Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Monday, May 2, 2016

လူ့အခွင့်အရေးချိုးဖောက်အခံရဆုံးသော လူမျိုး

လူ့အခွင့်အရေးချိုးဖောက်အခံရဆုံးသော လူမျိုး
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ 


မြန်မာနိုင်ငံ၌ကချင်၊ကယား၊စသည်ဖြင့်တိုင်းရင်း
သား ဟူသောလူမျိုးစုတို့သည် တစ်ဦး အပေါ်
တစ်ဦးဗမာမူဝါတို့၏လက်ဝါးအောက်၌လူ့အခွင့်
အရေး ချိုးဖောက်ခံကာအနှိပ်ခံဘဝဖြင့်
နေထိုင်ကြသည်။ထိုတိုင်းရင်းသားလူမျိုးထဲတွင်
ကျမတို့ရခိုင်လူမျိုးသည်လူ့အခွင့်အရေး၊မွေးရာပါ
လူ့အခွင့်အရေးအဆုံးရှုံးခံရဆုံးဘဝဖြင့်နေထိုင်
ကြရသည်။ခေတ်အဆက်ဆက်ရခိုင်လူမျိုးကို
ဗမာလူတစ်စုတို့သည်ခေါင်းမဖော်နိုင်အောင်
အမျိုးမျိုးလူ့အခွင့်အရေးဆုံးရှုံးအောင်ပြုလုပ်ပြီး
ခေါင်းပုံဖြတ်ကာရခိုင်မြေ၊ ရခိုင်ရေ၊ ရခိုင်လေ၊
ရခိုင်သမိုင်း၊စသောအရာများအား ခိုးယူ၍တဖုံ၊
အဓမ္မဖြင့်တမျိုး၊အာဏာဖြင့်တလွား လုယူ
သတ်ဖြတ်ကာအတင်းအဓမ္မအနိုင်ကျင့်စော်
ကားခဲ့ကြသည်။
ထိုသို့ပြုလုပ်ခဲ့မှုသည်ဗမာလူမျိုးတိုင်းမဟုတ်
သော်လည်းထိုသို့ပြုလုပ်သူဟူသမျှသည်
ဗမာလူမျိုးပင်ဖြစ်သည်။
ဗမာလူမျိုးသည် ရခိုင်လူမျိုးအား
လူ့အခွင့်အရေးကိုဘယ်လိုချိုးဖောက်သလဲ??
ခေတ်အဆက်ဆက်ဗမာတို့သည်ရခိုင်လူမျိုးကို
အသုံးချခံဘဝဖြင့်ထားခဲ့သည်။ကုလားဆိုသော
လူမျိုးများကိုရခိုင်မြေကိုခြေချခွင့်ပေးခဲ့သည်။
သမိုင်းကိုခေါင်းပုံဖြတ်ခိုးယူခဲ့ကြသည်။
ယခုဆိုလျှင်ထိုကုလားများကိုပင်ဗမာတစ်ချို့
သည်ရိုဟင်ဂျာလူမျိုးဟုတွင်ကျယ်စွာပြောလာ
ကြတာတွေ့လာရသည်။ဗမာတစ်ချို့တို့သည်
ရခိုင်လူမျိုးကိုသတ်ဖြတ်၊မုဒိန်းကျင့်ခဲ့သည်။
အလောင်းမပေါ်သောရခိုင်လူသေများသည်
ဗမာစစ်တပ်၏ယုတ်မာကောက်ကျစ်မှုကြောင့်
ဒုနဲ့ဒေးပင်အသက်ဆုံးရှုံးခဲ့ကြသည်။
မြန်မာနိုင်ငံထဲမှာခရီးသွားလျှင်ဘယ်နေရာမှာမှ
ရခိုင်ပြည်ခရီးလောက်မစစ်ဆေးဘူး။ရခိုင်ပြည်
ခရီးသွားများကိုသာလျှင်အစစ်အဆေးများနေ
ခြင်းတွေကလည်းရခိုင်လူမျိုးအပေါ်မယုံသင်္ကာမှု
ဖြင့်အကြီးအကျယ်လူ့အခွင့်အရေးချိုးဖောက်မှုပင်
ဖြစ်သည်။ကျမပြောတာဟုတ်မဟုတ်ဆိုတာကို
ရခိုင်ပြည်ကိုသွားဖူးသူတိုင်းသိကြပါလိမ့်မည်။
ဟိုတလောကလည်းရခိုင်လူသို့ပြန်သွားကြသော
ရခိုင်လူမျိုးကိုမှတ်ပုံတက်၊ပစ္စည်းတွေကိုစစ်ဆေး
ယုံတင်မကပါလာသောဖုန်းတွေကိုပါဖွင့်ခိုင်းပြီး
Facebookအကောက်တွေကိုစစ်ဆေး၊ဖုန်းနံပါတ်
တွေကိုစစ်ဆေးကြသည်ဟုသတင်းမှာ
ဖတ်လိုက်ရသည်။
ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုမျိုးဘယ်နေရာမှာ
