်တယ်ဆိုတာ့ ဘယ်သူက စစ်လိုလားတယ်ဆိုတာ မြင်သာပါတယ်။
စစ်ကို ဖန်တီးခြင်းအားဖြင့် အစိုးရအတွက် အကျပ်အတည်းတွေ ဖန်တီးတာ ဖြစ်ပါတယ်။ ကျနော်တို့က နိုင်ငံရေးအရ အဖြေရှာဖို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အဖြေရှာနေတဲ့အစိုးရကို ကျနော်တို့က အနှောင့်အယှက် ပေးစရာ ဘာမှမရှိပါဘူး။ ဒါ့ကြောင့် နိုင်ငံရေးအခက်အခဲ ပေါ်ပေါက်လာအောင် ဖန်တီးတဲ့အုပ်စုက ဘယ်အုပ်စု ဖြစ်နိုင်လဲဆိုတာကို ဦးနှောက်တခြမ်းပဲ ရှိတဲ့သူလည်း တွေးတတ်ပါတယ်။
မေး။ ။ တပ်မတော်ဘက်က ပြောလာတဲ့အထဲမှာ AA စစ်ဦးစီးချုပ်ရဲ့ ဆွေမျိုးတော်စပ်သူတွေက အစိုးရယန္တရားမှာ ပါဝင်နေပြီမို့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ဖို့လည်းပါတယ်။ နောက်ပြီးအပြင်မှာ ပြောဆိုနေကြတာတွေကိုလည်း ရှင်းပြပေးပါ။
ဖြေ။ ။ အမျိုးသားရေး ယုံကြည်ချက်၊ နိုင်ငံရေး ယုံကြည်ချက်ဆိုတာ ဆွေမျိုးတော်စပ်မှုနဲ့ ဘာမှ မဆက်စပ်ပါဘူး။ ဆွေမျိုးကဆွေမျိုး ဖြစ်တယ်။ အမျိုးသားရေး နိုင်ငံရေးယုံကြည်ချက် ခံယူချက်တွေက သတ်သတ်ဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်အတွက် လိုအပ်လို့ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ ဆွေမျိုးတော်စပ်တယ်၊ မတော်စပ်တယ်ဆိုတာ ဘာမှ ဆက်စပ်မှု မရှိပါဘူး။ နိုင်ငံရေးကိစ္စက နိုင်ငံရေးကိစ္စပဲ ဖြစ်တယ်။ ဒီကိစ္စတွေကို စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အတွေးအခေါ် ခံယူချက်နဲ့ ယုံကြည်ချက်တွေကတော့ အမျိုးသားရေး အကျိုးစီးပွားကိုပဲ ဦးထိပ်ထားပါတယ်။
မေး။ ။ တပ်မတော်နဲ့ တပ်ပိုင် သတင်းဌာနတွေမှာ AA ကို သောင်းကျန်းသူလို့ပဲ သုံးတယ်။ တိုင်းရင်းသား တပ်ဖွဲ့တခု အနေနဲ့လည်း အသိအမှတ်မပြုဘူး။ ဒီအပေါ်ရော ဘယ်လိုမှတ်ချက်ပေးချင်ပါလဲ။
ဖြေ။ ။ တပ်မတော်ဆိုတဲ့ စကားလုံးက ရခိုင်အဘိဓာန်ထဲက ဖြစ်တယ်။ တပ်ဆိုတာ ကျနော်တို့မှာ ခြံစည်းရိုးကို တပ်ခြံစည်းရိုးလို့ ခေါ်တယ်။ ကျနော်တို့ရဲ့ မူပိုင်အဘိဓာန်ဖြစ်လို့ ကျနော်တို့ နာမည်ကို သုံးစွဲတာဖြစ်တယ်။ ဘယ်သူ့ဆီကမှ ငှားရမ်းသုံးစွဲတာလည်း မဟုတ်ဘူး။ ကျနော်တို့မှာ နိုင်ငံရေးခံယူချက် အမျိုးသားရေး ခံယူချက်တွေနဲ့ ရပ်တည်ပြီး အလုပ်လုပ်နေတာဖြစ်တယ်။ ဘယ်သူက ဘယ်လိုပဲခေါ်ခေါ် ရပ်တည်ချက်အတိုင်း လုပ်ဆောင်စရာရှိတာ လုပ်မှာဖြစ်တယ်။ နိုင်ငံရေးအရလည်း စည်းကမ်းတကျနဲ့ ကျနော်တို့ ဆက်လက် ကြိုးစားသွားဖို့ပဲ ရှိပါတယ်။ အဲဒါက ကျနော်တို့ကို လိုလားတဲ့သူကတော့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုမှာပေါ့လေ။ အဲဒါကို အငြင်းပွားစရာ မလိုပါဘူး။ ခိုင်မာသောယုံကြည်ချက်နဲ့ ဆက်လုပ်သွားမှာပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးစီးမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်ရော ကြိုတင်ပြင်ဆင်ထားတာတွေ ရှိပြီလား။ ဘာတွေလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ပြင်ဆင်သင့်သလောက်တော့ ပြင်ဆင်ထားတယ်။ စဉ်းစားသင့်သလောက်လည်း စဉ်းစားထားတယ်။ ကျနော်တို့ တဖက်မှာလည်း ဒီကိစ္စမှာ ပြောတဲ့အတိုင်း လွယ်လွယ်နဲ့ အောင်မြင်မှာလားဆိုတဲ့ သံသယတွေ ရှိနေတာကြောင့် အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားပါတယ် ခင်ဗျ။ နိုင်ငံရေးအတွက် အဖြေရှာဖို့ဆိုရင်တော့ တိုင်းရင်းသားတွေ အကုန်လုံး အကြိမ်ပေါင်းမြောက်များစွာ ညှိနှိုင်းပြီးပြီ။ ဒါ့ကြောင့် ကျနော်တို့ ဘာလိုအပ်လဲ ဆိုတဲ့ဟာကိုလည်း စနစ်တကျ ပြင်ဆင်ထားတာ ရှိပါတယ်။
မေး။ ။ အခုချိန်မှာ စစ်ဘေးပြေးရှောင်နေရတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေကိုရော ဘာများ အမှာစကား ပါးချင်ပါလဲ။
ဖြေ။ ။ ကျနော်တို့ ကြိုးစားနေပါတယ်။ လူထုရဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်လာအောင် ကြိုးစားရမှာပါ။ ကျနော်တို့ ကြိုးစားနေတဲ့ တိုက်ပွဲဝင်နေတဲ့ ကာလမှာတော့ ဒုက္ခတွေကိုတော့ ခံစားရမှာပါပဲ။ အဲဒါအတွက်တော့ စိတ်ဓါတ်မကျပါနဲ့။ လူတွေခံစားနေရတာနဲ့ ပတ်သက်ပြီး အထူးဝမ်းနည်း စိတ်မကောင်း ဖြစ်မိပါတယ်။ စစ်ပွဲတခု ဖြစ်လာပြီဆိုရင်တော့ ဒုက္ခတွေက ရှောင်လွဲလို့မရဘူး။ သို့သော် ကျနော်တို့ ကူညီနိုင်ဖို့အတွက် နိုင်ငံတကာ မိတ်ဆွေတွေရော၊ တိုင်းရင်းသား မိတ်ဆွေတွေနဲ့ရော လက်တွဲကြိုစားသွားပါမယ်။ လူမှုအခြေပြု အဖွဲ့အစည်းတွေ အနေနဲ့လည်း စောင့်ရှောက်မှု ကူညီမှုပေးဖို့ ကြိုးစားပေးနေတဲ့အတွက် ၀မ်းသာပါတယ်။ ဒီဒုက္ခသည် စောင့်ရှောက်ရေး လူ့အခွင့်အရေး ကာကွယ်ရေးတို့ကိုလည် စနစ်တကျ အဖွဲ့တွေဖွဲ့ပြီးလုပ်ရင် ပိုကောင်းမယ်လို့ သုံးသပ်ပါတယ်။
  ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်က ရှိကို ရှိရမယ်
‪ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်‬ နှင့် BBC မှ ဆက်သွယ်မေးမြန်းချက်
တိုက်ပွဲရပ်ပြီး နိုင်ငံရေးအရဖြေရှင်းဖို့ သဘောထားရှိတယ် – ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်
ရက္ခိုင့်တပ်မတော် ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်။
By မျိုးဇော်လင်း 6 May 2016
                 ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသား ရာပေါင်းများစွာ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြပါတယ်။ စစ်ပွဲတွေရပ်စဲဖို့ ရခိုင်ပြည်နယ်တွင်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသားလွှတ်တော်မှာ
 စစ်ရပ်စဲရေး အရေးကြီးအဆို တင်သွင်းဆွေးနွေးရာမှာ လွှတ်တော်က မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရက္ခိုင်တပ်မတော် (Arakan Army) ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ကချင်ပြည်နယ်မှာ စတင်တည်ထောင်ခဲ့ပြီး ဒီနှစ်ဆန်းကစပြီး ရခိုင်ပြည်နယ်တွင်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်မတော် ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က သူတို့ဟာ ရသင့်ရထိုက်တဲ့ နိုင်ငံရေး အဆင့်အတန်း၊ အခွင့်အရေး ရရှိဖို့အတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ သဘောထားရှိတယ်လို့ ဒီဗွီဘီနဲ့ သီးသန့်မေးမြန်းရာမှာ ဖြေဆိုပါတယ်။ ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအခြေအနေရှိတယ်၊ 
ဘယ်တွေဖြစ်နေလဲ ပြောပေးပါဦးခင်ဗျ။
