Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Monday, May 2, 2016

ALP ၏ တန်ပြန် ရာဇသံ

                                                       






                                                                    ALP ၏ တန်ပြန် ရာဇသံ  
                                                                   ==============     


               ရခိုင်ပြည်နယ်စပ်ရေးရာဝန်ကြီး ဦးထိန်လင်းအပါ အ၀င် ရဲမှူးကြီး စိန်လွင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေပါတီမှ ဗိုလ်မှူးခိုင်ရဲလင်း (ဆက်ဆံရေးတာဝန်ခံ ) နှင့် ခိုင်မျိုးထွန်း(စည်းရုံးရေးနှင့်ပြန်ကြားရေးဒုဥက္ကဌ)အပါအ၀င် ရဲဘော်ခိုင်အောင်လင်း ဆွဲနွေးပွဲ။

၂၇/၄/၂၀၁၆  
  နေ့လည် ၂:၁၅ မှ ၄:၀၀ ထိ ဆွေးနွေးပွဲတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ စည်းရုံးရေးနှင့်ပြန်ကြာရေးဌာန ဒုဥက္ကဌ ခိုင်မျိုးထွန်းကို ALP မှ ထုတ်ပြန်လိုက်တဲ့ပြင်းပြင်းထန်ထန် Statement က နိုင်ငံတကာထိရောက်ပြီး လက်ရှိအစိုးရကို သံရုံးတွေက ဖိအားပေးလာလို့ ရခိုင်ပြည်နယ် အစိုးရမှ နယ်စပ်ရေးရာဝန်ကြီး ထိန်လင်းနှင့်ပြည်နယ်ရဲ မှူးကြီး စိန်လွင်တို့ ဆရာခိုင်မျိုးထွန်းနှင့် ဆရာခိုင်ရဲလင်းတိုကို တွေဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ပြီး နယ်လုံ ရုံးခန်းတွင် တံခါးပိတ် ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲတွင် ဆရာခိုင်မျိုးထွန်းကို ALPက ထုတ်ပြန်ထားသော ကြေငြာချက်နှင့် ပတ်သတ်၍ သတင်းခိုင်လုံမှုမရှိလျှင် အောက်ပါအတိုင်းလုပ်ဆောင်မည်ဟု နယ်စပ်ရေး ရာ ၀န်ကြီးထိန်လင်းနှင့် ပြည်နယ်ရဲ မှူးကြီး စိန်လွင်တိုက  

၁ )ဒုဥက္ကဌ (စည်း/ပြန်ကို ဖမ်းမည်)

၂) ခိုင်လုံသော သတင်းအချက်အလက် ချက်ချင်းပေးရမည် 

၃) မခိုင်လုံလျှင် ချက်ချင်း အမှုဖွင့်ပြီး ဖမ်းမည်

၎) သူရဲကောင်းမှန်လျှင် ထွက်မပြေးနှင့်ဟုပြောသည်

၅ )သူတိုပြောသည့်အတိုင်း ချက်ချင်းလုပ်ပေးရမည်ဟုပြောသည်

၆ )အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အမိန့်လို့ပြောသည်

၇) ALP ခေါင်းဆောင်းများနေရပ်လိပ်စာကို အတိအကျမေးသည်

၈ )ခိုင်မျိုးထွန်းသည် စည်းရုံးရေးနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သော Statementတွင် အဓိက တရာခံ ဟုပြောသည်

၉ )ALP ကထုတ်ပြန်သော Statementနှင့် ပတ်သတ်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချူပ် စစ်ဘက်ရေးရာလုံခြုံရေး 
    (စစ်ဦးစီး) တံဆိပ်နှင့်မိတ္တူ မှန်ဆိုပြီးပါရှိသော စစ်ဌာနချုပ်က စာစောင်ပါ ပူးတွဲ ပါလာသည်


   အစိုးရဘက်ကဆွေးနွေးမှု နှင့်ပတ်သက်၍ခိုင်မျိုးထွန်း (စည်းရုံးရေးနှင့်ပြန်ကြားရေးဒုဥက္ကဌ) ၏  တန်ပြန်ရာဇသံ

