Subscribe:
Ads 468x60px
မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ
Monday, May 2, 2016
“နှောင်ကြိုးနိဂုံး”
“နှောင်ကြိုးနိဂုံး” 
“ပစ္စည်းမဲ့လူတန်းစားမှာ ဆုံးရှုံးနစ်နာစရာဆိုလို့  နှောင်ကြိုးတခုပဲရှိတယ်”
 ဆိုတဲ့ ကမ္ဘာကျော်အဆိုအမိန့် ကြီး တခုလို ဦးနုမှသည် ဦးထင်ကျော်အထိ ဗမာအုပ်ချူပ်ရေးက
 တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒများ ကို ငြင်းပယ်ပြီး သနားညှာတာမှုမရှိ 
တာဝန်ယူမှုကင်းမဲ့စွာ ဂုတ်သွေးစုပ်အုပ်ချူပ်လာခဲ့ခြင်းကို ခွင့်လွှတ်နားလည် သည်းမခံနိုင်တော့
တဲ့နောက် အားကိုးရာမဲ့တိုင်းရင်းသားပြည်သူတွေဟာ နိုင်ငံရေး အသိဝင်လာပြီး နိုးထလာ
ကြပါတော့တယ်။ သူတို့ မှာ အရာအားလုံးဆုံးရှုံးသွားပြီ ဖြစ်တဲ့အတွက် နိဂုံးချူပ်ဖြတ်တောက်စရာ
 တခုတည်းကျန်နေတာက ဗမာအုပ်ချူပ်ရေးစနစ် ပဲဖြစ်လာပါတယ်။ လူထုပါဝါကျယ်ပြန့် လာခြင်းဟာ 
စစ်မှန်တဲ့ဒီမိုကရေစီစနစ်တည်ဆောက်ဖို့  အခြေခံအုတ်မြစ်ဖြစ်နေသလို တိုးတက်ဖွံ့ ဖြိုးငြိမ်းချမ်း
သာယာတဲ့ တိုင်းပြည်ဖြစ်လာဖို့  မရှိမဖြစ် အခြေခံလိုအပ်ချက်လည်း ဖြစ်နေပါတယ်။
ဗမာဗဟိုပြုနိုင်ငံရေးစနစ် (သို့ မဟုတ်) ပြည်တွင်းကိုလိုနီစနစ်အောက်မှာ တိုင်းရင်းသားပြည်သူလူထုဟာ
 စီးပွါးရေးအရ ဂုတ်သွေးစုပ်ခံနေရ၊ လူမှုရေးအရ နှိမ့်ချခံနေရ၊ နိုင်ငံရေးအရ ပစ်ပယ်ခံလာရတော့ ဗမာတွေ
 လုပ်ပေးထားတဲ့ အထွေထွေလူမှုကပ်ဆိုးကြီးကို ဆန့် ကျင်တော်လှန်တိုက်ပွဲဝင်ဖို့  လောကပါလ တရားကို
 မြတ်နိုးတန်ဖိုးထားတဲ့ ပြည်သူ့ အသိတရားများ နိုးကြားလာကြပါတော့တယ်။ အင်္ဂလိပ်ကိုလိုနီစနစ်၊
 ဂျပန်ဖက်ဆစ်စနစ်၊ ဂျာမန်နာဇီစနစ်၊ တောင်အာဖရိကနိုင်ငံက လူဖြူလူမဲ ခွဲခြားဆက်ဆံရေးစနစ် စတဲ့
 ကမ္ဘာ့နိုင်ငံရေးစနစ်ဆိုးများနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဗမာအုပ်ချူပ်ရေးဟာ အဆိုးဆုံးဖြစ်နေတာကို တွေ့ 
လာရပါတယ်။ ပေါကြွယ်ဝလှတဲ့ သဘာဝသယံဇာတရင်းမြစ်များကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံမှာ 
အချမ်းသာဆုံးဖြစ်နေရမယ့် ရခိုင်ပြည်နယ်ဟာ ဗမာအုပ်ချူပ်ရေးက အမေရိကန်ဒေါ်လာဘီလီယံ
 ပေါင်းလေးငါးခြောက်ဆယ်ကို ခိုးယူစားထားပြီး တစ်ပြားတစ်ချပ်မှ မျှဝေမပေးတာကြောင့်
 ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်နေရခြင်းကို ကြည့်လိုက်ရင် ဗမာတွေက တမင်တကာ
 ရည်ရွယ်ချက်ရှိရှိ အစိုးရပေါ်လဆီချပြီး ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးကို တိုးတက်ခွင့်မပေးပဲ ဖိနှိပ်ထားတယ်
 ဆိုတာပေါ်လွင်နေပါတယ်။ အခုလဲပဲ အန်အယ်လ်ဒီအစိုးရတက်လာတော့ “ပြည်သူပြည်သားတို
အခွင့်အရေးကြေညာစာတမ်းကြီး အပိုဒ် (၂၁) ပိုဒ်ခွဲ (၃) ပါ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး
 ၂၀၁၅ ရွေးကောက်ပွဲဖြင့် ထင်ရှားစွာထုတ်ဖော်ပြသခဲ့ကြတဲ့ ရခိုင်ပြည်သူလူထုဆန္ဒကို ငြင်းပယ်ခဲ့ကြတယ်။
တကယ်လို့ သာ ဗမာတွေနေတဲ့တိုင်းဒေသကြီးများနဲ့ ဗမာလူမျိုးကို အခုလိုဂုတ်သွေးစုပ်ဖိနှိပ်အုပ်ချူပ် 
ထားမယ်ဆိုရင် လက်အောက်ခံကျေးကျွန်သဖွယ်ဆက်ဆံထားမယ်ဆိုရင် ဗမာပြည်သူတွေ 
ဘယ်လိုနေကြမလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။
မဝေးလှတဲ့ နိုင်ငံရေးသမိုင်းစာမျက်နှာများကို လှန်ဖတ်ကြည့်လိုက်ရင် တိုင်းရင်းသားလူမျိုးများက
 ဗမာတွေကို ယုံကြည်ခဲ့ကြပါတယ်။ သူ့ အကျိုး ကိုယ့်အကျိုး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ညီကိုရင်းစိတ်ဓါတ်နဲ့ 
 ဖယ်ဒရယ်ပြည်ထောင်စုထူထောင်သွားဖို့  သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ အခုလိုယုံကြည်အားကိုး 
လိုက်ခြင်းဟာ ဗမာတွေကို နိုင်ငံရေးအရဂုတ်သွေးစုပ်ဖို့ လိုင်စင်ထုတ်ပေးခြင်း မဟုတ်သလို
 ပေးအပ်တဲ့တာဝန်ကို အကောင်အထည်မဖော်နိုင်ရင်လည်း သဘောတူညီချက်က သူ့ 
အလိုလိုပျက်သွားတတ်တဲ့ သဘောရှိပါတယ်။ ဒီထက်ပိုဆိုးတဲ့အချက်တခုက ၁၉၄၈ ခုနှစ်ကနေ
 မျက်မှောက်ကာလအထိ အာဏာရဗမာခေါင်းဆောင်တွေအဆက်ဆက်မှာ ကောင်းမွန်တဲ့အစိုးရ
အုပ်ချူပ်ရေးစနစ်ကိုဖော်ဆောင်နိုင်တဲ့ တိုင်းပြည်ကိုတိုးတက်ဖွံ့ ဖြိုးအောင်လုပ်နိုင်တဲ့
 ခေါင်းဆောင်မှုအရည်အချင်းကင်းမဲ့နေကြတာကို တွေ့ လာရပါတယ်။ ဗမာခေါင်းဆောင်တွေမှာ
 ရှိနေတဲ့ အာဏာမက်မောမှု၊ ဗမာလူမျိုးစွဲအစွန်းရောက်ဝါဒနဲ့  အခြေခံသဘောထားမမှန်ကန်မှုများက
 ခေါင်းဆောင်မှုအရည်အချင်းကင်းမဲ့မှုနဲ့ ပေါင်းစပ်ကျင့်သုံးလိုက်တော့ ကမ္ဘာမှာ ဖွံ့ ဖြိုးမှုအနိမ့်ဆုံး၊
 ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံးတိုင်းပြည် ဖြစ်လာပါတော့တယ်။ ဒီတော့ ဒီ ၂၁ ရာစုမှာ
 ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ပြီး အားလုံးသဘောတူညီနိုင်တဲ့ နိုင်ငံရေးပဋိဥာဉ်စာချူပ်ကြီး
တခုချူပ်ဆို မလာခင် ဗမာခေါင်းဆောင်တွေဟာ အတိတ်ကအမှားများကို သံဝေဂရပြီး ဆင်ခြင်သင့်ပါတယ်။
“ငါတို့ မှာ စစ်အင်အားရှိတယ်၊ နိုင်ငံရေးအာဏာကိုလည်း ထိန်းချူပ်ထားနိုင်တယ်၊ ခိုးယူထားတဲ့ 
ဘဏ္ဍာငွေတွေလည်းရှိတယ်… ဒီတော့ မင်းတို့ တိုင်းရင်းသားတွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်” 
ဆိုတဲ့ လူ့ ယဉ်ကျေးမှုကင်းမဲ့တဲ့ ဗမာသက်ဦးဆံပိုင် မင်းဆိုးမင်းညစ်ဝါဒကို လက်ကိုင်ထားပြီး 
မိုက်မဲနေဦးမယ် ဆိုရင်တော့ ဗမာတွေဟာ ကိုယ့်သေတွင်းကို ကိုယ်တူးပြီး နိုင်ငံရေးသေကြောင်းကြံမိ
သလိုဖြစ်လာ ပါလိမ့်မယ်။
အဖိနှိပ်ခံပြည်သူတွေပေါက်ကွဲအုံကြွပြီး လူထုပါဝါကျယ်ပြန့် လာခြင်းက ပြောင်းလဲခြင်းအစစ်အမှန်ကို 
ဖန်တီးနိုင်ပါတယ်။ နိုင်ငံရေးအသိတရားအပြည့်နဲ့ နိုးထလာနေတဲ့ တိုင်းရင်းသားလူထုဟာ လူ့ အဖွဲ
စီးပွါးရေးအကျပ်အတည်းကိုလည်း ဖြေရှင်းနိုင်ပါတယ်။ တန်းတူညီမျှမှုမရှိတဲ့ အုပ်ချူပ်ရေးယန္တရားကိုလည်း
 ဖြိုချရပ်တန့် ပစ်နိုင်ပါတယ်။ သိန်းချီတဲ့ လူထုကို ဗမာစစ်တပ်က ပစ်သတ်နိုင်မလား။ အန်အယ်လ်ဒီ
အစိုးရကရော ဖမ်းချူပ်နိုင်မလား။ ဒီတော့ လူထုတိုက်ပွဲဆင်နွဲတတ်တဲ့ အစဉ်အလာကြီးခဲ့တဲ့ 
တိုင်းရင်းသားလူထုရဲ့ ဆန္ဒကို အသိအမှတ်ပြုပေးဖို့  ဗမာခေါင်းဆောင်တွေ စဉ်းစားသင့်ပါတယ်။
သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် 
ဗမာခေါင်းဆောင်တွေက ဦးနုလက်ထက်ကတည်းက မှားလာခဲ့ကြတဲ့ အမှားကို ဆက်မှားသွားကြမလား
 ဒါမှမဟုတ် ဗမာအုပ်ချူပ်ရေးနှောင်ကြိုးကို နိဂုံးချူပ်ပြီး တရားမျှတလွတ်လပ်တဲ့ နိုင်ငံသစ်ထူထောင်မလား 
ဆိုတာ ဆုံးဖြတ်လုပ်ဆောင်ရမယ့် အချိန်ကိုရောက်လာပါပြီ။ ဝေ့လည်ကြောင်ပတ်လုပ်ပြီး 
ဗမာအုပ်ချူပ်ရေးစနစ်ဆိုးကိုပဲ ဆွဲဆန့် သွားကြမယ် ဆိုရင်တော့ အလုံးစုံပျက်သုဉ်းရေးကို 
ဦးတည်သွားနိုင်ပြီး ဗမာအုပ်ချူပ်ရေးနှောင်ကြိုးက ဖြတ်တောက်ခံလာရမှာ သေချာနေပါတယ်။
ခိုင်အောင်အောင်
၁၊ ၀၅၊ ၂၀၁၆
No comments:
Post a Comment