“ရခိုင်မှာဖြစ်နေတဲ့တိုက်ပွဲ စဖြစ်တာကတော့ ကျနော်တို့လှုပ်ရှားတဲ့၊ နေထိုင်တဲ့ခွင်ကို တပ်မတွေ ထိုးလာတာပေါ့။ စတခ ၁၅ တို့၊ ၅ တို့ ၉ တို့ပေါ့။ အဲ့ဒါ ထိုးလာတယ်ဆိုတော့ ကျနော်တို့လည်း ဒီလို ရွေ့လျားတိုက်ပွဲပေါ့နော်။ ဒါ လှုပ်ရှားစစ်ကြောင်းနဲ့ပဲ ပြန်ခုခံတာပေါ့။ ဒါကြောင့် ဒုက္ခသည်တွေကလည်း ကြောက်လန့်ပြီးတော့ ထွက်ပြေးသွားတာ။ တကယ်တမ်း တိုက်ပွဲဖြစ်တာက ၇ ကြိမ်၊ ၈ ကြိမ်လောက်တော့ဖြစ်တယ်။ နှစ်ဘက်ရင်ဆိုင်ဖြစ်တာပေါ့။ ပြောက်ကျား ကြိုးကြားကြိုးကြားဖြစ်တာတော့ အများကြီးဖြစ်တယ်။ အဲ့လိုဖြစ်တဲ့အချိန်မှာ အစိုးရတပ်တွေက ရမ်းသမ်းပစ်တာများတယ်။ လက်နက်ကြီးတွေကို ရွာတွေမှာ ကျလာတယ်။ အဲ့ဒါကြောင့် ရွာသွားတွေက ကြောက်လန့်ပြီး ပြေးသွားတာများတယ်။ နောက်ပြီးမှ သူတို့က အမြစ်ပြတ်ချေမှုန်းရေးပုံစံဆိုတော့ ရိက္ခာတွေဘာတွေကို ၀ယ်ယူတာတို့၊ ပို့ဆောင်တာတို့ အကုန်လုံး ဖြတ်တောက်ထားတော့ ရွာသားတွေလည်း ရိက္ခာပြတ်ပြီးမှ အကုန်လုံး စစ်ဘေးဒုက္ခသည်တွေ ဖြစ်ကုန်တာပေါ့။”
နှစ်ဘက်ထိခိုက်မှု အနေနဲ့ကော ဘယ်လိုမျိုးရှိလဲခင်ဗျ။
“၁၆ ရက်နေ့ကနေပြီးမှ ကျတာတော့ ၁ ယောက်ရှိခဲ့တယ်။ ထိခိုက်ဒဏ်ရာရတာတော့ ၈ ယောက်၊ ၉ ယောက်တော့ရှိတယ်။ ဒဏ်ရာပြင်းထန်တာ ၁ ယောက်ပေါ့။ ကျနော်တို့နေထိုင်တဲ့ နေရာကိုတော့ ကျနော်တို့က သေချာပြင်ဆင်ပြီးမှ နေနေတာလေ။ အဲ့တော့ သူတို့က အင်အားအများကြီး သုံးပြီးတော့မှ ညှပ်ပြီးဝင်တယ်ဆိုတော့ သူတို့အတွက် ထိခိုက်ဒဏ်ရာရတာများတယ်လို့ သိထားတယ်။ ဆေးရုံတွေကို တင်တာတို့ အရပ်သားတွေ ကိုယ်တိုင်လည်း မျက်မြင်ပေါ့နော်။ တော်တော်လေးများတယ်။ ရာဂဏန်းလောက်ထိရှိမယ်။ ထိခိုက်ဒဏ်ရာ ၆၀ အထက်ပေါ့။”
     တိုက်ပွဲတွေရပ်သွားဖို့ ရခိုင်မှာရှိတဲ့ ပြည်နယ်အချို့မှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ရှိနေတယ်ပေါ့နော်။
 ရန်ကုန်မှာလည်း ရှိနေတယ်ဆိုတော့ တိုက်ပွဲတွေရပ်ဖို့ဆိုရင် အဓိက အကြောင်းအရင်းက ဘာများလိုအပ်မလဲခင်ဗျ။
“အဓိကအကြောင်းအရာကတော့ အခု အစိုးရဘက်က လှုပ်ရှားနေတဲ့ စစ်ဆင်ရေးတွေကို ရပ်လိုက်ရင် တိုက်ပွဲက ရပ်ပါတယ်။ အဲ့ဒါက ကျနော်တို့ဘက်က စတိုက်တာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီမိုကရေစီ လူထုတင်မြှောက်ထားတဲ့ အစိုးရနဲ့ နိုင်ငံရေးအရ ဖြေရှင်းဖို့အတွက် ကျနော်တို့ စောစောကတည်းက သဘောထားရှိပြီးသားဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က စပြီးတော့ မတိုက်ဘူး။ ကျနော်တို့မြင်တာက ဒီ စစ်ဘက်ဆိုင်ရာ အာဏာလက်လွှတ်လိုက်ရတဲ့ အုပ်စုတွေက တိုက်ပွဲကို ဖန်တီးပြီးတော့မှ အစိုးရသစ်ကို အကျပ်အတည်းဖြစ်အောင် တဘက်လှည့်နဲ့ ဖန်တီးသလားဆိုတဲ့ စဉ်းစားချက်လည်း ဖြစ်တယ်ဗျ။ ဒါကြောင့် တိုက်ပွဲတွေကို ရပ်နားဖို့က ကျနော်တို့က ပိုရပ်နားချင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လူထုက ပိုပြီးမှ ဒီတိုက်ပွဲဒဏ်တွေကို ခံရတာကို။ တိုက်ပွဲဖြစ်တော့ ကျနော်တို့လူထု နစ်နာတာကို ကျနော်တို့ ဘယ်ဖြစ်ချင်ပါ့မလဲ။ ဒါပေမယ့် ဟိုကနေ အမြစ်ဖြတ်ချေမှုန်းဖို့ စစ်ဆင်ရေး လုပ်လာတော့ ကျနော်တို့လည်း ခုခံရတော့မှာပေါ့။ လူထုသဘောထားကတော့ တိုက်ပွဲရပ်ဖို့၊ နိုင်ငံရေးအရ ဖြေရှင်းဖို့။ ကျနော်တို့လည်း တိုက်ပွဲရပ်ပြီး နိုင်ငံရေးအရဖြေရှင်းဖို့ သဘောထားရှိတယ်။”
စစ်ဘေးဒုက္ခသည်တွေက တိုးတိုးလာတယ်ဆိုတော့ အစ်ကိုတို့ဘက်ကနေပြီးတော့ ဆက်လက်ဖြစ်နေမယ်ဆိုရင်။
“အဲ့ဒါကတော့ ကျနော်တို့ အန်ဂျီအိုတွေကော၊ အခြား လူထုအခြေပြု အဖွဲ့အစည်းတွေပဲ ဒီကိစ္စကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်ပေါ့။ ဒီကိစ္စကို တကယ်လို့ လိုအပ်ရင် နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီ တောင်းခံပြီးတော့မှ ကျနော်တို့ လူမှုဒုက္ခတွေ၊ စစ်ဘေးဒုက္ခသည်တွေရဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ကြိုးစားသွားမှာပါ။”
ဟုတ်ကဲ့။ လက်ရှိအခြေအနေမှာကော တိုက်ပွဲတွေ အခြေအနေက ဘယ်လိုရှိလဲခင်ဗျ။
“တိုက်ပွဲအခြေအနေက ကျနော်တို့ကတော့ ကျနော်တို့စစ်ကြောင်းကို တတ်နိုင်သမျှ ရှောင်ပေးဖို့တော့ ညွှန်ကြားထားတယ်။ သို့သော် ကျနော်တို့ ရှောင်လို့မရတဲ့ အနေအထားတွေ ရှိလာရင်တော့ ပြန်ပြီးမှ ခုခံရတော့မှာဖြစ်တယ်။ ဒါကြောင့် အခု ဒီရက်ပိုင်းမှာ တိုက်ပွဲကြီးကြီးမားမား မဖြစ်သော်လည်းဘဲ အရမ်းရှောင်ရခက်တဲ့ အနေအထားမျိုးတွေ ရောက်ခဲ့ပြီဆိုရင်တော့ ကျနော်တို့လည်း ပြန်လည်ခုခံရတော့မှာဖြစ်တယ်။ ဒါကြောင့် တိုက်ပွဲအနေအထားက ပိုဆိုးသွားနိုင်တဲ့ အနေအထားမျိုးလည်း ရှိနေတယ်ခင်ဗျ။”
အေအေကို ကူညီပေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကော ရှိလားခင်ဗျ။ ဘယ်လိုမျိုးရှိလဲဗျ။ ဘယ်နှစ်ဖွဲ့လာက်ရှိလဲ။
             “ကျနော်တို့ တိုင်းရင်းသား မဟာမိတ်တွေပေါ့။ တပ်ပေါင်းစုအနေနဲ့ ပူးပေါင်းဆောင်ရွက်တာရှိတယ်။ အချို့နေရာတွေပေါ့နော။ ကေအိုင်အို၊ ကေအိုင်အေနဲ့လည်း ကျနော်တို့ ပူးပေါင်းစစ်ဆင်ရေးတွေလည်း လုပ်ခဲ့တာပဲ။ ကိုးကန့်၊ ပလောင်မှာလည်း လုပ်တာပဲ။ ဒီကေဘီအေမှာလည်း ကျနော်တို့ လှုပ်ရှားခဲ့တယ်ဆိုတော့ ကျနော်တို့ မိတ်ဆွေတော့များတယ်ဗျ။ ဒါကြောင့် မိတ်ဆွေတွေနဲ့ အကုန်ပူးပေါင်းဆောင်ရွက်မှု ဆိုတာက ကိုယ်စီကိုယ်စီ ရှိကြတာပေါ့။ တခြား အသီးသီး မှတ်ချက်တွေတော့ ကျနော် မပေးလိုဘူးခင်ဗျ။ အဓိကကတော့ ရက္ခိုင့်တပ်မတော်က တိုက်ပွဲဝင်တာပါပဲ။ ကျန်တာကတော့ နည်းနည်းပါးပါးတော့ ရှိရင်လည်း ရှိမှာပေါ့။ နည်းဗျူဟာအဆင့်မှာကျတော့။ ဒါက ခုနက ပြောသလိုပဲ စစ်ဘက်ဆိုင်ရာ အနေအထားဆိုတော့ အတိအကျ မှတ်ချက်မပေးလိုဘူးလို့ ကျနော် စောစောက ပြောတဲ့အတိုင်းပါပဲ။”
အစ်ကိုတို့ ဒီအစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးလုပ်ဖို့ အခြေအနေတွေ 
ဘယ်လိုမျိုးရှိလဲခင်ဗျ။
“ကျနော်က ဒီကိစ္စမှာ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးထက် နိုင်ငံရေးအရ အဖြေရှာတယ်ဆိုတာကို ပိုပြီးတော့မှ သဘာဝကျတယ်လို့ ပြောလိုတယ်။ ကျနော်တို့က ရှာဖွေနေတာ ငြိမ်းချမ်းရေးဆိုတာထက် ကျနော်တို့ ရသင့်ရထိုက်တဲ့ နိုင်ငံရေးအဆင့်အတန်း၊ အခွင့်အရေးကို လိုနေတာဖြစ်တယ်။ အဲ့ဒါရရင် ငြိမ်းချမ်းရေးက ရပြီးသားပဲ။ ဒါကြောင့် ဒီအစိုးရက ဒီမိုကရေစီစနစ်အရ လူထုသဘောနဲ့ ရွေးကောက်ထားတဲ့ အစိုးရဖြစ်တယ်။ ဒါကြောင့် ဒီအစိုးရက လူထုသဘောထားအတိုင်း ပြည်ထောင်စုကို ကောင်းမွန်စွာ တည်ဆောက်မယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။ သို့သော်လည်းပဲ ကျနော်တို့ ဒီအစိုးရ ဘယ်အတိုင်းအတာထိ ဆောင်ရွက်နိုင်မလဲ၊ သူ့ရဲ့စစ်တပ်ပေါ့နော် အစိုးရရဲ့ စစ်တပ်ကနေပြီးတော့မှ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတာလဲ မေးခွန်းတွေအဖြစ်ပဲ ရှိနေပါသေးတယ်။”