များရှိပါအုံးမလဲ။
ဘယ်ပြည်နယ်ကိုသွားသွားရခိုင်ပြည်ကဗမာတိုင်း
သို့သွားရာလမ်းလောက်ဘယ်နေရာမှာမှစစ်ဆေးမှု
မျိုးမရှိပေ။ဒါဟာအကြီးအကျယ်လူ့အခွင့်အရေး
ချိုးဖောက်မှုဖြစ်သလိုရခိုင်လူမျိုးအပေါ်မှာလည်း
ပြည်ထောင်စုစိတ်ဓာတ်မရှိ၊နှိပ်တယ်ဆိုတာပြသ
နေတာပင်မဟုတ်ပါလားရှင်။
ကုလားတွေကိုဗမာတိုင်းသို့ဝင့်ခွင့်မပေးချင်ရင်
အစကတည်းကဘာလိုရခိုင်ပြည်မှာကုလားတွေ
ကိုခေါ်သွင်းခဲ့သလဲဗမာအများတို့ရေ။
ဒါကြောင့်မြန်မာနိုင်ငံ၌လူ့အခွင့်အရေးအချိုး
ဖောက်ခံရဆုံးသောလူမျိုးသည်ရခိုင်လူမျိုးပင်ဖြစ်
သည်ဟုကျမပြောရခြင်းဖြစ်သည်။
ဆိုတော့...
ကျမတို့ရခိုင်တွေဘာလုပ်မလဲ??
ဒီအတိုင်းသာခေတ်အဆက်ဆက်လူ့အခွင့်အရေး
ချိုးဖောက်ခံနေရရင်ရခိုင်လူမျိုးသည်မကြာခင်
ကွယ်ပျောက်သွားရလိမ့်မည်။ကျမတို့ရခိုင်တွေ
သွေးအေးမနေသင့်တော့ပေ။
ကျမတို့ဒီအခက်အခဲ၊ဒီလိုဖိတ်နှိပ်မှုကလွတ်
မြောက်လိုလျှင်ရခိုင်လူမျိုးတို့၏တပ်မတ်ာများ
အားကူညီ၊အားပေ၊စောင့်ရှောက်၊ကာကွယ်ယုံမှ
အပအခြားမရှိတော့ပါ။
ရခိုင်လူမျိုးတို့၏အမျိုးသားရေးပါတီANPပါတီကို
အားပေးကူညီစောင့်ရှောက်ယုံမှအပအခြားမရှိ
တော့ပါ။
ကျမတို့၏လွတ်မြောက်မှုသည်ကျမတို့လူမျိုး၌
သာရှိပါသည်ရခိုင်အမျိုးတို့။သူတပါးလူမျိုးအား
`ဆတ်လီးခွေးမျှော်သလိုအခွင့်အရေးပေးလာလိမ့်
မည်ဟုမမျှော်လင့်ပါနဲ့။သူတပါးလူမျိုးးသည်ရခိုင်
လူမျိုးကိုဒီနေ့ဒီအချိန်ထိဖိနှိပ်နေတာကိုသတိထား
ပါတော့။
အို..ချစ်လှစွာသော ကျမတို့ ရခိုင်အမျိုးရို့.
လွတ်မြောက်မှုဟူသောအရသာများတွင်ဒုက္ခတွေ၊
ငိုကြွေးမှုတွေ၊နာကျင်မှုတွေ၊သေဆုံးမှုတွေ၊
ပေးဆပ်မှုတွေပါတတ်ပါသည်။
သင်တို့စိတ်ဓာတ်မကျပါနဲ့။
နေမင်းကြီးနဲ့လွဲခဲ့လို့လမင်းကိုစောင့်နေသည်ဟု
သာမှတ်ထားစေချင်ပါသည်။နေဝင်ချိန်ခဏလေး
ကိုအချိန်ပေးစောင့်လိုက်ကြပါ။မကြာခင်မှာ
ကျမတို့၏တပ်မတော်သည်၎င်း ၊ ANPဟူသော
ကျမတို့၏ချစ်လှစွာသောပါတီသည်၎င်း
ကယ်တင်ပြီးသင်ရခိုင်အမျိုးတို့အားအေးမြသော
လမင်းဆီကိုခေါ်ဆောင်သွားပါလိမ့်မည်။
ထိုထက်မကမနက်ဖြန်ဆိုသောနေမင်းဆီကိုလည်း
လင်းလက်မှုတွေ၊ပျော်ရွှင်မှုတွေနဲ့အတူတောက်ပ
သောအနာဂတ်ကမ္ဘာဆီကိုခေါ်ဆောင်သွားပါလိမ့်
မည်။
ဒါကြောင့်လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ
စသောရခိုင်လူမျိုးတွေအပေါ်မတရားဖိနှိုပ်မှုများ
ကိုအံတုခံရင်းညီညာသော၊စည်းလုံးသောအင်အား
များနှင့်ကာကွယ်စောင့်ရှောက်ကြပါဟုတိုက်တွန်း
လိုက်ပါရစေ။ ။
နှင်းနှင်းနွယ်(ရခိုင်သူ)
30/4/2016

No comments:

Post a Comment