၁ )သတင်းကိုမခိုင်လုံဘဲ ဘယ်တော့မှ ထုတ်ပြန်မည်မဟုတ်ပါ။

၂ )သတင်းခိုင်လုံလို့သာပြင်းပြင်းထန်ထန်ထုတ်သည်။

၃) ခိုင်လုံသောသတင်းကိုချက်ချင်းမပေးနိုင်ဘူး။

၎ )ကျွန်တော်ဆီကခိုင်လုံသောသတင်းကို ချက်ချင်းပေးလျှင် မြန်မာ့တပ်မတော်က ရဲဖော်တွေကိုချက်ချင်းဖမ်းရမည်။ 

၅ )ခိုင်မျိုးထွန်းက ဖိနှိပ်ခြင်းသည် မတရားခြင်းဖြစ်လျှင် တော်လှန်ခြင်းသည် တရားသည် ထို့ကြောင်း ဘယ်သောအခါမှထွက်ပြေးမှာ
    မဟုတ်ဘူးအခု လွတ်တော်ရုံးနားမှာဘဲ မကြောက်လို့နေတာဟုပြောခဲ့သည်။

၆) စည်းရုံးရေးနှင့်ပြန်ကြားရေးဌါန က ထုတ်ပြန်ချက်ဟာ မခိုင်လုံလျှင် ခင်ဗျားတို့ ဗမာတပ်မတော်ကတောင် ဖမ်းစရာမလိုဘူး 
    ကျွန်တော်တို့တပ်ကဘဲ ကျွန်တော်ကိုဖမ်းလာမှာ ။

၇ )ကျွန်တော်က စည်း/ပြန်ဒုဥက္ကဌ ဆိုတော့ ဒါနဲ့ ပတ်သတ်ပြီး ဘာဘဲ ဖြစ်လာဖြစ်လာ လုံးဝတာဝန်ရှိတယ် ။

၈ )ဗမာတပ်မတော်ကိုလဲ နိုင်ငံတကာ ဥပဒေ အရ ALPက Statement တွေမှာ ပါတဲ အတိုင်း International Criminal Lawနှင့် 
    Geneva Convention တိုအပါအ၀င် Crime Against Humanity,War Crimeအရ တန်ပြန်တရားစွဲမည်။ 

၉ )ဒါက မြန်မာနိုင်ငံ ပြည်တွင်းဥပဒေ မဟုတ်ဘူး တစ်ကမ္ဘာလုံးနှင့်ဆိုင်သွားပြီ။

၁၀ )ကြောက်ရင် နိုင်ငံရေး တော်လှန်ရေး မလုပ်ဘူး မကြောက်လို့ လုပ်နေတာ 

၁၁) Statement မထုတ်ပြန်ခင်ကတည်းက အကောင်းဆုံးမျော်လင့်ထားသလို အဆိုးဆုံးကိုလည်း  ဥပဒေကြောင်းမဟုတ်ဘဲ
      ရင်ဆိုင်ဖို့အတွက် အဆင်အသင့် ရှိပါသည်။

မှတ်ချက်
၁ )ပေါ်တာဆွဲခံရသည့် လူများ စာရင်း

၂ )မိမိရပ်ရွာနေအိမ်မှ အတင်းအားဓမ္မ ပြောင်းရွေ့ ခံရခြင်း စစ်သုံ့ပန်း များကို ဗမာတပ်မတော်က ရိုင်းစိုင်းစော် သတ်မှတ်ခြင်း 

၃ )ဓားစာခံ အဖြစ် စစ်မြေပြင်တွင် ခေါ် ဆောင်ခြင်းနှင့် 


မှတ်ချက်။ ။ဗိုလ်မှူးကြီး ဦးထိန်လင်းမှ လည်း သတင်းခိုင်လုံလျှင် အောက်ခြေရဲဘော်များကို အရေးယူသွားမည်ဟု ပြောကြားသည်။
Credit, Kingdom of Arakan Media Group

No comments:

Post a Comment