အစိုးရသစ်ကနေပြီးတော့ ကမ်းလှမ်းမှုတွေ ရှိလားခင်ဗျ။
“ကမ်းလှမ်းမှုက မရှိဘူး။ ကျနော်တို့ဘက်ကတော့ သူတို့ဘက်က ကမ်းလှမ်းတယ်ဆိုရင် နိုင်ငံရေးအရ အဖြေရှာဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်။”
လွှတ်တော်မှာလည်း ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ အဆိုတင်သွင်းတာတွေလည်း ရှိတယ်ဆိုတော့ 
အစ်ကိုတို့ဘက်ကကော ဘယ်လိုမျိုး ကမ်းလှမ်းထားတာ ရှိလဲခင်ဗျ။
“ဒါ လူထုရဲ့ဆန္ဒပဲ။ ကျနော်တို့ လေးစားတယ်။ လူထုက တိုက်ပွဲတွေကို မလိုလားဘူး။ နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ ဒါ နည်းလမ်းတကျ တောင်းဆိုတဲ့ လူထုဆန္ဒပဲ။ ဒါ ဒီမိုကရေစီအရဆိုလည်း တရားနည်းလမ်းကျတယ်။ အဲ့ဒါကို လွှတ်တော်က ဆုံးဖြတ်တဲ့ပုံစံကို ကျနော်တို့တွေ့ရတော့ ကျနော်တို့ အရမ်းအံ့သြမိတယ်ပေါ့။ ၂၀၀၈ အခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ လွှတ်တော်က တိုင်းရင်းသားအရေးအရာတွေကို ဖြေရှင်းတဲ့အခါမှာ ဒီလိုပုံစံမျိုးပဲ ဖြစ်နေရင်တော့ တိုင်းရင်းသားတွေအတွက် အလားအလာကောင်းတဲ့၊ ရှေ့ပြေးနိမိတ်တော့ မဟုတ်ဘူးဗျ အဲ့ဒါကလေ။ တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေပေါ့နော်။ အဲ့ဒါကို မှတ်တမ်းအဖြစ်ပဲ ထားတာဆိုတော့ ကျနော်တို့ တခြားတိုင်းရင်းသားတွေကိုလည်း ဒီလိုမျိုး အကုန်လုံးပေါ့နော် ဖြစ်လာမလားဆိုတာ ဒါ ရင်လေးစရာပါ။ ကျနော်တို့ကတော့ နဂိုကတည်းက ကျနော်တို့လူထုတွေ လိုလားတဲ့ ကျနော်တို့လူထုအတွက် လိုအပ်နေတဲ့ အခွင့်အရေးတွေအတွက် မရရင် ရတဲ့နည်းလမ်းနဲ့တော့ တိုက်ပွဲဝင်သွားမှာပဲ။ အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးအရ ဖြေရှင်းတာပေါ့ဗျာ။ မရရင်လည်း ဆက်ပြီး တိုက်ပွဲဝင်မှာပေါ့။ ကျနော်တို့လည်း အများနည်းတူပေါ့နော်။ အရင်အစိုးရ လက်ထက်ကတည်းက အန်စီစီတီနဲ့ ဆွေးနွေးထားတဲ့ အချက်အလက်တွေ အများကြီးရှိပါတယ်။ တိုင်းရင်းသားဒေသတွေအတွက်၊ တိုင်းရင်းသား လူမျိုးတွေအတွက်၊ မြန်မာနိုင်ငံသားတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ အတွက်ပေါ့။ အဲ့ဒီအခွင့်အရေးတွေအတွက် ကျနော်တို့ မှန်မှန်ကန်ကန်နဲ့ ရပ်တည်ပြီးတော့မှ ဆွေးနွေးလုပ်ဆောင်သွားဖို့ပါ။ အဆင်သင့်ကြိုဆိုနေပါတယ်။ အဲ့ဒါတွေအတွက်။”
Monday, May 2, 2016
အနာဂတ်အဆုံးအဖြတ် (သို့) အမျိုးသားရင်ကြားစိရေး
အနာဂတ်အဆုံးအဖြတ် (သို့) အမျိုးသားရင်ကြားစိရေး
ကျွန်သက် နှစ်ရာကျော်ကာလအထိ သမိုင်းအမှောင်ချ၊ သွီးထိုးလှုံ့ဆော်၊ ရန်တိုက်ခံလာရသော ရခိုင်လူမျိုးများမှာ သမိုင်းကွင်းဆက်ပြတ်ကာ ရန်သူကို မိတ်ဆွေထင်၊ မိတ်ဆွေကို ရန်သူမြင်ပြီး၊ သွီးရင်း သားရင်းအချင်းချင်း အထင်အမြင်လွဲမှား၊ နှိမ့်ချဆက်ဆံ၊ စော်ကား၊ ရန်များခမှုများမှာ လွန်ခသော အတိတ်သမိုင်း၌လည်း ဟိနိန်ခပြီး လက်ဟိပစ္စုပ္ပာန်တွင်လည်း တချို့နိန်ရာ၊ တချို့ပုဂ္ဂိုလ်များ၏ စကားနန့် လုပ်ရပ်များကြားတွင် တွိမြင်နိန်ရတုန်းပင် ဖြစ်ပါသည်။
၎င်းရို့ထဲ၌ အပြင်းထန်ဆုံး လွဲမှားမှုများမှာ အနောက်သားများကို ခွဲခြားဆက်ဆံခြင်း၊ အဝကျွန်းသား များကို နှိမ့်ချရန်မူခြင်း၊ ချောင်းသားများကို မတူမတန်ဆက်ဆံခြင်း၊ ရမ်းဗြဲစကားပြောနန့် ဗမာစကားပြော (တောင်ပိုင်းသား) များကို နှိမ့်ချသရော်ခြင်း အပြင် တခြားသော ရခိုင်မျိုးနွယ်စု သက်၊ ခမွီး၊ မြို၊ ဒိုင်းနက်၊ မရာမာများကို ပစ်ပယ်နှိမ့်ချ ဆက်ဆံခြင်းများပင် ဖြစ်သည်။
အမှန်က အနောက်သား၊ ရမ်းဗြဲသား၊ ချောင်းသား၊ တောင်သား၊ မရိုးသား၊ ရီကြိုင်သား ဆိုသည် များမှာ နိန်မြီဒေသ ညွှန်းဆိုချက်သာဖြစ်ပြီး အမျိုးအနွယ်အမည်နာမ မဟုတ်ကြောင်းကို ဦးစွာသဖေါ ပေါက်ဖို့လိုပါသည်။ ပြီးနောက် သက်၊ ခမွီး၊ မြို၊ ဒိုင်းနက်၊ မရာမာ အမျိုးအနွယ်များမှာလည်း ရှည်ကြာသော သမိုင်းကြော တလျှောက်လုံး ရခိုင့်တိုင်းပြည်ထဲ၌ ရခိုင်နိုင်ငံသားအဖြစ် သစ္စာဟိစွာ၊ ချစ်ချစ်ခင်ခင် နိန်ထိုင် လာကတ်သော ရခိုင်မျိုးနွယ်စု စစ်စစ်များပင်ဖြစ်သည်။ အနောက်သား၊ အဝကျွန်းသားဆိုသည်မှာ ရခိုင်ကို ဗမာကျွန်ပြုသည့်နောက်တွင်မှ ဘင်္ဂလားသို့ ထွက်ပြီးတိမ်းယှောင်လားခရသော ရခိုင်စစ်ပြီးဒုက္ခသည်များပင် ဖြစ်သည်။
ရခိုင့်သမိုင်းကို လေ့လာသုံးသပ်ကြည့်မည်ဆိုပါကရခိုင်လူမျိုးအစ ရက္ခိတက(ရက္ခပူရပဝေသန ကုလဝင်ကျမ်းအရ)၊ မာရာယုက(ရခိုင်ဇာတိဝံသမော်ကွန်းပေစာမူအရ)၊ ငရက္ခိုက်က(ဓညဝတီရာဇဝင်အရ)၊ အာရက္ခက(အာနန္ဒစန္ဒြားကျောက်စာအရ)၊ အာရီယန်နွယ်က(အေဒီ၉-ရာစုမှစတင်သည့်အယူအဆအရ)ဟူ၍ ငါးမျိုးငါးစား တွိဟိရပါသည်။ သို့သော် မည်သည်ကပင်စစ ရခိုင်လူမျိုးများသည် တိုင်းပြည်တစ်ခုတည်း၊ ရှင်ဘုရင်တပါးတည်း၊ သာသနာတစ်ခုတည်း၊ စာပီတစ်ခုတည်း၊ ယဉ်ကျေးမှုတစ်ပုံစံတည်းဖြင့် နှစ်ထောင်ချီပြီး အတူတကွ ချစ်ကြည်ညီညွတ်စွာ နိန်ထိုင်လာသော လူမျိုးတမျိုးပင်ဖြစ်သည်။
ထိုနောက်ပိုင်း ရခိုင်နိုင်ငံကို ဗမာများ သိမ်းပိုက်လိုက်သောအချိန်မှ စတင်ပြီး ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား၊ မူးကြီးမတ်ရာ၊ ပညာဟိသုခမီ၊ ပညာဟိရဟန်းသံင်္ဃာများကို ကျွန်ပြုရန် ဖမ်းဆီးခေါ်ဆောင်လားပြီး ကျန်ဟိသော ရခိုင်လူမျိုးများထဲမှ အတတ်ပညာသျှင်၊ အသိပညာသျှင်၊ အရာဟိအရာခံ အထက်ပေါ်ရီများကို ပထမအသုတ် သတ်ဖြတ်ပြီး ဒုတိယအနိန်ဖြင့် သူဌေးသူကြွယ်၊ ကုန်သည်၊ လယ်သူကြီးများကို သုတ်သင်၍ တတိယအခါမှာတော့ အနုပညာသည်၊ ဆီးပညာသည်၊ လက်မှုပ ညာသည်များကို ယှင်းလင်းလျှက် လှပသော ရခိုင်အမျိုးသမီးမှန်သမျှကို စိတ်ကြိုက် မုဒိန်းကျင့်သတ် ဖြတ်သည့်အပြင် သာမာန်အရပ်သားများကိုလည်း စိတ်အကြမ်းဝင်လျှင် ဝင်တိုင်း အရွီးအချယ်မဟိ အတိုင်းအတာမသိ နှိပ်စက်၊ ညှင်းပန်း၊ သတ်ဖြတ်ခပါသည်။ ထို့ကြောင့် ဗမာ့ကျွန်ဖြစ်ပြီးနောက် ရခိုင့်အမျိုးအနွယ် အတန်းအစားကို ခွဲခြားလိုပါက -
(၁) ဗမာများသိမ်းပိုက်သည့်အချိန်မှ စတင်ပြီး မဟုတ်မခံတော်လှန်ခကတ်သော (Revolutionary) တော်လှန်ရေးသမား။
(၂) ဗမာများ နှိပ်စက်သတ်ဖြတ်မှုကြောင့် လွတ်ရာကျွတ်ရာသို့ ထွက်ပြီးခိုလုံခကတ်သော (Refugee) ဒုက္ခသည်။
(၃) ပြီးစရာမြီမဟိ ခိုလှုံဖက်တွယ်ရာရှာမတွိ၍ ဗမာရို့၏ ဖိနှိပ်ရက်စက်အုပ်ချုပ်မှုအောက်တွင် အညံ့ခံ လိုင်စင်းပီးခကတ်ရကတ်သော (Slave) ကျွန်။
ဟူ၍ အုပ်စုသုံးစုသာ ကျန်ဟိပါသည်။
၎င်းနောက် ဗမာပြည်ကို အင်္ဂလိပ်များ သိမ်းပိုက်ချိန်၌ ဖိနှိပ်နင်းခြွီခံနိန်ရသော ရခိုင်လူမျိုးများမှာ အသင့်အတင့် လွန့်လူးကုန်းထလာနိုင်ရာမှ ဂနိန့်ပုံစံမျိုးအထိကို လူဦးရွီတဖြည်းဖြည်း တိုးပွါးလာရခြင်းသာ ဖြစ်ပါသည်။
