Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Monday, May 2, 2016

Alp မှ BIA၏ သက်သေအထောက်ထားများ ပေါ်တာဆွဲမှု များအာ တပ်ဘက်ကို ပေးလိုက်ပြီ

ပေါ်တာဆွဲမှု သက်သေအထောက်ထားများ တပ်ဘက်ကို ပေးလိုက်ပြီဟုဆို
By ဒီဗွီဘီ 1 May 2016
အစိုးရတပ်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲမှုနဲ့ပတ်သက်ပြီး စုစည်းထားတဲ့ သက်သေအထောက်အထားတွေ တပ်ဘက်ကတာဝန်ရှိသူတွေထံ ဧပြီ ၃၀ ရက်နေ့မှာ ပေးအပ်လိုက်ပြီဖြစ်ပြီး ကတိအတိုင်း ကျူးလွန်သူတွေကို အရေးယူပေးဖို့လိုကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ်ခေါ်ဆောင်တာတွေ ရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်နယ်စပ်ရေးရာ ၀န်ကြီး ဦးထိန်လင်း အပါအ၀င် ရဲမှူး ဦးစိန်းလွင်တို့က ဧပြီ ၂၇ ရက်နေ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) က တာဝန်ရှိသူတွေကို ခေါ်ယူ သတိပေးမှုပြုလုပ်ခဲ့ကာ အဲ့ဒီစွပ်စွဲထားတဲ့ အချက်အလက်တွေကို ၂၉ ရက်နေ့ နောက်ဆုံထားပြီး ပေးပို့ရမယ်လို့ သတိပေးပြောဆိုထားပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန ဒုဥက္ကဋ္ဌ ခိုင်မျိုးထွန်းက “ကျနော်တို့ ကတိပေးထားတဲ့အတိုင်း ၂၉ ရက်နေ့ကတည်းက ကျနော်တို့ ဘက်က သက်သေအထောက်အထားတွေ ပြည့်စုံနေပြီ။ အဲ့ဒီနေ့ကတည်းက ဦးထိန်လင်း လက်ကို ကိုယ်တိုင်ပေးဖို့ဆိုပြီး ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရဘူး။ မနေ့က ကျနော် တပ်ဘက်ကို ဖုန်းဆက်လိုက်တော့ တပ်ဘက်တာဝန်ရှိတဲ့သူလေးယောက် လာယူသွားပါတယ်။ ကျနော်တို့ စုစည်းထားတဲ့ ဗွီဒီယိုဖိုင်၊ ပေါ်တာဆွဲတဲ့သူတွေရဲ့ အင်တာဗျူးဖိုင်၊ ဘယ်နှယောက်ဖမ်းဆီးသွားတယ်။ ခိုင်ခိုင်လုံလုံတိတိကျကျ အဲ့ဒီဖိုင်မှာ တင်ပြထားပါတယ်” လို့ ပြောပါတယ်။
ဧပြီ ၂၉ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သတင်းမီဒီယာများတွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်အတွင်း အစိုးရတပ်မတော်ဘက်က ပြည်သူတွေကို လမ်းပြခေါ်ဆောင်တာ၊ ပေါ်တာဆွဲတာတွေရှိရင် အချက်အလက်တွေနဲ့တကွ ယူလာပြီး လာတိုင်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းအနေနဲ့ သက်သေအထောက်ထားတွေ ပေးအပ်ပြီးဖြစ်တာကြောင့် ပြောထားတဲ့ကတိအတိုင်း ကျူးလွန်တဲ့သူတွေကို ထိထိ ရောက်ရောက်လုပ်ပေးဖို့လိုတယ်လို့ ခိုင်မျိုးထွန်းက ပြောပါတယ်။
’’သူတို့ ကတိပေးထားတဲ့အတိုင်း ကျနော်တို့ပေးလိုက်တဲ့ အထောက်အထားတွေ မှန်ကန်မှုရှိတယ်ဆိုရင် အောက်ကအရာရှိ၊ အရာခံတွေ၊ တပ်သားတွေကို ထိထိရောက်ရောက်အရေးယူဖို့လိုပါတယ်။ အခုလို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ချီတက်နေတဲ့ ဒီမိုကရေစီအစိုးရ လမ်းစဉ်မှာတော့ သူတို့အနေနဲ့ သူတို့ပြောတဲ့အတိုင်း၊ သူတို့ပေးထားတဲ့ကတိအတိုင်း လုပ်လိမ့်မယ်လို့ မျော် လင့်တယ်။ သူတို့လူတွေကို အပြစ်ယူမလား၊ မယူဘူးလားဆိုတာကို ကျနော်တို့ဘက်က မျက်ခြည်မပြတ်လေ့လာ စောင့်ကြည့်သွားပါမယ်။ အခုလို လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ဟာတွေကို သူတို့ဘက်ကအရေး မယူဘူုးဆိုရင် ကျနော်တို့ဘက်က ဒါတွေကိုချပြဖို့ သတင်းစာရှင်းလင်းပွဲတခု လုပ်သွားမှာပါ။”
အစိုးရတပ်မတော်ဘက်က ပေါ်တာဆွဲခေါ်သွားတဲ့သူတွေ ပြန်ရောက်နေပြီ ဖြစ်ပေမယ့် တဦးကတော့ အခုအချိန်ထိ ပြန်မရောက်သေးဘူးလို့ ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒီဗွီဘီကိုပြောပါတယ်။
“လောလောဆယ် ဆရာမတို့ပြုစုထားတဲ့ စာရင်းအရဆိုတော့ ၁၆၊ ၁၇ ယောက်ရှိပါတယ်။ ဒါပေမယ့် အခု အချိန်အကုန်လုံးပြန်ရောက်နေပြီ။ တစ်ယောက်တော့ ဗောဓီကိုင်းဆိုတဲ့ရွာက ပေါ်တာ ၄ ယောက် ဆွဲသွားတာမှာ ၃ ယောက်ပြန်ရောက်ပြီးတော့ ၁ ယောက်တော့ ပြန်မရောက်သေးဘူး။ ၁၀ ရက်လောက်ရှိပြီ။ သူကတော့ ခမီလူမျိုးတစ်ယောက်ပါ။ သူ့အမေကတော့ ငိုနေရှာပြီ။ သူ့မိန်းမကတော့ ကိုယ်ဝန် နေ့စေ့ လစေ့နဲ့ ကျန်ခဲ့ပါတယ်။ ရသေ့တောင်ဘက်မှာတော့ လမ်းပြအဖြစ် ပေါ်တာဆွဲတာတွေရှိတယ်။ တခြားနေရာမှာ တိတိကျကျ မပြောတတ်ဘူး။”
အခုလို ပေါ်တာဆွဲခဲ့မှု သက်သေအထောက်ထားတွေ အစိုးရတပ် တာဝန်ရှိသူတွေကို ပေးအပ်လိုက်တာနဲ့ ပတ်သက်ပြီး အခြေနေတွေကို သိရဖို့ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင်တပ်မတော်တို့အကြား ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ဧပြီ ၂၉ ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေလည်း ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
သတင်းနှင့်ဓာတ်ပုံ – ၀ဏ္ဏခွာညို

No comments:

Post a Comment