သို့သော် ဗမာလူမျိုးများ၏ နှစ်ပေါင်းများစွာ ကျွန်ပြုခံရမှု၊ အင်္ဂလိပ်လက်အောင် သွီးခွဲအုပ်ချုပ်ခံရမှု၊ ဂျပန်လက်အောက် ဆိုးဝါးစွာ အဆက်အသွယ်ပြတ်တောက်မှု၊ ထို့နောက် ဗမာ့ကျွန် တခါပြန်ဖြစ်ရခြင်း နောက်ပိုင်းမှာတော့ သင်းခွဲ၊ ကုန်းတိုက်၊ မြှောက်ပင့်၊ လိမ်လည်၊ ဖုံးကွယ်၊ ဝါဒဖြန့်၊ အတုအပပြုလုပ် ခံရမှု ပေါင်းမြောက်များစွာအောက်၌ ရခိုင်လူမျိုးများ၏ အမျိုးသားရေးလက္ခဏာ၊ အမျိုးသားရေးစိတ်ဓာတ်ဆိုသည်များမှာ အဖတ်ဆည်မရလောက်အောင် ကွဲပြား၊ လွဲမှား၊ ပျက်စီး၊ ဆိတ်သုန်း လားခရပါသည်။
ထိုအကျိုးဆက်များကြောင့်သာ အနောက်သားကိုနှိမ်၊ ချောင်းသားကိုမရော၊ တောင်ပိုင်းကရခိုင်က ပျက်၊ မြောက်ပိုင်းက အသိခေါက်ခက်အဝင်ရူး၊ ခမွီး၊ မြို၊ သက် လူရာမသွင်းရ စသည်ဖြင့် ဘဝတူရခိုင် အချင်းချင်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနိန်ကတ်ခြင်းပင်ဖြစ်သည်။ ၄င်းမှာ ရခိုင်များ ပြန်လည်ဂေါင်း ထောင်မလာရန် ရန်သူ့ဖက်က စနစ်တကျချမှတ်ခသော နည်းဗျူဟာတခုဖြစ်သည့်အပြင် ရခိုင်များအဖို့ လွတ်လွပ်ရေးနန့် နောင်ဆယ်သက် ဝီးရမည့် အနည်းချက်ကြီး တခုလည်းမည်ပါသည်။
ထိုအားနည်းချက်ကြောင့်ပင် ပလက်ဝမြို့ဟိ ခမွီးလူမျိုးအများစုမှာ ရခိုင်အနွယ်အဖြစ်မှ ချင်းခမီ အဖြစ်သို့ ခံယူလားခြင်း၊ ဗုဒ္ဓဘာသာမှ ခရစ်ယန်သို့ကူးပြောင်းသွားခြင်း၊ ရခိုင်လူမျိုးများကို မုန်းတီးခြင်းများ ဖြစ်ပေါ်လားရပါသည်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဖက်မှ ခမီများမှာလည်း ရခိုင်အနွယ်မဟုတ် သော ခမွီး(သီးသန့်) မျိုးနွယ်စုအသွင်ဖြင့်သာ ရပ်တည်လာကတ်ပြီး၊ တချို့မှာလည်း ဗမာလူမျိုးအဖြစ်ခံယူ လားခြင်း ဖြစ်ခရပါသည်။
ယင်းထက်ပိုဆိုးသည်မှာ တချိန်က စစ်ပြီးဒုက္ခသည်များဖြစ်သော ဘင်္ဂလား၊ အဝကျွန်းမှ ရခိုင်လူ မျိုးများ အဖရခိုင်ပြည်သို့ ပြန်လည်အခြီချရန် စစ်တွေ မြောက်ဦး၊ မင်းပြားမြို့များသို့ ရောက်ဟိလာကတ် သောအခါ၌ ၄င်းရို့ကို ဒေသခံများက အလွန်ဆိုးဝါးစွာ ခွဲခြားဆက်မှုကြောင့် တစတစဖြင့် ဧရာဝတီတိုင်းသို့ အားလုံးနီးပါး နာကျဉ်းစွာ ပြောင်းရွိလားကတ်ခြင်းပင် ဖြစ်သည်။
ပြီးလျှင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲမြို့များနန့် မြောက်ပိုင်းရခိုင်များ အလွမ်းမသင့်မှုမှာ နှစ်ပေါင်းအတန်ကြာသည့်တိုင် သိသာစွာ မပြောင်းလဲနိုင်ခြင်းမှာ အလွန်ဆိုးဝါးလှပါသည်။ တောင်ပိုင်းသားတချို့၏ ဗမာစကားသုံးစွဲမှု၊ သမိုင်းအမြင် ဇာတိသွီးဇာတိမာန်နည်းမှု၊ ရခိုင်တေးခြင်း၊ ရခိုင်စာပီ နားမလည်၊ မနှစ်သက်၊ အားမပီးမှုများမှာ မြောက်ပိုင်းသားများအဖို့ ခံစားချက် ဖြစ်ပေါ်စီပြီး၊ စစ်တွေ တက္ကသိုလ်လာတက်စဉ် မြောက်ပိုင်းသားများ၏ အထင်သေး၊ ချိုးနှိမ်မှုများ၊ ကျောက်ဖြူကောလိပ်ဖျက် သိမ်းရေးကိစ္စရပ်များ၊ ဗမာစကားပြောခြင်းအပေါ် အမြဲကဲ့ရဲ့ခံရမှုများက တောင်ပိုင်းသားများကို ခံစားချက် ဖြစ်ပေါ်စီခပါသည်။
ထို့အပြင် မြောက်ပိုင်းသားချင်းလည်း စစ်တွေသားက မြို့ကြီးသား၊ မြောက်ဦးသားက နန်းတွင်းသား၊ ကျောက်တော်သားက ဘုရားဗျာဒိတ်ရမြီသား၊ မင်းပြားသားကလည်း ငါ့မင်းပြား၊ ပေါက်တောကလည်း ငါ့ပေါက်တော၊ ၄င်းအပြင် ကျွန်းသား၊ မြို့သား၊ ဆင်းရဲသား၊ ငါ့အဖွဲ့၊ သူ့အဖွဲ့ စသည်ဖြင့် ဘဝတူ ရခိုင်အချင်းချင်း အသားယူ၊ ဂျောက်ချ အရည်မရအဖတ်မရ လုပ်ရပ်များဖြင့် မိမိရို့၏ ကျွန်ဇာတ်လမ်းကို မရှည် ရှည်အောင် တက်ညီလက်ညီ ဆွဲဆန့်ခကတ်ပါသည်။
မည်သို့ပင်ဖြစ်ဖြစ် ခ(ခြီ)လုံးသတ်မှ အမိတ၊ အရေးကြီးက သွီးစည်းရ ဆိုသည့်အတိုင်း ကုလားရခိုင် အဓိကရုဏ်း၊ရီဘေး ဖြစ်လာချိန်မှာတော့ (တောင်ပိုင်းရခိုင်၊ မြောက်ပိုင်းရခိုင်၊ အနောက်သားရခိုင်၊ ချောင်းသားရခိုင်၊ ဧရာဝတီရခိုင်(အဝကျွန်းပြန်)၊ ဘင်္ဂလားရခိုင်၊ ရန်ကုန်ရခိုင်၊ နိုင်ငံခြားရခိုင်၊) ရခိုင်ဟူသမျှ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ရင်ထိတ်ခကတ်သည်။ အတူတကွ ဝမ်းနည်းပူဆွဲကတ်သည်။ အတူတကွ ခံပြင်း နာကြည်းကတ်သည်။ အတူတကွ ထောက်ပံ့ကူညီကတ်သည်။ အတူတကွ အဖြေရှာလာကတ်သည်များကို မြင်တွိလာရသည်။ မှန်ပါသည်။ ရခိုင်သည် ရခိုင်ဟု အသံကြားလျှင် ဂေါင်းထောင်တတ်သော လူမျိုးဖြစ်သည်။ ရခိုင်လူမျိုးတိုင်း၏ ခန္ဓာကိုယ်ထဲတွင် ပူနွီးသော အာရီယန်သွီးများ စီးဆင်းနိန်တုန်းပင် ဖြစ်ပါသည်။ ထို့ကြောင့် သိနားလည်မှုကြောင့်ပင်ဖြစ်ဖြစ်၊ မိရိုးဖလာပင်ဖြစ်ဖြစ် ရခိုင်မှန်က အမျိုးကိုချစ်သည်ဆိုသော ဝိသေသမှာလည်း မပြောင်းလဲဘဲ တည်ဟိနိန်ဆဲပင်ဖြစ်သည်။
သို့သော် ရခိုင်ရို့အဖို့မှာ သာမှန်အချစ်နန့်မပြီး တော်ရုံတန်ရုံဝိုင်းဝန်းလာသည်နန့် မလုံလောက်၊ အဆက်အသွယ်လုပ်ဖြစ်လာကတ်သည်ထက် အဆက်အစပ်မိလာအောင်ထိ ကြိုးပမ်းရမည်။ ၊ စိတ်ကြိုက် ကျုံးယူနိန်ကတ်သော ရှိဟောင်းအမွီအနှစ်နန့် သဘာဝသယံဇာတ၊ ဆင်းရဲမွဲတည်မှုနန့် ပညာရေးနိမ့်ကျမှု၊ အသက်လုထိန်သိမ်းနိန်ရသော စာပီနန့်ယဉ်ကျေးမှု၊ မျိုးခြားသွီးရောမှုနန့် လူဦးရွိတိုး ပွါးနှုန်းဆုတ်ယုတ်လာမှုများ အစဟိသည့် စိန်ခေါ်မှုများပတ်လည်ဝိုင်းနိန်သော ရခိုင်လူမျိုးများအဖို့ ဒေဂနိန့် ဒေအခြေအနိန်မှာသာ စစ်မှန်သော စည်းလုံးညီညွတ်မှုကို မရယူနိုင်ပါက နောင်တချိန်တွင် “တ” ရန် “နောင်တ” ဆိုသည်လည်း မဟိနိုင်ကြောင်းကို ရခိုင်လူမျိုးတိုင်း တစ်ယောက်ချင်းစီက အလေးအနက် သဖောပေါက်ရန်မှာလည်း အသက်တမျှ အရေးကြီးနိန်ပါသည်။
သို့ဖြင့် စစ်မှန်သောစည်းလုံးညီညွတ်မှုကို လိုချင်လျှင် ရှိဦးစွာ National Reconcilliation အမျိုး သားရင်ကြားစိရေး (ဝါ) အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖေါ်ဆောင်ရပါမည်။ အမျိုးသားရင်ကြားစိရေး တည်ဆောက်ရန်အတွက်ဆိုပါက အဆင့် (၄) ဆင့်ကို ကျော်ဖြတ်ရမည် ဖြစ်ပါသည်။
(၁) အသိအမှတ်ပြုခြင်း။ အသိအမှတ်ပြုရာ၌ (က)ရခိုင်လူမျိုးအချင်းချင်း (ဆင်းရဲ ချမ်းသာ၊ ပညာ တတ် ပညာမဲ့၊ စကားတူ စကားမတူ၊ ဒေသတူ ဒေသမတူ) တစ်ဦးကိုတစ်ဦး ခြွင်းချက်မဟိ အသိအမှတ် ပြုခြင်း။ (ခ) ရခိုင်အဖွဲ့အစည်းအချင်းချင်း ( အားကြီး အားနည်း၊ သက်ရင့် သက်နု၊ ဝါဒတူ ဝါဒမတူ) တစ်ဖွဲ့ ကိုတစ်ဖွဲ့ ခြွင်းချက်မဟိ အသိအမှတ်ပြုခြင်းကို ဆိုလိုပါသည်။
(၂) အသိပီးခြင်း (acknowledgment)။ အသိပီးခြင်း၌ (က) ရခိုင်သမိုင်းကို (စာအုပ်၊ ရုပ်သံတိတ် ခွေ၊ ဟောပြောပွဲ၊ ယှင်းလင်းပွဲ၊ ဆွေးနွေးပွဲများဖြင့်) ကျယ်ပြန့်စွာ မျှဝီအသိပီးခြင်း။ (ခ) ချိုးနှိမ်မှု၊ အတင်စီးမှု များကို လုပ်ဆောင်ခကတ်သူ အသီးသီးမှ လုပ်ဆောင်ခံခရသူများကို အရိုးသားဆုံး ဖွင့်ဟဝန်ခံခြင်းကို ဆိုလိုပါသည်။
(၃) Contrition ဖြစ်ရပ်များကိုတာဝန်ယူမှု၊ နောင်တရမှု၊ တောင်းပန်မှု ပြုလုပ်ခြင်း။ ဤအဆင့်၌ (က) အမှားကျူးလွန်ဖူးသူများသည် မိမိ၏လုပ်ရပ်များကို တာဝန်သိခြင်း၊ တာဝန်ခံခြင်း။ (ခ) မိမိအမှားကို မိမိကိုယ်တိုင် နားလည်သဖေါပေါက်လာအောင် စနစ်တကျ ဆင်ခြင်သုံးသပ်ခြင်း။ (ဂ)အမှားပြုဖူးသူအနိန်ဖြင့် အဖုအထိုက် မှန်သမျှအား အကြီးအငယ်မရွီး၊ အကျိုးအပြစ်ကို ထည့်မတွက်ဘဲ အတ္တကိုခါဝါချလျှက် တောင်းပန်မှုပြုခြင်း၊ နည်းလမ်းများဖြင့် ချီးမြှောက်ခြင်းများကို ဆိုလိုပါသည်။
(၄) (forgiveness) ခွင့်လွှတ်ခြင်း။ ခွင့်လွှတ်ခြင်း၌ တစုံတခုကို တနည်းနည်းဖြင့် တစုံတရာအထိ အပြုခံရဖူးသူများမှ မိမရို့၏ နာကျဉ်းချက်၊ အစာမကြေမှု၊ ဒဏ်ရာဟောင်းများအားလုံးကို သင်ပုန်းခြေပြီး အမြစ်ပြတ်ခွင့်လွှတ်နိုင်ခြင်းကို ဆိုလိုပါသည်။
အချုပ်အားဖြင့် ပြောရလျှင် ဒေဂနိန့် လုပ်ရပ်သည် အနာဂတ်၏ သမိုင်းဖြစ်သည်။ နောင်အနှစ် တစ်ရာ ကမ္ဘာ့သမိုင်း၌ ရခိုင်လူမျိုးတစ်မျိုး ပရုပ်လုံး(ပျူလူမျိုး)ကဲ့သို့ လုံးပါးပါးလားခြင်း (သို့မဟုတ်) အစ္စရေးကဲ့သို့ အောင်မြင်စွာကျော်ဖြတ်လာခြင်း ဆိုသော အဖြေနှစ်ခုထဲက တစ်ခုကို ဒေဂနိန့်ရခိုင်များကသာ အဆုံးအဖြတ် ပီးနိုင်ပါသည်။ ထို့ကြောင့် အဆုံးဖြတ်ပီးနိုင်သူများလက်နန့် လှပသာအနာဂတ်ကို လှပသောလက်ရီးများဖြင့် အချိန်မလွန်မီ ထုဆစ်ရီးခြစ်ကတ်ပါဖိလို့ အရေးပေါ် နှိုးဆော်တိုက်တွန်းလိုက်ပါသည်။
အမျိုးသားသွီးစည်းညီညွတ်ရေးအတွက် တပ်ဦးမှချီတက်ရန် သန္နိဌာန်ဖြင့် ....................
ရခိုင်ဆိုကေshare
ရက္ခအလင်းတန်းအဖွဲ့(ဗဟို)
Alp မှ BIA၏ သက်သေအထောက်ထားများ ပေါ်တာဆွဲမှု များအာ တပ်ဘက်ကို ပေးလိုက်ပြီ
ပေါ်တာဆွဲမှု သက်သေအထောက်ထားများ တပ်ဘက်ကို ပေးလိုက်ပြီဟုဆို
By ဒီဗွီဘီ 1 May 2016
အစိုးရတပ်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲမှုနဲ့ပတ်သက်ပြီး စုစည်းထားတဲ့ သက်သေအထောက်အထားတွေ တပ်ဘက်ကတာဝန်ရှိသူတွေထံ ဧပြီ ၃၀ ရက်နေ့မှာ ပေးအပ်လိုက်ပြီဖြစ်ပြီး ကတိအတိုင်း ကျူးလွန်သူတွေကို အရေးယူပေးဖို့လိုကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ်ခေါ်ဆောင်တာတွေ ရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်နယ်စပ်ရေးရာ ၀န်ကြီး ဦးထိန်လင်း အပါအ၀င် ရဲမှူး ဦးစိန်းလွင်တို့က ဧပြီ ၂၇ ရက်နေ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) က တာဝန်ရှိသူတွေကို ခေါ်ယူ သတိပေးမှုပြုလုပ်ခဲ့ကာ အဲ့ဒီစွပ်စွဲထားတဲ့ အချက်အလက်တွေကို ၂၉ ရက်နေ့ နောက်ဆုံထားပြီး ပေးပို့ရမယ်လို့ သတိပေးပြောဆိုထားပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန ဒုဥက္ကဋ္ဌ ခိုင်မျိုးထွန်းက “ကျနော်တို့ ကတိပေးထားတဲ့အတိုင်း ၂၉ ရက်နေ့ကတည်းက ကျနော်တို့ ဘက်က သက်သေအထောက်အထားတွေ ပြည့်စုံနေပြီ။ အဲ့ဒီနေ့ကတည်းက ဦးထိန်လင်း လက်ကို ကိုယ်တိုင်ပေးဖို့ဆိုပြီး ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရဘူး။ မနေ့က ကျနော် တပ်ဘက်ကို ဖုန်းဆက်လိုက်တော့ တပ်ဘက်တာဝန်ရှိတဲ့သူလေးယောက် လာယူသွားပါတယ်။ ကျနော်တို့ စုစည်းထားတဲ့ ဗွီဒီယိုဖိုင်၊ ပေါ်တာဆွဲတဲ့သူတွေရဲ့ အင်တာဗျူးဖိုင်၊ ဘယ်နှယောက်ဖမ်းဆီးသွားတယ်။ ခိုင်ခိုင်လုံလုံတိတိကျကျ အဲ့ဒီဖိုင်မှာ တင်ပြထားပါတယ်” လို့ ပြောပါတယ်။
ဧပြီ ၂၉ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သတင်းမီဒီယာများတွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်အတွင်း အစိုးရတပ်မတော်ဘက်က ပြည်သူတွေကို လမ်းပြခေါ်ဆောင်တာ၊ ပေါ်တာဆွဲတာတွေရှိရင် အချက်အလက်တွေနဲ့တကွ ယူလာပြီး လာတိုင်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းအနေနဲ့ သက်သေအထောက်ထားတွေ ပေးအပ်ပြီးဖြစ်တာကြောင့် ပြောထားတဲ့ကတိအတိုင်း ကျူးလွန်တဲ့သူတွေကို ထိထိ ရောက်ရောက်လုပ်ပေးဖို့လိုတယ်လို့ ခိုင်မျိုးထွန်းက ပြောပါတယ်။
’’သူတို့ ကတိပေးထားတဲ့အတိုင်း ကျနော်တို့ပေးလိုက်တဲ့ အထောက်အထားတွေ မှန်ကန်မှုရှိတယ်ဆိုရင် အောက်ကအရာရှိ၊ အရာခံတွေ၊ တပ်သားတွေကို ထိထိရောက်ရောက်အရေးယူဖို့လိုပါတယ်။ အခုလို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ချီတက်နေတဲ့ ဒီမိုကရေစီအစိုးရ လမ်းစဉ်မှာတော့ သူတို့အနေနဲ့ သူတို့ပြောတဲ့အတိုင်း၊ သူတို့ပေးထားတဲ့ကတိအတိုင်း လုပ်လိမ့်မယ်လို့ မျော် လင့်တယ်။ သူတို့လူတွေကို အပြစ်ယူမလား၊ မယူဘူးလားဆိုတာကို ကျနော်တို့ဘက်က မျက်ခြည်မပြတ်လေ့လာ စောင့်ကြည့်သွားပါမယ်။ အခုလို လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ဟာတွေကို သူတို့ဘက်ကအရေး မယူဘူုးဆိုရင် ကျနော်တို့ဘက်က ဒါတွေကိုချပြဖို့ သတင်းစာရှင်းလင်းပွဲတခု လုပ်သွားမှာပါ။”
အစိုးရတပ်မတော်ဘက်က ပေါ်တာဆွဲခေါ်သွားတဲ့သူတွေ ပြန်ရောက်နေပြီ ဖြစ်ပေမယ့် တဦးကတော့ အခုအချိန်ထိ ပြန်မရောက်သေးဘူးလို့ ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒီဗွီဘီကိုပြောပါတယ်။
“လောလောဆယ် ဆရာမတို့ပြုစုထားတဲ့ စာရင်းအရဆိုတော့ ၁၆၊ ၁၇ ယောက်ရှိပါတယ်။ ဒါပေမယ့် အခု အချိန်အကုန်လုံးပြန်ရောက်နေပြီ။ တစ်ယောက်တော့ ဗောဓီကိုင်းဆိုတဲ့ရွာက ပေါ်တာ ၄ ယောက် ဆွဲသွားတာမှာ ၃ ယောက်ပြန်ရောက်ပြီးတော့ ၁ ယောက်တော့ ပြန်မရောက်သေးဘူး။ ၁၀ ရက်လောက်ရှိပြီ။ သူကတော့ ခမီလူမျိုးတစ်ယောက်ပါ။ သူ့အမေကတော့ ငိုနေရှာပြီ။ သူ့မိန်းမကတော့ ကိုယ်ဝန် နေ့စေ့ လစေ့နဲ့ ကျန်ခဲ့ပါတယ်။ ရသေ့တောင်ဘက်မှာတော့ လမ်းပြအဖြစ် ပေါ်တာဆွဲတာတွေရှိတယ်။ တခြားနေရာမှာ တိတိကျကျ မပြောတတ်ဘူး။”
အခုလို ပေါ်တာဆွဲခဲ့မှု သက်သေအထောက်ထားတွေ အစိုးရတပ် တာဝန်ရှိသူတွေကို ပေးအပ်လိုက်တာနဲ့ ပတ်သက်ပြီး အခြေနေတွေကို သိရဖို့ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင်တပ်မတော်တို့အကြား ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ဧပြီ ၂၉ ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေလည်း ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
သတင်းနှင့်ဓာတ်ပုံ – ၀ဏ္ဏခွာညို
ရခိုင်ပြည်ကို ဗမာတို့သိမ်းယူခြင်း၏ ဆိုးကျိုးများသမိုင်းနောက်ခံ
     ရခိုင်ပြည်ကို ဗမာတို့သိမ်းယူခြင်း၏ ဆိုးကျိုးများသမိုင်းနောက်ခံ  
      ရခိုင်ပြည်ကို ခရစ်သက္ကရာဇ် ၁၇၈၄ ခု ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း 
သိမ်းယူသည်။ ထိုအချိန်မှ စ၍ ရခိုင်ပြည်နှင့် ရခိုင်သားတို့သည် သူ့ကျွှန်ဘ၀သို့ ရောက်သွားလေသည်။ 
ထို သူ့ကျွှန် ဆိုသည့် စကါးလုံးသည်ကါး  ခေတ်သစ်ဝေါဟာရ အရ ကိုလိုနီ ပြု ခံရခြင်းကို ဆိုသတည်း။
ဗမာတို့ ရခိုင်ကို သိမ်းယူသဖြင့် အဘယ်တို့ကို ရလေသနည်း မရသည်ကါးအဘယ်နည်း
၁။ မဟာမြတ်မုနိဘုရား
၂။ ရှင်ကျော်ဘုရား
၃။ ရွှေဘုံသာဘုရား
၎။ မာန်အောင်မြင်ဘုရား
၅။ ပေစာများ(ပိဋကတ်မှ ကဗျာအထိ၊ ဆေးကျမ်းမှ နက္ခတ်ကျမ်းထိ စာပေမျိုးစုံ)
၆။ ရွှေငွေ စိန်ကျောက် ရတနာများ မင်းဝတ်တန်းဆာများ ကြေးပြားများ
ဤသည်တို့မှာ ဗမာတို့ ယူဆောင်သွားသော ရခိုင်ပြည်မှ ရရှိသွားသော ပစ္စည်းများဖြစ်သည်။
ဗမာတို့ မည်သည်ကိုပင်လျှင် ယူယူ ရခိုင်မြေကို ယူ၍ မသွားနိုင် ရခိုင်မြေကို ဗမာမြေ မပြုလုပ်နိုင် 
ထိုထက် မက အရေးကြီးသည့် အချက်မှာ ရခိုင်လူမျိုးတို့၏ စိတ်ဓါတ်ကို ဗမာလူမျိုးတို့ စိတ်ဓါတ်ကဲ့သို့
 ပုံစံသွင်း၍ မရရှိခြင်းပင် ဖြစ်သည်။
ရခိုင်ပြည်ကို ဗမာတို့သိမ်းယူသဖြင့် ဆိုးကျိုးများ
၁။ ကိုယ်ပိုင် ပွင့်လင်းသောဗုဒ္ဓယဉ်ကျေးမှုကို မဖေါ်ဆောင်နိုင်ခြင်း၊ ဘာသာရေးတွင် ရခိုင်ကိုနှိမ်ထါးရခြင်း
၂။ စာပေယဉ်ကျေးမှုတွင်လည်း ရခိုင်ကြောင့် ဗမာသည် ကိုယ်လုပ်ချင်သလို မြန်မာစာပေကို လုပ်၍ မရခြင်း
၃။ အိမ်နီးနားခြင်း ဆွေမျိုးရင်း စနစ်ကို ယုံကြည်စိတ်ချရမှု မရှိခြင်း( ရခိုင်ကိုဖိနှိပ်ရန်စည်းစားနေရခြင်း)
၎။ ကြားခံနိုင်ငံတခု မရှိသည့်အတွက် ကုလားမူဆလင်ဘာသာများ အလွယ်တကူ ဗမာပြည်သို့ သွားလာ 
၆။ ရခိုင်သားတို့ မလှူသောပစ္စည်း ဘုရား ၄ ပါးသည် ဗမာပြည်တွင် ရှိနေသည့်အတွက် ဘုရားဒါဏ် 
    သင့်နေခြင်း
၇။ ရခိုင်သားတို့၏ နိုင်ငံ တည်ထေါင်ရမည် ဟူသော အမျိုးသား စိတ်ဓါတ်ကို ချိုးနှိမ်၍ မရခြင်း
၈။ ဗမာကို အမြဲတမ်း မုန်းတီးစိတ်နှင့် တော်လှန်လိုစိတ် ရခိုင်သားတို့တွင် ရှိနေကြခြင်း
ဗမာကို ရခိုင်တို့ အဘယ်ကြောင့် မုန်းသနည်း
၁။ ရခိုင်လူမျိုး ၂ သန်းခန့်ကို ဗမာတို့ သတ်ပစ်ခဲ့ခြင်း (စလွယ်ကိုးမောင်းရ သတ်ခဲ့သည်)
၂။ ရခိုင်သားတို့၏ အဓိက ဘုရား မဟာမုနိ အပါအ၀င် ဘုရားများကို အဓမ္မလုယူခံရခြင်း
၃။ ဂတိမတည်ခြင်း (ဖေါက်ပြန်သော စရိုက်ရှိခြင်း၊ ပါးစပ်ကဘုရား လက်ကဓါးကို ကျင့်သုံးခြင်း)
၎။ ရခိုင်ပြည်ကို ဗမာ အုပ်ချုပ်သော်လည်း ရခိုင်သားတို့၏ အကျိုးစီးပွား ဖြစ်ထွန်းမှုကို မလိုလားခြင်း
၅။ စပါးဆန်ရေ ပေါသော ရခိုင်ပြည်ကို ဗမာတို့ ထမင်းငတ်စေရန် တမင်တကါဖန်တီးထါးခြင်း
၆။ တိုင်းတပါးသို့ ရခိုင်ပညာတတ်များ ထွက်သွားစေရန် နည်းအမျိုးမျိုးဖြင့် ပြုမူဆောင်ရွက်နေခြင်း
၇။ ရခိုင်သားတို့ကို ဗမာအုပ်ချုပ်ရာတွင် လက်အောက်ခံ ကျွှန်သဖွယ် သဘောထါးခြင်း
၈။ လူမျိုးတခုလုံး (ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အဖက်ဖက်မှ) ပျက်စီးစေရန်
  ပြုမူ ဆောင်ရွက်ခြင်း၊ 
   ( အရက်၊ ဖဲ၊ ပြည်တန်းဆာ၊ ဘိန်း(စိတ်ကြွဆေး၊ လောင်းကစားနှင့် မကေါင်းမှု မျိုးစုံဖြင့် ဖျက်ဆီးသည်)
၉။ ဗမာအုပ်ချုပ်မှုကို ဆန့်ကျင်သောသူ ရခိုင်သမိုင်းကို ထုတ်ဖေါ်သောသူ ရခိုင်ပညာရှင်နှင့် ပညာတတ်များကို
   ဖျောက်ပစ်ခြင်း ထေါင်ချခြင်း သတ်ပစ်ခြင်း
၁၀။ ရခိုင်ရှေးဟောင်း ယဉ်ကျေးမှုများကို ဖျက်ဆီးခြင်း
ဤသို့ အကျင့်မူလ မကေါင်းသည့် စိတ်ထါး မမှန်သော အကြောင်းတို့ကြောင့် အာဏါရ ဗမာလူတန်းစား
    အုပ်ချုပ်သူတို့ကို အကြောင်းပြု၍ ဗမာလူမျိုး တခုလုံးကို ရခိုင်သားတို့ မုန်းရခြင်း ဖြစ်သည်။ 
ကျားကြီးကျော်ခိုင်အောင်
     ရခိုင်ပြည်ကို ဗမာတို့သိမ်းယူခြင်း၏ ဆိုးကျိုးများသမိုင်းနောက်ခံ  
ကူညီတယ်ဆိုပြီး အလွဲသုံးစားလုပ်နေတဲ့ (NGO) အဖွဲ့များ
                  ကူညီတယ်ဆိုပြီး အလွဲသုံးစားလုပ်နေတဲ့ (NGO) အဖွဲ့များ
ကူညီတယ်ဆိုပြီး အလွဲသုံးစားလုပ်နေတဲ့ NGO အချို့ကို ဝေဖန်ကြပြီ၊ အချို့ NGO နှင့် INGO များ စီမံခန့်ခွဲမှုစရိတ် ရာခိုင်နှုန်း ၇၀ အထိရှိနေ
မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိသော အချို့ NGO များနှင့် INGO အဖွဲ့အစည်းများသည် ၎င်းတို့၏ စီမံခန့်ခန်မှုစရိတ်ကို ၎င်းတို့ရရှိသော ငွေကြေး၏ ရာခိုင်နှုန်း ၇၀ အထိ အသုံးပြုနေပြီး အများပြည်သူသို့ လက်တွေ့ကူညီမှုမှာမူ ရာခိုင်နှုန်း ၃၀ ခန့်သာ သုံးစွဲလျက်ရှိကြောင်း NGO အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ပညာရှင်များက ပြောကြားသည်။
“တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်းအောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၅၀၊ ၇၀ ထည့်တယ်။ ၁၀၊ ၁၅ လောက်ပဲ သုံးတယ်။ ပြည်သူလူထုလက်ထဲ မရောက်ဘူး” ဟု FREDA ဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော နိုင်ငံတကာ INGO အဖွဲ့ပေါင်း ၁၀၀ ကျော်ရှိနေပြီး ထိုအထဲတွင် အဖွဲ့ ၆၀ က ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre) နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။
ပြည်တွင်းမှ ပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် လုပ်ကိုင်နေသည့် ပြည်တွင်း NGO အရေအတွက်မှာ ၁၅၀ ခန့်ရှိပါသည်။
ထို့ပြင် ကုလသမဂ္ဂ (UN) နှင့် စပ်ဆက်နေသော INGO အဖွဲ့ ၁၂ ဖွဲ့ခန့်ရှိနေပြီး မကြာသေးမီက လုပ်ငန်းဆောင်ရွက်မှု ပိုမိုမြှင့်တင်လာသည့် USAID နှင့် World Bank ကဲ့သို့သော ခိုင်မာသည့် INGO အဖွဲ့အစည်းများလည်း ရှိနေသည်။
ပြည်တွင်းပြည်ပ NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ခန့်ရှိနေပြီး ၎င်းတို့အနက် အရေအတွက် ၁၀၀ ကျော်ခန့်ရှိပြီး နိုင်ငံခြားသား ပညာရှင်များဖြင့် လည်ပတ်နေသည့် INGO များ၏ စီမံခန့်ခွဲမှု အသုံးစရိတ်များအပေါ် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။
“ပြည်တွင်း NGO တွေက ဘာမှရတာ မဟုတ်ဘူး။ အလွန်ဆုံး သူတို့ရရင် ဒေါ်လာ သောင်းဂဏန်းပဲရှိတာ။ ခြစားမှုရှိနိုင်တယ်။ ဒါပေမဲ့ မများဘူး။ သို့သော် ဒေါ်လာသန်းချီပြီး အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ INGO တွေရဲ့ စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ်တွေက လက်တွေ့ကူညီမှုပြုလုပ်တဲ့ ငွေကြေးထက် များနေတယ်” ဟု မြန်မာနိုင်ငံမှ INGO လောကနှင့် နီးစပ်သည့် နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးက ဆိုသည်။
“နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းတွေက ပြည်တွင်းကပညာရှင်တွေကို အသုံးပြုပြီး ပိုက်ဆံတွေ ယူနေတယ်။ NGO နဲ့ INGO တွေ လုပ်စားနေတာက အဖွဲ့တိုင်းတော့ မဟုတ်ဘူး။ တကယ်အလုပ်လုပ်နေတဲ့ အဖွဲ့တွေ ရှိတယ်။ ကိုယ်ကျိုးလုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒီလိုအလုပ်တွေကို စီးပွားရှာသလို လုပ်နေကြတယ်” ဟု BANCA ဥက္ကဋ္ဌ ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။
၂၀၀၈ ခုနှစ် မတိုင်မီကာလက မြန်မာနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်သော INGO အဖွဲ့အစည်း အရေအတွက်မှာ အနည်းငယ်သာရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတွင် ပိုမိုများပြားလာခဲ့သည်။ သို့သော် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီကုန်ကျသော ပရောဂျက်များကို ကိုင်တွယ်ဆောင်ရွက်သည့် UN နှင့်ဆက်စပ်သော INGO အဖွဲ့အစည်းများမှာ ၂၀၀၈ ခုနှစ်မတိုင်မီ ကာလကပင် ရှိနေခဲ့သည်။
NGO နှင့် INGO များအား ညွှန်းဆိုရာ၌ ယေဘုယျအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားနိုင်ပြီး ပထမအမျိုးအစားမှာ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များ၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့နေသော အဖွဲ့များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များ၌ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စများ၌ ကူညီနေသော အဖွဲ့များဟူ၍ ခွဲခြားနိုင်ပါသည်။
စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်ကို ရရှိသော ဘတ်ဂျက်၏ရာခိုင်နှုန်း ၇၀ ခန့် အသုံးပြုပြီး ဆောင်ရွက်နေသော INGO များမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များဖြစ်ကြသည်။ ထိုအဖွဲ့များသည် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီသည့် ပရောဂျက်များကို လုပ်ကိုင်နေသည့် အဖွဲ့များဖြစ်ကြသည်။ ထိုသို့ လုပ်ဆောင်နေသည့် အဖွဲ့များထဲတွင် UN နှင့် ဆက်စပ်နေသော အဖွဲ့များ၊ USAID နှင့် World Bank ကဲ့သို့ အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
NGO နှင့် INGO အဖွဲ့အစည်းအချို့ အနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၌ မလိုလားအပ်သော အသုံးစရိတ်များ ပြားမှုများရှိနေပြီး လက်တွေ့ဆောင်ရွက်မှုအပိုင်း၌ ထိရောက်မှု အားနည်းနေခြင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။
“ပရောဂျက်တွေကို သတိထားကြည့်တဲ့အခါ onsite ထဲ မရောက်ဘူး။ သူတို့ရဲ့ လစာတင်ပဲ ပရောဂျက်တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၃၀၊ ရာခိုင်နှုန်း ၄၀ ဖြစ်နေတယ်။ သူတို့ရဲ့ ခရီးသွားလာစရိတ်နဲ့ နေထိုင်စားသောက်စရိတ်က ရာခိုင်နှုန်း ၂၀ ဖြစ်တယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက အိမ်ငှားခတွေ၊ ကားစီးတဲ့စရိတ်တွေ ဖြစ်နေတယ်။ ပြည်တွင်းက ပညာရှင်တွေကို ငှားတဲ့စရိတ်က ရာခိုင်နှုန်း ၂၀ လောက် ဖြစ်နေတယ်။ တကယ်လုပ်ငန်းထဲကို ရောက်တာက ရာခိုင်နှုန်း ၂၀ ကနေ ရာခိုင်နှုန်း ၃၀ ပဲရှိတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ဆိုသည်။
စစ်တွေမြို့တွင် မတ်လနောက်ဆုံးပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း အပျက်အစီးများနှင့်တွေ့ရသော INGO က ငှားရမ်းထားသည့် အဆောက်အအုံတစ်လုံး
အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေသော INGO များမှ နိုင်ငံခြားသား ပညာရှင်များ၊ အရာရှိများ၏ အခြေခံအသုံးစရိတ်များသည် များပြားသောငွေကြေးများ ဖြစ်နေပြီး ၎င်းတို့၏ အိမ်ငှားစရိတ်၊ ယာဉ်အသုံးပြုစရိတ်များမှာ လစဉ်အမေရိကန်ဒေါ်လာ သောင်းနှင့်ချီ၍ သုံးစွဲနေကြောင်း သိရသည်။
INGO လောကနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ USAID အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ နိုင်ငံခြားသား ပညာရှင်တစ်ဦးသည် ရန်ကုန်မြို့၌ ၎င်းနေထိုင်သည့် အိမ်အတွက် ငှားရမ်းခကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀၀ ခန့် အသုံးပြုခြင်း ရှိခဲ့သည်။
ထို့အပြင် UN နှင့် ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုက မီးစက်အသုံးပြုမှု တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၀ တင်ပြတောင်းခံခဲ့ခြင်းလည်း ရှိခဲ့သည်။
“UN အခြေစိုက် အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေက ခရီးတစ်ခုသွားရင် တစ်နေ့ကို ဒေါ်လာ ၁၀၀ လောက်ရတယ်။ စာတမ်းတွေရေးတဲ့အခါ နိုင်ငံတကာ အဆင့်အတန်း မီအောင်ဆိုပြီး ကြွေရည်လောင်းထားတဲ့ စာရွက်တွေကို အသုံးပြုတယ်။ အဲဒီမှာလုပ်ရင် တကယ့်အခွင့်ထူးခံ လူတန်းစားလို နေလို့ရတယ်” ဟု INGO ၀န်ထမ်းဟောင်းတစ်ဦးက ပြောကြားသည်။
အခြေခံ အသုံးစရိတ်များနှင့် နေထိုင်ငှားရမ်း စရိတ်များမှာပင် လစဉ် အမေရိကန်ဒေါ်လာ သောင်းချီသုံးစွဲနေသော အချို့ INGO များ၌ လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၀န်ထမ်းများနှင့် အဆင့်မြင့်ရာထူး မြန်မာဝန်ထမ်းများသည် မြန်မာနိုင်ငံတွင် ၀င်ငွေအကောင်းဆုံးသူများ ဖြစ်နေကြောင်း သိရသည်။
“ရန်ကုန်မြို့က ဈေးအကြီးဆုံး ကော်ဖီဆိုင်တွေ၊ ဘားတွေကို သွားကြည့်လိုက်ရင် INGO မှာ လုပ်နေတဲ့သူတွေနဲ့ ခရိုနီတွေ၊ ခရိုနီတွေနဲ့ ဆက်နွှယ်နေသူတွေ၊ သံရုံးအရာရှိတွေကိုပဲ တွေ့ရလိမ့်မယ်။ နောက်ပြီး ရန်ကုန်က ဈေးအကြီးဆုံး KTV၊ အနှိပ်ခန်းတွေမှာလည်း သူတို့ကို တွေ့ရလိမ့်မယ်။ တစ်ညတစ်ညကို မြန်မာငွေသိန်းချီ သုံးနေတဲ့ သူတို့ရဲ့ ငွေကြေးတွေက အလှူရှင်တွေဆီက ရထားတဲ့ ငွေကြေးတွေပါပဲ” ဟု INGO လောကနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အခြားတစ်ဖက်တွင်လည်း အစီရင်ခံစာကောင်း ရေးသားတတ်ခြင်းနှင့် အလှူရှင်များစိတ်ကြိုက် လုပ်ပြခြင်းဖြင့် ရရှိနေသော ငွေကြေးများကို NGO နှင့် INGO အဖွဲ့အစည်းများက ၎င်းတို့ကိုယ်ကျိုးအတွက် အသုံးပြုနေသည်မှာ မှန်မှန်ကန်ကန် လုပ်ကိုင်နေသူများအတွက် မျက်နှာပျက်စရာ ဖြစ်နေပါသည်။
“INGO တွေရဲ့ အသုံးစရိတ် များတယ်ဆိုတာ အမှန်ပဲ။ ပြည်တွင်းအဖွဲ့အစည်းတွေက အဲဒီလို အခွင့်အရေး မရှိဘူး။ INGO တွေက အစီရင်ခံစာ ရေးသားခြင်းနဲ့ အလှူရှင်တွေစိတ်ကြိုက် လုပ်နိုင်ရင် တကယ်ထိရောက်တဲ့ နေရာတွေ၊ ပြည်သူပြည်သားတွေဆီ ရောက်တာနည်းတယ်။ Budget Line ဆွဲကတည်းက Overall Charges တွေက တော်တော်ယူထားပြီး ဖြစ်နေတယ်” ဟု ရွှေမင်းသားဖောင်ဒေးရှင်းကို တည်ထောင်သူ ဦးမြတ်သူဝင်းက ပြောသည်။
“မြန်မာနိုင်ငံက အဖွဲ့အစည်း တော်တော်များများမှာ လုပ်နေတဲ့ မြန်မာနိုင်ငံက ပညာတတ်တွေက ပြောသင့်ပြောထိုက်တာကို မပြောဘဲ နေသာသလို နေနေကြတဲ့သူတွေ အများကြီးရှိတယ်။ ငွေကြေးလှူဒါန်းကြတဲ့ အဖွဲ့တွေက မကျွမ်းကျင်ကြဘူး ဆိုပြီးတော့ အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင် ပိုက်ဆံရတယ်ဆိုပြီး လုပ်ချင်သလို လုပ်နေကြတယ်။ တချို့ INGO တွေက နိုင်ငံတကာ ပညာရှင်တွေကိုခေါ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက် ခိုင်းတယ်။ နိုင်ငံတကာပညာရှင်တွေ လာကူညီတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ပြတယ်။ အဲဒီလို လုပ်ပြတဲ့အတွက် အစီရင်ခံစာရေးလို့ ကောင်းသွားတယ်။ အဲဒီလိုလုပ်နေတဲ့ ပြည်တွင်းအဖွဲ့တွေရော၊ ပြည်ပအဖွဲ့တွေ ပါရှိနေတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။
သို့သော် အချို့သော INGO များက ပြည်တွင်း NGO များ၏ လုပ်ဆောင်မှုအပေါ် နိုင်ငံတကာ အလှူရှင်များ၏ အမြင်မှားစေရန် သတင်းမှားပေးမှုများလည်း ရှိနေကြောင်း သိရသည်။
“ပြည်တွင်း NGO တွေရဲ့ လုပ်ဆောင်နိုင်မှု အရည်အချင်း မပြည့်ဝဘူး ဆိုပြီးတော့ နိုင်ငံတကာ အလှူ ရှင်တွေ အမြင်မှားအောင် လုပ်ထားတယ်။ သူတို့က တစ်ဆင့်ပဲလှူ အောင် လုပ်တာများတယ်” ဟု ဦးမြတ်သူဝင်းက ဆိုသည်။
NGO နှင့် INGO အချို့တွင် စီမံခန့်ခွဲမှုစရိတ်ကို အကြောင်းပြုပြီး ငွေကြေးအလွဲသုံးစားမှုများ ရှိနိုင်သဖြင့် ပြည်တွင်း NGO များအနေဖြင့် စာရင်းဇယားများကို တိကျစွာဖြင့် လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း အကြံပြုချက်များ ရှိသည်။
“စီးပွားရေး အဖွဲ့အစည်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ အစိုးရ အဖွဲ့အစည်းပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေမှာ ခုတ်ရာတခြား၊ ရှရာတစ်လွဲ လုပ်နေတာတွေရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက စာရင်းစစ်တွေနဲ့ စနစ်တကျ လုပ်ထားတဲ့အတွက် အဲဒီလိုလုပ်လို့ မရဘူးလို့တော့ ထင်တာပဲ။ ဒါပေမဲ့ ထိုင်းတို့လို ဒေသတွင်းနိုင်ငံတွေကလာတဲ့ အဖွဲ့အစည်းတွေကိုတော့ မပြောတတ်ဘူး။ ဒါတွေက မရှိဘူးလို့ ပြောလို့မရသလို၊ ရှိတယ်လို့လည်း တပ်အပ်မပြောနိုင်ဘူး” ဟု ပြည်တွင်း NGO အဖွဲ့တစ်ခုဖြစ်သော EcoDev ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။
အစီရင်ခံစာကောင်းပြီး အလှူ ရှင်စိတ်ကြိုက် ပရောဂျက်လုပ်ဆောင်နေသည့် INGO အဖွဲ့အစည်းအချို့၏ လက်တွေ့ပြည်သူ့အကျိုးပြု လုပ်ဆောင်မှုများမှာ အားရစရာမရှိကြောင်း ပြောဆိုမှုများ ရှိပါသည်။
ဥပမာအားဖြင့် လတ်တလော ကာလအတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ထားဝယ်တို့၌ ပရောဂျက် လုပ်ဆောင်ခဲ့သော World Bank ၏ ဆောင်ရွက်မှုများအပေါ် ဝေဖန်မှုများ ရှိနေသည်။
“World Bank က လုပ်တဲ့ကိစ္စက ဘာလဲဆိုတော့ ငွေချေးတယ်။ သူတို့အဖွဲ့တွေ ရွာကိုရောက်လာတယ်။ သူတို့လိုချင်တဲ့ အချက်အလက်နဲ့ ကိုက်ညီသလား ဆန်းစစ်တယ်။ အဲဒီဒေသအကြောင်း၊ ဘာတွေလိုအပ်ချက် ရှိလဲဆိုတာ မသိဘူး။ ဒါပေမဲ့ သူတို့ရဲ့ Check List နဲ့ ကိုက်တယ်ဆိုပြီး အကူအညီပေးတယ်။ အဲဒီအတွက် ပြင်ဆင်မှုက နေ့တစ်ဝက်ပဲရှိတယ်။ သူတို့ပြန်တော့ ဘဏ်မှာ ပိုက်ဆံထည့်ပေးခဲ့တယ်။ သူတို့ပြန်သွားတဲ့အခါ အဲဒီဒေသမှာ ပြဿနာတွေ ကျန်ခဲ့တယ်” ဟု နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် NGO နှင့် INGO များအနေဖြင့် မိမိတို့လုပ်ဆောင်မည့်ဒေသ အခြေအနေကို မသိဘဲ ပရောဂျက်တွင် ပါရှိသော Check List အတိုင်းသာ လုပ်ဆောင်နေသဖြင့် ထိရောက်မှုအတိုင်းအတာ မရှိခြင်းဖြစ်ကြောင်း INGO ၀န်ထမ်းဟောင်းတစ်ဦးက ဆိုသည်။
“သူတို့ကို စစ်လို့မရဘူး။ စစ်တဲ့အခါ သူတို့က ပြန်ပြောလိမ့်မယ်။ ငါတို့ကပေးထားတဲ့ Check List အတိုင်း လုပ်တယ်ပေါ့။ ငါတို့ တာဝန်ကျေတယ်ပေါ့။ Check List အတိုင်းလုပ်တာတော့ မှန်တယ်။ အဲဒီဒေသမှာ ဘာလိုနေလဲ။ ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိတော့ သူတို့လုပ်တာတွေက သဲထဲရေသွန် ဖြစ်နေတာပေါ့။ ဥပမာ-အိမ်သာပရောဂျက်ဆိုပြီး အိမ်သာကိစ္စတွေ လုပ်ကြတယ်။ အိမ်သာတော့ ပြီးသွားတယ်။ ဒါပေမဲ့ အိမ်ကစုတ်ပြတ်နေပြီး အိမ်သာက အရမ်းကောင်းနေတာမျိုးတွေ ဖြစ်ကုန်တယ်” ဟု INGO ၀န်ထမ်းဟောင်းက ပြောကြားသည်။
ထိုကဲ့သို့ Check List တစ်ခုတည်းအပေါ်ကို အားထားပြီး ဒေသအခြေအနေမှန်နှင့် ပတ်ဝန်းကျင်၏ အမှန်တကယ် လိုအပ်ခြင်းများကို ရှာဖွေနိုင်စွမ်း မရှိသောကြောင့် IRI စစ်တမ်း ရလဒ်ကဲ့သို့သော လွဲမှားသည့်ရလဒ်များ ထွက်ပေါ်နေရခြင်း ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။
လက်ရှိအစိုးရလက်ထက်၌ NGO နှင့် INGO များ ပိုမိုများပြားနေပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိနေသည်။ ထိုသို့ ရှိနေသည့်အနက် ရခိုင်ပြည်နယ် စစ်တွေမြို့ တစ်ခုတည်းတွင် NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့ရှိပြီး ထိုအထဲတွင် ၁၉ ဖွဲ့မှာ တရားဝင် မှတ်ပုံတင်မရှိသော အဖွဲ့များဖြစ်သည်။
လူဦးရေ သုံးသန်းရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၅ ဒသမ ၅၃ ရာခိုင်နှုန်းရှိသော ရခိုင်ပြည်နယ်တွင် NGO နှင့် INGO အရေအတွက်မှာ ပြည်နယ်လူဦးရေနှင့် မလိုက်အောင် များပြားနေပြီး ထိုအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုမှာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် သက်ရောက်မှုနည်းပါးကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် INGO အဖွဲ့အစည်းအချို့၏ မလျော်ကန်သော လုပ်ရပ်များနှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။
“NGO၊ INGO တွေအားလုံး မကောင်းဘူးလို့ပြောတာ မဟုတ်ဘူး။ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့တည်းက လုပ်ချင်ရာ လုပ်နေလို့တော့ မဖြစ်ဘူး။ NGO တွေ၊ Civil Society တွေက ရှိကိုရှိနေရမယ်။ အခုဖြစ်နေတဲ့ အလွဲသုံးစားမှုတွေ၊ စီမံခန့်ခွဲမှုစရိတ် အများဆုံးသုံးနေတာတွေက အစိုးရနဲ့ bilateral လုပ်ထားတဲ့ INGO တွေမှာ အများဆုံး ဖြစ်နေတာ။ ပြည်တွင်းကလူတွေ လုပ်နေတဲ့ NGO သေးသေးတွေက ဘာမှရတာမဟုတ်ဘူး။ အလွဲသုံးစားမှုတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဖွဲ့ကြီးတွေလောက် မများဘူး။ အစိုးရနဲ့ ပေါင်းလုပ်နေတဲ့ အဖွဲ့ကြီးတွေမှာပဲ ဖြစ်နေတယ်။ သူတို့ရဲ့ အလွဲသုံးစားမှုတွေကို ဖော်ထုတ်ရေးသားဖို့တော့ လိုအပ်မယ်” ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။
Eleven Media Group